menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

ချစ်သူရှိသောအမျိုးသမီးများ ရှောင်ကြဉ်ရမည့် အချက် (၂၀ )


===============================================
၁ ။ မိမိချစ်သူက ချိန်းဆိုသည့်နေရာသို့ အကြောင်းတစ်စုံတစ်ခုကြောင့်နောက်ကျပြီးမှရောက်လာသောအခါတွင် အကျိုးအကြောင်းမမေးပဲ အပြစ်တင်စကားအရင်ပြောဆိုခြင်း ။

၂ ။ မိမိချစ်သူအား ဆေးလိပ် ဘီယာ ဖြတ်စေချင်သောအခါတွင် လေပြည်ထိုးချော့မော့၍ ပါးနပ်စွာ မပြောဆို ပဲ ဆေးလိပ်ဘီယာ ဖြတ်မလား ငါ့ကို ဖြတ်မလားဟု အတင်းအကြပ် ချောင်ပိတ်ပြောဆိုခြင်း ။
၃ ။ မိမိချစ်သူက ပေးချင်မှန်းမသိ မပေးချင်မှန်းမသိပဲ ဂျီမေးလ်အကောင့်ပတ်စ်ဝပ်များ တောင်းဆို၍ ယခင် ချက်မေလ်း များအား ပြန်လှန်ကာ ပြဿနာ ရှာခြင်း ။
၎ ။ မိမိချစ်သူက အလုပ်ပိနေ၍ ပြန်လည်၍ chatting မပြော နိုင်သည့်အခါ ဘယ်ကောင်မနဲ့ ကြူနေတာလဲဟု သ၀န်တိုစကားပြောဆိုခြင်း ။
၅ ။ မိမိချစ်သူက ဘောလုံးပွဲညဖက်ကြည့်ထား၍ အိပ်ငိုက်နေသည့်အခါ နားလည်မပေးပဲ ဘာလို့ အိပ်ငိုက်နေတာလဲ ငါ့ကို လာတွေ့ရတာ မပျော်ဘူးလားဟု အရိပ်သုံးပါးနားမလည်ပဲ မေးမြန်းခြင်း ။
၆ ။ မိမိချစ်သူ၏ ဂျီမေလ်းအကောင့်ထဲသို့ ၀င်လာသည့်မေးလ်မှန်သမျှအား မိမိမေးလ်ထဲသို့ Forwarding လုပ်ထားခြင်း ။
၇ ။ မိမိချစ်သူက တစ်စုံတစ်ခုပြောရန်ကြံသောအခါတွင် အပြောမခံပဲ မိမိက အလျှင်ဦးအောင်ပြောဆိုခြင်း ။
၈ ။ မိမိချစ်သူအား နေကောင်းရဲ့လားဟု စကားတစ်ခွန်းမမေးပဲ မိမိနေမကောင်းသောအခါတွင် ချစ်သူကနေကောင်း ရဲ့လားဟု မမေးမိသောအခါတွင် စိတ်ကောက်စိတ်ဆိုးတတ်ခြင်း ။
၉ ။ မိမိချစ်သူ ဂျီမေလ်းအကောင့်ပတ်စ၀ပ်အား တောင်းဆိုပြီး၍ ရပြီးသောအခါ မိမိ ဂျီမေလ်းအကောင့်ပါ့စ၀ပ် အား ပြန်လည်ပေးရန် တွန့်ဆုတ်နေခြင်း ။
၁၀ ။ မိမိအားငယ်နေသောအခါတွင် ချစ်သူထံမှ အားပေးစကားပြောဆိုရန်အလိုရှိသောအခါတွင် နား လည်အောင် မရှင်းပြပဲ ရန်ထထ ဖြစ်တတ်ခြင်း ။
၁၁ ။ မိမိချစ်သူ အလုပ်များနေသောအခါတွင် နားလည်မပေးနိုင်ပဲ မိမိအတွက် အချိန် မပေးနိုင်ကောင်း ရဲ့လားဟုဆို၍ ပြဿနာရှာခြင်း ။
၁၂ ။ မိမိချစ်သူက အကြင်နာပေးချင်သည့်အခါ မည်သည့်အကြောင်းပြချက် မှမရှိပဲ ငြင်းပယ်နေလေ့ရှိခြင်း ။
၁၃ ။ မိမိချစ်သူက ရှေ့တွင်ဖြတ်လျှောက်သွားသော အမျိုးသမီးများအား ဘာရယ်မဟုတ်ကြည့်မိသည့်အခါတွင် ဒီလောက်တောင် နှာဘူးထရလား ငါတစ်ယောက်လုံးပါနေတာတောင် မမြင်ဘူးလားဟုဆို၍ သ၀န်တို တတ်ခြင်း ။
၁၄ ။ မိမိချစ်သူက ဘလော့များတွင် စာရေးလေ့ ရှိသူဖြစ်ပါက အချိန်မှန်လည်ပတ်၍ ကွန်းမန့်များပေးရန် ပျက်ကွက် ခြင်း ။
၁၅ ။ မိမိချစ်သူ ၏ ဘလော့သို့ လာရောက်လည်ပတ် ကွန်းမန့်ပေးကုန်ကြသော ပရိတ်သတ်အမျိုးသမီးများနှင့် လှည့် ပတ် ပြဿနာဖြစ်ခြင်း ။
၁၆ ။ မိမိချစ်သူက မအားလပ်သောအချိန်ဖြစ်ပါစေ အလိုက်မသိပဲ နာရီပေါင်းများစွာ ဖုန်းပြောနေခြင်း ။
၁၇ ။ မိမိချစ်သူက စေတနာနှင့်ပြောဆိုသော ဆုံးမစကားများအား ငါ့ကို သက်သက်ဆရာကြီး လာလုပ်တယ်ဟု အထင်ရောက်ခြင်း ။
၁၈ ။ မိမိချစ်သူနှင့်လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း မိန်းကလေးများအား အလကားနေအလကား အခြောက်တိုက် သ၀န်တိုတတ်ခြင်း ။
၁၉ ။ မိမိချစ်သူရှေ့တွင် အစားအသောက်အနေအထိုင်မဆင်ခြင်ပဲ စားချင်ရာစွတ် စားပြီး နေချင် သလို နေထိုင်ခြင်း ။
၂၀ ။ မိမိချစ်သူနှင့်အင်တာနက်သုံးchatting ထိုင်နေသည့်အချိန်တွင် တစ်ဖက်မှ မီးပျက်ခြင်း ၊ ကွန်နက်ရှင် ကျခြင်း များကို နားလည်မပေးပဲ ငါနဲ့ပြောနေတုန်း ဂျီတော့ကို ဘာလို့အောက်လိုက်တာလဲဟု ပြဿနာရှာခြင်း ။

No comments: