menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

တစ်လင်တစ်မယား စနစ် ငန်းတို့ ကျင့်သုံး




ပင်ဂွင်းတွေသာ တစ်လင်တစ်မယား စနစ်ကျင့်သုံးပြီး ချစ်တတ်ကြတာ မဟုတ် ပါဘူး။ အဲ့ဒီလို တိရစ္ဆာန်များစွာ ရှိနေပါသေးတယ်။

ယင်းထဲမှာ ပါတဲ့တဲ့ တိရစ္ဆာန်တစ်မျိုးကတော့ ငန်း ဖြစ်ပါတယ်။ ငန်းတွေဟာ
အကောင်ပေါက်ပြီး သေတဲ့အထိ အထီးဖြစ်ဖြစ်၊ အမ ဖြစ်ဖြစ် ချစ်သူ လက်တွဲ ဖော် တစ်ဦးသာ ထားရှိပါတယ်။ ယင်း အတွဲထဲမှ တစ်ကောင်ကောင် သေသွားရင်လည်း နောက်တစ်ကောင် ရှာမကြိုက်ပါဘူး။ အချို့ ငန်းတွေဆိုရင် ရင်ကွဲနာကြပြီး သေတယ်လို့ ဆိုပါတယ်။ ရင်ကွဲနာ မကျရင်တောင် တစ်ကောင်တည်း အထီးကျန် ကျန်ရှိတဲ့ ငန်းဟာ သာမန် ငန်းထက် အသက်တိုတတ်ပါတယ်။ ဒါကလည်း အတိအကျတော့ မဟုတ်ပါဘူး။

သို့ပေမယ့် တစ်ကောင်တည်းကျန်ရှိလည်း ကွယ်လွန်သူ ချစ်သူအပေါ် သစ္စာ ရှိတာကတော့ ငန်းတွေရဲ့  ထူးခြားတဲ့ ဓလေ့တစ်ခုပဲ ဖြစ်ပါတယ်။
.
Ref: dykonw
အောင်ခမ်း (ရိုးရာလေး)

No comments: