menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Window XP & 7 အမြန်တင်နည်း...


Window 7 & XP အမြန်တင်နည်းလေးပါ။မသိသေးတဲ့သူတွေအတွက်
ရည်ရွယ်ပြီးတင်ပေးလိုက်ပါတယ်။ အောက်မှာလည်း ပုံလေးနဲ့တကွ သေချာရှင်းပြထားပါတယ်။
ပုံမှန် ဝင်းဒိုးတင်တဲ့အချိန်ထက် 10မိနစ် 15မိနစ်လောက်သက်သာစေပါတယ်။ ကဲစပြီနော်။ပုံမှန်အတိုင်း Install လုပ်
နေကျအတိုင်းဘဲလုပ်ပါ။အောက်မှာ မြင်ရတဲ့အတိုင်း ရောက်ပြီဆိုရင် Shif+F10 ကိုနှိပ်ပါ။

            command prompt ကျလာပါလိမ့်မယ် အောက်က လိုပေါ့

  အဲဒီအဆင့်ရောက်ပြီဆိုရင် taskmgr ဆိုတဲ့ command လေးထပ်ရိုက်ပေးပါ။
အဲလိုလေးရိုက်ပြီးသွားပြီဆိုရင် taskmanager box လေးကျလာမှာပါ။
အဲဒီမှာ Install Windows မှာ right click နှိပ် go to process ဆိုပြီးနှိပ်ရမှာပါ။
အဲလိုလေးနှိပ်လိုက်ရင် process tab ကိုရောက်သွားပါလိမ့်မယ် ။ အောက်က ပုံအတိုင်း
သူ auto select မှတ်ပေးထားတဲ့ setup.exe နေရာမှာဘဲ right click နှိပ်ပြီး Set Priority ကို High   ကိုပြောင်းပေးရမှာပါအောက်အကအတိုင်း Box လေးကျပြီး မေးပါလိမ့်မယ်။ change priority  ကိုနှိပ်ပေးပါ
ဒါဆိုရင်လုပ်ငန်းစဉ်ပြီးဆုံးသွားပါပြီ။အခုဖွင့်ထားတဲ့ Box တွေအကုန်ပြန်ပြီးပိတ်လို့ရပါပြီ။ ပုံမှန်အတိုင်း
ဝင်းဒိုးတင်လို့ရပါပြီ။ ဝင်းဒိုးကိုထိခိုက်ခြင်းမရှိပါဘူး။ပုံမှန်အတိုင်းသုံးရုံပါဘဲ အခုလုပ်တဲ့priority ကို high လုပ်ပေးရခြင်းဟာ ဒီ Window Install လုပ်ခြင်း ဦးစားပေးအဆင့်ကို မြင့်တင်ပေးတဲ့သဘောပါဘဲ။အား
လုံးဘဲအဆင်ပြေမယ်ထင်ပါတယ်။
Window XP User တွေအတွက်ကတော့ အောက်ကအဆင့်လေးမှာ အထက်ပါအတိုင်း လုပ်ဆောင်ရုံပါဘဲ
ကျန်တဲ့အဆင့်လုပ်နည်းတွေကတော့အားလုံးအတူတူပါဘဲဗျာ။
အားလုံးဘဲအဆင်ပြေကြပါစေဗျာ။

Posted by စိုင်း လေး

No comments: