menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

သမထ နှင့် ၀ိပဿနာ...။




လောက၌ ဆင်းရဲချမ်းသာ ခံစားမူ့ကို အလယ်အလတ်ထားသော နည်းအား လွန်ခဲ့သော နှစ်ပေါင်း (၂၅၀၀) ကျော်က ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တ၀ါအားလုံးအား မဟာဂရုဏာတော်နှင့် ဆုံးမလမ်းညွန်ပြခဲ့ပါသည်။
 တကယ်လုပ်ပါက အမှန်ချမ်းသာမည်ဖြစ်ကြောင်းလဲ ကိုယ်တော်တိုင် အာမခံတော်မူခဲ့ပါတယ် အဲ့ဒီနည်းလမ်းကတော့ ၀ိပဿနာကမ္မဋ္ဌာန်းပဲ ဖြစ်ပါတယ်။ ၀ိပဿနာ အားထုတ်သူများသည် မိမိတို့ကိုယ်တိုင်ရဲ့ ကံ၊ ညဏ်၊ ၀ိရိယ စွမ်းအားနဲ့ အချိုးညီစွာ အကျိုးကို ခံစားရမှာဖြစ်ပြီး မျက်မှောက်မှာ တွေ့ကြုံရင်ဆိုင်နေရတဲ့ သောက၊ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနဿ စတဲ့ အပူမီးတွေကို ငြိမ်အေးစေကာ နောင်သံသရာမှာလဲပဲ ကောင်းကျိုးကိုသာ ဖြစ်ပေါ်စေမည့် နည်းလမ်းဖြစ်သလို သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်စေနိုင်သော တစ်ခုတည်းသော နည်းလမ်းလဲ ဖြစ်ပါတယ် သံသရာ ပြတ်မပြတ် ဘ၀ချုပ်မချုပ်ကိုတော့ အားထုတ်သူကိုယ်တိုင်နှင့်သာ သက်ဆိုင်ပါသည်။
ဝိပဿနာသည် ရုပ်နမ်ဓမ္မ၌ အမြဲမပျက် ပြောင်းလဲ ဖောက်ပြန် ဖြစ်ပေါ် ချုပ်ပျောက်နေသော သင်္ခါရတရားတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ လက္ခဏာ အားဖြင့် ညဏ်တွင်ထင်ရှာလာအောင် ရှူ့ပွားဆင်ခြင် ခြင်းပင်ဖြစ်ပါတယ်။ အကျဉ်းအားဖြင့် ဆိုရသော ရုပ်နာမ်တို့၏ သဘာဝလက္ခဏာကို ပရမတ်ဆိုက်အောင် ရှူ့ပွားပြီး ဒီရုပ်နာတွေရဲ့ ဖြစ်၊ တည်၊ ပျက်၊ ခြင်းသဘောဖြစ်သော သင်္ခတလက္ခဏာကို ရှူု့ပွား ဆင်ခြင်ရခြင်းပါပဲ။ ဒီလိုရုပ်နာမ်သင်္ခါရတို့ရဲ့ အနိစ္စတွေကို အကြိမ်ကြိမ်အဖန်ဖန် ရှူ့ပွားဆင်ခြင်ပါက ရုပ်နာမ်ဓမ္မတို့သည် မိမိတို့အလိုကို မလိုက် အစိုးမရမူ့ဖြစ်သော အနတ္တလက္ခဏာ ပေါ်ပေါက်လာပါသည်။ သတိထားသင့်သည်မှာ မိမိတို့အလိုကို မလိုက်သည့်အပြင် မိမိကသာ ယင်းတို့၏ ကျေးကျွှန်ဖြစ်ကာ ယင်းတို့၏ အလိုကို လိုက်ပါ ဆောင်ရွက်နေရပါသည်။ ဖော်ပြပါ ရုပ်နမ်ဓမ္မတို့၏ အနိစ္စအား ရှူ့ပွားဆင်ခြင်ခြင်းအားဖြင့် အနိစ္စညဏ်ရင့်သန်လာသောအခါ အနတ္တလက္ခဏာ ပေါ်ပေါက်လာကာ ဘာဝနာညဏ်သက်ဝင်လာခြင်းကို သာမည လက္ခဏာ ဖြစ်ပါသည် ဤကဲ့သို့ ပရမတ္ထကျကျ သဘာဝပေါ်လွင်လာပြီး မကြာခင်မှာပင် သင်္ခတလက္ခဏာထင်မြင်ပြီး သာမညညဏ်သက်ဝင်ပါက ၀ိပဿနာဖြစ်ပါတော့သည်။ ၀ိပဿနာကမ္မဋ္ဌာန်းကို ကျင့်ကြံပြီး နိဗ္ဗာန်ကို လျှောက်လှမ်းနေသော ဘာဝနာခရီးတွင် သတိ၊ သမာဓိ ဦးစီးသော သတိပဋ္ဌာန်နယ်နှင့် သတိ၊ ပညာ(သမ္ပဇဉ်) ဦးစီးသည့် ၀ိပဿနာနယ် ရှိပါသည် ခြောက်ပါးသော အာရုံနှင့် ဒွါရ တိုက်ဆုံသော အခါ မြင်မှန်းသိ၊ ကြားမှန်းသိ၊ နံမှန်းသိ၊ ရသာမှန်းသိ၊ တွေ့ထိမှန်းသိ၊ ကြံတွေးမှန်းသိ စသည်တို့သည် သိရုံမျှသိသည့် သတိပဋ္ဌာန်နယ် ဖြစ်ပါတယ် ၀ိပဿနာနယ်ကို မရောက်သေးပါဘူး။ ၀ိပဿနာနယ်တွင် မြတ်စွာဘုရားဟေားကြားထားသော နည်းနာနိဿရ အတိုင်း တိတိကျကျ ကျင့်ကြံပြီး ရူ့ပွားသည့် အနုပဿနာနှင့် အရှူ့ခံတရားတို့ ကိုက်ညီရမည် အရှူ့ခံတရားသည် ပရမတ်ဖြစ်ရပြီး အဖြစ်နှင့်အပျက်ကို ဘာဝနာညဏ်ဖြင့် မြင်ရပါမည်။ အဖြစ်နှင့်အပျက် သင်္ခါရတရားများကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ အချက်များ ညဏ်သက်ဝင်လာရပါမည်။ ဤကဲ့သို့ ပြည့်စုံ ညီညွတ်ပါမှ ၀ိပဿနာနယ်ကို ရောက်ရှိပါမည်။ တနည်းဆိုရသော သတိ၊ပညာ(သမ္ပဇဉ်) ညဏ်သက်ဝင်ရပါမည်။ အရှူ့ခံတရားလဲမှန် ရှူ့နည်းလဲ မှန်ကန်ပြီး ကံ၊ ညဏ်၊ ၀ိရိယလည်း ပြည်စုံမည်ဆိုပါက ၀ိပဿနာ ညဏ်စဉ်များ တစ်ဆင့်တစ်ဆင့်တက်ကာ မဂ်ဖိုလ် သို့ ဆိုက်ရောက်မည် ဖြစ်ပါသည်။ ရုပ်နာမ် ပရမတ်တို့၏ အဖြစ်အပျက်ကို ဘာဝနာမယညဏ်ဖြင့် မမြင်နိုင်သေးသမျှ ၀ိပဿနာသို့ မရောက်သေးပါ ၀ိပဿနာနယ်သို့ မရောက်သေးပါက လောကုတ္တရာမဂ်နှင့်ဝေးနေအုံးမည် ဖြစ်ပါသည်။
အလျှင်သင့်တုန်း ၀ိပဿနာနှင့် သမထ ကွဲပြားပုံကို မှတ်သားထားသမျှ အနည်းငယ်တင်ပြပါအုံးမည်။ တရားကို အလေးအနက်ထား အားထုတ်နေကြသူများသည် သမထနှင့် ၀ိပဿနာကို ကွဲပြားစွာ နားလည်းထားဖို့လိုပါသည်။ သမထနှင့် ၀ိပဿနာ မကွဲပြားပါက ၀ိပဿနာ အားထုတ်နေသောလည်း သမထ လမ်းကြောင်းပေါ် ရောက်နေတတ်ပြီး မဂ်ဖိုလ်နှင့် သီသီကလေး လွဲနေတတ်ပါသည် နှစ်နာလွန်းလှပါသည်။ ၀ိပဿနာလမ်း မဖြောင့်ဖြူးသော အားထုတ်မူ့သည် ကုသိုလ်ရသော်လည်း မဂ်ဖိုလ်နိဗ္ဗာန်နှင့်က ဝေကွားပါသည်။ ထို့ကြောင့် နိဗ္ဗာန်မဂ်ဖိုလ်ကို ရည်းမှန်းအားထုတ်သူများသည် သထမနှင့် ၀ိပဿနာ ကွဲပြားမူ့ကို ကောင်းစွာ နားလည်ထးသင့်ပါသည်။

၁။ သမထသည် နိဝါရဏ (၅)ပါးနှင့် ပရိယဌာန ကိလေသာအား ၀ိက္ခမ္ဘနပဟာန်အားဖြင့် ခပ်ကြာကြာပယ်ခွာနိုင်ပြီး စိတ်တည်ကြည် ငြိမ်သက်မူ့ဟူသော သမာဓိလုပ်ငန်းဖြစ်ပါသည်။ ၀ိပဿနာသည် နိဝါရဏ(၅)ပါးနှင့် အနုသယကိလေသာ တိုင်အောင် သမုဒ္ဆေဒပဟာန်အားဖြင့် အမြစ်ပြတ်ပယ်သက်ပါသည်။

၂။ သမထတွင် ကမ္မဋ္ဌာန်းနည်းလေးဆယ် ရှိပြီး ၀ိပဿနာတွင် သတိပဋ္ဌာန်လေးမျိုး ရှိပါသည်။

၃။ သမထသည် ကမ္မဋ္ဌာန်း၏ ဆိုင်ရာ ပညတ်အာရုံကို ပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ်၊ ပဋိဘာဂနိမိတ်၊ အဆင့်ဆင့် ရှူ့ပွားရသည်။ သမထသည် ပညတ်ကို အာရုံပြုသောကြောင့် အာရုံလိုက်စား မိုက်မားမိပါက ရူးကြောင်ကြောင်ဖြစ်တတ်ပါသည်။ ၀ိပသာနာသည် အရှူ့ခံ ရုပ်နာမ်တို့တို့၏ သဘာဝလက္ခဏာ၊ သင်္ခတ လက္ခဏာ၊ သာမညလက္ခဏာ ဖြစ်သော ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့၏ ဖြစ်၊ တည်၊ ပျက် ခြင်းသဘော၌ အနိစ္စ၊ ဒုက္ခ၊ အနတ္တ အခြင်းအရာများအား ဘာဝနာမယညဏ် သက်ဝင်ကာ ရုပ်နာမ်ပရမတ်ကို အာရုံပြုသောကြောင့် အာရုံလိုက်စားစရာ မရှိကာ မရူးနိုင်ပေ။ ရူးသွပ်သူများပင် ၀ိပဿနာအား နည်းမှန်လမ်းမှန် အားထုတ်ပါက ရောဂါ ဝေဒနာ သက်သာလာပါသည်။

၎။ သမထ၏ လိုရင်းမှာ ဈာဉ်ဖြစ်သည်။ ပဋိဘာဂနိမိတ် ပေါ်ပြီးနောက် ဥပစာရဈာဉ်၊ ပထမဈာဉ်၊ ဒုတိယဈာဉ်၊ တိတယဈာဉ်၊ စတုတ္ထဈာဉ် တိုင်အောင် အပ္ပနာဈာဉ်ကို ရူ့ပွား၏။ အပ္ပနာဈာဉ်နှင့် အာရုပ္ပဈာဉ်ဟူ၍ ရှိရာ ယင်းအောက်ဈာဉ်လေးပါးနှင့် အထက်ဈာဉ်လေးပါးသည် သမပတ် ရှစ်ပါးပင် ဖြစ်ပါသည်။ ၀ိပဿနာ၏ လိုရင်းမှာ မဂ်ဖိုလ် နိဗ္ဗာန် ဖြစ်ပါသည် ။ မဂ်လေးဆင့် ဖိုလ်လေးဆင့်ရှိရာ ယင်းကိုလောကုတ္တရာစိတ် ရှစ်ပါးဟု ဆိုသည်။ မဂ်အကြောင်းကြောင့် အကျိုးတရာဖြစ်သော ဖိုလ်သည် ဖလသမာပက် ဖြစ်ပါသည်။ ၀ိပသာနာသည် သာမညလက္ခဏာဖြင့် ညဏ်သက်ဝင်ပြီး ညဏ်စဉ်ဆယ်းပါး အဆင့်ဆင့် ရှူ့ပွား၏။

၅။ သမထ ရှူ့ပွားရာ၍ အပ္ပနာဈာဉ်ရပါက ရူပကုသိုလ်၊ အရုပ္ပဈာဉ်ရပါက အရူပကုသိုလ် ဖြစ်ပြီျးဆိုင်ရာ ဗြဟ္မာဘုံသို့ လောရောက်သည် သမထ၏ အမြင့်ဆုံးပန်းတိုင်သည် ဗြဟ္မာဘုံဖြစ်သည်။ ၀ိပဿနာသည် သောတပတ္တိရလျှင် အပယ်တံခါးပိတ်ကာ အများဆုံး (၇) ဘ၀သာ သံသရာ ကျန်ပါတော့သည်။ ထိုမှ တစ်ဆင့် အထက်မဂ်များ ဖြစ်သော သကာဒါမိမဂ်၊ အနာဂါမိမဂ် များအဆင့်ဆင့်ရရှိကာ (၃)ဘ၀(၁)ဘ၀သာ သံသရာကျန်ရှိကာ အရဟတ္တမဂ်ရလျှင် ကံပြတ်၍ ဘ၀ချုပ်ငြိမ်ကာ သံသရာပြတ်ပါတော့သည်။ ၀ိပဿနာ၏ အမြင့်ဆုံးပန်းတိုင်းသည် နိဗ္ဗာန်ဖြစ်သည်။

No comments: