menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

နန်းမတော်မယ်နုနှင့်မြန်မာနိုင်ငံတော်၏ကံကြမ္မာ


နန်းမတော်မယ်နုဟုဆိုလိုက်သည်နှင့် တိုင်းပြည် "ခိုက်" သောမြေးအဖွား (3)ဆက် (ပထမအင်္ဂလိပ်-မြန်မာစစ်ရှုံးသူမယ်နု ၊သူ့သမီး ဆင်ဖြူမရှင် 'နန်းတွင်းအာဏာလုပွဲအတွက် မင်းတုန်းမင်း၏သားတော်(40)ကျော်ကိုသတ် ကာ သီပေါမင်းကိုသူ့သမီး
စုဖုရားလတ်နှင့်လက်ထပ်ပေးသူ၊ မြေးမတော် စုဖုရားလတ် သီပေါမင်းကိုကျော်၍ အမိန့်မနာခံသော)ဟု နာမည်ဆိုးနှင့် ကျော်ကြားသူ အဖြစ်သိကြသလို အင်းဝရှိ မယ်နုအုဋ်ကျောင်းကိုလည်း မြင်ယောင်မိကြမည်ဖြစ် ပါသည်။ဟုတ်ပါသည် မယ်နုသည် မဟာအောင်မြေဘုံစံ မယ်နုအုဋ်ကျောင်းကြီး၏ ဒကာမဖြစ်သလို သူမဘဝ၏ အံ့ဖွယ်အတိတ်ကံ အကျိုးပေး၊ ပင်ကိုယ်စိတ်ထက်မြက် ကြွပ်ဆတ်မှု ၊အတ္တကြီးပြီးအကြောက်တရား ကင်းမှု၊ ဆင်ခြင်တုံတရားနည်းပြီး တဇွတ်ထိုးနိုင်မှုတို့က သူမကို အထွဋ်အထိပ်သို့ ရောက်ရှိစေခဲ့သည်။
နန်းမတော်မယ်နုသည် ဖလံခုံရွာဇာတိထောင်မှူး သီဟကျော်စွာဘွဲ့ခံ ဦးလှုပ်နှင့်ဒေါ်ငယ်တို့မှ 18.June.1783 အင်းဝမြို့၌ မွေးဖွားသည်။ မွေးချင်းနှစ်ယောက်ရှိပြီးကျန် တစ်ယောက်မှာ မောင်အိုဖြစ်သည်။
မယ်နုသည် ရွှေလင်ဗန်းနှင့်အချင်းဆေးသော တော်ဝင်မျိုးရိုးမဟုတ်သာမာန် အရပ်သူတစ်ဦးသာ ဖြစ်သော်လည်း သူမဘဝတွင် ထူးဆန်းမှုကြီးကြီးမားမား (2)ကြိမ်ကြုံ တွေ့ခဲ့သည်။
မယ်နုငယ်စဉ်က အိမ်မှလူကြီးမိဘများနှင့် တရွာမှတရွာသို့သွားလာရာ လမ်းဇရပ်တစ်ခု၌ အိပ်ကြသည်။မယ်နုက ထမင်းချက်တာဝန်ယူ၍ ချက်ပြုတ်ရာ မနက်မိုးလင်းသောအခါ မယ်နုထမင်းချက်ခဲ့သောနေရာ၌ မှိုပွင့်ကြီးတစ်ပွင့် ပေါက်လာရာ လူကြီးများက အံ့ဘွယ်နိမိတ်ကောင်းဟု မှတ်ယူကြသည်။
မယ်နု အသက် ၁၂နှစ်သမီးအရွယ် မြစ်ဆိပ်၌ ရေချိုးချိန်တွင် သူမ၏အနီရောင်ရေလဲ လုံချည်ကို စွန်ရဲတစ်ကောင်မှ ချီယူသွားပြီး အမရပူရနန်းတော်အတွင်းရှိ မိဖုရားများ စံပယ်ရာ တောင်နန်းဆောင် အမိုး၌ချထားခဲ့သည်။ ဘိုးတော်ဘုရားက လုံချည်ပိုင်ရှင်ကို ရှာဖွေစစ်ဆေးဖော်ထုတ်ကာ မယ်နုကို တောင်နန်းအပျိုတော် အဖြစ် ခန့်ထားလိုက်ရာမှ အရှုပ်တော်ပုံဖန်တီးမည့် အဓိကဇာတ်ကောင်ကို ခေါ်မိသည့်အမှားကြီးတစ်ခု ဘိုးတော်ဘုရား ပြုလုပ်မိသွားသည်။
ကုန်းဘောင်မင်းဆက်တွင် နန်းသက်အရှည်ဆုံး ဘိုးတော်ဘုရားသည် (37)နှစ်ကြာနန်းစံပြီး ဘကြီးတော်စစ်ကိုင်းမင်းကို အိမ်ရှေ့အရာအပ်နှင်းပြီး ညီတော်သာယာဝတီမင်းသား ကို ဒုတိယနှင့် ဘကြီးတော်၏သားတော် စကြာမင်းသားလေးကို တတိယနန်းလျာထားသည်။ ဘကြီးတော်မှာ အိမ်ရှေ့မင်းရာထူးသာ ရှိသေးပြီး မိဖုရား ခေါင်ကြီးမှာ ဆင်ဖြုရှင်မယ်ဖြစ်သည်။ ဆင်ဖြူမယ်သည် စကြာမင်းသားလေးကိုမွေးပြီး ၁ ပတ်အကြာ 1812 အောက်တိုဘာလတွင် ကွယ်လွန်လေသည်။
မယ်နုသည်စက်စက်ယိုအောင် လှသူဟု မဆိုနိုင်သည့်တိုင် ပကတိရုပ်ရည်ကားတည်ကြည်သည်။ အပြောချို၍ ကိုယ်နေဟန်အချိုးကျကာ သွယ်လျကျော့ရှင်းပြီး သူမ၏နန်းမူရာမှာ နန်းတွင်းသူများ အတုယူရသည်အထိ မဟာဆန်သည်။ ယောကျာ်းတကာ တို့ နှစ်သက်ခံရပြီး ထိုအထဲတွင်အိမ်ရှေ့ မင်းဘကြီးတော် လည်းပါဝင်သည်။
အမရပူရနန်းတွင်း၌အိမ်ရှေ့မင်းအား မယ်နုထက်မဟာဆီမဟာသွေး အချင်းချင်းအိမ်ထောင်ပြုစေလိုဤ "လူမှာအမျိုး ကြက်မှာအရိုး" ဟုဘကြီးတော်ကို သတိပေးသည်။ မယ်နုကလည်း "လူမှာအချစ် ကြက်မှာအမြစ်" ဟုချေပကာ ဘကြီးတော်ကို ရအောင်သိမ်းသွင်းခဲ့သည်။ ဘိုးတော်ဘုရားလွန်သော် ဘကြီးတော်သည် 1819 ဇွန်လ(5)ရက်တွင် နန်းတက်ကာ (1823) မြို့တော်ကို အမရပူရမှ အင်းဝသို့ရွှေ့သည်။ဘကြီးတော်သည်ခပ်အေးအေးနေတတ်သလို မယ်နုကိုအလွန်ချစ်သဖြင့် အဂ္ဂမဟေသီ တောင်ညာစံ မိဘုရားခေါင်မြောက်လေသည်။ မယ်နုသည်ပင်ကိုယ်ထက်မြက်သူပီပီ နန်းတွင်းတစ်ခုလုံး အရေးသာမက တိုင်းရေးပြည်ရေးကို စိတ်တိုင်းကျ ချယ်လှယ်တော့သည်။နန်းတွင်းမှာလဲ အမျိုးနိမ့်သူ မိဖုရားခေါင်ဖြစ်လာပြီး ဓားထက်၍သာ ကြောက်ရသည်မည်သူကမှ မယ်နုကို မကြည်ဖြူကြချေ။ ယခင်ဘုရင်နှင့်မိဘုရား ရာဇပလ္လင်ပေါ် အတူမထိုင်သော်လည်း မယ်နုသည် ထိုအစဉ်လာကို ဖျက်ကာ အတူထိုင်သဖြင့် တရုတ်သံမှူးများ အံ့အားသင့်ကြသည်။ 1819တွင် မယ်နုသည် သူ့မောင်အရင်း ဖြစ်တဲ့ မောင်အိုကို စလင်းမြို့ကိုစားစေပြီး နန်းတော်တွင်း သူမ၏ အာဏာစက်ကို ခိုင်မာအောင် တည်ထောင်သည်။
ထို့အပြင်မောင်အိုအား သတိုးဓမ္မရာဇာဘွဲ့ ချီးမြင့်လိုက်သလို ဘကြီးတော်ကလည်း သူ့ယောက်ဖအားမြှောက်စားသည့် အနေဖြင့် ထိပ်တန်းမင်းညီမင်းသား စာရင်းသွင်းကာ၊ လွှတ်တော်တက်ခွင့် ပေးသည့်အပြင် ရွှေထီး ရှစ်ချက်မိုးခစားခွင့်ပေးသဖြင့်မောင်အိုသည် နားထင် သွေးရောက်သွားလေသည်။ ရှေးခေတ်က မင်းသားများ၏ အဆင့်အတန်းကို ထီးဆောင်း အရေအတွက် အနည်းအများဖြင့် ခွဲခြားလေ့ရှိသည်။ ညီတော် သာယာဝတီမင်းပင် ထီးဆယ်ချက်သာ မိုးခွင့်ရှိ၍ယောက်ဖတော် မောင်အိုသည် ညီတော်အိမ်ရှေ့မင်းထက် မဆိုသလောက်သာ နိမ့်သည့်သဘော သက်ရောက်စေသည်။ နေ့ချင်းညချင်း မောင်အိုတန်ခိုးထွားလာသဖြင့် ကုန်းဘောင်မျိုးဆက်ကို အပြုတ်ဖြုတ်ပြီး သူကိုယ်တိုင် ဘုရင်လုပ်ရန် ကြံလေတော့သည်။ ထို့ကြောင့် နန်းတွင်းအားပြိုင်မှု (3) စုကွဲပေါ်ပေါက်လာသည်။
(1)နိုင်ငံရေးအာဏာပိုင်ဆိုင်သောမောင်အိုနှင့်မယ်နုကတစ်ဖွဲ့
(2)သူတို့၏ မဟာပြိုင်ဘက်များတွင်ဘကြီးတော် မင်းပြီးနောက် နန်းညွန့်နန်းလျာ ဆက်ခံဖို့ အခွင့်အရေး ရှိသူသာယာဝတီမင်းသည် ထိပ်ဆုံးဖြစ်သည်။ သူကိုယ်တိုင် လက်ရုံးရည်နှင့်ပြည့်စုံသလို နောက်လိုက် အင်အားကောင်း များစွာပိုင်ဆိုင်ထားသည်။
(3) စကြာမင်းသားခေါ် ညောင်ရမ်းမင်းသားလေးသည် မွေးဖွားစဉ်က စကြဝတေးမင်းတို့ ဘုန်းကြီးသည့်လက္ခဏာရပ်များဖြစ်ကြသော ဥက္ကာပျံ ငလျင်လှုပ် တော်လဲမြည်ခြင်း ၊လက်ဝါးများတွင်ခရုပတ်နှင့် မှဲ့ရှင်များ ထူးခြားထင်ရှားစွာတွေ့ရခြင်း၊ အချင်းစလွယ်သိုင်းခြင်း၊ ခုနစ်ရက်ရလျှင် မယ်တော် ကွယ်လွန်၍ ဖွားဖက်တော် ခုနစ်ဦးလည်းပေါ်ခြင်း၊ ရုပ်ရည် အင်မတန် ချောမောလှပ၍ နန်းတွင်းသူ နန်းတွင်းသားများ ၊ တိုင်းသူပြည်သားများက အလွန်ချစ်ခင်နှစ်သက်ကြသည့် လူထုအင်အား ကိုပိုင်ဆိုင်သော ဘကြီးတော်၏တစ်ဦးတည်းသောသား ဖြစ်သဖြင့် ဘကြီးတော်က နန်းလွှဲလိုသည်မှာတွေးကြည့်ယုံဖြင့် သိနိုင်ပါသည်။
ထို့ကြောင့်မောင်အိုသည် စကြာမင်းသားလေး နားထွင်းပြီးအိမ်ရှေ့အရာ အပ်နှင်းခြင်းကိစ္စကို အချိန်ဆွဲ သည်။ အသက် (20) ကျမှနားထွင်းသည့်တိုင် နိုင်ငံရေးအာဏာကို မင်းသားလေးအား လွှဲမပေးခဲ့ချေ။ မယ်နုနှင့်မောင်အိုသည် ဘကြီးတော်နှင့်မယ်နု နန်းစံသော (18)နှစ်လုံးလုံး သာယာဝတီမင်းကို အသိမှတ်မပြု ချယ်လှယ်ပြီး နောင်တော်နှင့်တွေ့ခွင့် ပိတ်ပင်သည်။ ထိုခေတ်က မယ်နုကြောက်ရသူတစ်ဦးရှိသည် ထိုသူမှာ ဆရာတော်ဦးဗုဓ်ဖြစ်သည်။သက္ကရာဇ် 1822 ခုနှစ်တွင် ဘကြီးတော်နှင့် နန်းမတော် မယ်နုတို့ကကျောင်းဆောက် လုပ်ရာတွင် ငါးနှစ်ကျော် ကြာမြင့်ခဲ့ပြီး သက္ကရာဇ် 1827 ခုနှစ်တွင် မဟာအောင်မြေဘုံစံ ဟု ကမ္ပည်းထိုးကာ ညောင်ကန်ဆရာတော် ဦးပိုအား လှူဒါန်းခဲ့သည်။ တစ်နှစ်အကြာတွင်ဆရာတော် ဦးပိုပျံလွန် တော်မူပြီးနောက် ဒုတိယညောင်ကန် ဆရာတော် ဦးဗုဓ်အား ထပ်မံလှူဒါန်းခဲ့သည်။
အုတ်ကျောင်းအကျယ်အဝန်းမှာ အလျား 192 ပေ၊ အနံ 112 ပေ နှင့် အမြင့် 94 ပေရှိပြီး ကျောင်းတည်ဆောက်ရာတွင် ငွေကျပ် သုံးသိန်း ကုန်ကျကြောင်း၊ သက္ကရာဇ် 1838 ပြည့်နှစ်တွင် ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့ရာ နန်းမတော် မယ်နု၏ သမီးတော် ဆင်ဖြူမရှင်က သက္ကရာဇ် 1872 ခုနှစ်တွင် ထပ်မံပြုပြင်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။ ကျောင်းကြီးကို အုတ်၊ အင်္ဂတေ တို့ဖြင့် မိဖုရား ခေါင်ကြီးမယ်နုက တည်ဆောက်ခဲ့သောကြောင့် မယ်နုအုတ်ကျောင်းဟု ထင်ရှားခဲ့သည်။ ပညာရှင်များ၏ ဗိသုကာ လက်ရာ၊ ပန်းရန် နှင့် ပန်းတမော့ အနုပညာလက်ရာများ ကျောင်းဆောင်ကြီး အတွင်းရှိ စင်္ကြံပတ်လမ်း နှင့် အခန်း ဖွဲ့စည်းပုံများ၊ အဝင်ပေါက် သစ်သားတံခါးများကို 'အသံ' များဖန်တီး တပ်ဆင်ပုံတို့ကြောင့်ခံ့ညားထည်ဝါလှသော ကျောင်းကြီးဖြစ် သည်။
ဘကြီးတော်နန်းတက် ဘိသိက်မင်္ဂလာသွန်း အခမ်းအနား ဆင်ယင်သော အခါ၌ မဏိပူရစော်ဘွား မတက်ရောက်ချေ။ မဏိပူရစော်ဘွားကို သင်ခန်းစာ ပေးရန် လိုက်ဖမ်းရာ အင်္ဂလိပ်ပိုင်နယ်ထဲအထိ ဝင်ပြေးသဖြင့် အင်္ဂလိပ်တို့နှင့် နယ်စပ်ပြဿနာ'ငြိ'လာရာမှ အင်္ဂလိပ်တို့ (1824)တွင် စစ်ကြေညာသည်။ စစ်သူကြီးမဟာဗန္ဓုလသည် ရခိုင်တွင် စခန်းချကာ မြဝတီမင်းကြီးဦးစက ပန်းဝါတွင် အင်္ဂလိပ်တို့ကို အနိုင်တိုက်သည်။ မြန်မာတပ်များ ဘင်္ဂလားနယ်အထိ ရောက်နေသဖြင့် အင်္ဂလိပ်ဘုရင်ခံပင် ကျီးလန့်စာစားနေရသည်။ ဗန္ဓုလသာ စစ်တကောင်း ထိတက်တိုက်၍ ဖိအားပေးခဲ့မည်ဆိုလျှင် အင်္ဂလိပ်တို့ ပျာယာခတ်သွားနိုင်သည်။
အင်္ဂလိပ်တို့သည် ထိုအခြေနေကိုရိပ်စားမိသဖြင့် ရန်ကုန်ဖက်မှပတ်ဝင်၍ တန်ပြန်တိုက်စစ်ဆင်သော ဗျူဟာကိုသုံးကာ စစ်မျက်နှာပြောင်းလိုက်လေသည်။ ထိုအချိန် သာယာဝတီလိုအဆင့်မြင့် မင်းသားက ရန်ကုန်သို့ဆင်း၍ ကာကွယ်ရန်သူစုဆောင်း ထားသည့်လူသူများနှင့် အင်္ဂလိပ်စစ်သင်္ဘောများကို ခုခံတိုက်ခိုက်လိုကြောင်း တင်ပြသည်။ ဘကြီးတော်ကလည်း သဘောတူကာ အမြန်စေလွှတ်ချင်သော်လည်း ပြိုင်ဘက် စလင်းမင်းသားကြီးမောင်အိုနှင့် မှူးမတ်များက သာယာဝတီမင်းသားအား လက်နက်ဆင်၍ လွှတ်လိုက်လျှင် ပုန်ကန်လိမ့်မည်ဟု ကန့်ကွက်ကာ နိုင်ငံ့အရေးတော်ထက် အာဏာရရှိလိုသော ပုဂ္ဂိုလ်ရေးကို ဦးစားပေးခဲ့သည်မှာ စိတ်ပျက်စရာဖြစ် လေသည်။ ဘကြီးတော်လည်း အရိပ်ကိုရန်သူထင်၍ နောက်ဆုံးတွင် မဟာဗန္ဒုလ ပြန်လာသည်အထိ စောင့်ပြီးမှ သွားရောက်တိုက်ရန် အမိန့်ချလိုက်လေသည်။
ထို့ကြောင့်ရခိုင်မှပြန်လာမည့် ဗန္ဒုလကို စောင့်ရင်း ၅လအထိ ကြာသွားသဖြင့် ထိုအချိန်တွင် အင်္ဂလိပ်တို့ကလည်း ရွှေတိဂုံ ကုန်းတော်တစ်ဝိုက်ကို အခိုင်အမာတပ်စွဲ၍ အသာစီးရသွားတော့သည်။
သာယာဝတီမင်း၏တပ်များသည် ရန်ကုန်သို့ချီ၍ ကျိုက်ကလို့တွင်တပ်ချထားသည်။ အင်္ဂလိပ်တို့က သာယာဝတီ၏တပ်ကိုဝိုင်းတိုက်သော်လည်း အနိုင်မရခဲ့ချေ။ သာယာဝတီမင်းသားကြီးက အခြေနေ ရိပ်စားမိသဖြင့် စောစောစီးစီး စစ်ပြေငြိမ်းရန်တင်ပြသော်လည်း မောင်အို၊မယ်နုတို့မှ လက်မခံပဲ စစ်ကိုသာ ထပ်တိုးတိုက်သည်။ ဗန္ဒုလဓနုဖြူတွင် ကျသွားသဖြင့် အင်္ဂလိပ်တပ်တွေလည်း နေပြည်တော်နှင့် မိုင်၄၀သာဝေးသည့် ရန္တပိုရွာသို့ရောက်မှစစ်ပြေငြိမ်းရေး စာချူပ်ချုပ်ရတော့၏။
နယ်မြေဆုံး၊ စစ်သူကြီးကျ၊ စစ်လျော်ကြေးငွေ (1)ကုဋေပါပေးရမည်ဖြစ်သဖြင့် ဘကြီးတော်မှာ မထွေးနိုင်မအံနိုင် စိတ်ဓာတ်ကျလာကာ စိတ်ကျရောဂါပါ ဝင်လာလေတော့သည်။ ငွေမရှိသဖြင့် မယ်နုက သူပိုင်ပစ္စည်းများထုခွဲ၍ စစ်လျော်ကြေးငွေ ပထအရစ်ကို ပေးလေသည်။ အုပ်ချုပ်ရေးပိုင်းကို မကိုင်တွယ်နိုင်တော့ပဲ အစစအရာရာကို မယ်နုနှင့် စလင်း မင်းသားကြီးမောင်အိုတို့ဖြင့်သာ လွှဲအပ်ထားလေတော့သည်။ သူတို့မောင်နှမကို သာယာဝတီအပြင် ပြည်သူများက စုန်းမဟုစွပ်စွဲသလို သူတို့ကလည်း သူခိုးဓားပြလက်ခံ ဟုသာယာဝတီကို စွပ်စွဲသည်။
မောင်အိုသည်မိမိရဲ့ ဆူးငြှောင့် ခလုတ်ဖြစ်သော သာယာဝတီမင်းကိုရှင်းရန် ဓားပြမှုဖြင့် အမှုဆင်ကာ သာယာဝတီမင်း၏ အိမ်ကို လူ (200) ဖြင့် ဝိုင်းလေရာ သာယာဝတီဘက်မှ လူများခုခံရင်း ဧရာဝတီမြစ်ကိုကူး၍ ရွှေဘိုသို့ထွက်ပြေး ရှောင်တိမ်း သည်။ မယ်နုတို့ကိုပြည်သူများမနှစ်သက်သဖြင့် အာဏာသည် သာယာဝတီဘက်သို့ အလိုလိုရောက် သွားသည်။ လူသူစုဆောင်းကာ 1837 ဖေဖော်ဝါရီ လတွင်အင်းဝကိုဝိုင်းသည်။
၂ လအကြာတွင် အောင်မြင်ပြီးဘကြီးတော် စစ်ကိုင်းမင်းကို နန်းချကာ မယ်နုကိုအကျယ်ချုပ် မောင်အိုတို့လူစုကို ထောင်ထဲပို့လေသည်။ အရာရာသည်နေ့ချင်းညချင်း ပြောင်းလဲသွားသည်။ မယ်နုတို့အုပ်စုသည် ပုန်ကန်သည့်အနေဖြင့် အင်္ဂလိပ်တို့ကို စာလွှတ် ဆက်သွယ်၍ အင်္ဂလိပ်တို့ အလိုရှိသမျှ အကုန်ပေးကာ ဘကြီးတော်အား ပြန်လည်နန်းတင်ပေးရန် အကူညီတောင်းသော်လည်း အင်္ဂလိပ်တို့က နန်းကျဘုရင်အား ဘာအကြောင်းမှမပြန်တော့ချေ။
သာယာဝတီမင်း သဘောထားကြီးစွာဖြင့် ကောင်းမွန်စွာထားသော်လည်း မောင်အိုတို့ နောက်လိုက်များက ပုန်ကန်ကြသောကြောင့် အမရပူရမြို့ အကျဉ်းထောင်၌ သက္ကရာဇ် 1840 ခုနှစ်၊ မေလတွင် ကွပ်မျက်လိုက်သည်။ နောက်ဆုံးသာယာဝတီမင်းသည် 12 May 1840 တွင်မယ်နုအား သေဒဏ်ချမည်ကို မင်းမျိုးမင်းနွယ် အဖြစ် အသိအမှတ်ပြုပေးသည့်အနေဖြင့် မဟာဆီ မဟာသွေး မြေမကျရစေရန် ရေတွင်ဖျောက်ဖျက်ဖို့ အမိန့်ချသည်။ ဘုန်းရှင်ကံရှင်မယ်နုတစ်ယောက် ကံတရား၏ မျက်နှာသာပေးခြင်းကား ဤနေ့သည်နောက်ဆုံးနေ့ ဖြစ်လေတော့သည်။ မယ်နုလည်း နောက်ဆုံးအနေဖြင့် မိမိကိုးကွယ်သည့် ဆရာတော်ဦးဗုဒ်အား ဖူးမြှော်ခွင့်ပြုရန် မြို့ဝန်အား ခွင့်တောင်းရာ ခွင့်ပြုသောကြောင့် ညောင်ကန်ကျောင်း (ယခု မဟာမုနိဘုရားကြီးအရှေ့ဘက်)သို့ ရောက်အောင်ပို့ဆောင်ပေးခဲ့သည် ။
မယ်နုကျောင်းသို့ရောက်သော အခါ ဆရာတော်မှာ စာကြည့်နေသည်။ မယ်နုမှ ဆရာတော်အား နောက်ဆုံးဖူးမြှော်အောင် လာရခြင်းဖြစ်ကြောင်း လျှောက်ထားရာ ဆရာတော်ဦးဗုဒ်မှ ရာဇဝင် တွင်မည့်တရားကို တိုတိုတုတ်တုတ် မိန့်တော်မူသည်။
"မိနု၊ သူ့ကြွေးရှိရင် ဆပ်ရလိမ့်မည်" ဟုမိန့်ဆိုလိုက်သည်။ မယ်နုလည်း ဦးချပြီး ပြန်ဆင်းလာရာလှေကားအရောက်တွင် "တော်ပြီ၊ ငါသေဝံ့ပြီ၊ ငါသေရဲပြီ၊ငါသေပျော်ပြီ၊ ဆရာတော်ဘုရားကို နှစ်ပေါင်းများစွာ ကိုးကွယ်လာတာ ဘယ်အခါမှ ငါ့နာမည်တပ်၍ စကားမပြောဖူးဘူး။ ဤကဲ့သို့ စာကြည့်ရာမှနေ၍ ငါ့ဘက်သို့ လှည့်၍ကြည့်သည်ဟူ၍လည်းမရှိ၊သည်ကနေ့မှပဲ ငါ့ဘက် လှည့်တယ်။ ငါ့နာမည်ကို ခေါ်တော်မူတယ်။
ဟောလိုက်တဲ့ တရားကလည်း မိနု၊ သူ့ကြွေးရှိရင် ဆပ်ရလိမ့်မည်တဲ့။ တော်ပြီ၊ သေလမ်းဖြောင့်ပြီ၊ ငါ့ကိုဆရာတော်က သေစရိတ်ပေးလိုက်ပြီ" ဟု ထပ်တလဲလဲပြောကာ ဝမ်းမြောက်ဝမ်းသာစွာနှင့်ပင် အာဏာပါးကွက်သားတို့၏ ခေါ်ဆောင်ရာသို့ ညိုးငယ်ခြင်းမရှိဘဲ လိုက်ပါသွား လေတော့သည်။
ဗုဒ္ဓတရားတော်ကိုအတိုချုပ်သဘောပေါက်စေ သောသာဓကများအနက် မယ်နုသည် ပဉ္စဝဂ္ဂီတို့မှအငယ်ဆုံး ရှင်အဿဇိ၏ "ယေဓမ္မာ"ဂါထာကို သတိရမိသည်။ ဘုရားရှင်၏ တရားဦးနာပြီး ရှင်အဿဇိ ရာဇဂြိုလ်ပြည် ရှင်သာရိပုတ္တရာနှင့်တွေ့၍ ရှင်သာရိပုတ္တရာမှသူ့အားမေးသည်မှာ " ငါ့ရှင် ၊ သင်၏မျက်စိတို့သည် ကြည်လင်ကုန်၏ ၊ အရေအဆင်းလည်း သန့်ရှင်းစင်ကြယ်ကုန်၏ သင်သည် အဘယ်သူကိုရည်၍ ရဟန်းပြုသနည်း ၊ အဘယ်သူက သင်၏ဆရာနည်း၊ အဘယ်သူ၏တရားကိုနှစ်သက်သနည်း"
ရှင်အဿဇိတက "ငါ့ရှင် ၊ ငါသည်အငယ်သည်သာတည်း ၊ အဘိဓမ္မာကို အကျယ်အားဖြင့်သင့်အားဟောကြား အံ့သောငှာ မတတ်နိုင်။ အကျဉ်းအားဖြင့် သော်ကား အနက်ကိုငါဆိုအံ့ ဟုဆိုကာ ယေဓမ္မာဂါထာကို ဟောတော်မူ၏။ အဓိပ္ပါယ်ကား
"အကြင်တရားတို့သည် အကြောင်းလျှင်အမှန်ရှိကုန်၏
ထိုအကြောင်းကို မြတ်စွာဘုရားဟော၏
ထိုအကြောင်းတရားတို့ ချုပ်ငြိမ်းရာလည်းရှိ၏
ထိုချုပ်ခြင်းကိုလည်း မြတ်စွာဘုရားဟော၏
ငါ၏ဆရာရဟန်းကြီးသည် ဤသို့အယူဝါဒရှိ၏"
မယ်နုသည်ထိုဂါထာတော်ကိုချင့်ချိန်ပြီး သာယာဝတီမင်း အသက်ကိုရန်ရှာခဲ့၍သူနှင့်ယှဉ်ပြိုင်ရာ သူအနိူင်ရသည်။ ရန်ကိုရန်ချင်းတုံ့ပြန်ခြင်းက လမ်းဟောင်းကိုသာ ပြန်ရောက်စေသည်။ ဤအကြောင်းတို့ချုပ်ငြိမ်း ခြင်းကားရန်ညိုးရန်စတို့ကို သင်ပုန်းချေ၍ သူ့အပေါ်တင်ခဲ့သောအကြွေး မြန်မြန်ဆပ်ကာ ကြွေးမြီကင်းရှင်းပြီး ငြိမ်းချမ်းသောဘဝသစ်ကလေးတစ်ခု ထူထောင်နိုင်ရန် ဖြစ်ကြောင်းကို နားလည်သွားခဲ့သည်။ သတ္တဝါတိုင်းသူ့ထိုက်သူ့ကံ ဖြစ်သည်ဆိုလျှင် တနည်းအားဖြင့် ငါ့ထိုက်ငါ့ကံဖြစ်သည် မဟုတ်ပါလော။ ဆရာတော်က တရားကား သူမအတွက်တော့ အဖိုးတန်ဆုံး သေစရိတ်ပေးလိုက်ခြင်းဟု သဘောပေါက်သောကြောင့် မယ်နုဝမ်းသာသွား ရှာသည် ။ထိုနေ့ နေ့လည်ပိုင်းတွင် မယ်နုသည် ဘကြီးတော်အား နောက်ဆုံး သွားရောက်ကန်တော့ နှုတ်ဆက်ခဲ့သည်။
နှစ်ပေါင်းများစွာဘဝ ၊ အသက် ၊ ရာထူးစည်းစိမ် ၊ နိုင်ငံတော် အရာအားလုံး သူပိုင်ဆိုင်နိုင်သမျှကိုပေး၍ ချစ်ခဲ့သော ကြင်ယာတော်ဘကြီးတော်၏ ခြေတော်အစုံပေါ် မျက်နှာအပ်ကာ မျက်ရည်စက်များစွာ ခြေဖမိုးတော်ပေါ်ကျလျက် လက်အုပ်ချီကန်တော့ရင်း အရောင်မှိန်မှိန် အဆောင်ရောင်မဲ့သလွန်ထက်တွင် ထိုင်နေသောနန်းကျဘုရင် လင်တော်မောင်အား
နန်းမတော်မယ်နု ။ ။ "မောင်တော်ဘုရား နှမတော် ဒီကနေ့ ဘဝပြောင်းရတော့မှာဖြစ်လို့ မောင်တော်ဘုရား ကိုနောက်ဆုံးနှုတ်ဆက် ရှိခိုးကန်တော့ခဲ့ပါတယ်ဘုရား။ မောင်တော်မင်းတရားရဲ့ ဘုန်းရိပ်ကို ခိုလှုံစံစားခဲ့တဲ့ နှစ်ကာလများအတွင်း နှမတော်ဘက်က ပြုမိမှားခဲ့တဲ့ အပြစ်ရှိခဲ့ပါရင် ခွင့်လွှတ်သနားတော်မူပါဘုရား။"
ဘကြီးတော်သည် သလွန်ပေါ်မှ နန်းမတော်မယ်နု၏ ဆံ ကေသာကို လက်ဖြင့်အသာယာထိထားသည်။ အရှုံးများစွာရှုံးပြီးနောက် အချစ်ဆုံးသူ ကိုသေကွဲခွဲ ဆုံးရှုံးရမည့် အချိန်တို့ ဆိုက်ရောက်လာပြီဖြစ်သဖြင့် စိတ်သောကမီးတို့ စိတ်နှလုံးကိုလောင်ကျွမ်းကာ ပတ်ဝန်းကျင်တစ်ခုလုံး မမြင်နိုင်တော့အောင်ဝေဝါးသွား စေသည့် မျက်ရည်များမျက်ဝန်းအိမ်၌ ပြည့်နေသည်။ ဘကြီးတော်သည်မျက်ဝန်းများမှိတ်ချလိုက်ရာ နန်းမတော်မယ်နု၏ ဆံကေသာပေါ် မျက်ရည်များစီးကျလေတော့သည်။ ရင်၌ဆို့နှင့်လွန်းလှသဖြင့် ရှိုက်၍ ငိုချလိုက်သည်။
ဘကြီးတော် ။ ။ "နှမတော်ရယ် ၊ နှမတော်မှာ ခွင့်မလွှတ်စရာ ဘာအပြစ်မှမရှိခဲ့ပါဘူးကွယ်"
ဘကြီးတော်၏ ချစ်ခြင်းမေတ္တာကား လေးစားစရာ ကောင်းလှသလို ထိုအတွက်နောင်တတစ်စုံတရာလည်း မရခဲ့ချေ။

နန်းမတော်မယ်နု။ ။ "မောင်တော်ဘုရားရယ် ၊ နှမတော်ရဲ့ နောက်ဆုံးဝင်သက် ၊ ထွက်သက်မရပ်သွားမှီ နှမတော်ရဲ့ဘဝကို အမြင့်ဆုံးမြှင့်တင်ပေးခဲ့တဲ့ မောင်တော်ဘုရားရဲ့ ကျေးဇူးအထွေထွေအတွက် မောင်တော်ဘုရားရဲ့ ခြေတော်အစုံကို ဦးတိုက်ပြီး ကျေနပ်အောင် ကန်တော့ခွင့်ပြုပါဘုရား" ဟုခြေတော်အစုံအား မျက်နှာနဖူးဆံပင်တို့ဖြင့် ဦးတိုက်ကန်တော့နေစဉ် အဆောင်တော်တွင်း သမီးတော်ကလေး မယ်သဲဝင်လာသည်။ သမီးတော်လေး၏စိတ်တွင်မကောင်းမှုတစ်စုံတခု ကိုခံစားမိနေသဖြင့် မယ်တော်၏ရင်ခွင်တွင်း ပြေးဝင် ဖက်၍ငိုလေသည်။
သမီးတော်လေး ။ ။ "မယ်မယ်ဘုရား၊ သမီးတော်ကလေးကို ပစ်ထားပြီး ဘယ်ကိုသွားနေတာလဲဘုရား သမီးတော်လေးမှာ လွမ်းလို့သေရတော့မယ်ဘုရား"
နန်းမတော်မယ်နု။ ။ "မယ်မယ်ဘုရားလည်း သမီးတော်လေးကို လွမ်းနေပါတယ်။ အခုလည်း မယ်မယ်ဘုရားလေ အရေးကြီးတဲ့ကိစ္စရှိလို့ ဟိုး..... အဝေးကြီးကို ခရီးထွက်ဖို့ ရှိသေးတယ်။ သမီးတော်လေး ခမည်းတော်ဘုရားနဲ့အတူ လိမ်လိမ်မာမာနေခဲ့နော် ၊ မယ်ဘုရားစကားကို နားထောင်ပါကွယ်။" သားအမိနှစ်ဦး ပါးချင်းအပ်ကာ ငိုရင်း


သမီးတော်လေး။ ။"ဟင့်အင်း ဒီတစ်ခါတော့ သမီးတော်လေးကို ပစ်ထားပြီး ဘယ်မှမသွားရတော့ဘူး မယ်မယ်ဘုရားနဲ့ လိုက်မှာပဲ "
ခမည်းတော်၊ မယ်တော်၊ သမီးတော်ကလေးတို့ မိသားစုအသိုက်အမြုံပြိုကွဲပြီး နောက်တစ်ကြိမ် ပြန်ဆုံခွင့် ဟူသော မျှော်လင့်ချက်ကလေးပင်ဆုတ်ကိုင်ထားခွင့် ကင်းမဲ့သွားသော ကြေကွဲဖွယ်ရာ ချော့သူမရှိငိုပွဲကြီး ဖြစ်သည်။ မင်းမှုထမ်း ၊ရံရွေတော်တို့ ထိုမြင်ကွင်းကို မကြည့်ရက်သဖြင့် တံခါးအကွယ်တွင် ကြိတ်ငိုကြသည်။ တာဝန်အရအမရပူရမြို့ဝန်ပင် မျက်ရည်ကျမည်စိုးသဖြင့် အဝေးသို့ထွက်သွားကာ မင်းမှုထမ်းတစ်ဦးကို တီးတိုးပြောသည်။ ထိုမင်းမှုထမ်းသည် မယ်နုဆီရောက်လာ၍
မင်းမှုထမ်း။ ။ "မိဘုရားကြီး ထွက်ခွာဖို့အချိန်ကျပါပြီလို့ မြို့ဝန်မင်းကပြောပါတယ်၊ နေရာကထပါတော့"
နောက်ထပ်မင်းမှုထမ်းတို့သည် မယ်နုဆီဝင်လာပြီး လက်နှစ်ဘက်ကိုဆွဲယူလိုက်ကြသည်။
သမီးတော်ကလေး။ ။ "မသွားရဘူး မယ်မယ်ဘုရား ဘယ်ကိုမှမသွားရဘူး ၊သွားရင်သမီးတော်လေးလည်း လိုက်မှာပဲ " ဟု တစာစာအော်ဟစ်နေရာ မယ်နု၏နားများအတွင်း ပဲ့တင်ထပ်ကာတဖြည်းဖြည်း ဝေးသွားလေတော့သည်။ ကြေးတိုက်မှလာသော နွားလှည်းပေါ်တက်ကာ နောက်သို့တစ်ချက်ပင်လှည့် မကြည့်တော့ချေ။ နေလုံးကြီးသည် ဝင်းလက်သောအလင်းရောင်တို့ကို လျှော့ချ၍ အနောက်ဘက်တောင်တန်းပေါ်နိမ့်ဆင်းသွားသည်။ မယ်နုကိုတင်လာသော လှည်းပတောင်းမြည်သံကို ကြားသော် အနီးရှိဘုန်းကြီးကျောင်းခွေးများ အူကြ
သည်မှာ ကံကြမ္မာဆိုးအတွက် မြည်သံများ ဖြစ်နေသည်။
တောင်သမန်အင်းရေပြင်အနီးသို့ရောက်သော် အာဏာပကွက်သား တို့သည် နန်းမတော်မယ်နုအား ခဲထည့်ထားသော ရွှေနားကွတ်ကတ္တီပါအိတ်နီ တွင်ထည့်၍ ပိတ်ပြီး ရေပြင်သို့ ပြစ်ချလိုက် သည်။ မြှပ်မမြှပ်သေချာအောင် ခဏစောင့်ကြည့်သည် တောင်သမန်အင်းရေပြင်ပေါ်တွင် ရေပွက်ကလေး တစ်ပွက် နှစ်ပွက်ထလာပြီး ရေပြင်မှာပြကတိ ပြန်ငြိမ်သွားပြီး လေပြေညင်းကလေး ရေပြင်ထက်မှ ဖြတ်သန်းတိုက်ခတ်သွားသည်။ နန်းမတော်မယ်နု၏ နောက်ဆုံးထွက် သက် ရေပွက်ကလေးမဟုတ်ပါလော။
ကုန်းဘောင်ခေတ်၏မွန်းတည့်ချိန် ဘုန်းဩဇာအပြည့်နှင့် ရွှေအိမ်နန်းကြငှန်း ထက်တွင် အမျိုးသမီးတို့အတွက် အထွတ်ထိပ်ဖြစ်သော အဂ္ဂမဟေသီ မိဖုရားခေါင်ရာထူးကို ရယူခဲ့သော်လည်း လူ့ဘဝသည် မည်သည့်အရာမျှကြာရှည်မတည်မြဲဘဲ တစ်ခဏအချိန်တွင်းသာရှိသည်ကို နန်းမတော်မယ်နုက သူမ၏နောက်ဆုံးထွက်သက် ရေပွက်ကလေးအချိန်မျှဖြင့် ကျွန်ုပ်တို့အားသင်စာ ပေးသွားခဲ့သည်မဟုတ်ပါလော။
သတ္တဝါအပေါင်းချမ်းသာကိုယ်စိတ်မြဲပါစေ
သုခုမ အလင်းတန်းများ
Ref:
-နန်းမတော်မယ်နုရှာပုံတော်(တက္ကသိုလ်စိန်တင်)
-ညိုမြ (ကုန်းဘောင်ရှာပုံတော်)
-ကုန်းဘောင်ခေတ်စစ်တမ်း (မောင်သော်)
-ဒဂုန်ခင်ခင်လေး(ရတနာပုံ၏ နိဒါန်းနှင့်နိဂုံး)

By: Lwin Pyin . facebook page 

နန္းမေတာ္မယ္ႏုဟုဆိုလိုက္သည္ႏွင့္ တိုင္းျပည္ "ခိုက္" ေသာေျမးအဖြား (3)ဆက္ (ပထမအဂၤလိပ္-ျမန္မာစစ္ရႈံးသူမယ္ႏု ၊သူ႔သမီး ဆင္ျဖဴမရွင္ 'နန္းတြင္းအာဏာလုပြဲအတြက္ မင္းတုန္းမင္း၏သားေတာ္(40)ေက်ာ္ကိုသတ္ ကာ သီေပါမင္းကိုသူ႔သမီး
စုဖုရားလတ္ႏွင့္လက္ထပ္ေပးသူ၊ ေျမးမေတာ္ စုဖုရားလတ္ သီေပါမင္းကိုေက်ာ္၍ အမိန္႔မနာခံေသာ)ဟု နာမည္ဆိုးႏွင့္ ေက်ာ္ၾကားသူ အျဖစ္သိၾကသလို အင္းဝရွိ မယ္ႏုအုဋ္ေက်ာင္းကိုလည္း ျမင္ေယာင္မိၾကမည္ျဖစ္ ပါသည္။ဟုတ္ပါသည္ မယ္ႏုသည္ မဟာေအာင္ေျမဘုံစံ မယ္ႏုအုဋ္ေက်ာင္းႀကီး၏ ဒကာမျဖစ္သလို သူမဘဝ၏ အံ့ဖြယ္အတိတ္ကံ အက်ိဳးေပး၊ ပင္ကိုယ္စိတ္ထက္ျမက္ ႂကြပ္ဆတ္မႈ ၊အတၱႀကီးၿပီးအေၾကာက္တရား ကင္းမႈ၊ ဆင္ျခင္တုံတရားနည္းၿပီး တဇြတ္ထိုးႏိုင္မႈတို႔က သူမကို အထြဋ္အထိပ္သို႔ ေရာက္ရွိေစခဲ့သည္။
နန္းမေတာ္မယ္ႏုသည္ ဖလံခုံရြာဇာတိေထာင္မႉး သီဟေက်ာ္စြာဘြဲ႕ခံ ဦးလႈပ္ႏွင့္ေဒၚငယ္တို႕မွ 18.June.1783 အင္းဝျမိဳ႕၌ ေမြးဖြားသည္။ ေမြးခ်င္းႏွစ္ေယာက္ရွိျပီးက်န္ တစ္ေယာက္မွာ ေမာင္အိုျဖစ္သည္။
မယ္ႏုသည္ ေရႊလင္ဗန္းႏွင့္အခ်င္းေဆးေသာ ေတာ္ဝင္မ်ိဳးရိုးမဟုတ္သာမာန္ အရပ္သူတစ္ဦးသာ ျဖစ္ေသာ္လည္း သူမဘဝတြင္ ထူးဆန္းမႈႀကီးႀကီးမားမား (2)ႀကိမ္ၾကဳံ ေတြ႕ခဲ့သည္။
မယ္ႏုငယ္စဥ္က အိမ္မွလူၾကီးမိဘမ်ားႏွင့္ တရြာမွတရြာသို႕သြားလာရာ လမ္းဇရပ္တစ္ခု၌ အိပ္ၾကသည္။မယ္ႏုက ထမင္းခ်က္တာဝန္ယူ၍ ခ်က္ျပဳတ္ရာ မနက္မိုးလင္းေသာအခါ မယ္ႏုထမင္းခ်က္ခဲ့ေသာေနရာ၌ မိႈပြင့္ၾကီးတစ္ပြင့္ ေပါက္လာရာ လူၾကီးမ်ားက အံ့ဘြယ္နိမိတ္ေကာင္းဟု မွတ္ယူၾကသည္။
မယ္ႏု အသက္ ၁၂ႏွစ္သမီးအရြယ္ ျမစ္ဆိပ္၌ ေရခ်ိဳးခ်ိန္တြင္ သူမ၏အနီေရာင္ေရလဲ လုံခ်ည္ကို စြန္ရဲတစ္ေကာင္မွ ခ်ီယူသြားျပီး အမရပူရနန္းေတာ္အတြင္းရွိ မိဖုရားမ်ား စံပယ္ရာ ေတာင္နန္းေဆာင္ အမိုး၌ခ်ထားခဲ့သည္။ ဘိုးေတာ္ဘုရားက လုံခ်ည္ပိုင္ရွင္ကို ရွာေဖြစစ္ေဆးေဖာ္ထုတ္ကာ မယ္ႏုကို ေတာင္နန္းအပ်ိဳေတာ္ အျဖစ္ ခန္႕ထားလိုက္ရာမွ အ႐ႈပ္ေတာ္ပုံဖန္တီးမည့္ အဓိကဇာတ္ေကာင္ကို ေခၚမိသည့္အမွားႀကီးတစ္ခု ဘိုးေတာ္ဘုရား ျပဳလုပ္မိသြားသည္။
ကုန္းေဘာင္မင္းဆက္တြင္ နန္းသက္အရွည္ဆုံး ဘိုးေတာ္ဘုရားသည္ (37)ႏွစ္ၾကာနန္းစံၿပီး ဘႀကီးေတာ္စစ္ကိုင္းမင္းကို အိမ္ေရွ႔အရာအပ္ႏွင္းၿပီး ညီေတာ္သာယာဝတီမင္းသား ကို ဒုတိယႏွင့္ ဘႀကီးေတာ္၏သားေတာ္ စၾကာမင္းသားေလးကို တတိယနန္းလ်ာထားသည္။ ဘႀကီးေတာ္မွာ အိမ္ေရွ႕မင္းရာထူးသာ ရွိေသးျပီး မိဖုရား ေခါင္ၾကီးမွာ ဆင္ျဖဳရွင္မယ္ျဖစ္သည္။ ဆင္ျဖဴမယ္သည္ စၾကာမင္းသားေလးကိုေမြးၿပီး ၁ ပတ္အၾကာ 1812 ေအာက္တိုဘာလတြင္ ကြယ္လြန္ေလသည္။
မယ္ႏုသည္စက္စက္ယိုေအာင္ လွသူဟု မဆိုႏိုင္သည့္တိုင္ ပကတိရုပ္ရည္ကားတည္ၾကည္သည္။ အေျပာခ်ိဳ၍ ကိုယ္ေနဟန္အခ်ိဳးက်ကာ သြယ္လ်ေက်ာ့ရွင္းၿပီး သူမ၏နန္းမူရာမွာ နန္းတြင္းသူမ်ား အတုယူရသည္အထိ မဟာဆန္သည္။ ေယာက်ာ္းတကာ တို႔ ႏွစ္သက္ခံရၿပီး ထိုအထဲတြင္အိမ္ေရွ႔ မင္းဘႀကီးေတာ္ လည္းပါဝင္သည္။
အမရပူရနန္းတြင္း၌အိမ္ေရွ႕မင္းအား မယ္ႏုထက္မဟာဆီမဟာေသြး အခ်င္းခ်င္းအိမ္ေထာင္ျပဳေစလိုဤ "လူမွာအမ်ိဳး ၾကက္မွာအရိုး" ဟုဘႀကီးေတာ္ကို သတိေပးသည္။ မယ္ႏုကလည္း "လူမွာအခ်စ္ ၾကက္မွာအျမစ္" ဟုေခ်ပကာ ဘႀကီးေတာ္ကို ရေအာင္သိမ္းသြင္းခဲ့သည္။ ဘိုးေတာ္ဘုရားလြန္ေသာ္ ဘႀကီးေတာ္သည္ 1819 ဇြန္လ(5)ရက္တြင္ နန္းတက္ကာ (1823) ၿမိဳ႕ေတာ္ကို အမရပူရမွ အင္းဝသို႔ေရႊ႕သည္။ဘႀကီးေတာ္သည္ခပ္ေအးေအးေနတတ္သလို မယ္ႏုကိုအလြန္ခ်စ္သျဖင့္ အဂၢမေဟသီ ေတာင္ညာစံ မိဘုရားေခါင္ေျမာက္ေလသည္။ မယ္ႏုသည္ပင္ကိုယ္ထက္ျမက္သူပီပီ နန္းတြင္းတစ္ခုလုံး အေရးသာမက တိုင္းေရးျပည္ေရးကို စိတ္တိုင္းက် ခ်ယ္လွယ္ေတာ့သည္။နန္းတြင္းမွာလဲ အမ်ိဳးနိမ့္သူ မိဖုရားေခါင္ျဖစ္လာၿပီး ဓားထက္၍သာ ေၾကာက္ရသည္မည္သူကမွ မယ္ႏုကို မၾကည္ျဖဴၾကေခ်။ ယခင္ဘုရင္ႏွင့္မိဘုရား ရာဇပလႅင္ေပၚ အတူမထိုင္ေသာ္လည္း မယ္ႏုသည္ ထိုအစဥ္လာကို ဖ်က္ကာ အတူထိုင္သျဖင့္ တရုတ္သံမႉးမ်ား အံ့အားသင့္ၾကသည္။ 1819တြင္ မယ္ႏုသည္ သူ႕ေမာင္အရင္း ျဖစ္တဲ့ ေမာင္အိုကို စလင္းျမိဳ႕ကိုစားေစျပီး နန္းေတာ္တြင္း သူမ၏ အာဏာစက္ကို ခိုင္မာေအာင္ တည္ေထာင္သည္။
ထို႔အျပင္ေမာင္အိုအား သတိုးဓမၼရာဇာဘြဲ႕ ခ်ီးျမင့္လိုက္သလို ဘၾကီးေတာ္ကလည္း သူ႕ေယာက္ဖအားေျမႇာက္စားသည့္ အေနျဖင့္ ထိပ္တန္းမင္းညီမင္းသား စာရင္းသြင္းကာ၊ လႊတ္ေတာ္တက္ခြင့္ ေပးသည့္အျပင္ ေရႊထီး ရွစ္ခ်က္မိုးခစားခြင့္ေပးသျဖင့္ေမာင္အိုသည္ နားထင္ ေသြးေရာက္သြားေလသည္။ ေရွးေခတ္က မင္းသားမ်ား၏ အဆင့္အတန္းကို ထီးေဆာင္း အေရအတြက္ အနည္းအမ်ားျဖင့္ ခြဲျခားေလ့ရွိသည္။ ညီေတာ္ သာယာဝတီမင္းပင္ ထီးဆယ္ခ်က္သာ မိုးခြင့္ရွိ၍ေယာက္ဖေတာ္ ေမာင္အိုသည္ ညီေတာ္အိမ္ေရွ႕မင္းထက္ မဆိုသေလာက္သာ နိမ့္သည့္သေဘာ သက္ေရာက္ေစသည္။ ေန႕ခ်င္းညခ်င္း ေမာင္အိုတန္ခိုးထြားလာသျဖင့္ ကုန္းေဘာင္မ်ိဳးဆက္ကို အျပဳတ္ျဖဳတ္ျပီး သူကိုယ္တိုင္ ဘုရင္လုပ္ရန္ ၾကံေလေတာ့သည္။ ထို႔ေၾကာင့္ နန္းတြင္းအားၿပိဳင္မႈ (3) စုကြဲေပၚေပါက္လာသည္။
(1)ႏိုင္ငံေရးအာဏာပိုင္ဆိုင္ေသာေမာင္အိုႏွင့္မယ္ႏုကတစ္ဖြဲ႕
(2)သူတို႔၏ မဟာၿပိဳင္ဘက္မ်ားတြင္ဘၾကီးေတာ္ မင္းျပီးေနာက္ နန္းညြန္႕နန္းလ်ာ ဆက္ခံဖို႕ အခြင့္အေရး ရွိသူသာယာဝတီမင္းသည္ ထိပ္ဆုံးျဖစ္သည္။ သူကိုယ္တိုင္ လက္ရုံးရည္ႏွင့္ျပည့္စုံသလို ေနာက္လိုက္ အင္အားေကာင္း မ်ားစြာပိုင္ဆိုင္ထားသည္။
(3) စၾကာမင္းသားေခၚ ေညာင္ရမ္းမင္းသားေလးသည္ ေမြးဖြားစဥ္က စၾကဝေတးမင္းတို႕ ဘုန္းၾကီးသည့္လကၡဏာရပ္မ်ားျဖစ္ၾကေသာ ဥကၠာပ်ံ ငလ်င္လႈပ္ ေတာ္လဲျမည္ျခင္း ၊လက္၀ါးမ်ားတြင္ခရုပတ္ႏွင့္ မွဲ႕ရွင္မ်ား ထူးျခားထင္ရွားစြာေတြ႕ရျခင္း၊ အခ်င္းစလြယ္သိုင္းျခင္း၊ ခုနစ္ရက္ရလွ်င္ မယ္ေတာ္ ကြယ္လြန္၍ ဖြားဖက္ေတာ္ ခုနစ္ဦးလည္းေပၚျခင္း၊ ရုပ္ရည္ အင္မတန္ ေခ်ာေမာလွပ၍ နန္းတြင္းသူ နန္းတြင္းသားမ်ား ၊ တိုင္းသူျပည္သားမ်ားက အလြန္ခ်စ္ခင္ႏွစ္သက္ၾကသည့္ လူထုအင္အား ကိုပိုင္ဆိုင္ေသာ ဘႀကီးေတာ္၏တစ္ဦးတည္းေသာသား ျဖစ္သျဖင့္ ဘႀကီးေတာ္က နန္းလႊဲလိုသည္မွာေတြးၾကည့္ယုံျဖင့္ သိႏိုင္ပါသည္။
ထို႔ေၾကာင့္ေမာင္အိုသည္ စၾကာမင္းသားေလး နားထြင္းၿပီးအိမ္ေရွ႔အရာ အပ္ႏွင္းျခင္းကိစၥကို အခ်ိန္ဆြဲ သည္။ အသက္ (20) က်မွနားထြင္းသည့္တိုင္ ႏိုင္ငံေရးအာဏာကို မင္းသားေလးအား လႊဲမေပးခဲ့ေခ်။ မယ္ႏုႏွင့္ေမာင္အိုသည္ ဘႀကီးေတာ္ႏွင့္မယ္ႏု နန္းစံေသာ (18)ႏွစ္လုံးလုံး သာယာဝတီမင္းကို အသိမွတ္မျပဳ ခ်ယ္လွယ္ၿပီး ေနာင္ေတာ္ႏွင့္ေတြ႕ခြင့္ ပိတ္ပင္သည္။ ထိုေခတ္က မယ္ႏုေၾကာက္ရသူတစ္ဦးရွိသည္ ထိုသူမွာ ဆရာေတာ္ဦးဗုဓ္ျဖစ္သည္။သကၠရာဇ္ 1822 ခုႏွစ္တြင္ ဘႀကီးေတာ္ႏွင့္ နန္းမေတာ္ မယ္ႏုတို႔ကေက်ာင္းေဆာက္ လုပ္ရာတြင္ ငါးႏွစ္ေက်ာ္ ၾကာျမင့္ခဲ့ၿပီး သကၠရာဇ္ 1827 ခုႏွစ္တြင္ မဟာေအာင္ေျမဘံုစံ ဟု ကမၸည္းထိုးကာ ေညာင္ကန္ဆရာေတာ္ ဦးပိုအား လွဴဒါန္းခဲ့သည္။ တစ္ႏွစ္အၾကာတြင္ဆရာေတာ္ ဦးပိုပ်ံလြန္ ေတာ္မူၿပီးေနာက္ ဒုတိယေညာင္ကန္ ဆရာေတာ္ ဦးဗုဓ္အား ထပ္မံလွဴဒါန္းခဲ့သည္။
အုတ္ေက်ာင္းအက်ယ္အဝန္းမွာ အလ်ား 192 ေပ၊ အနံ 112 ေပ ႏွင့္ အျမင့္ 94 ေပရွိၿပီး ေက်ာင္းတည္ေဆာက္ရာတြင္ ေငြက်ပ္ သံုးသိန္း ကုန္က်ေၾကာင္း၊ သကၠရာဇ္ 1838 ျပည့္ႏွစ္တြင္ ငလ်င္ဒဏ္ေၾကာင့္ ၿပိဳက်ခဲ့ရာ နန္းမေတာ္ မယ္ႏု၏ သမီးေတာ္ ဆင္ျဖဴမရွင္က သကၠရာဇ္ 1872 ခုႏွစ္တြင္ ထပ္မံျပဳျပင္ခဲ့ေၾကာင္း မွတ္တမ္းမ်ားအရ သိရသည္။ ေက်ာင္းႀကီးကို အုတ္၊ အဂၤေတ တို႔ျဖင့္ မိဖုရား ေခါင္ႀကီးမယ္ႏုက တည္ေဆာက္ခဲ့ေသာေၾကာင့္ မယ္ႏုအုတ္ေက်ာင္းဟု ထင္ရွားခဲ့သည္။ ပညာရွင္မ်ား၏ ဗိသုကာ လက္ရာ၊ ပန္းရန္ ႏွင့္ ပန္းတေမာ့ အႏုပညာလက္ရာမ်ား ေက်ာင္းေဆာင္ႀကီး အတြင္းရွိ စႀကႍပတ္လမ္း ႏွင့္ အခန္း ဖြဲ႕စည္းပံုမ်ား၊ အဝင္ေပါက္ သစ္သားတံခါးမ်ားကို 'အသံ' မ်ားဖန္တီး တပ္ဆင္ပံုတို႔ေၾကာင့္ခံ့ညားထည္ဝါလွေသာ ေက်ာင္းႀကီးျဖစ္ သည္။
ဘႀကီးေတာ္နန္းတက္ ဘိသိက္မဂၤလာသြန္း အခမ္းအနား ဆင္ယင္ေသာ အခါ၌ မဏိပူရေစာ္ဘြား မတက္ေရာက္ေခ်။ မဏိပူရေစာ္ဘြားကို သင္ခန္းစာ ေပးရန္ လိုက္ဖမ္းရာ အဂၤလိပ္ပိုင္နယ္ထဲအထိ ဝင္ေျပးသျဖင့္ အဂၤလိပ္တို႕ႏွင့္ နယ္စပ္ျပႆနာ'ၿငိ'လာရာမွ အဂၤလိပ္တို႔ (1824)တြင္ စစ္ေၾကညာသည္။ စစ္သူႀကီးမဟာဗႏၶဳလသည္ ရခိုင္တြင္ စခန္းခ်ကာ ျမဝတီမင္းႀကီးဦးစက ပန္းဝါတြင္ အဂၤလိပ္တို႔ကို အႏိုင္တိုက္သည္။ ျမန္မာတပ္မ်ား ဘဂၤလားနယ္အထိ ေရာက္ေနသျဖင့္ အဂၤလိပ္ဘုရင္ခံပင္ က်ီးလန္႔စာစားေနရသည္။ ဗႏၶဳလသာ စစ္တေကာင္း ထိတက္တိုက္၍ ဖိအားေပးခဲ့မည္ဆိုလၽွင္ အဂၤလိပ္တို႔ ပ်ာယာခတ္သြားႏိုင္သည္။
အဂၤလိပ္တို႔သည္ ထိုအေျခေနကိုရိပ္စားမိသျဖင့္ ရန္ကုန္ဖက္မွပတ္ဝင္၍ တန္ျပန္တိုက္စစ္ဆင္ေသာ ဗ်ဴဟာကိုသုံးကာ စစ္မ်က္ႏွာေျပာင္းလိုက္ေလသည္။ ထိုအခ်ိန္ သာယာဝတီလိုအဆင့္ျမင့္ မင္းသားက ရန္ကုန္သို႔ဆင္း၍ ကာကြယ္ရန္သူစုေဆာင္း ထားသည့္လူသူမ်ားႏွင့္ အဂၤလိပ္စစ္သေဘၤာမ်ားကို ခုခံတိုက္ခိုက္လိုေၾကာင္း တင္ျပသည္။ ဘႀကီးေတာ္ကလည္း သေဘာတူကာ အျမန္ေစလႊတ္ခ်င္ေသာ္လည္း ၿပိဳင္ဘက္ စလင္းမင္းသားၾကီးေမာင္အိုႏွင့္ မႉးမတ္မ်ားက သာယာဝတီမင္းသားအား လက္နက္ဆင္၍ လႊတ္လိုက္လွ်င္ ပုန္ကန္လိမ့္မည္ဟု ကန္႔ကြက္ကာ ႏိုင္ငံ့အေရးေတာ္ထက္ အာဏာရရွိလိုေသာ ပုဂၢိဳလ္ေရးကို ဦးစားေပးခဲ့သည္မွာ စိတ္ပ်က္စရာျဖစ္ ေလသည္။ ဘႀကီးေတာ္လည္း အရိပ္ကိုရန္သူထင္၍ ေနာက္ဆုံးတြင္ မဟာဗႏၵဳလ ျပန္လာသည္အထိ ေစာင့္ျပီးမွ သြားေရာက္တိုက္ရန္ အမိန္႕ခ်လိုက္ေလသည္။
ထို႔ေၾကာင့္ရခိုင္မွျပန္လာမည့္ ဗႏၵဳလကို ေစာင့္ရင္း ၅လအထိ ၾကာသြားသျဖင့္ ထိုအခ်ိန္တြင္ အဂၤလိပ္တို႕ကလည္း ေရႊတိဂုံ ကုန္းေတာ္တစ္ဝိုက္ကို အခိုင္အမာတပ္စြဲ၍ အသာစီးရသြားေတာ့သည္။
သာယာဝတီမင္း၏တပ္မ်ားသည္ ရန္ကုန္သို႔ခ်ီ၍ က်ိဳက္ကလို႔တြင္တပ္ခ်ထားသည္။ အဂၤလိပ္တို႔က သာယာဝတီ၏တပ္ကိုဝိုင္းတိုက္ေသာ္လည္း အႏိုင္မရခဲ့ေခ်။ သာယာဝတီမင္းသားၾကီးက အေျခေန ရိပ္စားမိသျဖင့္ ေစာေစာစီးစီး စစ္ေျပျငိမ္းရန္တင္ျပေသာ္လည္း ေမာင္အို၊မယ္ႏုတို႕မွ လက္မခံပဲ စစ္ကိုသာ ထပ္တိုးတိုက္သည္။ ဗႏၵဳလဓႏုျဖဴတြင္ က်သြားသျဖင့္ အဂၤလိပ္တပ္ေတြလည္း ေနျပည္ေတာ္ႏွင့္ မိုင္၄၀သာေဝးသည့္ ရႏၲပိုရြာသို႕ေရာက္မွစစ္ေျပျငိမ္းေရး စာခ်ဴပ္ခ်ဳပ္ရေတာ့၏။
နယ္ေျမဆုံး၊ စစ္သူႀကီးက်၊ စစ္ေလ်ာ္ေၾကးေငြ (1)ကုေဋပါေပးရမည္ျဖစ္သျဖင့္ ဘႀကီးေတာ္မွာ မေထြးႏိုင္မအံႏိုင္ စိတ္ဓာတ္က်လာကာ စိတ္က်ေရာဂါပါ ဝင္လာေလေတာ့သည္။ ေငြမရွိသျဖင့္ မယ္ႏုက သူပိုင္ပစၥည္းမ်ားထုခြဲ၍ စစ္ေလ်ာ္ေၾကးေငြ ပထအရစ္ကို ေပးေလသည္။ အုပ္ခ်ဳပ္ေရးပိုင္းကို မကိုင္တြယ္ႏိုင္ေတာ့ပဲ အစစအရာရာကို မယ္ႏုႏွင့္ စလင္း မင္းသားၾကီးေမာင္အိုတို႕ျဖင့္သာ လႊဲအပ္ထားေလေတာ့သည္။ သူတို႔ေမာင္ႏွမကို သာယာဝတီအျပင္ ျပည္သူမ်ားက စုန္းမဟုစြပ္စြဲသလို သူတို႔ကလည္း သူခိုးဓားျပလက္ခံ ဟုသာယာဝတီကို စြပ္စြဲသည္။
ေမာင္အိုသည္မိမိရဲ့ ဆူးေျငႇာင့္ ခလုတ္ျဖစ္ေသာ သာယာဝတီမင္းကိုရွင္းရန္ ဓားျပမႈျဖင့္ အမႈဆင္ကာ သာယာဝတီမင္း၏ အိမ္ကို လူ (200) ျဖင့္ ဝိုင္းေလရာ သာယာဝတီဘက္မွ လူမ်ားခုခံရင္း ဧရာဝတီျမစ္ကိုကူး၍ ေရႊဘိုသို႔ထြက္ေျပး ေရွာင္တိမ္း သည္။ မယ္ႏုတို႔ကိုျပည္သူမ်ားမႏွစ္သက္သျဖင့္ အာဏာသည္ သာယာဝတီဘက္သို႔ အလိုလိုေရာက္ သြားသည္။ လူသူစုေဆာင္းကာ 1837 ေဖေဖာ္ဝါရီ လတြင္အင္းဝကိုဝိုင္းသည္။
၂ လအၾကာတြင္ ေအာင္ျမင္ျပီးဘၾကီးေတာ္ စစ္ကိုင္းမင္းကို နန္းခ်ကာ မယ္ႏုကိုအက်ယ္ခ်ဳပ္ ေမာင္အိုတို႕လူစုကို ေထာင္ထဲပို႔ေလသည္။ အရာရာသည္ေန႔ခ်င္းညခ်င္း ေျပာင္းလဲသြားသည္။ မယ္ႏုတို႔အုပ္စုသည္ ပုန္ကန္သည့္အေနျဖင့္ အဂၤလိပ္တို႕ကို စာလႊတ္ ဆက္သြယ္၍ အဂၤလိပ္တို႕ အလိုရွိသမွ် အကုန္ေပးကာ ဘၾကီးေတာ္အား ျပန္လည္နန္းတင္ေပးရန္ အကူညီေတာင္းေသာ္လည္း အဂၤလိပ္တို႕က နန္းက်ဘုရင္အား ဘာအေၾကာင္းမွမျပန္ေတာ့ေခ်။
သာယာဝတီမင္း သေဘာထားၾကီးစြာျဖင့္ ေကာင္းမြန္စြာထားေသာ္လည္း ေမာင္အိုတို႕ ေနာက္လိုက္မ်ားက ပုန္ကန္ၾကေသာေၾကာင့္ အမရပူရၿမိဳ႕ အက်ဥ္းေထာင္၌ သကၠရာဇ္ 1840 ခုႏွစ္၊ ေမလတြင္ ကြပ္မ်က္လုိက္သည္။ ေနာက္ဆုံးသာယာဝတီမင္းသည္ 12 May 1840 တြင္မယ္ႏုအား ေသဒဏ္ခ်မည္ကို မင္းမ်ိဳးမင္းႏြယ္ အျဖစ္ အသိအမွတ္ျပဳေပးသည့္အေနျဖင့္ မဟာဆီ မဟာေသြး ေျမမက်ရေစရန္ ေရတြင္ေဖ်ာက္ဖ်က္ဖို႕ အမိန္႕ခ်သည္။ ဘုန္းရွင္ကံရွင္မယ္ႏုတစ္ေယာက္ ကံတရား၏ မ်က္ႏွာသာေပးျခင္းကား ဤေန႔သည္ေနာက္ဆုံးေန႔ ျဖစ္ေလေတာ့သည္။ မယ္ႏုလည္း ေနာက္ဆုံးအေနျဖင့္ မိမိကိုးကြယ္သည့္ ဆရာေတာ္ဦးဗုဒ္အား ဖူးေျမႇာ္ခြင့္ျပဳရန္ ျမိဳ႕ဝန္အား ခြင့္ေတာင္းရာ ခြင့္ျပဳေသာေၾကာင့္ ေညာင္ကန္ေက်ာင္း (ယခု မဟာမုနိဘုရားႀကီးအေရွ႔ဘက္)သို႕ ေရာက္ေအာင္ပို႕ေဆာင္ေပးခဲ့သည္ ။
မယ္ႏုေက်ာင္းသို႕ေရာက္ေသာ အခါ ဆရာေတာ္မွာ စာၾကည့္ေနသည္။ မယ္ႏုမွ ဆရာေတာ္အား ေနာက္ဆုံးဖူးေျမႇာ္ေအာင္ လာရျခင္းျဖစ္ေၾကာင္း ေလွ်ာက္ထားရာ ဆရာေတာ္ဦးဗုဒ္မွ ရာဇဝင္ တြင္မည့္တရားကို တိုတိုတုတ္တုတ္ မိန္႔ေတာ္မူသည္။
"မိႏု၊ သူ႕ေႂကြးရွိရင္ ဆပ္ရလိမ္႔မည္" ဟုမိန္႔ဆိုလိုက္သည္။ မယ္ႏုလည္း ဦးခ်ျပီး ျပန္ဆင္းလာရာေလွကားအေရာက္တြင္ "ေတာ္ျပီ၊ ငါေသဝံ့ျပီ၊ ငါေသရဲျပီ၊ငါေသေပ်ာ္ျပီ၊ ဆရာေတာ္ဘုရားကို ႏွစ္ေပါင္းမ်ားစြာ ကိုးကြယ္လာတာ ဘယ္အခါမွ ငါ့နာမည္တပ္၍ စကားမေျပာဖူးဘူး။ ဤကဲ့သို႕ စာၾကည့္ရာမွေန၍ ငါ့ဘက္သို႕ လွည့္၍ၾကည့္သည္ဟူ၍လည္းမရွိ၊သည္ကေန႕မွပဲ ငါ့ဘက္ လွည့္တယ္။ ငါ့နာမည္ကို ေခၚေတာ္မူတယ္။
ေဟာလိုက္တဲ့ တရားကလည္း မိႏု၊ သူ႕ေႂကြးရွိရင္ ဆပ္ရလိမ္႔မည္တဲ့။ ေတာ္ျပီ၊ ေသလမ္းေျဖာင့္ျပီ၊ ငါ့ကိုဆရာေတာ္က ေသစရိတ္ေပးလိုက္ျပီ" ဟု ထပ္တလဲလဲေျပာကာ ဝမ္းေျမာက္ဝမ္းသာစြာႏွင့္ပင္ အာဏာပါးကြက္သားတို႕၏ ေခၚေဆာင္ရာသို႔ ညိဳးငယ္ျခင္းမရွိဘဲ လိုက္ပါသြား ေလေတာ့သည္။
ဗုဒၶတရားေတာ္ကိုအတိုခ်ဳပ္သေဘာေပါက္ေစ ေသာသာဓကမ်ားအနက္ မယ္ႏုသည္ ပဥၥဝဂၢီတို႔မွအငယ္ဆုံး ရွင္အႆဇိ၏ "ေယဓမၼာ"ဂါထာကို သတိရမိသည္။ ဘုရားရွင္၏ တရားဦးနာၿပီး ရွင္အႆဇိ ရာဇၿဂိဳလ္ျပည္ ရွင္သာရိပုတၱရာႏွင့္ေတြ႕၍ ရွင္သာရိပုတၱရာမွသူ႔အားေမးသည္မွာ " ငါ့ရွင္ ၊ သင္၏မ်က္စိတို႔သည္ ၾကည္လင္ကုန္၏ ၊ အေရအဆင္းလည္း သန္႔ရွင္းစင္ၾကယ္ကုန္၏ သင္သည္ အဘယ္သူကိုရည္၍ ရဟန္းျပဳသနည္း ၊ အဘယ္သူက သင္၏ဆရာနည္း၊ အဘယ္သူ၏တရားကိုႏွစ္သက္သနည္း"
ရွင္အႆဇိတက "ငါ့ရွင္ ၊ ငါသည္အငယ္သည္သာတည္း ၊ အဘိဓမၼာကို အက်ယ္အားျဖင့္သင့္အားေဟာၾကား အံ့ေသာငွာ မတတ္ႏိုင္။ အက်ဥ္းအားျဖင့္ ေသာ္ကား အနက္ကိုငါဆိုအံ့ ဟုဆိုကာ ေယဓမၼာဂါထာကို ေဟာေတာ္မူ၏။ အဓိပၸါယ္ကား
"အၾကင္တရားတို႔သည္ အေၾကာင္းလၽွင္အမွန္ရွိကုန္၏
ထိုအေၾကာင္းကို ျမတ္စြာဘုရားေဟာ၏
ထိုအေၾကာင္းတရားတို႔ ခ်ဳပ္ၿငိမ္းရာလည္းရွိ၏
ထိုခ်ဳပ္ျခင္းကိုလည္း ျမတ္စြာဘုရားေဟာ၏
ငါ၏ဆရာရဟန္းႀကီးသည္ ဤသို႔အယူဝါဒရွိ၏"
မယ္ႏုသည္ထိုဂါထာေတာ္ကိုခ်င့္ခ်ိန္ၿပီး သာယာဝတီမင္း အသက္ကိုရန္ရွာခဲ့၍သူႏွင့္ယွဥ္ၿပိဳင္ရာ သူအႏိူင္ရသည္။ ရန္ကိုရန္ခ်င္းတုံ႔ျပန္ျခင္းက လမ္းေဟာင္းကိုသာ ျပန္ေရာက္ေစသည္။ ဤအေၾကာင္းတို႔ခ်ဳပ္ၿငိမ္း ျခင္းကားရန္ညိဳးရန္စတို႔ကို သင္ပုန္းေခ်၍ သူ႔အေပၚတင္ခဲ့ေသာအေႂကြး ျမန္ျမန္ဆပ္ကာ ေႂကြးၿမီကင္းရွင္းၿပီး ၿငိမ္းခ်မ္းေသာဘဝသစ္ကေလးတစ္ခု ထူေထာင္ႏိုင္ရန္ ျဖစ္ေၾကာင္းကို နားလည္သြားခဲ့သည္။ သတၱဝါတိုင္းသူ႔ထိုက္သူ႔ကံ ျဖစ္သည္ဆိုလၽွင္ တနည္းအားျဖင့္ ငါ့ထိုက္ငါ့ကံျဖစ္သည္ မဟုတ္ပါေလာ။ ဆရာေတာ္က တရားကား သူမအတြက္ေတာ့ အဖိုးတန္ဆုံး ေသစရိတ္ေပးလိုက္ျခင္းဟု သေဘာေပါက္ေသာေၾကာင့္ မယ္ႏုဝမ္းသာသြား ရွာသည္ ။ထိုေန႔ ေန႔လည္ပိုင္းတြင္ မယ္ႏုသည္ ဘႀကီးေတာ္အား ေနာက္ဆုံး သြားေရာက္ကန္ေတာ့ ႏႈတ္ဆက္ခဲ့သည္။
ႏွစ္ေပါင္းမ်ားစြာဘဝ ၊ အသက္ ၊ ရာထူးစည္းစိမ္ ၊ ႏိုင္ငံေတာ္ အရာအားလုံး သူပိုင္ဆိုင္ႏိုင္သမၽွကိုေပး၍ ခ်စ္ခဲ့ေသာ ၾကင္ယာေတာ္ဘႀကီးေတာ္၏ ေျခေတာ္အစုံေပၚ မ်က္ႏွာအပ္ကာ မ်က္ရည္စက္မ်ားစြာ ေျခဖမိုးေတာ္ေပၚက်လ်က္ လက္အုပ္ခ်ီကန္ေတာ့ရင္း အေရာင္မွိန္မွိန္ အေဆာင္ေရာင္မဲ့သလြန္ထက္တြင္ ထိုင္ေနေသာနန္းက်ဘုရင္ လင္ေတာ္ေမာင္အား
နန္းမေတာ္မယ္ႏု ။ ။ "ေမာင္ေတာ္ဘုရား ႏွမေတာ္ ဒီကေန႔ ဘဝေျပာင္းရေတာ့မွာျဖစ္လို႔ ေမာင္ေတာ္ဘုရား ကိုေနာက္ဆုံးႏႈတ္ဆက္ ရွိခိုးကန္ေတာ့ခဲ့ပါတယ္ဘုရား။ ေမာင္ေတာ္မင္းတရားရဲ႕ ဘုန္းရိပ္ကို ခိုလႈံစံစားခဲ့တဲ့ ႏွစ္ကာလမ်ားအတြင္း ႏွမေတာ္ဘက္က ျပဳမိမွားခဲ့တဲ့ အျပစ္ရွိခဲ့ပါရင္ ခြင့္လႊတ္သနားေတာ္မူပါဘုရား။"
ဘႀကီးေတာ္သည္ သလြန္ေပၚမွ နန္းမေတာ္မယ္ႏု၏ ဆံ ေကသာကို လက္ျဖင့္အသာယာထိထားသည္။ အရႈံးမ်ားစြာရႈံးၿပီးေနာက္ အခ်စ္ဆုံးသူ ကိုေသကြဲခြဲ ဆုံးရႈံးရမည့္ အခ်ိန္တို႔ ဆိုက္ေရာက္လာၿပီျဖစ္သျဖင့္ စိတ္ေသာကမီးတို႔ စိတ္ႏွလုံးကိုေလာင္ကၽြမ္းကာ ပတ္ဝန္းက်င္တစ္ခုလုံး မျမင္ႏိုင္ေတာ့ေအာင္ေဝဝါးသြား ေစသည့္ မ်က္ရည္မ်ားမ်က္ဝန္းအိမ္၌ ျပည့္ေနသည္။ ဘႀကီးေတာ္သည္မ်က္ဝန္းမ်ားမွိတ္ခ်လိုက္ရာ နန္းမေတာ္မယ္ႏု၏ ဆံေကသာေပၚ မ်က္ရည္မ်ားစီးက်ေလေတာ့သည္။ ရင္၌ဆို႔ႏွင့္လြန္းလွသျဖင့္ ရႈိက္၍ ငိုခ်လိုက္သည္။
ဘႀကီးေတာ္ ။ ။ "ႏွမေတာ္ရယ္ ၊ ႏွမေတာ္မွာ ခြင့္မလႊတ္စရာ ဘာအျပစ္မွမရွိခဲ့ပါဘူးကြယ္"
ဘႀကီးေတာ္၏ ခ်စ္ျခင္းေမတၱာကား ေလးစားစရာ ေကာင္းလွသလို ထိုအတြက္ေနာင္တတစ္စုံတရာလည္း မရခဲ့ေခ်။
နန္းမေတာ္မယ္ႏု။ ။ "ေမာင္ေတာ္ဘုရားရယ္ ၊ ႏွမေတာ္ရဲ႕ ေနာက္ဆုံးဝင္သက္ ၊ ထြက္သက္မရပ္သြားမွီ ႏွမေတာ္ရဲ႕ဘဝကို အျမင့္ဆုံးျမႇင့္တင္ေပးခဲ့တဲ့ ေမာင္ေတာ္ဘုရားရဲ႕ ေက်းဇူးအေထြေထြအတြက္ ေမာင္ေတာ္ဘုရားရဲ႕ ေျခေတာ္အစုံကို ဦးတိုက္ၿပီး ေက်နပ္ေအာင္ ကန္ေတာ့ခြင့္ျပဳပါဘုရား" ဟုေျခေတာ္အစုံအား မ်က္ႏွာနဖူးဆံပင္တို႔ျဖင့္ ဦးတိုက္ကန္ေတာ့ေနစဥ္ အေဆာင္ေတာ္တြင္း သမီးေတာ္ကေလး မယ္သဲဝင္လာသည္။ သမီးေတာ္ေလး၏စိတ္တြင္မေကာင္းမႈတစ္စုံတခု ကိုခံစားမိေနသျဖင့္ မယ္ေတာ္၏ရင္ခြင္တြင္း ေျပးဝင္ ဖက္၍ငိုေလသည္။
သမီးေတာ္ေလး ။ ။ "မယ္မယ္ဘုရား၊ သမီးေတာ္ကေလးကို ပစ္ထားၿပီး ဘယ္ကိုသြားေနတာလဲဘုရား သမီးေတာ္ေလးမွာ လြမ္းလို႔ေသရေတာ့မယ္ဘုရား"
နန္းမေတာ္မယ္ႏု။ ။ "မယ္မယ္ဘုရားလည္း သမီးေတာ္ေလးကို လြမ္းေနပါတယ္။ အခုလည္း မယ္မယ္ဘုရားေလ အေရးႀကီးတဲ့ကိစၥရွိလို႔ ဟိုး..... အေဝးႀကီးကို ခရီးထြက္ဖို႔ ရွိေသးတယ္။ သမီးေတာ္ေလး ခမည္းေတာ္ဘုရားနဲ႔အတူ လိမ္လိမ္မာမာေနခဲ့ေနာ္ ၊ မယ္ဘုရားစကားကို နားေထာင္ပါကြယ္။" သားအမိႏွစ္ဦး ပါးခ်င္းအပ္ကာ ငိုရင္း

သမီးေတာ္ေလး။ ။"ဟင့္အင္း ဒီတစ္ခါေတာ့ သမီးေတာ္ေလးကို ပစ္ထားၿပီး ဘယ္မွမသြားရေတာ့ဘူး မယ္မယ္ဘုရားနဲ႔ လိုက္မွာပဲ "
ခမည္းေတာ္၊ မယ္ေတာ္၊ သမီးေတာ္ကေလးတို႔ မိသားစုအသိုက္အျမဳံၿပိဳကြဲၿပီး ေနာက္တစ္ႀကိမ္ ျပန္ဆုံခြင့္ ဟူေသာ ေမၽွာ္လင့္ခ်က္ကေလးပင္ဆုတ္ကိုင္ထားခြင့္ ကင္းမဲ့သြားေသာ ေၾကကြဲဖြယ္ရာ ေခ်ာ့သူမရွိငိုပြဲႀကီး ျဖစ္သည္။ မင္းမႈထမ္း ၊ရံေရြေတာ္တို႔ ထိုျမင္ကြင္းကို မၾကည့္ရက္သျဖင့္ တံခါးအကြယ္တြင္ ႀကိတ္ငိုၾကသည္။ တာဝန္အရအမရပူရၿမိဳ႕ဝန္ပင္ မ်က္ရည္က်မည္စိုးသျဖင့္ အေဝးသို႔ထြက္သြားကာ မင္းမႈထမ္းတစ္ဦးကို တီးတိုးေျပာသည္။ ထိုမင္းမႈထမ္းသည္ မယ္ႏုဆီေရာက္လာ၍
မင္းမႈထမ္း။ ။ "မိဘုရားႀကီး ထြက္ခြာဖို႔အခ်ိန္က်ပါၿပီလို႔ ၿမိဳ႕ဝန္မင္းကေျပာပါတယ္၊ ေနရာကထပါေတာ့"
ေနာက္ထပ္မင္းမႈထမ္းတို႔သည္ မယ္ႏုဆီဝင္လာၿပီး လက္ႏွစ္ဘက္ကိုဆြဲယူလိုက္ၾကသည္။
သမီးေတာ္ကေလး။ ။ "မသြားရဘူး မယ္မယ္ဘုရား ဘယ္ကိုမွမသြားရဘူး ၊သြားရင္သမီးေတာ္ေလးလည္း လိုက္မွာပဲ " ဟု တစာစာေအာ္ဟစ္ေနရာ မယ္ႏု၏နားမ်ားအတြင္း ပဲ့တင္ထပ္ကာတျဖည္းျဖည္း ေဝးသြားေလေတာ့သည္။ ေၾကးတိုက္မွလာေသာ ႏြားလွည္းေပၚတက္ကာ ေနာက္သို႔တစ္ခ်က္ပင္လွည့္ မၾကည့္ေတာ့ေခ်။ ေနလုံးႀကီးသည္ ဝင္းလက္ေသာအလင္းေရာင္တို႔ကို ေလၽွာ့ခ်၍ အေနာက္ဘက္ေတာင္တန္းေပၚနိမ့္ဆင္းသြားသည္။ မယ္ႏုကိုတင္လာေသာ လွည္းပေတာင္းျမည္သံကို ၾကားေသာ္ အနီးရွိဘုန္းႀကီးေက်ာင္းေခြးမ်ား အူၾက
သည္မွာ ကံၾကမၼာဆိုးအတြက္ ျမည္သံမ်ား ျဖစ္ေနသည္။
ေတာင္သမန္အင္းေရျပင္အနီးသို႔ေရာက္ေသာ္ အာဏာပကြက္သား တို႔သည္ နန္းမေတာ္မယ္ႏုအား ခဲထည့္ထားေသာ ေရႊနားကြတ္ကတၱီပါအိတ္နီ တြင္ထည့္၍ ပိတ္ၿပီး ေရျပင္သို႔ ျပစ္ခ်လိုက္ သည္။ ျမႇပ္မျမႇပ္ေသခ်ာေအာင္ ခဏေစာင့္ၾကည့္သည္ ေတာင္သမန္အင္းေရျပင္ေပၚတြင္ ေရပြက္ကေလး တစ္ပြက္ ႏွစ္ပြက္ထလာၿပီး ေရျပင္မွာျပကတိ ျပန္ၿငိမ္သြားၿပီး ေလေျပညင္းကေလး ေရျပင္ထက္မွ ျဖတ္သန္းတိုက္ခတ္သြားသည္။ နန္းမေတာ္မယ္ႏု၏ ေနာက္ဆုံးထြက္ သက္ ေရပြက္ကေလးမဟုတ္ပါေလာ။
ကုန္းေဘာင္ေခတ္၏မြန္းတည့္ခ်ိန္ ဘုန္းဩဇာအျပည့္ႏွင့္ ေရႊအိမ္နန္းၾကငွန္း ထက္တြင္ အမ်ိဳးသမီးတို႔အတြက္ အထြတ္ထိပ္ျဖစ္ေသာ အဂၢမေဟသီ မိဖုရားေခါင္ရာထူးကို ရယူခဲ့ေသာ္လည္း လူ႔ဘဝသည္ မည္သည့္အရာမၽွၾကာရွည္မတည္ျမဲဘဲ တစ္ခဏအခ်ိန္တြင္းသာရွိသည္ကို နန္းမေတာ္မယ္ႏုက သူမ၏ေနာက္ဆုံးထြက္သက္ ေရပြက္ကေလးအခ်ိန္မၽွျဖင့္ ကၽြႏ္ုပ္တို႔အားသင္စာ ေပးသြားခဲ့သည္မဟုတ္ပါေလာ။
သတၱဝါအေပါင္းခ်မ္းသာကိုယ္စိတ္ျမဲပါေစ
သုခုမ အလင္းတန္းမ်ား
Ref:
-နန္းမေတာ္မယ္ႏုရွာပုံေတာ္(တကၠသိုလ္စိန္တင္)
-ညိဳျမ (ကုန္းေဘာင္ရွာပုံေတာ္)
-ကုန္းေဘာင္ေခတ္စစ္တမ္း (ေမာင္ေသာ္)
-ဒဂုန္ခင္ခင္ေလး(ရတနာပုံ၏ နိဒါန္းႏွင့္နိဂုံး)

By: Lwin Pyin . facebook page 

No comments: