menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

ကလိစရာ နည်းပညာ



Root Explorer ကိုသုံးပြီး ဖုန်းပြသာနာ တော်တော်များများကို ဖြေရှင်းနည်းပါ။ ပုံလေးတွေနဲ့တော့ မရှင်းပြတော့ဘုးနော်။ စာဖတ်ပြီးလိုက်
လုပ်ကြည့်ပါ။ အသုံးလဲတော်တော် ၀င်ပါတယ်။ ။ ဒီပို့လေးက ကျနော်ဖတ်ဖို့ လိုက်စုထားတာပါ။
ခုကျနော်ဘော်ဒါတွေ ဖတ်ချင်လဲ ဖတ်လို့ရအောင် တင်ပေးလိုက်တာပါ။ ကျနော်ရေးထားတာ မဟုတ်တဲ့အတွက် ကလိလို့ တခုခုဖြစ်
ရင်  သိဘူးနော် ။ စာထဲကအတိုင်းတာ လုပ်ကြည့်ပါ အဆင်ပြေပါတယ်။


i Style 4.2 လိုမျိုး iQ 9 လိုမျိုး ဖုန်းတွေ မှာ မြန်မာစာပြင်ရအောင်

i Style 4.2 လိုမျိုး iQ 9 လိုမျိုး ဖုန်းတွေ မှာ မြန်မာစာက ၇၅% လောက်ပဲ မြန်မာ စာမှန်ပါတယ် ... မှန်တဲ့ နေရာတွေကလဲ FacebookViber Tango Line အစရှိသလောက်ပေါ့...
အဲ့လိုမျိုးတွေ ဖြစ်လာပြီဆိုရင်....စာမှန်အောင်ပြင်ဖို့ - Smartzawgyi pro + MMSDSmartZawGyi - MMASZawgyiChanger 2- Busy Box +Z.F.C အစရှိသလောက်ပေါ့
FontChanger တွေ နဲ့ ပြင်လို့ မရပါဘူး....အမှန်ကတော့ အသုံးပြုရမှာ.... ( Root_Explorer_) ကို သုံးပြီး.....ဖြေရှင်းလို့ ရပါတယ် (မြန်မာစာ) ၁၀၀%
ကွက်တိပြန်ရမှာပါ..... အရင်ဆုံး ( Root_Explorer_) ကိုဖွင့်ပါ.... ပြီးရင် ( Mounted as R/W ကို R/O ပြောင်းပါ ....ပြီးပြီဆိုရင်..... ( System ) ထဲကိုဝင်ပါ ...( Font )ဆိုတာထဲကို
ထပ်ဝင်ပါ.....( Font ) ထဲ မှာမ... ( Padauk.ttf ) ဖိုင်လေးကို ( delete ) နဲ့ ဖျက်ပြီး ဖုန်းကို
( Reset ) သို့ မဟုတ် ( ပိတ်လိုက်ပါ ... ဖုန်းပြန်တက်လာပြီဆိုရင်... စာမမှန်တဲ့ ( google) + (Youtube ) တို့ မှာ မြန်မာစာလေးတွေ စီနေပါပြီ..
>>>>>
sd card ကို phone storage လုပ်မယ်

အချို့  samsung phone တွေက bluetooth ကူးတာ dowload ဆွဲတာတို့ကို phone storage ထဲကို သွားသိမ်းပါတယ်..ကင်မရာရိုက်ရင်လည်း phone storage ထဲသွားသိမ်းတာပဲ
...setting ထဲကနေလည်း သွားချိန်လို့မရဘူးနော်...အဲဒီတော့ sd card ကို phone storage လုပ်ပေးလိုက်မယ်ဆိုရင်အဆင်ပြေသွားတာပေါ့.... လုပ်နည်းကတော့ လွယ်ပါတယ်..
root explorer နဲ့ system ထဲကို သွားပြင်ပေးရမှာပါ....( need root ) root explorer > system / etc ထဲက vold.fstab ဆိုတဲ့ file ကို နည်းနည်းလေးကြာအောင်ဖွင့်ပြီး
open in text editor နဲ့ ဖွင့်လိုက်ပါ.... r/o ကို r/w ပြောင်းထားရမယ်နော်... အောက်က စာလေး 2 ကြောင်းကို တွေ့အောင်ရှာပါ..... text က phone တခုနဲ့ တခု တူချင်မှတူမှာနော်.
..အခုဟာကတော့ huawei ထဲကပါ....သေချာရှာနော်...ဆင်တူရိုးမှားလေးတွေရှိတယ်...
dev_mount sdcard /mnt/sdcard emmc@fat /devices/platform/goldfish_mmc.0 /devices/platform/mtk-sd.0/mmc_host
dev_mount sdcard2 /mnt/sdcard2 auto /devices/platform/goldfish_mmc.1 /devices/platform/mtk-sd.1/mmc_host
အခု ကျွန်တော်တို့က mnt ရဲ့ နောက်က sdcard နဲ့ sdcard2 ကို နေရာချင်း change ပေးရမှာပါ... " sdcard ရဲ့ နောက်မှာ 2 ထည့်ပြီး sdcard2 ကို နောက်က 2 ဇျက်ပေးလိုက်ပါ..."
ပြီးရင် menu>save လုပ်ပြီး restart ချပေးလိုက်ပါ...reboot တက်လာရင် storage ထဲ သွားကြည့်လိုက်ပါ....sd က phone storage ပြောင်းနေမယ်နော်......
စမ်းချင်သပဆိုရင် စမ်းနိုင်ပါတယ်...တခုခုဖြစ်သွားရင်တော့ တာဝန်မယူဘူးနော်....ပေးထားတဲ့ guide အတိုင်းလုပ်ရင်တော့ အဆင်ပြေမှာပါ....
ကျွန်တော် လုပ်ကြည့်တာတော့ အဆင်ပြေပါတယ်..
>>>>>>
မြန်မာဖောင့်ပါဝင်လာပြီးသားဖုန်းများ မြန်မာစာစနစ်ပြောင်းနည်း
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
မြန်မာဖောင့် အော်ဒီဂျင်နယ် ပါဝင်ပြီးသား ဖုန်းတွေမှာပဲရပါတယ် ။ မြန်မာဖောင့်မှန်မှ မြန်မာစာနစ်မှန်မယ်လို့ထင်ပါတယ် မြန်မာစာမမှန်တဲ့ဖုန်းကို မစမ်းရသေးလို့ပါ ။
မိမိလုပ်လိုသော ဖုန်းအမျိုးအစားမှာ မြန်မာဖောင့်သာပါဝင်ပြီး မြန်မာစာစနစ်ပါတဲ့ 1 GB ကျော်ဖန်ဝဲကို ဒေါင်းရမှာအဆင်မပြေတဲ့သူများကတော့ မြန်မာစာစနစ်ရအောင်
ကိုယ့်ဖုန်းရဲ့အထဲမှာ အောက်ကနည်းအတိုင်း မြန်မာစာစနစ်ပါအောင် လုပ်ဆောင်နိုင်ပါတယ် ။ မြန်မာဖောင့်ပါဝင်လာတဲ့ဖုန်းတွေရဲ့ Language ထဲမှာ Myanmar ( Zawgyi )
ပါဝင်ပြီးသားပါ စမ်ဆောင်းက Hide လုပ်ထားတာပါ ။ " ပြန်ဖော်ချင်ရင် " ပုံထဲကအတိုင်း စာလေး 2 လုံးကိုဖြည့်ပေးလိုက်ယုံပါပဲ မိမိဖုန်းကို Root လုပ်လိုက်ပါ ။ ပြီးရင်
Root Explorer ဆော့ဝဲထဲဝင်လိုက်ပါ system >>> CSC >>> အပေါ်နားက ( R/W ) ဆိုတာလေးကို ( R/O ) လို့ ပြောင်းလိုက်ပါ >>> ပြီးရင် Language.xml ဆိုတဲ့
ဖိုင်လေးကို အကြာကြီးဖိထားလိုက်ပါ Open in Text Editor ဆိုတာကိုရွေးလိုက်ပါ ။ ပြီးရင် ပုံမှာ ဝိုင်းပြထားသည့်အတိုင်း စာလေးကို ဖြည့်ပေးလိုက်ပါ ။ ပြီးသွားရင်
ဖုန်းကိုပိတ်ပြီး ပြန်ဖွင့်လိုက်ပါ ။ ဖုန်းစက်တင်ထဲသွားပြီး Language ထဲဝင်ကြည့်လိုက်ပါ Myanmar ( Zawgyi ) ဆိုတာလေး ပေါ်လာနေပါပြီ ရွေးလိုက်တာနဲ့ ဖုန်းတစ်ခုလုံး
မြန်မာစာနစ်ပြောင်းလဲသွားပါမယ် ။ ပြီးရင် မိမိဖုန်းထဲက စမ်ဆောင်းကီးဘုတ်စက်တင်ထဲကို ဝင်လိုက်ပါ ပြီးရင် Select input Languages ထဲဝင်လိုက်ပါ ။ Myanmar ( Zawgyi )
ဆိုတာလေးပေါ်နေတာကိုတွေ့ရပါမယ် ရွေးပေးလိုက်ပါ စမ်ဆောင်းကီးဘုတ်မှာ စမ်ဆောင်းရဲ့မြန်မာကီးဘုတ်ပါ သင်အသုံးပြူနိုင်ပါပြီ
>>>>>>
Play Store များ ဝင်၍မရသော ပြဿနာအား ဖြေရှင်းနိုင်တဲ့နည်းလမ်း
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Android ဖုန်းမှာ Google account (Gmail/Gtalk/Play Store) များ ဝင်၍မရသော ပြဿနာအား ဖြေရှင်းနိုင်တဲ့နည်းလမ်းလေးကို ကျွန်တော် ပြောပြမှာဖြစ်ပါတယ်။
“Can’t establish a reliable data connection to the server.” ဖြစ်နေလျှင် Google Account များ ဝင်မရတော့ပါ။ ဒီပြဿနာအား ဖြေရှင်းရန်
အတွက် ဖုန်းကို Factory data reset လုပ်စရာမလိုပါဘူး။
လိုအပ်ချက်မချက်များကတော့ သင့်ဖုန်းဟာ Root လုပ်ပြီးသားဖြစ်ရပါမယ်။ Root Explorer File Manager ရှိရပါမယ်။
(Root မထားဘူးဆိုရင်တော့ ‘Factory Data Reset’ ချပေးရမှာပါ)
(၁) Root Explorer File Manager ကို Download လုပ်၍ Install ဆက်လုပ်ပါ ပြီးလျင် Open ကို နှိပ်ပါ။
(၂) Root Explorer File Manager ထဲမှ system ကို နှိပ်ပါ။
(၃) system ကို နှိပ်ပြီးရင် etc ကို နှိပ်ပါ။
(၄) Mount R/W ကို Mount R/O ဖြစ်အောင် ပြောင်းပေးလိုက်ပါ။
(၅) ပြီးရင် hosts ကို ဖိထားပြီး Delete နှိပ်လိုက်ပါ။
(၆) ဖုန်းကို Restart လုပ်ပါ။ ပါဝါပြန်တက်လာပြီဆိုရင်တော့ Google account
အားလုံး ပြန်လည်အသုံးပြုလို့ရတာကို တွေ့ရပါလိမ့်မယ်။
Sign In လုပ်လို့မရဘူးဆိုတဲ့ Gmail/ Gtalk/ Google Play Store စသော Google Application တွေမှာ Sign In လုပ်ကြည့်လျှင် အားလုံးအိုကေနေပါလိမ့်မယ်။
root explorer apk
https://my.pcloud.com/publink/show?code=58p7
Credit:

No comments: