menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

ကမ္ဘာတလွှား ဗုဒ္ဓခြေတော်ရာများ...



ကမ္ဘာတလွှား၌ ဗုဒ္ဓခြေတော်ရာချခဲ့သည့် နေရာမှာ (၁၀) နေရာ ဖြစ်ကြောင်း ကို လေ့လာသိရှိရ
၎င်းတို့မှာ...

(၁) အိန္ဒိယပြည်၊ ဘုံဘိုင်မြောက်ပိုင်း၊ နမ္မဒါမြစ်ထဲ၌ ခြေတော်ရာတဆူ...။

(၂) အိန္ဒိယပြည်၊ ဘုံဘိုင်နယ်မြောက်ပိုင်း၊ နမ္မဒါမြစ်အထက် သစ္စပန်တောင်ပေါ်၌ခြေတော်ရာတဆူ...။

(၃) အိန္ဒိယပြည်မြောက်ပိုင်း ဥဒယာနတိုင်း၌ ခြေတော်ရာတဆူ...။
 (တရုတ်ဘုန်းတော်ကြီး ဖာယီယန်၏ မှတ်တမ်းအရ)

(၄) အိန္ဒိယပြည်၊ ပါတလိပုတ်မြို့တော်၏ တောင်ဘက် သုံးလီအကွာ၌ ခြေတော်ရာတဆူ။(ဖာယီယန်၏ မှတ်တမ်းအရ)

(၅) သီရိလင်္ကာနိုင်ငံ (သီဟိုဠ်ကျွန်း) သုမနကုဋ(SriPada) တောင်ထိပ်၌ ခြေတော်ရာတဆူ။

(၆) မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မယူကမ်းပုံစည်းကျွန်း၊သာစည်ထောင့်ရွာအနီး ၌ ခြေတော်ရာ တဆူ...။

(၇) မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကုလားတန်းမြစ်ဝရှိ ဖရုံကာကျွန်းစု၊ မြေငူကျွန်း၊ဆံတော်ရှင် ဓာတ်တော် အနီးရှိ ခြေတော်ရာတဆူ...။

(၈) မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မန်းချောင်း (မန်းရွှေစက်တော်)၌ အောက်,အ ထက် ခြေတော်ရာနှစ်ဆူ...။

(၉) မြန်မာနိုင်ငံမြောက်ပိုင်း ဝနယ်၊ လွိုင်မူတောင် အရှေ့မြောက်ဘက် တောင်စောင်း၌ ခြေတော်ရာ တဆူ...။

(၁၀) မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ မဟီ(မအီ)မြစ်အတွင်း၌ အထက် အောက် ဝဲယာခြေတော်ရာတစုံ...။
စသည်တို့ ဖြစ်ကြကြောင်း .....
 ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်၊မဟာသုခပါဠိတက္ကသိုလ်မှ ဆရာတော် ဦးအရိယာဝံသ၏ ရခိုင်ပြည်နယ်၊ မအီစက်တော်ရာသမိုင်း စာအုပ်တွင် မှတ်တမ်းပြုထား ပါသည်။

မြတ်စွာဘုရားရှင်သည်...မဟာသက္ကရာဇ် ၁၂၄ ခုနှစ်တွင် ရဟန္တာငါးရာနှင့်တကွ သုနာပရန္တ ယောနက တိုင်း (ယခု မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်စကုမြို့နယ်လယ်ကိုင်းကျောင်းတော်ရာ ဒေသ) သို့လည်း ကြွရောက်ခဲ့တော်မူ၏...။

ဘုရားရှင်သည်...သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်သို့ ပြန်အကြွနမ္မဒါမြစ်(ယခုမန်းချောင်း)အနီးသို့
ရောက် သည်တွင် နမ္မဒါနဂါးမင်း၏ တောင်းပန်ချက်ကြောင့် မြစ်ကမ်း နဖူး ကျောက်ဖျာထက်တွင် လက်ဝဲခြေတော်ရာကို ချပေးခဲ့၏..။ ယင်းကို အောက်ခြေတော်ရာဟု ခေါ်ဆိုကြသည်...။

ဆက်လက်၍ကြွမြန်းစဉ်ထိုမြစ်အနီးသစ္စဗန္ဓကတောင်ပေါ်သို့ ရောက်ပြန်သော်ရသေ့၏လျှောက်ထားတောင်း ပန်ချက်ကြောင့် မကုလမြေကျောက်ပေါ်တွင် လက်ဝဲဘက်ခြေတော်ရာကို တံဆိပ်ခတ်နှိပ်ပေးခဲ့ပြန်သည်။ ထိုအထက်ခြေတော်ရာကို အထက်စက်တော်ရာဟု သမုတ်ခဲ့ကြသည်ဟုဆိုကြသည်။

သို့ဖြင့် ထိုနေရာများတွင် စေတီများ တည်ထားကာ နှစ်စဉ် ခြေတော်ရာဖူးရင်း စေတီများတွင် ပွဲတော်များ ကျင်းပခဲ့လေသည်။ အဆိုပါ ခြေတော်ရာသည် ကာလအတန်ကြာ ကွယ်ပျောက်နေခဲ့ပြီး တောင်ဖီလာ ဆရာတော်ကြီး (ဓားမကူး ဆရာတော်)၏ ဖော်ထုတ်မှုဖြင့်ပွင့်ပေါ်လာခြင်းဖြစ်ကြောင်း မှတ်သားရပါသည်...။

No comments: