menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

မြန်မာလို Domain အမည်လိုချင်ရင်


မနေ့တုန်းက Facebook ပေါ်မှာ ဟိုလျောက် ဒီလျောက်လုပ်နေရင်း မြန်မာယူနီကုဒ် ဧရိယာမှာ ပိုစ့် တစ်ခုကို မြင်လိုက်တယ်။ www.သင့်အမည်.com ဆိုပြီးတော့ Domain ယူလို့ ရမရ ။ထုံးစံ အတိုင်း ဦးဦး Google ကို ပြေးမေး ပြီးတော့ ဒီပိုစ့်ကို ရေးလိုက်ပါတယ်။
ကွန်ပြူတာ မသုံးခင်တုန်းက ဂျာနယ် တစ်ခု မှာ မြင်လိုက်တာ အမှတ်ရတယ်။Domain အမည်တွေကို ကိုယ်ရဲ့ မိခင်ဘာသာ စကားသုံးပြီတော့ မှတ်ပုံတင်လို့ရပြီ ဖြစ်ကြောင်း လတ်တလောမှာတော့ www.ဧရာ.com ကသာ မှတ်ပုံတင်ထားကြောင်း ဖတ်မိတာ မှတ်မိတယ်။အဲ့အမည်နဲ့ Domain ယူထားလား မထားလား အခုထိ မစစ်ကြည့်မိဘူး။ဒါပေမယ့် Domain တွေကို မိခင်ဘာသာ စကားနဲ့ ရယူလို့ရတာသေချာပါတယ်။ကျနော်လည်း အခု လက်ရှိအသုံးပြုနေပါတယ်။ဥပမာ-ကျနော့ Blog ကို http://www.အောင်မျိုးကျော်.tk ဆိုတဲ့ လိပ်စာကို သုံးပြီးတော့လည်း ဝင်လို့ရပါပြီ။မှတ်ပုံတင်နည်းကိုတော့ အခု ရေးပါမယ်။

အခုလို မိခင်ဘာသာ စကားကို သုံးပြီးတော့ယူထားတဲ့ Domain အမည်တွေကို IDN လို့ ခေါ်ပါတယ်။
Internationalized Domain Name ရဲ့ အတို ကောက်ဖြစ်ပါတယ်။ASCII characters တွေ မဟုတ်ပဲ အခြား စာလုံးတွေသုံးပြီးတော့ ယူထားတဲ့ Domain အမည်ကို ခေါ်ပါတယ်။တကယ်တော့ Domain Name ကို ဒီလိုသုံးပြီးတော့ လုပ်ထားပေမယ့်လည်း တကယ် အလုပ် လုပ်တော့ ကျနော် တို့ ရိုက်ထည့်လိုက်တဲ့ Non ASCII characters တွေကို ASCII characters အဖြစ်ပြောင်းပြီးတော့ အလုပ်လုပ်သွားတာပါ။ဒီလို ပြောင်းလိုက်တဲ့ ASCII code တွေကို Punycode လို့ ခေါ်ပါတယ်။တကယ်လို့ သာ ကျနော်တို့က မိခင်ဘာသာစကား အမည်ယူထားတဲ့ Website တစ်ခုကို ကြည့်ချင်လို့ address bar ကနေရိုက်ဝင်လိုက်ရင် ပထမဆုံး punycode အဖြစ်ပြောင်းပြီးမှ အလုပ်ဆက်လုပ်တာပါ။

ကျနော် မိခင်ဘာသာ စကားသုံးပြီးတော့ မှတ်ပုံတင်မယ် လုပ်တော့ လုပ်ရိုးလုပ်စဉ် အတိုင်း မြန်မာလို
www.အောင်မျိုးကျော်.tk ဆိုပြီးတော့ မှတ်ပုံတင်ဖို့ ကြိုးစား ကြည့်ပါတယ်။မရပါဘူး။နောက်ဆုံး
အောင်မျိုးကျော် ဆိုတဲ့ စာလုံးကို Punycode အဖြစ်ပြောင်းပြီးတော့ မှတ်ပုံတင်လိုက်ကာ မှ အဆင်ပြေသွားပါတယ်။
ကိုအသုံးပြုပါတယ်။


အခုဆိုရင် http://www.အောင်မျိုးကျော်.tk ကို အသုံးပြုပြီးတော့ ဝင်ရောက် ဖတ်ရှုလို့ ရသွားပါတယ်။

Copy;;; http://www.aungmyokyaw.com/2015/05/how-to-register-IDN-domain.html 

No comments: