menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Firefox Broser တွင် သတိထားရမည့်နေရာ

 

 ကဲ တစ်ကယ့်ကြောက်စရာ အကောင်းဆုံးနည်းလမ်းကို ဒီနေ့ပြောပြပါ့မယ်။ မြန်မာပြည်က လူအတော်များများက အင်တာနက် သုံးပြီဆိုရင်ဖြင့် Firefox နဲ့ သုံးကြတာများတယ်။
 ဒီကောင်ဟာ နည်းပညာသမားများသည်ပင် တစ်ကယ် ကြောက်စရာ အကောင်းဆုံး နည်းလမ်းလေးတစ်ခုပါ။ သတိမမူ ဂူမမြင်ဆိုသလို လွယ်လွယ်နဲ့ အကောင့်ပါသွားနိုင်တဲ့ နည်းလမ်းကြီး တစ်ခုလည်းဖြစ်ပါတယ်။ ဒီဥစ္စာက Firefox Privacy ထဲက history တွေ Cookies တွေဘယ်လောက်ပင်ဖျက်စေကာမူပျက်မှာမဟုတ်ပါဘူး။ ဒီနည်းပညာနဲ့ မသိသေးတဲ့ သူတွေရဲ့ facebook Gamil အကောင့်တွေကိုလည်း မတိုက်ခိုက်ကြဖို့ ဒီနေရာကနေဘဲ။ ပြောထားခဲ့ချင်တယ်ဗျာ....လူတစ်ဦးတစ်ယောက်ဟာ အင်တာနက်လည်း ထိုက်သင့်သလောက် သုံးတတ်ပြီ အင်တာနက်ဆိုင်တွေနဲ့လည်း
မကင်းဘူးဆိုရင်တော့ဖြင့် ဒီနည်းလမ်းကို အသုံးချမှကို ရပါလိမ့်မယ်။ သို့မဟုတ်ရင်တော့ သင့်အကောင့် သူများလက်ထဲ ဘာမှ မလုပ်ရဘဲ ပါသွားမှာကတော့ မလွဲဧကန်ပါဘဲ ဒါကြောင့်ပါ။ မိမိကိုယ်ပိုင် ကွန်ပျူတာသည်ပင် အရေး အကြောင်းရှိလို့ သွားစရာရှိရင် သို့မဟုတ် ငှါးပေးရမယ်ဆိုရင် ဒါလေးတွေတော့ ဖျက်ထားမှကို အဆင်ပြေမှာပါ။ အရေးကြီးလို့ ပြောနေတာပါ။
အင်တာနက် ဖွင့်သည်ဖြစ်စေ မဖွင့်သည်ဖြစ်စေ ရပါတယ်။ ပထမဆုံး Mozilla Firefox ကို ဖွင့်လိုက်ပါ။ ဖွင့်ပြီးရင်Tools>>Options အထိသွားပါ။ (( ပုံမှာ ပြထားတာကတော့ New Tab အသစ်ခေါ်တဲ့နေရာမှာ Right Click>>Menu ဆိုတာလေး အမှန်ခြစ်ထားလို့ပါ။ ဒါကတော့ ထည့်ပတ်ပေါ့ဗျာ...))  ပေါ်လာတဲ့ Options ဘောက်ထဲမှာSecurity ကိုနှိပ်ပါ။ (( ကဲ ဒီနေရာမှာလည်း Remember Password for sitesဆိုတဲ့ကောင်လေးကို အမှန်ခြစ်ဖြုတ်ထားရင်တော့ ပိုကောင်းပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ သူက ကိုယ့်အကောင့်ကို မှတ်သားလို့ပေါ့ဗျာ..။ ဒါကတော့ ဗဟုသုတဖြစ်ပါ။ ))
 ကဲ Security ကို နှိပ်ပြီးရင် Saved Passwords ဆိုတာကို နှိပ်ပေးပါ။ ကဲဗျာ ပေါ်လာပါပြီ..။ တစ်ကယ်ကြောက်စရာကြီးနော် ဘာကီးလော်ဂျာမှလည်း မသုံးရဘူး အင်တာနက်ကြီးဖွင့်ပြီးတော့ သူများအကောင့်တွေလိုက်ဟက်စရာလည်းမလိုဘူးနော်..။ဒါကြောင့် ကြောက်စရာကောင်းတယ်လို့ ပြောတာပေါ့...။ မြှားပြထားတဲ့နေရာမှာ ရှိသမျှအကုန်ဖျက်ပြစ်တာ ပိုအန္တရာယ်ကင်းတာပေါ့ဗျာ..။ history တွေ Cookies တွေ ဖျက်ပေမယ့် သူက မပျက်ဘူးလေဒါကြောင့် ဖျက်ပြစ်တာ ကောင်းတယ်.။ လာပါဦးမည်...

ကျုပ်သုံးခဲ့တဲ့ အကောင့် ဘယ်မှာက ဘယ်အကောင့်နဲ့ ၀င်ထားတယ်ဆိုတာမြင်လား...။ကဲ ရှေ့ဆက်ပြီး Show Passwords ဆိုတာကြီးကို နှိပ်လိုက်စမ်းပါ...။
ကဲ ဒါကတော့ တစ်ကယ် ဖွင့်ကြည့်မလားလို့မေးတာပေါ့ဗျာ။ Yes ပေးလိုက်ပါ..။

 ကဲဗျာ ဘယ်လောက်ကြောက်စရာကောင်းသလဲ ကြည့်စမ်း ပေါ်လာပြီ..။ ဟေဟေး ကိုယ့် Password တွေတော့ဖျက်ထားရတယ်ဗျာ။ မလှူနိုင်သေးလို့ပါနော်..။ သိပ်ကို ကြောက်စရာ ကောင်းတယ်နော်....။ တစ်ကယ်...
ကိုယ်ပိုင် ကွန်ပျူတာ သမားများမှ တစ်ပါး အင်တာနက်ဆိုင်ထိုင်သူများအနေဖြင့် ဒီ Keep me logged in ဆိုတာကို ဖြုတ်ဖြစ်အောင် ဖြုတ်ခဲ့ပါ..။အဲဒီကောင်ကြောင့်အပေါ်က ပြောခဲ့တာတွေ ဖြစ်လာမှာဘဲ..။ နောက်ပြီးအကောင့် ၀င်လိုက်ရင် နောက်တစ်ခါထပ်မရိုက်ရတော့ဘူးဆိုတော့အင်တာနက်ဆိုင်မှာများသုံးမိရင်ဖြင့်ရင်လေးစရာ......။ ဒါကြောင့် သတိထားပါ...လို့ ပြောမပြတတ်တဲ့အရာလေးတွေတော့ကျန်နေပါဦးမယ်....။

No comments: