menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Gmail password ချိန်းနည်း





gmail နဲ့ပတ်သက်ပြီး လုံခြုံမှုရှိဖို့ password ချိန်းတတ်ဖို့လည်းလိုပါတယ်။
password ချိန်းချင်တယ်ဆိုရင်
၁။ ရှေးဦးစွာ မိတ်ဆွေရဲ့ Gmail ထဲကို ဝင်လိုက်ပါ ။

၂။ မေးလ်ထဲရောက်ပြီဆိုတာနဲ့ ညာဘက် အပေါ်ဒေါင့်လေးမှာ settings ဆိုတာ ရှိပါတယ် ။ အဲဒီ settings ထဲကို ဝင်ပါ ။

 settings ထဲ ရောက်ပြီဆိုတာနဲ့  General , Labels , Accounts and Import အစသဖြင့် တွေ့ရမှာပါ ။

၃။Accounts and Import ကို ထပ် ဝင်ပါ ။ အဲဒီမှာ Change account settings ဆိုတာလေး အောက်ဆုံးမှာ တွေ့ပါလိမ့်မယ် ။

၄။ ဘေးမှာ အနီရောင်နဲ့ ဝိုင်းပြထားတဲ့ Google Account settings ဆိုတာလေးကို နှိပ်လိုက်ပါ ။

မိတ်ဆွေရဲ့ အကောင့်ကို Setting ချမယ့်နေရာ ကိုရောက်ပါပြီ ။ ဒီမှာ  တစ်ခု ပြောချင်တာက မိ တ်ဆွေက

မေးလ်ထဲက မသွားပဲ Gtalk ကနေ settings > General > Account settings ကနေသွားရင်လဲ ဒီနေရာ

ကို ရောက်ပါတယ် ။ ကဲ အဲဒီမှာ Personal settings ဆိုတာရဲ့ အောက်မှာ Security ထဲက Change

Password ဆိုတာလေးကနေ password ချိန်းပါ့မယ် ။

၅။ အနီရောင်နဲ့ ဝိုင်းပြထားတဲ့ Change Password ကို နှိပ်လိုက်ပါ ။

Current password ဆိုတဲ့ နေရာမှာ အခုအသုံးပြုနေတဲ့ password အဟောင်းကို ထည့်ပါ ။

 New password မှာ တော့ မိမိ အသစ်ပြောင်းချင်တဲ့ Password ကိုထည့်ပါ ။

အောက်မှာ confirm new password နေရာမှာ New

password မှာ ဖြည့်ခဲ့တဲ့ password အသစ်ကို ထပ် ထည့်ပေးပါ ။

၆။ ပြီးရင်တော့ Save ပေါ့ ။

ဒါဆိုရင်ပြီးပါပြီ။

No comments: