menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

1g,2g,3g,4g အကြောင်း..


အကျဉ်းအားဖြင့်တင်ပြရမယ်ဆိုရင်..


 ... 1G - အသံပဲ ပို့နိုင့်၊ရောက်နိုင်ပါတယ်။ အနီးစပ်ဆုံး ဥပမာ အနေနဲ့ကတော့ တစ်ချိန်တုန်းက ပေါ်ခဲ့ဖူးတဲ့ ဆယ်လူလာ ဖုန်းတွေပါ။ ဆယ်လူလာတောင် Analogue Signal သုံးတဲ့ ဆယ်လူလာဖြစ်ပြီး လိုင်း က ပြတ်တောင်းပြတ်တောင်း ဖြစ် ပါတယ်။

 2G - အသံ အပြင်၊ Data ပါ Transfer လုပ်လို့ ရပါတယ်။ သူကတော့ ဒစ်ဂျစ်တယ် ဆယ်လူလာ အဆင့်ရောက်သွား ပါပြီ။ လက်ရှိ မြန်မာပြည်က ဆက်သွယ်ရေး စနစ်မှာ အသုံးပြုနေဆဲ ဖြစ်ပါတယ်။ GSM, CDMA, TDMA တို့ ဖြစ်ပါတယ်။ 2.5G - 2G ကို အဆင့်အနည်းငယ် မြင့်လိုက်တာပါ။ ဒီတော့ Data Rate ပိုမြင့်လာတာ ထူးခြားသွားပါတယ်။

 3G - သူကတော့ အသံလည်းရ၊ အချက်အလက်လည်းရ၊ ဗီဒီယို signal ပါပို့လို့ရတဲ့ ဆက်သွယ်ရေး စနစ်ပါ။ အင်တာနက် ပါ အသုံးပြုလို့ ရပါတယ်။ လက်ရှိ ကမ္ဘာမှာလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုနေဆဲပါ။ 3G, W-CDMA တို့လို ဆက်သွယ်ရေး စနစ် ဖြစ်ပါတယ်။

 4G - 3G ထက်ပိုအဆင့်မြင့်သွားပါပြီ။ LTE လို့ ဥရောပမှာ ခေါ်ဆိုပေမယ့် 4G နဲ့ LTE မှာကွဲပြားမှု အနည်းငယ် ရှိပါတယ်။ သို့ပေမယ့် တူတယ်လို့ အကြမ်းဖျဉ်း မှတ်ယူနိုင်ပါတယ်။ -- Ref: Cisco Aung Kham (TSJ team) Type the rest of your post here.

No comments: