menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

သင့် Company လုပ်ငန်းလိပ်စာအား Google MAP အတွင်း ထည့်သွင်းခြင်း

ဘာကြောင့် ကျွန်တော်တို့ Google Map ထဲမှာ ကျွန်တော်တို့ရဲ့ လုပ်ငန်း လိပ်စာ ထည့်
သွင်း ရသလဲ….?

Google ဆိုသော Search Engine ကြီးဆိုတာ မြန်မာ တစ်နိုင်ငံတည်း တင်မဟုတ်ပဲ တစ်
ကမ္ဘာလုံးက သုံးစွဲ နေကြ တာပါ.. ဒီလို ကမ္ဘာနှင့် တလွှား သုံးနေ ကြတဲ့ Google Search 
Engine ကနေ တဆင့် ခွဲထွက်ထားသော Google Map Services ဆိုတာ ကလည်း တစ်
ကယ်တမ်း အသုံးပြု ကြတာ ကတော့ မိမိ သိချင်တဲ့ မြေပုံတွေ လမ်း လိပ်စာတွေ လုပ်ငန်း 
လိပ်စာ တွေကို အလွယ် တကူ အသေး စိတ် Traffice Route, Settelite Route, Map 
Route စသဖြင့် အသေးစိတ် ဖော်ပြမှု တွေနှင့် အတူ သင်ရှာ လိုသော လုပ်ငန်း လိပ်စာ၊ 
တည်နေရာ၊ စတာတွေကို အလွယ်တကူ ရှာဖွေလို့ ရပါတယ်။ 

ဒါကြောင့် ကျွန်တော်တို့က ကျွန်တော်တို့နှင့်ပတ်သက်သော လုပ်ငန်း လိပ်စာတွေကို ဒီ 
Google Map ထဲမှာ နေရာ အသစ်ထည့် ထားခြင်းဖြင့် သင့်ရဲ့ လုပ်ငန်း လိပ်စာရဲ့ တည်
နေရာတွေကို Internet မှတဆင့် အလွယ်တကူ ရှာဖွေလို့ ရမှာဖြစ်ပါတယ်။

ကဲ .... စလိုက်ရအောင်...။


အရင်ဆုံး Browser ရဲ့ Address Bar မှာ


www.google.com/mapmaker လို့ ရိုက်လိုက်ပါ။ ပြီးသွားရင်တော့

သင့် Mail Account ကို အရင် Sign In လုပ်လိုက်ပါ။

ဒီနောက် အထက်ပါ ပုံအတိုင်း သင်ထည့်မည့် သင့်လုပ်ငန်း လိပ်စာအား အရင်ဆုံး 
Search Box အတွင်း အနီးစပ်ဆုံး ရှာဖွေပြီး Enter ခေါက်လိုက်ပါ။ ထို့နောက်မှာ
တော့ သင်ရှာဖွေလိုက်တဲ့ လိပ်စာက အောက်ပါ အတိုင်းပေါ်လာ ပါလိမ့်မယ်။



ဒီအခါမှာ သင်က သင့်လုပ်ငန်း နေရာကို မြေပုံမှာ ထည့်မှာဖြစ်တဲ့ အတွက်ကြောင့် သင့်
လုပ်ငန်း လိပ်စာရှိတဲ့ နေရာကို Pointer လေးကို ဆွဲရွှေ့သွားရမှာ ဖြစ်ပါတယ် ဒီနေရာ
မှာ တစ်ခုပြောချင်တာက အရင် ပုံမှန်အတိုင်း Map ရှာသလိုမျိုး Mouse ကို ဖိပြီးရှာလို့မ
ရပါဘူး။ ဘာကြောင့်လည်း ဆိုတော့ သင့်ရဲ့ Click တစ်ချက်က သင့်လုပ်ငန်း နေရာကို
သတ်မှတ်မှာ ဖြစ်လို့ပါ။ ဒါကြောင့် Pointer လေးကိုသာ ရွှေ့သွားရမှာ ဖြစ်ပါတယ်။



ဒီနောက် သင် Add လုပ်မယ့် သင့်လုပ်ငန်း လိပ်စာနေရာကို တွေ့ပြီဆိုရင် မျှားအနီလေးပြ
ထားတဲ့ နေရာက Add New ကို အရင်နှိပ်ပါ။ ပြီးသွားရင်တော့ Add a Place ဆိုတာကို 
ထပ်နှိပ်ပါ။ ဒီနောက်မှာတော့ သင့်လုပ်ငန်း နေရာအတိအကျကို Click ထောက်လိုက်ပါ။


ဒီလိုထောက်ပြီး သွားပြီ ဆိုရင်တော့ အောက်ပါ ပုံအတိုင်း တက်လာ ပါလိမ့်မယ်။


ဒါကတော့ သင့်လုပ်ငန်းရဲ့ လုပ်ငန်း အမျိုးအစားကို သတ်မှတ်ပေးရတဲ့ အပိုင်း ဖြစ်ပါတယ်။ 
သင့်စိတ်ကြိုက် သတ်မှတ်ပါ။ ထိုနောက် အောက်မှာ ပြထားတဲ့ ပုံအတိုင်း


သင့် လုပ်ငန်း အမျိုးအစားကို သတ်မှတ်ပေး ရမှာ ဖြစ်ပါတယ်။ ပြီးသွားရင်တော့ Continue 
ကိုနှိပ်လိုက်ပါ။ ဒီနောက် Add Place လုပ်လိုက်ပြီဖြစ်တဲ့ အတွက်ကြောင့် Loading ဆွဲနေ
ပါလိမ့်မယ်။ ပြီးသွားရင်တော့ အောက်ပါပုံအတိုင်း



ဘယ်ဘက်ခြမ်းတွင် သင့်လုပ်ငန်း အတွက် လိုအပ်သော Data များကို ဖြည့်စွက်ပေးရမှာ 
ဖြစ်ပါတယ်။ လိုအပ်ချက် များကို ဖြည့်စွက်ပြီးတဲ့ အခါမှာတော့ Save ဆိုတာကို နှိပ်လိုက်ပါ။ 

ဒီနေရာမှာ တစ်ခါတစ်လေ Error ပြပါတယ်။ ဆိုလိုတာက အခုလက်ရှိ နာမည်နဲ့ Add a 
Place လုပ်လို့ မရဘူးဆိုပြီး ပြပါတယ် အပေါ်နားလေးမှာပေါ့။ 

အဲဒီ Message မှာပဲ Skip လုပ်တဲ့ Check Box လေး ရှိပါတယ် အဲဒီကောင်လေးကို အမှန်
ခြစ်လေးခြစ်ပေးပြီးတော့ ထပ်မံ Save လုပ်လိုက်ပါ။ ဒါဆိုရင်တော့ Add a Place လုပ်ပြီး
သွားလို့ အောက်ပါ အတိုင်းပေါ်လာ ပါလိမ့်မယ်။



သင့် လုပ်ငန်းကို Google Map Services ကနေ အတိအကျ ရိုက်ပြီး ရှာဖွေတဲ့ အခါမှာလည်း 
အောက်ပါ ပုံအတိုင်း ဖော်ပြနေမှာ ဖြစ်ပါတယ်။ 

ဒီနေရာမှာ ထပ်ပြီး Zoom ဆွဲကြည့်တဲ့ အခါ နေရာလွဲ နေသေးပါက A ဆိုတာလေးကို Click 
ထောက်ပီး မိမိစိတ်ကြိုက် နေရာသို့ Drag ဆွဲသွားလို့ ရပါတယ် အောက်ပါ ပုံအတိုင်ပေါ့။

ပြီးသွားပြီ ဆိုရင်တော့ Continue ကိုသာ နှိပ်လိုက်ပါ။ 

ဒါဆိုရင် သင့်လုပ်ငန်း နာမည်နဲ့ လိပ်စာ၊ ဆက်သွယ်ရမယ့် အချက်အလက် တွေက Google 
Map ပေါ်ရောက်ရှိ သွားပြီ ဖြစ်ပါတယ်။ 

အားလုံးပဲအဆင်ပြေမယ်လို့ ယုံကြည် မျှော်လင့်ပါတယ်။

No comments: