menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Keylogger သုံး၍ခိုးယူခြင်းများကို သတိထားဖို့

လူသုံးအများဆုံးနည်းမှာ Keylogger သုံး၍ခိုးယူခြင်းများ ကို သတိထားဖို့တော့ လိုလာပါပြီးဗျာ Keylogger ဆိုတာဘာလဲ ကိုယ်ရိုက်သမျှ ကီးအကုန်လုံးကို မှတ်သားထားပေးတဲ့ Software ပါ... ခုနောက်ပိုင်း Keylogger တွေဆိုရင် User name နဲ့ password ကိုပါ ခွဲခြားပြီး ထုတ်ပြပေး နိုင်ပါတယ်.. Keylogger အန္တရာယ်က ဘယ်လိုရှောင်နိုင်မလဲ...
Keylogger run ထားမထား ဆိုတာကို ဘယ်လိုသိနိုင်မလဲ မလွယ်ပါဘူး Task Manager ခေါ်ထားပြီးလိုက်ရှာနေ ရင်လဲမူးနောက်သွားလိမ့်မယ်…..ဒါဆိုဘယ်လိုလုပ်မလဲ……. password ရိုက်တော့မယ်ဆိုရင် တိုက်ရိုက်မရိုက်ပဲ Note pad တစ်ခုကို ဖွင့်ပြီးတော့ ကိုယ့် Password အပြင် တခြားစကား လုံးတွေကောညှပ်ထဲ့ရိုက်ပါ ပြီးမှလိုအပ်တဲ့အပိုင်းကို Copy ကူးပြီး Password Box အတွင်း မှာထည့်ပါ ဒါဆိုရင် Keylogger ကမှတ်ထားနိုင်ရင်တောင် ပြန်ကြည့်ရင် Password ကိုသိနိုင် ဖို့မလွယ်တော့ပါဘူး…..အဲလိုကြီးရိုက်ရမှာအလုပ်ရှုပ်တယ်ထင်ရင် On screen keyboard ကိုခေါ်ပြီးရိုက်ထဲ့နိုင်ပါတယ်..
 Start >>> All program >>> Accessories >>> Accessibility >>> On screen Keyboard (Run box ထဲမှာ osk လို့ရိုက်ထည့်ရင်လဲရပါတယ်) ကို ခေါ်ပြီးတော့ မောက်စ်နဲ့နှိုပ်ပြီးရိုက်ထည့်နိုင်ပါတယ် Keylogger မသိနိုင်တော့ပါ ဘူး....

No comments: