menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Viedo ကို Desktop မှာ Wallpaper အဖြစ်ထားမယ်..


ကျွန်တော်တို့ နေ့ စဉ် မရှိအဖြစ် အမြဲတစ်စေ အသုံးပြုနေကြမြဲ ဖြစ်တဲ့ .. ကွန်ပျူတာ တွေ အတွက် ... ပုံသေ သတ်မှတ်ပေးထားသော Desktop Background ကြီးကို သုံးနေရတာ ပျင်းရိငြီးငွေနေ့ ပါပြီလားးး ??

အဲ့ဒါဆို .... ကိုယ့်စိတ်ကြိုက် Video ခွေတစ်ခွေ (သို့ ) Music Video အစ ရှိတာတွေကို Desktop Background မှာ ထားပြီး ကွန်ပျူတာကို အသုံးပြုကြည့်ရအောင် .... ။

အဲ့လို အသုံးပြုနိုင်ဖို့ အတွက် ..ဘာမှ သိပ်အများကြီး လုပ်စရာ မလိုအပ်ပါဘူးး ။ ဒါပေမဲ့ ... သင် အသုံးပြုတဲ့ Windows ကတော့ .. Windows 7 ဖြစ်မှ ရပါမယ် ... ။ (အဲ့လို ပြောလိုက်လို့  Windows XP အသုံးပြုနေတဲ့ သူတွေ စိတ်အနှောင့်အယှက် မဖြစ်ပါနဲ့ ... ။ သင်တို့ အတွက် သီးသန့် Player လေး တစ်ခုလည်း ရှိပါသေးတယ် ... ။ အဲ့ဒါကတော့ ... KM Player ပါ ။ အဆိုပါ ပိုစ့်လေးမှာ ဖတ်ရှုနိုင်ပါတယ် ... ။  )  အဲ့နောက်မှာမှ ...  သင့်မှာ
VLC Media Player လေး တစ်ခု ရှိဖို့ ပဲ လိုအပ်ပါတယ် ... ။

တကယ်လို့ VLC Player လေး မရှိဘူး ဆိုရင်တော့ .... VLC Media Player လေးကို အရင်ဆုံး ဒေါင်းလုပ် လုပ်လိုက်ပါ ....

Download VLC Player Now

Download လည်း လုပ်ပြီးသွားပြီ Install လည်း လုပ်ပြီး သွားပြီ ဆိုရင်တော့ .. VLC ကို Run လိုက်ပါ ... ။ ပြီးရင် အောက်မှာ ပြထားတဲ့ အတိုင်း တစ်ဆင့်ချင်းစီ လိုက်လုပ်ပေးသွားရုံပါပဲ ... ။

ပြီးရင် Video ဆိုတဲ့ Tab မှာ ... Output ဘေးက Drop Down Arrow လေး ကို နှိပ်ပြီး Diret X Video Output ဆိုတာလေးကို ရွေးပေးပြီး Save လိုက်ပါ ... ။


ှSave လုပ်ပြီးရင် VLC Media Player ကို ပိတ်လိုက်ပါ ... ။ ပြီးမှ ... မိမိ စိတ်ကြိုက် Video ဖိုင် တစ်ဖိုင်ကို VLC နဲ့ ဖွင့်လိုက်ပါ ... ။ ဖွင့်ပြီးတာနဲ့ Video Menu လေးမှာ Direct X Wallpaper ဆိုတာလေးကို အမှန်ခြစ်ပေးပါ ... ။


အဲ့လို အမှန်ခြစ်လိုက်တာနဲ့ .. aero theme သုံးထားတဲ့ သူတွေ အနေနဲ့ .. windows 7 basic theme ကို ချိန်းသွားပါလိမ့်မယ် ... ။ (ကိစ္စ တော့မရှိပါဘူးးး ။ VLC ပိတ်လိုက်ရင် သူ့ သူ theme ပြန် ပြောင်းပေးသွားပါလိမ့်မယ် ... ။ )


ကဲ .. အဲ့ဒါလေးတွေ အားလုံး ပြုလုပ်ပြီးပြီ ဆိုရင်တော့ ... သင့်ရဲ့ Desktop Background ကို ပြန်သွားလိုက်ပါ ... ။
VLC Media Player နဲ့ သင်ဖွင့်ထားခဲ့တဲ့ Video ဖိုင်လေးကို သင့်ရဲ့ Desktop ပေါ်မှာ ... တွေ့ ရပါလိမ့်မယ် ... ။ ( အဲ.. ဒါပေမဲ့ ... Desktop ပေါ်မှာ right click နှိပ်ပြီး Refresh တော့ မနှိပ်မိစေနဲ့ နော် ... ပြန်ပျောက်သွားလိမ့်မယ် ... ။ ဒါပေမဲ့ .. ကျန်တာတွေကိုတော့ .. ပုံမှန် အသုံးပြုနေကြ အတိုင်း အသုံးပြုနိုင်ပါတယ် ... ။ ) ပုံမှန် အတိုင်း ပြန်လည် အသုံးပြုချင်ရင်တော့ Desktop Background ကို ချိန်းလိုက်တာပဲ ဖြစ်ဖြစ် ၊ VLC ကို ပိတ်လိုက်တာပဲ ဖြစ်ဖြစ် ပြုလုပ်ပြီး ပုံမှန် အတိုင်းပြန်လည် အသုံးပြုနိုင်ပါတယ် ခင်ဗျာ ... ။

ကဲ .. အဲ့လောက် ဆိုရင်တော့ ... ပုံမှန် သမားရိုးကျ ပုံသေ သတ်မှတ်ပေးထားတဲ့ Desktop Background Wallpaper တွေကနေ ခွဲထွက်ပြီး မိမိ စိတ်ကြိုက် Video Background များဖြင့် ကွန်ပျူတာ အသုံးပြုရင်း ကိုယ် ၊ စိတ် လန်းရွှင်စွာဖြင့် တစ်နေ့ တာ အတွက် လုပ်ငန်း ဆောင်တာများကို ဆက်လက် လုပ်ဆောင်နိုင်ပြီ ဖြစ်ပါတယ် ။

အားလုံး အဆင်ပြေကြပါစေခင်ဗျာ ... ။
Htet Zaw (MMiTD)

No comments: