menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Websiteဆိုင်ရာ အခြေခံအသုံးအနှုန်းများ

 
     Websiteတည်ထောင်သူများအတွက် အခြေခံသိထားသင့်တဲ့ အသုံးအနှုန်းစကားလုံးလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

Hosting
     ဒါကတော့ Website တစ်ခုထောင်တိုင်းမှာ မဖြစ်မနေလိုအပ်တဲ့အရာတစ်ခုပါ။ ကိုယ်ကဆိုဒ်တစ်ခုထောင်တော့မယ်ဆိုရင် ကိုယ့်ကွန်ပျူတာမှာ သူတို့ ကိုယ့်Website ကို ထုတ်လွင့်ပေးနိုင်မယ့်နေရာနဲ့ကိုယ့် ကွန်ပျူတာနဲ့ ချိတ်ဆက်ဖို့အတွက် Hosting ဆိုတာလိုအပ်ပါတယ်။ ကိုယ့်ကွန်ပျူတာမှာ Hosting ရမှ ဆိုဒ်ကိုထောင်နိုင်တယ်ဆိုပေမယ့် အခမဲ့ဆိုဒ်တော်တော်များများက Virtual Hosting သာသုံးတဲ့အတွက်ကြောင့် Private computer တင်မကပဲ အင်တာနက်လိုင်းရှိတဲ့ ဘယ်ကွန်ပျူတာမှာမဆို ကိုယ့်ဆိုဒ်ကို ပြင်ဆင်နိုင်ပါတယ်။

Sub-domain & Domain
      Sub-domain ဆိုတာကတော့ ဆိုဒ်လိပ်စာက ကိုယ်ပိုင်လိပ်စာမဟုတ်ဘဲ ကိုယ်Hosting ယူပြီးထောင်ခဲ့တဲ့လိပ်စာက ကိုယ့်ဒိုမိန်းရဲ့နောက်မှာပါတတ်ပါတယ်။
ဥပမာ - webs ကနေထောင်ထားတဲ့ဆိုဒ်ဆိုရင်တော့ www.21-century.webs.com
 အခမဲ့နဲ့ထောင်ရတဲ့ဆိုဒ်အားလုံးကတော့ Sub-domain နဲ့ထောင်ရတာကများပါတယ် . . .။ နောက်ပြီး ကိုယ့်အခမဲ့ထောင်သမျှ Sub-domain မှာ ဘယ်လောက်ပဲ Site Owner,Creator နေရာမှာ ကိုယ့်နာမည် ကိုယ့်အီးမေးလ်လိပ်စာတွေပါနေပေမယ့်ကိုယ့်နာမည်ပေါက်လုံးဝမဟုတ်ပါဘူး။Sub-Domain အားလုံးကဒီလိုပဲဖြစ်ပါတယ် . . .။
(မှတ်ချက် - ကိုယ့်ဆိုဒ်ကိုယ့်နာမည်ပေါက်နှင့်ရှိမရှိသိလိုပါက http://www.statscrop.com/whois/ အဲ့ဒီကနေ ကိုယ့်ရဲ့ဒိုမိန်းနာမည်ကို Search Box မှာရိုက်ပြီးရှာကြည့်နိုင်ပါတယ်။
    Domain ဆိုတာကတော့ ကိုယ်Hosting ယူခဲ့တဲ့ဆိုဒ်နာမည်မပါတော့ဘဲ ကိုယ့်ဆိုဒ်နာမည်ချည်းသီးသန့် ဥပမာ - www.facebook.com , www.google.com အဲ့လိုသာပါတတ်တာကိုခေါ်တာပါ။ ဒါပေမယ့် တချို့ ဒိုမိန်းတချို့ကလည်း ကိုယ်ပိုင်နာမည်ပေါက်မဟုတ်တတ်တာကြောင့် ဆိုဒ်တစ်ခုထောင်တော့မယ်ဆိုရင် အရှေ့ကပြောခဲ့တဲ့လင့်လေးကနေ သွားရောက်စစ်ဆေးကြည့်နိုင်ကြပါတယ်။

Domain လိပ်စာများ

        ဝက်ဘ်ဆိုဒ်တစ်ခုထောင်ဖို့အတွက် ကိုယ်ပိုင်အင်တာနက်လိပ်စာတစ်ခုလိုအပ်တယ်ဆိုတာကို အားလုံးပဲသိပြီးဖြစ်မှာပါ။ သူငယ်ချင်းတို့ ဝက်ဘ်ဆိုဒ်တစ်ခုကိုထောင်တဲ့အခါ ကိုယ့်ဆိုဒ်အမျိုးအစား၊ တည်နေရာနဲ့ပါတ်သတ်ပြီး အောက်ပါအရှည်ကောက်လေးတွေသိထားဖို့လိုပါတယ် . . ။

http:// - (Hyper Text Terminal Protocol) ဒါကတော့ ဆိုဒ်တိုင်းရဲ့အရှေ့မှာပါတတ်ပါတယ်။
https:// - (Hyper Text Terminal Protocol) Security Certificate ရရှိပြီးဆိုဒ်တွေမှာ ဒီလိုမျိုးနဲ့စတတ်လေ့ရှိပါတယ်။ ဒီလိုမျိုးပုံစံနဲ့စထားတဲ့ဆိုဒ်ဆိုရင် လုံခြုံမှုအပြည့်အဝရှိတာမို့ လွတ်လွတ်လပ်လပ်ပဲ သုံးနိုင်ပါတယ်။
(သင့်ဆိုဒ်မှာလည်း ဒီလို Certificate မျိုးယူထားနိုင်ပါတယ်)
www - (Worle Wide Web)
ပြီးရင်တော့ ဒီနေရာမှာ ကိုယ့်ဆိုဒ်နာမည်ကိုထည့်ကြပါတယ်။ နောက်က Extension လေးတွေကိုတော့ အောက်ပါအတိုင်းသတ်မှတ်လေ့ရှိပါတယ်။
.com (Commercial - စီးပွားရေးလုပ်ငန်းသုံးဆိုဒ်များသုံးရန်)
.net (Network - ကွန်ရက်ဆိုင်ရာ ရုပ်သံမီဒီယာ၊ ရေဒီယို အစရှိသော လုပ်ငန်းများတွင်သုံးရန်)
.org (Non-profit Organization) - (လူမှုရေးဆိုဒ်များ၊ ပရဟိတဆိုဒ်များမှာသုံးရန်)
.edu (Education - ပညာရေးဆိုဒ်များမှာသုံးရန်)
.gov (Goverment - အစိုးရဆိုဒ်များမှာသုံးရန်)

တချို့ဆိုဒ်တွေမှာ ကိုယ့်ဆိုဒ်လွင့်တင်ထားတဲ့ ၊ ရုံးတည်နေရာဖြစ်တဲ့ နိုင်ငံတွေကို .com,.org အစရှိသည်တို့ရဲ့နောက်မှာ ဆက်လက်ထည့်သွင်းလေ့ရှိပါတယ် . . .။
.mm (Myanmar)
.my (Malaysia)
.sg (Singapore)
.uk (United Kingdom)
.us (United State)

တချို့တွေကျတော့လည်း နိုင်ငံကို ရှေ့မှာထည့်သွင်းလေ့ရှိကြပါတယ်။
ဥပမာ - en.wikipedia.org (အင်္ဂလိပ်ဘာသာ)
             my.wikipedia.org (မြန်မာဘာသာ) ဒီနေရာမှာတော့ my ကို မြန်မာလို့ပဲသတ်မှတ်ထားပါတယ်။

ဒီလောက်ဆိုအားလုံးတော်တော်များများသိထားလောက်ပြီလို့ထင်ပါတယ်။ ရေးစရာတွေကတော့ အများကြီးကျန်နေသေးတာအမှန်ပါ။ ဒါပေမယ့်မအားလပ်လို့ နည်းနည်းချင်းခွဲရေးနေရတာကိုတော့ ခွင့်လွတ်ပေးကြပါလို့။
နောက်အလျဉ်းသင့်ရင်လည်း ခေါ်ဆိုပုံလေးတွေအကြောင်း ဆက်လက်ဖော်ပြသွားဦးမှာဖြစ်လို့ ဒီဆိုဒ်လေးကို နောက်လည်း ဝင်ကြည့်ကြပါဦးဗျာ . . .။

No comments: