menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Windows 10 မတင်မီ ဘာတွေလုပ်ထားသင့်လဲ


Windows 10 မတင်ခင် ဘာတွေလုပ်ထားသင့်သလဲ 👨‍💻
ကွန်ပျူတာအခြေခံသင်ခန်းစာအပိုင်း(၉)#NCBCL-(9)👨‍💻
ကွန်ပျူတာ Windows OS တွေကို ကိုယ်တိုင်တင်တတ်ဖို့ 
Windows မတင်ခင် ကြိုတင်လုပ်ထားရမယ့် အရာများကို
သိထားသင့်ပါတယ်။ ဒါမှသာလျှင် ဝင်ဒိုးတင်သည့်အချိန်
အခက်ခဲမရှိ Windows တင်နိုင်မှာဖြစ်ပါတယ်။ Windows
တင်နည်းများကို 1.CleanInstallation,2.In-PlaceUpgrade,
3.Migration,4.DualBoot,5.Recovery System Image File
အမျိုးစား(၅)ခုခွဲပြီး လေ့လာရပါမယ်။


Windows 10 မတင်ခင် လုပ်ဆောင်ထားသင့်သော အရာများကို
ဖော်ပြပေးလိုက်ပါတယ်။


Windows 10 Install လုပ်ဖို့Hardware လိုအပ်ချက်တွေကို
အရင်သိထားရပါမယ်။ မော်ဒယ်နိမ့်နေတဲ့ ကွန်ပျူတာတွေမှာ
Windows 10 ကို Install လုပ်ချင်လို့မရပါဘူး။ Windows 10
တင်ဖို့အနည်းဆုံး Hardware လိုအပ်ချက်တွေကတော့ CPU က 
1GHz (or) 1GHz ထက်မြန်သော CPU ဖြစ်ရမယ်။ RAM က 
32-bit အတွက် 1GB, 64-bit အတွက် 2GB ရှိရမယ်။ HDD က 
32-bit အတွက် 16GB, 64-bit အတွက် 20GB ရှိရမယ်။
Graphics Card က DirectX 9 (or) WDDM 1.0 Driver ပါသော
Latest Graphic 1GB (or) 2GB လောက်ရှိရပါမယ်။ Display 
အနေဖြင့် 800x600 အကျယ်ရှိရပါမယ်။ ဒီလိုအပ်ချက်တွေနဲ့
ကိုက်ညီမှသာ Windows10 ကို အဆင်ပြေစွာတင်နိုင်ပါလိမ့်မယ်။

1.Clean Installation
Clean Installation ဆိုတာက ကွန်ပျူတာအသစ်၊ HDD အသစ်၊ 
အခုမှစဆင်မယ့် ကွန်ပျူတာတွေမှာ Windows တင်ခြင်း သို့မဟုတ်
တင်ထားပြီးသားရှိသော Windows OS ကို အကုန်ဖျက်ပြီး အစကနေ
ပြန်တင်သောနည်းကို ခေါ်ပါတယ်။ မည်သည့် Windows OS ကိုမဆို
Install တော့မယ်ဆိုရင် သိကိုသိထားရမယ့် အချက်လေးတွေရှိပါတယ်။
Windows 7 တင်မယ်ဆိုရင် Legacy Boot, MBR Partition Style ဖြစ်
ရပါမယ်။ Windows 10 ကို တင်ချင်ရင် UEFI Firmware နဲ့GPT
Partition Style ဖြစ်ရပါမယ်။ Windows 8,8.1 ကို တင်ချင်ရင် Legacy,
UEFI နှစ်ခုလုံးမှာ တင်နိုင်ပါတယ်။ ဒါပေမယ့် Microsoft ကတော့
UEFI နဲ့တင်ဖို့ပဲ Recommaned လုပ်ပါတယ်။ Legacy Boot, MBR 
Partition မှာ Windows 10 တင်လို့မရဘူးလား မေးရင်တော့ တင်လို့
ရပါတယ်။ ဒါပေမယ့် UEFI Firmware အတွက်သာ ထောက်ပံ့ပေးသော
Windows10 Fetuare အသစ်များကိုတော့ အသုံးပြုခွင့်ရှိမှာမဟုတ်ပါဘူး။ 
UEFI Firmware ဖြစ်နေပြီး HDD က MBR Partition ဖြစ်နေတယ်ဆိုရင်
တင်လို့ရမှာမဟုတ်သလို Legacy Boot ဖြစ်နေပြီး GPT Partition ဖြစ်
နေတယ်ဆိုရင်လည်း Windows 10 တင်လို့မရနိုင်ပါဘူး။ UEFI Firmware,
GPT သို့မဟုတ် Legacy BIOS, MBR Partition အဲ့ဒီနှစ်တွဲထဲကတစ်တွဲ 
ကိုက်ညီနေမှသာ Windows 10 တင်လို့ ရနိုင်မှာဖြစ်ပါတယ်။
နောက်တစ်ခု သိထားသင့်တာတစ်ခုကတော့ အခုရှိပြီးသား OS ကို
Delete, Format ချပြီး Version အသစ်ပြန်တင်မယ်ဆိုရင် Version
အဟောင်း OS C:\Users အောက်မှာရှိသော Desktop,Download,
Documents, Pictures အစရှိသော ဖိုဒါများတွင်ရှိသော ဖိုင်များကို
ပြန်လိုချင်တယ်ဆိုရင် Backup လုပ်၊ကူးထားရပါမယ်။ မကူးထားရင်
Format ချ၊အသစ်ဖြစ်သွားမှာဖြစ်တဲ့အတွက် အကုန်ပျက်သွားပါမယ်။
ကွန်ပျူတာကို ချိတ်ဆက်ထားသော Network, USB Device တွေကို
လည်း Windows တင်နေတဲ့အချိန် ခဏဖြုတ်ထားသင့်ပါတယ်။ 
2. In-Place Upgrade
In-Place Upgrade ဆိုတာကတော့ အခုရှိပြီးသား OS ကို အဆင့်မြင့်
တင်သောနည်းဖြစ်ပါတယ်။ အင်တာနက်ချိတ်ထားပြီး All Settings\
Update&Security\Windows Update ကနေတိုက်ရိုက်တင်လို့ရပါတယ်။
ဒီနည်းကို တင်သည့်အချိန်မှာ ပုံမှန်တင်သလိုပဲ ခွေကနေ Boot တက်ပြီး 
Upgrade နဲ့Custom ရွေးတဲ့နေရာမှာ Upgrade ကို ရွေးတင်နိုင်သလို 
Custom ထဲဝင်ပြီး Partition ရွေးသည့် နေရာမှာရှိပြီးသား OS ကို 
Delete မလုပ်,Format မချပဲ အဲ့ဒီ Windows OS Partitionကိုပဲ ရွေးပြီး 
Install လုပ်နိုင်သလို ကွန်ပျူတာကိုသုံးနေရင်းနဲ့DVD Drive ထဲ ခွေထည့်ပြီး 
Setup.exe ဖိုင်ကို Run လုပ်လိုက်ရင်လည်းရပါတယ်။ စက်ထဲမှာရှိသော
Apps,Settings,Files များကို Windows အဟောင်း Version ကအတိုင်း
သူ့နေရာနဲ့သူ ပြန်ရှိနေမှာဖြစ်ပြီး Windows Version နဲ့Feature များသာ 
ပြောင်းသွားမှာဖြစ်ပါတယ်။ OS Upgrade လုပ်တဲ့နေရာမှာလည်း 
OS Edition တူ၊OS bit တူမှသာ Upgrade လုပ်လို့ရနိုင်ပါတယ်။
အခုသုံးနေသော OS Version က Windows 8.1 Home Edition 
32 bit ကို Windows 10 Pro 64 bit လိုမျိုး Upgrade လုပ်လို့
မရနိုင်ပါဘူး။ Home Edition ကနေ Home Premium ကို မြင့်လို့ရပြီး 
Home Premium ကနေ Home ကိုတော့ နိမ့်လို့မရနိုင်ပါဘူး။
ဒီလိုမတူညီသော OS Editions,bit တွေကို ပြောင်းတင်ချင်ရင်တော့ 
Clean Installation ပြန်လုပ်ရပါမယ်။
3. Migration (HDD တစ်ခုသို့ပြောင်းလဲတင်ခြင်း)
Migration လုပ်တယ်ဆိုတာကတော့ ရှိနေပြီးသား OS တစ်ခုကို
တစ်ခြား HDD တစ်ခု သို့မဟုတ် SSD ထဲသို့ပေးပို့ပြောင်းလဲခြင်း၊
ကူးယူလိုက်ခြင်း၊ Clone ပွားလိုက်ခြင်းလိုမျိုးဖြစ်ပါတယ်။ ဒီနည်းကို
OS Version တစ်ခုကို စွဲစွဲမြဲမြဲအသုံးပြုနေချိန်၊တစ်ခြား Version ကို
လည်း ပြောင်းမသုံးချင်တဲ့အချိန် HDD က ပျက်ကိန်းဆိုက် ပြဿနာ
ဖြစ်လာတဲ့အချိန် လဲကိုလဲရတော့မယ်၊HDD အသစ်မှာ Windows ပြန်
တင် အချိန်မကုန်ခံချင်ဘူး။ ကိုယ်သုံးနေတဲ့အတိုင်း Settings တွေကို
လည်း HDD တစ်ခုမှာ အခုလက်ရှိသုံးနေတဲ့ OS အတိုင်း အကုန်ပြန်
သုံးချင်တဲ့အချိန်တွေမှာ Migration လုပ် ပြောင်းလဲသုံးကြပါတယ်။
ဆိုလိုတာက အခုသုံးနေတဲ့ Windows OS Version ကို တစ်ခြား
HDD,SSD အသစ်ထဲကို ပြောင်းတင်လိုက်တာဖြစ်ပါတယ်။
4. Dual Boot
Dual Boot လုပ်တာကိုတော့ ကွန်ပျူတာနဲ့မစိမ်းသူတိုင်း သိကြမယ်
ထင်ပါတယ်။ ကွန်ပျူတာတစ်လုံးထဲမှာ OS တစ်ခုမက တင်တဲ့နည်းကို
ဆိုလိုခြင်းဖြစ်ပါတယ်။ စက်မော်ဒယ်မြင့်ရင်မြင့်သလောက် Partition
တစ်ခုစီမှာ OS တစ်ခုစီ Windows XP,7,8,10,Server OS,Linux OS,
Android,Chrome အစရှိသော OS များစွာကို တင်ထားနိုင်ပါတယ်။
Windows 10 နဲ့Linux OS တစ်ခုကို တွဲတင်ထားချင်တယ်ဆိုရင်
Windows 10 ကို အရင် တင်ပြီးမှ Linux OS ကိုတင်ရပါမယ်။
5. Recovery System Image File 
ကွန်ပျူတာကို အသုံးပြုလို့ရနေတဲ့အချိန်မှာ Control Panel\
All Control Panel Items\Backup and Restore (Windows 7)
ထဲဝင်ပြီး System Image လုပ်ထားရင် အကြောင်းတစ်ခုခုကြောင့်
Windows မတက်နိုင်တော့တဲ့အအချိန် ပြန်ပြီး ဆယ်ယူနိုင်ပါတယ်။
Backup & Recovery လုပ်နည်းကို ရေးတင်း
ထားပြီးသားရှိပါတယ်။ 

ဒီနည်းက Install လုပ်နည်းမဟုတ်ပေမယ့် ပျက်သွားသော 
Windows OS ကို Backup နောက်ဆုံးလုပ်ထားသော အချိန်မှစပြီး
မပျက်ခင်အချိန်အထိ ပြန်ယူနိုင်ပါတယ်။ Upgrade or Full Installation 
Media ဆိုသော Windows Install လုပ်နည်းလည်းရှိပါသေးတယ်။
CREDIT 
NetComplus

No comments: