menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Computer Hardwars များကိုလေ့လာနည်း


ကျွန်တော်တို့ဆီမှာ ကွန်ပျူတာနဲ့ နေတိုင်းထိတွေ့အလုပ်လုပ်နေတဲ့လူအများစုဟာ Computer Hardware တွေကို လေ့လာတာဟာ ဆားဗစ်စင်တာတွေက တက်ကနစ်ရှန် တွေအလုပ် ငါတို့သိဖို့မလိုဘူးရယ်လို့ ယူဆထားလေ့ ရှိတယ်..
နောက်ဆုံး အိုင်တီသမားစစ်စစ်ရယ်လို့ ပြောရမယ့် Programmer တချို့ဆီမှာတောင်အဲ့လို အတွေးမျိုးရှိတယ်.. ကျွန်တော့်အမြင်တော့ ဒါဟာ တော်တော်လွဲမှားတဲ့အယူအဆတစ်ခုဖြစ်ပါတယ်.. ကိုယ်က ကွန်ပျူတာတစ်လုံးနဲ့ နေစဉ်အလုပ်လုပ်နေရတဲ့လူဆိုရင် အိုင်တီသမားစစ်စစ်မှရယ်မဟုတ်ဘူး ဂရပ်ဖစ် ဒီဇိုင်နာ၊ စာရင်းကိုင်၊ ဗွီဒီယို အယ်ဒီတာ ဘာဖြစ်ဖြစ် ကွန်ပျူတာ Hardware တွေကိုအတိုင်းအတာတစ်ခုအထိနားလည်အောင်လုပ်ထားသင့် ပါတယ်..

ဘာဖြစ်လို့လဲဆိုတော့ Professional ဖြစ်လာပြီဆို ကိုယ်လုပ်ရမယ့် အလုပ်ရဲ့ အတိုင်းအတာကို ကိုယ့်လောက် ဘယ်သူမှမသိပါဘူး.. အဲ့အခါမှာ ကိုယ်အလုပ်နဲ့ သင်တော့်မယ့် စက်ကိုရွေးချယ်ဖို့က ကိုယ့်မှာတာဝန်အရှိဆုံး ဖြစ်ပါတယ်..
ဆိုင်တွေကသိတယ်ဆိုတာ အသုံးများတဲ့အဆင့်အထိပဲသိတာပါ.. ဥပမာ ကိုယ်က ဂိမ်းနည်းနည်းပါးပါး ဆော့ဖို့လောက်ဆို ဘယ်လောက်သုံးရင် အဆင်ပြေမယ်ဆိုတာလိုမျိုးပေါ့ .. သူတို့အဲ့လို ညွှန်းပေးနိုင်တဲ့အတွက် အားလုံးကို သူတို့လက်ထဲပုံပြီးယုံလို့မရပါဘူး..

ဥပမာ လူအယောက် တစ်ရာလောက်သုံးမယ့် SharePoint Server တစ်ခုအတွက် Setup လိုမျိုးကို ဆိုင်တစ်ရာမှာ ကိုးဆယ့်ကိုးဆိုင်လောက်က မသိပါဘူး.. ကျွန်တော့် အတွေ့ အကြုံအရတော့ တစ်ရာမှာ တစ်ဆိုင်မှ မသိပါဘူး.. အဲ့လိုအခြေအနေမျိုးတွေမှာ Developer ကိုယ်တိုင်က စက်က ဘယ်နှစ်လုံးလိုမယ်.. Database အတွက် စက်ကိုဘယ်လိုဆင်မယ်. SharePoint Frontend အတွက်က ဘယ်လောက်လိုမယ် ဆိုတာလိုမျိုး ပြောနိုင်ရပါတယ်.

AMD ရဲ့ Ryzen CPU တွေထွက်လာတော့ Workstation တွေနဲ့ အလုပ်လုပ်ရတဲ့ လူအများစု စိတ်ဝင်စားကြတယ်. ဒါပေမဲ့ ၂၀၁၈ နှစ်လည် မတိုင်ခင်အထိတော့ Ryzen, Windows, Android Emulator စတဲ့ အတွဲအစပ်ဟာအလုပ်မလုပ်တဲ့အတွက် Ryzen တွေဟာ နောက်ဆုံးပေါ် Stock ROM တွေကိုသုံးချင်တဲ့ Android Developer တွေအတွက် ရွေးချယ်စရာ မဟုတ်ခဲ့ဘူး. မှားပြီးဆင်မိတဲ့ Developer တွေကတော့ Visual Studio က Emulator လိုမျိုးကိုသုံးရတာ.. ဒါမှမဟုတ် Linux ကိုပြောင်းသုံးရတာလိုမျိုး အခက်အခဲတွေရှိခဲ့တယ်..

ဒါဟာ ကျွန်တော်သိသလောက်ထဲက အနည်းအကျဉ်းလောက်ကို ပြောပြတာလောက်ပဲ.. တကယ်တမ်းမှာ ကိုယ်လုပ်ရမယ့်အလုပ်နဲ့ သင့်တော်မယ်စက် မရွေးတက်လို့ တက်တဲ့ ပြဿနာတွေဟာအများကြီးပဲ.. 3D Modeling လိုမျိုးကို တစ်ရုံးလုံး Laptop လေးတွေနဲ့ထိုင်လုပ်တာလိုမျိုး… သန်းနဲ့ချီတဲ့ Row တွေရှိတဲ့ data တွေကို laptop လေးတစ်လုံးနဲ့ Excel ထဲ Data Analysis လုပ်တာလိုမျိုး ကိုယ်စီးတဲ့မြင်း အထီးမှန်း အမမှန်းမသိလို့ မလိုအပ်ဘဲ လုပ်ငန်းခွင် တစ်ခုလုံးနှောင့်နှေးကြန့်ကြာနေမျိုးတွေကို မမြင်ချင်အဆုံး တွေ့ခဲ့ဖူးတယ် ..

အဲ့တော့ ကိုယ်က နေ့တိုင်းလို ကွန်ပျူတာတွေနဲ့ အလုပ်လုပ်နေရတဲ့လူဆိုရင် ကိုယ်လုပ်မယ့် အလုပ်အတွက် ဘယ်လိုစက်မျိုးသုံးရင်သင့်တော်မယ်ဆိုတာ ရွေးချယ်တက်အောင် Hardware တွေကို အတိုင်းအတာ တစ်ခုအထိ လေ့လာထားသင့်ပါတယ်...
 
Computer လေ့လာရန် အသေးစိတ် အချက်လက်များ..

Monitor တစ်လုံး ရွေးချယ်ရာတွင်
http://bit.ly/318qODD
Monitor Graphic Resolution အကြောင်း
http://bit.ly/2GokgqR
CPU အကြောင်း
http://bit.ly/2GtSj0Q
CPU တစ်လုံးရွေးချယ်ရာတွင်
http://bit.ly/37wyv8V
intel VS AMD
http://bit.ly/2U2G6b9
motherboard ရွေးချယ်ရာတွင်
http://bit.ly/2uFmrU1
Memory RAM ဆိုတာ
http://bit.ly/2Gqqq9E
SSD ဟူသည်
http://bit.ly/37xKS4q
M2 SSD ဟူသည်
http://bit.ly/2O2oyIA
Graphic card - GPU ဆိုတာ
http://bit.ly/2GqJu83
Power Supply အကြောင်း
http://bit.ly/2tUdZAu
Share & Save ကာ သိမ်းဆည်းထားပါ..

zawgyi

ကြၽန္ေတာ္တို႔ဆီမွာ ကြန္ပ်ဴတာနဲ႔ ေနတိုင္းထိေတြ႕အလုပ္လုပ္ေနတဲ့လူအမ်ားစုဟာ Computer Hardware ေတြကို ေလ့လာတာဟာ ဆားဗစ္စင္တာေတြက တက္ကနစ္ရွန္ ေတြအလုပ္ ငါတို႔သိဖို႔မလိုဘူးရယ္လို႔ ယူဆထားေလ့ ရွိတယ္..
ေနာက္ဆုံး အိုင္တီသမားစစ္စစ္ရယ္လို႔ ေျပာရမယ့္ Programmer တခ်ိဳ႕ဆီမွာေတာင္အဲ့လို အေတြးမ်ိဳးရွိတယ္.. ကြၽန္ေတာ့္အျမင္ေတာ့ ဒါဟာ ေတာ္ေတာ္လြဲမွားတဲ့အယူအဆတစ္ခုျဖစ္ပါတယ္.. ကိုယ္က ကြန္ပ်ဴတာတစ္လုံးနဲ႔ ေနစဥ္အလုပ္လုပ္ေနရတဲ့လူဆိုရင္ အိုင္တီသမားစစ္စစ္မွရယ္မဟုတ္ဘူး ဂရပ္ဖစ္ ဒီဇိုင္နာ၊ စာရင္းကိုင္၊ ဗြီဒီယို အယ္ဒီတာ ဘာျဖစ္ျဖစ္ ကြန္ပ်ဴတာ Hardware ေတြကိုအတိုင္းအတာတစ္ခုအထိနားလည္ေအာင္လုပ္ထားသင့္ ပါတယ္..
ဘာျဖစ္လို႔လဲဆိုေတာ့ Professional ျဖစ္လာၿပီဆို ကိုယ္လုပ္ရမယ့္ အလုပ္ရဲ႕ အတိုင္းအတာကို ကိုယ့္ေလာက္ ဘယ္သူမွမသိပါဘူး.. အဲ့အခါမွာ ကိုယ္အလုပ္နဲ႔ သင္ေတာ့္မယ့္ စက္ကိုေ႐ြးခ်ယ္ဖို႔က ကိုယ့္မွာတာဝန္အရွိဆုံး ျဖစ္ပါတယ္..

ဆိုင္ေတြကသိတယ္ဆိုတာ အသုံးမ်ားတဲ့အဆင့္အထိပဲသိတာပါ.. ဥပမာ ကိုယ္က ဂိမ္းနည္းနည္းပါးပါး ေဆာ့ဖို႔ေလာက္ဆို ဘယ္ေလာက္သုံးရင္ အဆင္ေျပမယ္ဆိုတာလိုမ်ိဳးေပါ့ .. သူတို႔အဲ့လို ၫႊန္းေပးႏိုင္တဲ့အတြက္ အားလုံးကို သူတို႔လက္ထဲပုံၿပီးယုံလို႔မရပါဘူး..
ဥပမာ လူအေယာက္ တစ္ရာေလာက္သုံးမယ့္ SharePoint Server တစ္ခုအတြက္ Setup လိုမ်ိဳးကို ဆိုင္တစ္ရာမွာ ကိုးဆယ့္ကိုးဆိုင္ေလာက္က မသိပါဘူး.. ကြၽန္ေတာ့္ အေတြ႕ အႀကဳံအရေတာ့ တစ္ရာမွာ တစ္ဆိုင္မွ မသိပါဘူး.. အဲ့လိုအေျခအေနမ်ိဳးေတြမွာ Developer ကိုယ္တိုင္က စက္က ဘယ္ႏွစ္လုံးလိုမယ္.. Database အတြက္ စက္ကိုဘယ္လိုဆင္မယ္. SharePoint Frontend အတြက္က ဘယ္ေလာက္လိုမယ္ ဆိုတာလိုမ်ိဳး ေျပာႏိုင္ရပါတယ္.
AMD ရဲ႕ Ryzen CPU ေတြထြက္လာေတာ့ Workstation ေတြနဲ႔ အလုပ္လုပ္ရတဲ့ လူအမ်ားစု စိတ္ဝင္စားၾကတယ္. ဒါေပမဲ့ ၂၀၁၈ ႏွစ္လည္ မတိုင္ခင္အထိေတာ့ Ryzen, Windows, Android Emulator စတဲ့ အတြဲအစပ္ဟာအလုပ္မလုပ္တဲ့အတြက္ Ryzen ေတြဟာ ေနာက္ဆုံးေပၚ Stock ROM ေတြကိုသုံးခ်င္တဲ့ Android Developer ေတြအတြက္ ေ႐ြးခ်ယ္စရာ မဟုတ္ခဲ့ဘူး. မွားၿပီးဆင္မိတဲ့ Developer ေတြကေတာ့ Visual Studio က Emulator လိုမ်ိဳးကိုသုံးရတာ.. ဒါမွမဟုတ္ Linux ကိုေျပာင္းသုံးရတာလိုမ်ိဳး အခက္အခဲေတြရွိခဲ့တယ္..
ဒါဟာ ကြၽန္ေတာ္သိသေလာက္ထဲက အနည္းအက်ဥ္းေလာက္ကို ေျပာျပတာေလာက္ပဲ.. တကယ္တမ္းမွာ ကိုယ္လုပ္ရမယ့္အလုပ္နဲ႔ သင့္ေတာ္မယ္စက္ မေ႐ြးတက္လို႔ တက္တဲ့ ျပႆနာေတြဟာအမ်ားႀကီးပဲ.. 3D Modeling လိုမ်ိဳးကို တစ္႐ုံးလုံး Laptop ေလးေတြနဲ႔ထိုင္လုပ္တာလိုမ်ိဳး… သန္းနဲ႔ခ်ီတဲ့ Row ေတြရွိတဲ့ data ေတြကို laptop ေလးတစ္လုံးနဲ႔ Excel ထဲ Data Analysis လုပ္တာလိုမ်ိဳး ကိုယ္စီးတဲ့ျမင္း အထီးမွန္း အမမွန္းမသိလို႔ မလိုအပ္ဘဲ လုပ္ငန္းခြင္ တစ္ခုလုံးေႏွာင့္ေႏွးၾကန႔္ၾကာေနမ်ိဳးေတြကို မျမင္ခ်င္အဆုံး ေတြ႕ခဲ့ဖူးတယ္ ..
အဲ့ေတာ့ ကိုယ္က ေန႔တိုင္းလို ကြန္ပ်ဴတာေတြနဲ႔ အလုပ္လုပ္ေနရတဲ့လူဆိုရင္ ကိုယ္လုပ္မယ့္ အလုပ္အတြက္ ဘယ္လိုစက္မ်ိဳးသုံးရင္သင့္ေတာ္မယ္ဆိုတာ ေ႐ြးခ်ယ္တက္ေအာင္ Hardware ေတြကို အတိုင္းအတာ တစ္ခုအထိ ေလ့လာထားသင့္ပါတယ္

No comments: