menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

CPU, Graphics Card နဲ့ RAM ရွေးနည်း


U
Unicode
ဂိမ်းကစားချင်လို့ Gaming Laptop ပဲဝယ်ဝယ်၊ Desktop ပဲဆင်ဆင် အရေးကြီးဆုံး အချက်က Processor နဲ့ Graphics Card ဘယ်လောက် Powerful ဖြစ်သလဲဆိုတာပါ။ Processor ကို Generation မြင့် Quad Core တလုံးလောက် ထည့်ထားလိုက်ရင် Gaming Performance လက်ခံလို့ရလောက်တဲ့ အနေထားရှိသွားပြီဆိုမယ့် အနှစ်ပြည့်ပြည့် ဂိမ်းကစားဖို့ ချင်တယ်ဆိုရင်တော့ Graphics ဘယ်လောက်လိုသလဲ၊ RAM ဘယ်လောက်သုံးမလဲဆိုတဲ့ ဆက်သွယ်ချက်ကို ကောင်းကောင်းနားလည်ထားဖို့ လိုပါလိမ့်မယ်။


Processor ကို ဘယ်လိုရွေးချယ်မလဲ

ပထမဦးဆုံး ကွဲကွဲပြားပြား ဖြစ်သွားစေချင်တာက ကိုယ်က Power User မလို့ Gamer မလို့ ရုံးသုံး၊ ကျောင်းသုံးအတွက်ဆိုပြီး အကန့်လေး ခွဲစေချင်တာပါ။ ဆိုလိုချင်တဲ့သဘောကို အမျိုးစားခွဲပြရမယ်ဆိုရင် High-end ၊ Mid-range နဲ့ Budget ဆိုပြီး ၃ မျိုး ရှိတယ်ဆိုတာပါ။ အခုလို Level ၃ မျိုးရှိတယ်ဆိုတာသိသွားရင် High-end Build တွက်ဆင်မလား? သူ့အတွက်ဆိုရင် $1500 အထက်ရှိနိုင်မယ်၊ Mid-range ဆိုရင်တော့ $1000 ဝန်းကျင်ပေါ့၊ ရိုးရိုးပဲ သုံးချင်တယ်ဆိုရင်တော့ $300 အောက်နဲ့ ရုပ်ရှင်လည်းကြည့်နိုင်၊ ပေါ့ပေါ့ပါးပါး ဂိမ်းကစားနိုင်တဲ့ ကွန်ပျူတာ တစ်လုံးဆင်လို့ ရတယ်ဆိုတာကို သဘောပေါက် စေချင်ပါတယ်။


Core i7 or Core i5

Intel Processor ထဲမှာ စွမ်းဆောင်ရည် အမြင့်ဆုံး Core i7 တွေကို Gaming Laptop ၊ Desktop တွေမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။ သူ့မှာပါလာတဲ့ Core အရေတွက် အများဆုံးရှိတာမလို့ Powerful ဖြစ်တယ်လို့ ပြောရတာပါ။ ဒါကြောင့်မလို့ Core i7 ၊ Core i9 စတာတွေကို Power User တွေ နှစ်သက်ကြသလို High-end Build ဆင်ချင်တဲ့လူမှ ရွေးချယ်ကြတာပါ။ သာမန် ရုံးသုံး၊ ကျောင်းသုံးအတွက် မလိုအပ်သလို Game ကစားချင်သူတွေ ဒေါ်လာ ၂၀၀ လောက် ချွေတာလိုက်ပြီး ပိုပြီး Strong ဖြစ်တဲ့ Graphics Card ရွေးချယ်လိုက်တာက ပိုသင့်တော်ပါတယ်။

အလယ်လတ်ဈေးနှုန်းနဲ့ Mid-range to High Performance ပိုင်ဆိုင်ထားတဲ့ Core i5 Processor တွေဟာ CPU သုံးဖို့ အရမ်းမလိုဘူး၊ ပုံမှန်ထက်ပိုတဲ့ စွမ်းဆောင်ရည်မျိုးနဲ့ အလုပ်လုပ်ချင်သူတွေအတွက် အသင့်တော်ဆုံးပါပဲ။ လုပ်ငန်းသုံးအတွက် သင့်တော်သလို Game ကစားချင်သူအတွက်လည်း Ready ဖြစ်နေတဲ့ Processor ပါပဲ။ နောက်ပြီး Core i5 ကို ရွေးချယ်တာ ကောင်းတယ်ဆိုတဲ့ နောက်တစ်ချက်က ရေရှည်မှာ ကြာကြာသုံးနိုင်သေးသလို အသစ်ထွက်လာမယ့် Software တွေကို ကောင်းကောင်းကိုင်တွယ်နိုင်ဦးမယ်ဆိုတာပါ။ ဒီလိုဆိုတော့ ဘယ်အတွက်ပဲ ကွန်ပျူတာဝယ်ဝယ် Core i5 လောက်ဆွဲထားလိုက်တာက ပိုကောင်းပါတယ်


Graphics Card ကိုရော ဘယ်လိုရွေးချယ်မလဲ

ဂိမ်းကစားဖို့ Graphics ဘယ်လောက်လိုသလဲဆိုတာကို In-game Setting အလိုက် ယေဘူယျ ပြောရမယ်ဆိုရင် 720p Resolution အတွက် 2GB က လုံလောက်မှု ရှိတယ်လို့ ပြောနိုင်ပါတယ်။ ဒီနေရာမှာ ဖြည့်စွက်ပြောချင်တာက In-game Setting ဆိုတာ Rendering Resolution Texture QualityLOD Distance နဲ့ Anti-aliasing Method ဘယ်လောက်ထားသုံးမလဲဆိုတဲ့ အချက်တွေက အတော်လေး စကားပြောမှာပါ။

ဘာဖြစ်လို့ Graphics 2GB ပါရဲ့သားနဲ့ 720p Resolution မှာပဲ ကစားလို့ရတယ် ဆိုတာက ဂိမ်းမှာသုံးထားတဲ့ Graphics Engine ပေါ်မူတည်ပြီး Render Resolution ကို လျှော့ချလိုက်လို့ပါ။ Render Resolution ကို ဥပမာပေးရမယ်ဆိုရင် Full HD Monitor တလုံးနဲ့ ဂိမ်းကစားမယ် ဆိုပါစို့။ ဒါဆိုရင် 1080p Resolution မှာ Render ချဖို့ သတ်မှတ်ထားတဲ့ VRAM (4GB) မပြည့်မှီဘူးဆိုရင် ပိုနိမ့်တဲ့ 720p Resolution နဲ့ Render ချဖို Graphics Performance ကို လျှော့ချပစ်လို့ပါ။

ဒါကြောင့်မလို့ Texture Quality နဲ့ LOD Distance စတဲ့ In-game Setting အားလုံး 720p Resolution နဲ့ပဲ အလုပ်လုပ်တော့လို့ ရုပ်ထွက်ကျသွားနိုင်ပါတယ်။ နောက်ပြီး DirectX Features တခုဖြစ်တဲ့ Anti-aliasing ဖွင့်ကစားလို့ မရသလို ရုပ်ထွက်ကလည်း မွဲတဲတဲ၊ တုံးတိကြီးဖြစ်နေမှာပါ။ အဲ့ဒါကြောင့် 2GB VRAM ပါတဲ့ Graphics Card အများစုက AAA ဂိမ်းတွေကို Resolution အနိမ့်မှာ Lowest Setting နဲ့ပဲ ကစားလို့ရနိုင်တာပါ။


RAM ကိုရော ဘယ်လောက်သုံးတာ အစဉ်ပြေမလဲ

ဒါပေမယ့် DOTA 2 နဲ့ CS:GO လို ဂိမ်းမျိုးအတွက် 2GB VRAM ပါတဲ့ Graphics Card တွေက အသင့်တော်ဆုံးလဲဖြစ်၊ ဈေးလည်းချိုတာမလို့ Esports Center အများစုမှာ အသုံးများနေတာပါ ။ဒီလိုပဲ 8GB RAM က ဂိမ်းကစားဖို့ လုံလောက်ရဲ့လားဆိုတာကို Multi-tasking မလုပ်ဘူး၊ ဂိမ်တမျိုးပဲ ကစားမယ်ဆိုရင်တော့ ပြဿနာမရှိပါဘူး။ ဒါပေမယ့် Mass Effect နဲ့ GTA လို Open World ဂိမ်းမျိုးကစားတဲ့အခါ တစ်ခါတရံ အစဉ်မပြောတာမျိုး ရှိပေမယ့် Performance သိသိသာသာ ကျသွားတာမျိုးမရှိပါဘူး။ RAM မနိင်ရင် ဂိမ်းကစားမရသလို Multi-tasking လုပ်ချင်တယ် ဂိမ်းလဲကစားချင်တယ်ဆိုရင်တော့ RAM များများ ထည့်ထားတာက ပိုအစဉ်ပြေမှာပါ။

No comments: