menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

iPhone များဟာ Country Region အလိုက် ဘာတွေကွဲပြားလဲ

iPhone များဟာ Country Region အလိုက် ဘာတွေကွဲပြားသလဲ။
———————»«———————
 iPhone ဝယ်ကြမယ့်မိတ်ဆွေများ အမေးများကြတဲ့ မေးခွန်းလေးရှိပါတယ်။ ဘယ်နိုင်ငံထုတ် iPhone လဲ?? ဆိုတဲ့မေးခွန်းလေးပါ။

 iPhone အားလုံးနီးနီးကိုတော့ တရုတ်ပြည်မှာပဲ တပ်ဆင်ထုတ်လုပ်ပါတယ်။ ပြီးမှ ရောင်းချမည့်သက်ဆိုင်ရာ Region များအလိုက် Region Code များခွဲပြီး ရောင်းချပေးပါတယ်။

» ဒီလိုရောင်းချတဲ့နေရာမှာ သက်ဆိုင်ရာ Country Region အလိုက် ဒေသဆိုင်ရာ နည်းဥပဒေများနဲ့အညီရောင်းချပေးရပါတယ်။ ဒါကြောင့် Country Region တစ်ခုနဲ့ တစ်ခု မတူညီတဲ့ Service လေးများ အနည်းငယ်ရှိပါတယ်။

» ဥပမာ -

မိတ်ဆွေဟာ UAE Region (AE/A) iPhone အသုံးပြုနေတယ်ဆိုရင်တော့ FaceTime Video Chat ကို သုံးစွဲလို့ရမှာမဟုတ်ပါဘူး။

» ဒါဟာဘာကြောင့်လဲဆိုတော့ Internet မှ Video, Audio ဝန်ဆောင်မှူများကို UAE အစိုးရမှ ပိတ်ပင်ထားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ Apple အနေနဲ့လည်း သူတို့ရဲ့ထုတ်ကုန်တွေကို UAE မှာတရားဝင်ရောင်းချတဲ့အခါ ဒီဝန်ဆောင်မှူတွေကို အသုံးပြုခွင့်မပေးဖို့ကို အစိုးရနဲ့ သဘောတူလက်မှတ်ထိုးထားရပါတယ်။

» UAE အစိုးရအနေနဲ့လည်း ၎င်းဝန်ဆောင်မှူတွေကို ပိတ်ပင်ထားရခြင်းရဲ့အကြောင်းအရင်းကတော့ ဒီဝန်ဆောင်မှူများကို အကြမ်းဖက်သမားများအနေနဲ့ လက်နှက်တစ်ခုအနေနဲ့ အသုံးပြုမှာကိုစိုးတဲ့အတွက် ပိတ်ပင်ရခြင်းလို့ဆိုပါတယ်။

» ဒီတော့ မိတ်ဆွေအနေနဲ့ UAE Region (AE/A) iPhone များကိုသုံးစွဲမယ်ဆိုရင်တော့ FaceTime App ကိုသွင်းလို့ရမှာမဟုတ်သလို သုံးလို့ရမှာမဟုတ်ပါဘူး။ UAE နိုင်ငံမှာနေထိုင်သူများအနေနဲ့လည်း FaceTime ပါဝင်တဲ့ တခြား Region iPhone များကိုသုံးစွဲမယ်ဆိုရင်တောင် UAE Network အတွင်းမှာဆိုရင်တော့ သုံးလို့ရမှာမဟုတ်ပါဘူး။ VPN သုံးမယ်ဆိုရင်တော့ အဆင်ပြေနိုင်ပါတယ်။

» Saudi Arabia နိုင်ငံမှာဆိုရင်လည်း iOS 11.3 အရှေ့ပိုင်း iOS များမှာ FaceTime ကို Support မပေးပါဘူး။

» Japan, Korea တို့မှာဆို Camera Shutter အသံဖျောက်လို့မရပါဘူး။

» အားသွင်းခေါင်းများဆိုရင်လည်း သက်ဆိုင်ရာတိုင်းပြည်များအလိုက် သတ်မှတ်ထားသည့် 3 Pin, 2 Pin စတာတွေလည်း ကွဲပြားမှူရှိပါတယ်။

» တချို့နိုင်ငံများတွင်လည်း Apple နှင့် Mobile Carrier တို့၏သဘောတူညီချက်များအရ မတူညီသော Network များတွင် အသုံးမပြုနိုင်စေရန် Locked ပြုလုပ်၍ ရောင်းချခြင်းများရှိပါတယ်။ ၎င်း Locked အလုံးများသည် သာမာန်ထက်ဈေးပိုချိုလေ့ရှိကြပြီး ရောင်းချသူအချို့မှ တရားမဝင် Unlocked ပြန်လည်ပြုလုပ်ကာ ရောင်းချခြင်းများလည်းရှိပါတယ်။ ထိုသို့ရောင်းချသောအလုံးများဟာ ဝယ်ယူဖို့လည်းမသင့်ပါဘူး။ ဈေးပေါတာကိုမက်ပြီး ဝယ်ယူကြသည့် customer များအနေနဲ့လည်း သတိထားဖို့လိုပါတယ်။

» After Sale Service အနေနဲ့လည်း ရောင်းချသည့်သက်ဆိုင်ရာ Apple အနေဖြင့် Region အလိုက် Warranty ကိစ္စများကိုဝန်ဆောင်မှူပေးပါတယ်။

»» ဒါကြောင့် iPhone ဝယ်ယူမည့်သူများအနေနဲ့လည်း မိမိတို့သုံးစွဲမည့်တိုင်းပြည်နှင့်ကိုက်ညီမှူရှိသော iPhone များကို ရွေးချယ်ဝယ်ခြင်းသာ အကောင်းဆုံးရွေးချယ်ခြင်းလည်းဖြစ်မှာပါ။

»» မြန်မာပြည်မှ iPhone User များအတွက်ကတော့ Apple မှ မြန်မာနိုင်ငံတွက် ရောင်းချခွင့်ပြုထားသော Apple Myanmar Warranty ပါဝင်သော iPhone များကို ရွေးချယ်ဝယ်ယူခြင်းဟာ အကောင်းဆုံးရွေးချယ်မှူဖြစ်မယ်လို့လည်း အကြံပြုပါရစေ။




iPhone မ်ားဟာ Country Region အလိုက္ ဘာေတြကြဲျပားသလဲ။
———————»«———————
 iPhone ဝယ္ၾကမယ့္မိတ္ေဆြမ်ား အေမးမ်ားၾကတဲ့ ေမးခြန္းေလးရွိပါတယ္။ ဘယ္ႏိုင္ငံထုတ္ iPhone လဲ?? ဆိုတဲ့ေမးခြန္းေလးပါ။
 iPhone အားလံုးနီးနီးကိုေတာ့ တရုတ္ျပည္မွာပဲ တပ္ဆင္ထုတ္လုပ္ပါတယ္။ ၿပီးမွ ေရာင္းခ်မည့္သက္ဆိုင္ရာ Region မ်ားအလိုက္ Region Code မ်ားခြဲၿပီး ေရာင္းခ်ေပးပါတယ္။
» ဒီလိုေရာင္းခ်တဲ့ေနရာမွာ သက္ဆိုင္ရာ Country Region အလိုက္ ေဒသဆိုင္ရာ နည္းဥပေဒမ်ားနဲ႔အညီေရာင္းခ်ေပးရပါတယ္။ ဒါေၾကာင့္ Country Region တစ္ခုနဲ႔ တစ္ခု မတူညီတဲ့ Service ေလးမ်ား အနည္းငယ္ရွိပါတယ္။
» ဥပမာ -
မိတ္ေဆြဟာ UAE Region (AE/A) iPhone အသံုးျပဳေနတယ္ဆိုရင္ေတာ့ FaceTime Video Chat ကို သံုးစြဲလို႔ရမွာမဟုတ္ပါဘူး။
» ဒါဟာဘာေၾကာင့္လဲဆိုေတာ့ Internet မွ Video, Audio ဝန္ေဆာင္မႉမ်ားကို UAE အစိုးရမွ ပိတ္ပင္ထားတဲ့အတြက္ေၾကာင့္ျဖစ္ပါတယ္။ Apple အေနနဲ႔လည္း သူတို႔ရဲ႕ထုတ္ကုန္ေတြကို UAE မွာတရားဝင္ေရာင္းခ်တဲ့အခါ ဒီဝန္ေဆာင္မႉေတြကို အသံုးျပဳခြင့္မေပးဖို႔ကို အစိုးရနဲ႔ သေဘာတူလက္မွတ္ထိုးထားရပါတယ္။
» UAE အစိုးရအေနနဲ႔လည္း ၎ဝန္ေဆာင္မႉေတြကို ပိတ္ပင္ထားရျခင္းရဲ႕အေၾကာင္းအရင္းကေတာ့ ဒီဝန္ေဆာင္မႉမ်ားကို အႀကမ္းဖက္သမားမ်ားအေနနဲ႔ လက္ႏွက္တစ္ခုအေနနဲ႔ အသံုးျပဳမွာကိုစိုးတဲ့အတြက္ ပိတ္ပင္ရျခင္းလို႔ဆိုပါတယ္။
» ဒီေတာ့ မိတ္ေဆြအေနနဲ႔ UAE Region (AE/A) iPhone မ်ားကိုသံုးစြဲမယ္ဆိုရင္ေတာ့ FaceTime App ကိုသြင္းလို႔ရမွာမဟုတ္သလို သံုးလို႔ရမွာမဟုတ္ပါဘူး။ UAE ႏိုင္ငံမွာေနထိုင္သူမ်ားအေနနဲ႔လည္း FaceTime ပါဝင္တဲ့ တျခား Region iPhone မ်ားကိုသံုးစြဲမယ္ဆိုရင္ေတာင္ UAE Network အတြင္းမွာဆိုရင္ေတာ့ သံုးလို႔ရမွာမဟုတ္ပါဘူး။ VPN သံုးမယ္ဆိုရင္ေတာ့ အဆင္ေျပႏိုင္ပါတယ္။
» Saudi Arabia ႏိုင္ငံမွာဆိုရင္လည္း iOS 11.3 အေရွ႕ပိုင္း iOS မ်ားမွာ FaceTime ကို Support မေပးပါဘူး။
» Japan, Korea တို႔မွာဆို Camera Shutter အသံေဖ်ာက္လို႔မရပါဘူး။
» အားသြင္းေခါင္းမ်ားဆိုရင္လည္း သက္ဆိုင္ရာတိုင္းျပည္မ်ားအလိုက္ သတ္မွတ္ထားသည့္ 3 Pin, 2 Pin စတာေတြလည္း ကြဲျပားမႉရွိပါတယ္။
» တခ်ိဳ႕ႏိုင္ငံမ်ားတြင္လည္း Apple ႏွင့္ Mobile Carrier တို႔၏သေဘာတူညီခ်က္မ်ားအရ မတူညီေသာ Network မ်ားတြင္ အသံုးမျပဳႏိုင္ေစရန္ Locked ျပဳလုပ္၍ ေရာင္းခ်ျခင္းမ်ားရွိပါတယ္။ ၎ Locked အလံုးမ်ားသည္ သာမာန္ထက္ေစ်းပိုခ်ိဳေလ့ရွိၾကၿပီး ေရာင္းခ်သူအခ်ိဳ႕မွ တရားမဝင္ Unlocked ျပန္လည္ျပဳလုပ္ကာ ေရာင္းခ်ျခင္းမ်ားလည္းရွိပါတယ္။ ထိုသို႔ေရာင္းခ်ေသာအလံုးမ်ားဟာ ဝယ္ယူဖို႔လည္းမသင့္ပါဘူး။ ေစ်းေပါတာကိုမက္ၿပီး ဝယ္ယူၾကသည့္ customer မ်ားအေနနဲ႔လည္း သတိထားဖို႔လိုပါတယ္။
» After Sale Service အေနနဲ႔လည္း ေရာင္းခ်သည့္သက္ဆိုင္ရာ Apple အေနျဖင့္ Region အလုိက္ Warranty ကိစၥမ်ားကိုဝန္ေဆာင္မႉေပးပါတယ္။
»» ဒါေၾကာင့္ iPhone ဝယ္ယူမည့္သူမ်ားအေနနဲ႔လည္း မိမိတို႔သံုးစြဲမည့္တိုင္းျပည္ႏွင့္ကိုက္ညီမႉရွိေသာ iPhone မ်ားကို ေရြးခ်ယ္္ဝယ္ျခင္းသာ အေကာင္းဆံုးေရြးခ်ယ္ျခင္းလည္းျဖစ္မွာပါ။
»» ျမန္မာျပည္မွ iPhone User မ်ားအတြက္ကေတာ့ Apple မွ ျမန္မာႏုိင္ငံတြက္ ေရာင္းခ်ခြင့္ျပဳထားေသာ Apple Myanmar Warranty ပါဝင္ေသာ iPhone မ်ားကို ေရြးခ်ယ္ဝယ္ယူျခင္းဟာ အေကာင္းဆံုးေရြးခ်ယ္မႉျဖစ္မယ္လို႔လည္း အႀကံျပဳပါရေစ။

No comments: