menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Windows 10 Action Center icon ကို ဘယ္လို ပိတ္မလဲ

Windows 10 မှာထည့်သွင်းပေးထားတဲ့ Action Center ဟာ notification တွေမှန်သမျှကို ဖော်ပြပေးတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ Action Center ကနေ အီးမေးလ်ဝင်ရောက်မှုတွေကို ကြည့်နိုင်သလို app တွေနဲ့ ပတ်သက်တဲ့ notification တွေဟာလည်း Action Center ရဲ့ icon မှာပေါ်နေမှာဖြစ်တဲ့အတွက် အသုံးဝင်ပါတယ်။ တကယ်လို့ Windows 10 Action Center icon ကို အသုံးမပြုချင်လို့ disable လုပ်မှာပဲ ဖြစ်ဖြစ် သုံးစွဲချင်လို့ Enable လုပ်ချင်တာပဲဖြစ်ဖြစ် ဖော်ပြထားတဲ့ နည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။
Action Center icon ကို enable ဒါမှမဟုတ် disable လုပ်ဖို့အတွက် built-in option ကို အသုံးပြုပြီး ပိတ်ထားနိုင်သလို registry editor ကနေလည်း လုပ်နိုင်ပါတယ်။ Built-in option ကို အသုံးပြုမယ်ဆိုရင် Taskbar မှာရှိတဲ့ Action Center icon ပေါ်မှာ right-click နှိပ်ပါ။ ပြီးရင် Don’t show app icon ဆိုတာကို နှိပ်ပြီး ပိတ်ထားနိုင်သလို အသုံးပြုမယ်ဆိုရင် Show app icon ဆိုတာကို ရွေးပေးရပါမယ်။


Registry editor ကနေ ပြင်ချင်တယ်ဆိုရင် Win + R key ကိုနှိပ်ပြီး Run box ကိုခေါ်ပါ။ ပြီးရင် regedit ဆိုတဲ့ command ကို ရိုက်ထည့်ရပါမယ်။ Registry editor ပွင့်လာရင် HKEY_CURRENT_USER\SOFTWARE\Microsoft\Windows\CurrentVersion\Notifications\Settings ဆိုတဲ့လမ်းကြောင်းအတိုင်းသွားပြီး ညာဘက်အခြမ်းမှာ right-click နှိပ်ပါ။ ပြီးရင် New > DWORD (32-bit) Value ဆိုတာကို ရွေးချယ်ရပါမယ်။ အဆိုပါ key file name ကို NOC_GLOBAL_SETTING_GLEAM_ENABLED ဆိုတဲ့ အမည်ပေးရပါမယ်။

အဆိုပါ key file ကို နာမည်ပေးပြီးရင် double-click နှိပ်ပြီး Value data ဆိုတဲ့နေရာမှာ 1 လို့ သတ်မှတ်လိုက်ရင် Action Center icon ကို ဖျောက်ထားပေးမှာဖြစ်ပြီး၊ 0 လို့သတ်မှတ်ထားပါက အလုပ်လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။

ပြီးသွားရင် Taskbar မှာ right-click နှိပ်ပြီး Task Manager ကိုရွေးပါ။ Task Manger ထဲကိုရောက်ရင် Processes ဆိုတဲ့နေရာမှာ Windows Explorer ဆိုတာကိုရွေးပြီး reset ခလုတ်ကို နှိပ်ပေးလိုက်ရင် စတင် အလုပ်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

-သီဟ

No comments: