menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Windows 10 On-Screen Keyboard ကို Enable/Disable ဘယ်လိုလုပ်မလဲ


Windows 10 မှာထည့်သွင်းထားတဲ့ on-screen keyboard ဟာ physical keyboard အသုံးပြုလို့ မရတော့တဲ့အချိန်မှာ အစားထိုး သုံးစွဲနိုင်ရန်အတွက် ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ On-screen keyboard ကို Ease of Access tool ထဲမှာ ထည့်သွင်းပေးထားပါတယ်။

Windows 10 on-screen keyboard ကို အသုံးမလိုလို့ disable ပြုလုပ်ချင်တာပဲဖြစ်ဖြစ် အသုံးပြုချင်တဲ့ အခါမှာ disable ဖြစ်နေလို့ on-screen keyboard ကို enable ပြုလုပ်ချင်တာပဲဖြစ်ဖြစ် ဖော်ပြပါ နည်းလမ်းအတိုင်းပြုလုပ် နိုင်ပါတယ်။

Start menu button ကို နှိပ်ပြီး settings ကိုရွေးချယ်ပေးရပါမယ်။ ပြီးရင် Ease of Access ဆိုတာကို နှိပ်ပါ။ ပြီးရင် Keyboard ဆိုတာကို ရွေးပြီး On-Screen Keyboard ဆိုတဲ့ toggle ကို အသုံးပြုမယ်ဆိုရင် On ပေးပြီး အသုံးမပြုချင်ဘူးဆိုရင် Off ပြုလုပ်ထားနိုင်ပါတယ်။


Registry editor ကနေ ပြင်ဆင်လိုတဲ့သူတွေကတော့ Win + R key ကို နှိပ်ပြီး Run box ကို ခေါ်လိုက်ပါ။ ပြီးရင် regedit ဆိုတဲ့ command ကိုရိုက်ထည့်ရပါမယ်။

Registry editor ထဲကိုရောက်ရင် HKEY_LOCAL_MACHINE > SOFTWARE > Microsoft > Windows > CurrentVersion > Authentication > LogonUI ဆိုတဲ့လမ်းကြောင်းအတိုင်းသွားပါ။

ညာဘက်မှာ ရှိတဲ့ဖိုင်တွေထဲက ShowTabletKeyboard ဆိုတဲ့ ဖိုင်ကို ရွေးပြီး double-click နှိပ်ရပါမယ်။ အသုံးပြုချင်တယ် ဆိုရင် Value data မှာ 1 လို့ရိုက်ထည့်ပြီး disable ပြုလုပ်ချင်တယ်ဆိုရင် 0 ကိုထည့်ရပါမယ်။

ဖော်ပြပါ နည်းလမ်း နှစ်မျိုးအတိုင်း Windows 10 ရဲ့ on-screen keyboard ကို enable, disable ပြုလုပ်နိုင်ပါ တယ်။

-သီဟ

No comments: