menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

blog post တွေကို fb ပေါ် auto ရောက်အောင်

Credit ပေးပါတယ်..
မင်္ဂလာဗျာ.. ကျနော် ဘလော့နည်းပညာပိုစ့်တွေကို   ရေးလည်း ရေးထ မရှိပါဘူး။ ကျနော်ထက် ကျွမ်းကျင်တဲ့ ဘလော့ကာဆရာတွေ အများကြီးမို့လို့ပါ.... ဒီပိုစ်ကိုလည်း ကျနော်ရဲ့ ချစ်အကိုကြီး သင်ဆရာ မြင်ဆရာဖြစ်တဲ့ ဘလော့ခရီးသည် က ညီရေးပေးပါလို့ တကူးတက တောင်းဆိုထားလို့ မတတ်တစ်ခေါက်နဲ့ သိတာလေးတွေကို အရှင်းလင်းဆုံး ရေးထားပေးလိုက်ရခြင်း ဖြစ်ပါတယ်ဗျာ။

ဒီပိုစ့်လေးက ကျနော်တို့ ဘလော့ကာ  ညီအကို သူငယ်ချင်း တွေအတွက် အရေးပါ အရာရောက်တဲ့ ပိုစ့်လေးဆိုလည်း မမှားပါဘူး။  ကျနော်တို့ Blogger မှာ တင်သမျှ ပိုစ့်တွေကို ပြန်ပြီ ရှယ်စရာမလိုပဲ့ Facebook ,Page,Group,Twitter,LinkedIn,တိုကို အော်တိုရောက်အောင် ပြုလုပ်နည်း ဖြစ်ပါတယ်။

           အောက်မှာ ပုံလေးတွေနှင့် တကွ သေခြာ ရှင်းပြထားတာ မို့ တစ်ဆင့်ချင်း  ပြုလုပ်သွားရုံနဲ့                  အဆင်ပြေလိမ်မယ်လို့  ယုံကြည့်ပါတယ်ဗျာ။

ပထမဆုံးအနေနဲ့   အောက်က လင့်ကို  ကလစ်ပြီ ဝင်လိုက်ပါ


                               

 
အဲမှာ အပေါ်က ပြထားတဲ့အတိုင်း Start Free Trial ဆိုတဲ့ စာတန်းလေးကို  ကလစ်ပါ။


ဒီမှာတော့  Facebook နဲ့ Sing Up  အရင်ပြုလုပ်ရမှာဖြစ်ပါတယ် ၊ ဘောက်ရဲ့ အောက်နားလေးက Okay ဆိုတာလေးကို ပြန် ကလစ် ပေးပါ။


 Facebook နဲ့ Sing Up ဝင်ပြီး www.symphonytools.com ဆိုဒ်မှာ အကောင့်ရပါပြီ ။


ဒီအဆင့် မှာ အပေါ်က Naxt Step ဆိုတာကို နှိပ်ပြီလည်း ဝင်လို့ရသလို့  အောက်က Add Profiles and Blogs နှိပ်ပြီ ဝင်လို့ ရပါတယ်။ ကျနော်ကတော့ Add Profiles and Blogs နှိပ်ပြီ အရင်ဝင်လိုက်ပါတယ်။
အဆင်ပြေသလို့ပေါ့ ဗျာ။


Connect Your Social Profiles  ဆိုတဲ့ ဘောက်လေး တက်လာရင်  Blogger မှာ တင်သမျှ ပိုစ့်တွေကို Facebook ,Page,Group,Twitter,LinkedIn,တိုကို အော်တိုရောက်အောင် ပြုလုပ်နည်း ရဲ့ အရေးကြီးတဲ့ Blog/ Rss/ Website  ကို အရင် ပြုလုပ်ရပါမယ်။ ဒီနေရာမှာ အထူးသတိထားဖို့ လိုအပ်တယ်ဗျာ။ Blog/ Rss/ Website ဆိုတာကို အရင် ကလစ်ပါ။

Register a New Blog ရဲ့ ဘောက်လေးမှာ Website Link  နေရာလေးမှာ မိမိဘလော့ ဆိုဒ်လင့်ကို ထည့်သွင်းပေးပြီး Next ဆိုတာကို ဆက်ပြီး ကလစ်သွားပါ။


ဒီမှာတော့  This Website  အစရှိနေသော စာတန်းလေးကို အမှတ် ခြစ်ပေးပြီး  Next ကိုဘဲ့ ဆက်ပြီး ကလစ်သွားလိုက်ပါ။
        အခုဆိုရင်တော့ ကျနော်ဆိုဒ် Register ပြုလုပ်ထားတဲ့  Blog/ Rss/ Website ရဲ့
        ဘောက်လေး ကို  တွေ့ရပါပြီ၊ အဓိကတော့ ဒီဘောက်လေးရှိနေဖို့ပါ  ဒါမှလည်း လုံးဝ  အဆင်ပြေမှန်၊
ပြီးရင်တော့ ဒီမှာ Add Profiles and Blogs  ဆိုတာကို နှိပ်ပြီ  ပြန်ဝင်ရပါမယ်။
 ဒီ Connect Your Social Profiles ရဲ့  ဘောက်လေးမှာ Facebook ,Twitter,LinkedIn သုံးခုမှာ
မိမိ နှစ်သက်ရာ အကောင့်တွေကို ဝင်နိုင်ပါတယ်။ ကျနော်ကတော့  Facebook ကို အရင် ဝင်လိုက်ပါတယ်။
ဒီမှာတော့ Facebook  နဲ့  Log In ဆိုတာကလစ်ပြီး  အောက်နားလေးက Okay ဆိုတာလေးကို ပြန်နှိပ်ပေးရပါမယ်။
ပြီးရင်ဒီဘောက်လေး ပေါ်လာရင်  အောက်နားလေးက Okay ဆိုတာလေးကို ပြန်နှိပ်ပေးလိုက်ပါ။
ဒီမှာလည်းဘဲ  Okay  ပေါ့နော်။
ပြီးရင်တာ့ Connect Your Social Profiles  ရဲ့ ဘောက်လေးမှာ မိမိ Facebook မှာ ရှိနေတဲ့ ,Page,နဲ့ Group တွေကို တွေ့ရပါပီ ။ Page,နဲ့ Group တော့မှာတော့ မိမိ အင်မင် ဖြစ်ထားဖို့လိုတယ်  နောဆိုရင် မရဘူး၊ အပေါ်က ပုံစံအတိုင်းလည်း တွေ့ရမှာ မဟုတ်ပါဘူး။ ခုမြင်တွေ့နေရတဲဟာတွေကတော့ ကျနော် ကိုယ့်ပိုင်  Facebook ,Page,Group, တွေပါ  အဲ့ဒါတွေကို Select ကို နှိပ်ပြီ  Selected ဖြစ်အောင် ကလစ်ပြီး အမှတ်လေး ဖြစ်အောင်  လုပ်ပေးရပါမယ်။
ကိုယ့် ရှယ် ချင်သလောက်ကို  Select ကို နှိပ်ပြီ  Selected လုပ်ပြီးရင်တော့ အောက်ဆုံးက Done ကို နှိပ်ပေးလိုက်ပါ။
ခုနားက Join ထားတဲ့ Facebook ,Page,Group တွေကို အပေါ်မှာ အခု တွေ့ရပါပြီ၊၊
ဒီလိုပဲ့ Twitterနဲ့ ,LinkedIn တွေကိုလည်း  မိမိ အကောင့်နဲ့  Log In  ဝင်ပြီ  ထည့်သွားနိုင်ပါတယ်၊၊
Twitter,နဲ့ LinkedIn တွေရဲ့ Join နည်းကို မရေးတော့ပါဘူး  အတူတူမို့လို့ပါ။

ပြီးရင်တော့ အပေါ်မှာ တွေ့နေရတဲ့ Next Step ကို ပြန်ဆက်နှိပ်ပေးရပါမယ်။

အပေါ်ကဆုံးက Welcome to your ....      Features ရှိနေတဲ့ စာတန်းလေးရဲ့ အောက်က Next Step  ကို ဆက်ကာ ဆက်ကာ နှိက်သွားပေးရမှာ ဖြစ်ပါတယ်။

ဒီမှာလည်းဘဲ့  .. Next Step  ပေါ့နော်။


 Next Step   ကိုဘဲ  ပြန်နှိပ်ပါ။


Next Step  တွေကိုပဲ့ ဆက်နှိပ်ပြီးရင်တော့ Done  တစ်ချက်နှိပ်ပြီးရင်တော့ ပြီးပါပြီ။


Auto Post your biogs to facebook and Twitter ရဲ့ ဘောက်မှာ အောက်က် Setup Syndcation ဆိုတာကို ပြန်ကလစ်ပေးလိုက်ပါ။


၁။ Choose a biog :  မှာ   မိမိဘလော့နာမည်ကို ရွေးပေးပြီး
၂။ Choose where to publish posts  မှာတော့ Sing Up ဝင်ထားတဲ့ Facebook ရဲ့ email အကောင့်ကို Verify ဖြစ်အောင် အရင်လုပ်ပေးဖို့ email  သို့ အရင်ပြန်သွားပါ။


ဒါမှ မဟုတ်  Account Settings >email Settings  ကိုသွားပြီး  မိမိအသုံးပြုချင်တဲ့ email  အသစ် တစ်ခုကို ချိန်းပြီး အစားထိုးပြီး ပြုလုပ်နိုင်ပါတယ်။ အဓိကတော  email  Verify ဖြစ်ဖိုပဲ့ လိုပါတယ်။


ကဲ့ email အကောင့်ကို ပို့လာတဲ့ စာအိပ်လေးမှာ Click here to Verify  your email. address. ဆိုတဲ့ စာတန်းလေးဖြင့်  ကလစ်ပေးရပါမယ်။

 Thanks your  email is Verified  စာတန်းအောက်က Continue ဆိုတာကို ထပ်ပြီ ကလစ်ပေးပါ။


ပြီးရင်တော့ Auto Post your biogs to facebook and Twitter ရဲ့ ဘောက်မှာ အောက်က  Setup Syndcation ဆိုတာကို ပြန်ကလစ်ပေးလိုက်ပါ။


၁။ Choose a biog :  မှာ မိမိ ဘလော့နာမည်ကို ရွေးပေးပြီး
၂။  အောက်ဆုံးက စာတန်း ဖြစ်တဲ့ Setect Profiles to publish To ကို ပြန် ကလစ်ပေးလိုက်ပါ။


 ခုမြင်တွေ့နေရတဲ့ Facebook ,Page,Group, တွေကို Select ကို နှိပ်ပြီ  Selected ဖြစ်အောင် ကလစ်ပြီး အမှတ်လေး လုပ်ပြီးရင်တော့  Done ပေါ့နော်..ဒါဆိုတော့ အဆင်ပြေပါပြီ။

ဒါကတော့ ကျနော်အခု   ပြုလုပ်တဲ့ Blogger မှာ တင်သမျှ ပိုစ့်တွေကို ပြန်ရှယ်ဖို့ အတွက် Facebook ,Page,Group တွေ ဖြစ်ပါတယ်။  ဒီလို့ ဖြစ်နေရင်တော့ ကိုယ့် ဘလော့မှာ နေ့စဉ် တင်နေတဲ့ ပိုစ့်တွေဟာ ကိုယ်တိုင် အချိန်ပေးပြီး ပြုလုပ်စရာ မလိုပဲ့ အော်တိုဘဲ့  Facebook ,Page,Group တွေ  ရောက်နေမှာပါဗျာ။


အသုံးမပြုချင်ဘူးဆိုရင်လည်း   Account Settings ကိုသွားပြီး  Delete Account  ကို နှိပ်ပြီး Save နဲ့ ဖျက်လိုက်ရုံပါဘဲ့။

ဒီလောက်ဆိုတော့ ဘလော့ နည်းပညာ ညီအကို သူငယ်ချင်းတွေ နည်းလည် သဘောပေါက် လုပ်တတ်လိမ့်မယ်လို့  ယုံကြည်ပါသည်။

တစ်ကယ့်လို့  နားမလည် ခဲ့ပါက ကျနော်ကို  တိုက်ရိုက် မေးမြန်းနိုင်ပါတယ် ကူညီပေးဖို့ အသင့်ပါပဲ့။

 အားလုံး အဆင်ပြေကြပါစေလို့ ။
၊၊မျှော်လင့်လျှက်ပါ။

 လင်းစွယ်စုံ(နည်းပညာမျှဝေခြင်း)

   http://www.linmss.org/

     အဆင်ပြေကြပါစေ။

No comments: