menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Camera အကြောင်း လေ့လာကြမယ်


Camera အကြောင်း....လေ့လာကြည့်ရအောင်
++++++++++++++++++++
အလင်း အမှောင် အရောင် နှင့် ပြတ်သား သည့် ပုံတစ်ပုံ ရရှိရန်အတွက် မဖြစ်မနေ သိရမည့် အချက်များ သို့မဟုတ် ဓာတ်ပုံရိုက်ကူးမှု အခြေခံ အကျဉ်း...

ပုံကောင်းတစ်ပုံ ရရှိမယ်လို့တော့ မဆိုလိုပါဘူး။ ဒါပေမယ့်

အလင်း အမှောင် အရောင် မှန်မှန်ကန်ကန် နဲ့ ဝေဝါးခြင်းမရှိပဲ

ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတစ်ပုံ ရရှိဖို့အတွက် ဆိုရင်တော့

အောက်မှာဖော်ပြမည့် အချက်တွေဟာ မသိမဖြစ်လိုအပ်ပါတယ်။

ဓာတ်ပုံပညာ လေ့လာရင်လေ့လာသလောက် ကျယ်ပြန့်ပါတယ်။

အဆုံးလဲရှိမယ်မထင်ပါဘူး။ Camera အသစ်တွေ နှစ်စဉ်ထွက်

နေသလို ရိုက်ကူးခြင်းဆိုင်ရာ နည်းစနစ်တွေလဲ အမြဲတမ်း

တိုးတက် ပြောင်းလဲ နေပါတယ်။

ဒါပေမယ့်လဲ သာမန်လူတစ်ဦးအတွက် ပုံတစ်ပုံကို မှန်မှန်ကန်ကန်

ရိုက်နိုင်ဖို့ အရမ်းခက်သလား ဆိုတော့လဲ သာမန်ညဏ်ရည်ရှိသူ

တစ်ဦးအတွက်တော့ အခက်ခဲကြီး မဟုတ်ပါဘူး။ ကင်မရာကို

ကိုင်ပြီး ဓာတ်ပုံစရိုက်မယ့်သူ အတွက် အခုဖော်ပြမယ့် အချက်

တွေကိုတော့ မသိမဖြစ်သိရပါမယ်။ ဒါမှသာ မှန်ကန်တဲ့ ပုံတစ်ပုံ

ရအောင် ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

# ကိုယ့် ကင်မရာအကြောင်း ကိုယ်သိပါ

ပထမဆုံး အနေနဲ့ ကိုယ်သုံးမယ့် ကိုယ်ကိုင်မယ့် Camera

အကြောင်းကိုတော့ သိကိုသိရပါမယ်။

ကိုယ်ကိုင်မယ့် ကင်မရာက DSLR လား Mirrorless လား

Nikon လား Canon လား စသဖြင့် အမျိုးအစား ကိုသိသင့်

ပါတယ်။


ကင်မရာ မှာပါတဲ့ ခလုတ်တွေ Dial တွေ ရဲ့ အလုပ်လုပ်ပုံ Camera Function Camera Setting စတာတွေကို မသိမဖြစ်သိမှသာ လိုချင်တဲ့ Setting တွေကို အလွယ်တကူ ပြောင်းလဲ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်က ဘယ် Mode နဲ့

ရိုက်ချင်လဲပေါ်မူတည်ပြီး လိုအပ်တဲ့ Aperture Shutter

Speed iso တွေကို ပြောင်းလဲရမှာ ဖြစ်တဲ့အတွက် ခလုတ်တွေ

မှာပါတဲ့ သင်္ကေတ အတိုကောင်စာလုံး အခေါ်အဝေါ်စတာတွေ

ကိုသိထားမှသာ ရိုက်ရတာ အဆင်ပြေ မြန်ဆန်မှာ ဖြစ်ပါတယ်။

ဒါတွေကို သိဖို့အတွက် Camera ဝယ်တုန်းက ပါလာတဲ့

Manual စာအုပ်နဲ့ တွဲဖက် လေ့လာထားရမှာဖြစ်ပါတယ်။

အကယ်၍ စာအုပ်မရှိရင် Internet ပေါ်မှ ရှာဖွေလေ့လာရပါ

မယ်။ Youtube မှ Video တွေကိုလဲ ကြည့်ရှုလေ့လာလို့

ရပါတယ်။

# ဒုတိယ အချက်အနေနဲ့ Exposure အခြေခံ ကို မသိမဖြစ်

သိထားရပါမယ်။

ဓာတ်ပုံရိုက်တယ်ဆိုတာ အလင်းရောင်ကို Camera နဲ့ ဖမ်းယူ

ပုံဖော်ခြင်းဖြစ်ပါတယ်။

အလင်းရောင်ကိုဖမ်းတဲ့ နေရာမှာ အလင်းအနဲ အများကို

အလင်းဝင်ပေါက်အရွယ် နဲ့ အလင်းဝင်တဲ့ အချိန်ပေါ်မူတည်ပြီး

အလင်းရောင်ကို ဖမ်းယူပါတယ်။ ဒါကို Aperture နဲ့

Shutter Speedလို့ခေါ်ပါတယ်။ ပြင်ပအလင်းရောင်ပေါ်

မူတည်ပြီး ဒီနှစ်ခုကို မျှတအောင်ချိန်ပေးမှသာ အလင်းအမှောင်

မှန်တဲ့ ပုံတစ်ပုံကို ရရှိမှာဖြစ်ပါတယ်။ ဒီနှစ်မျိုးအပြင် နောက်ထပ်

iso လို့ခေါ်တဲ့ အလင်းသိနိုင်အားကိုလဲ လိုအပ်လျင် ထပ်မံ

ချိန်ပေးရမှာဖြစ်ပါတယ်။ ဒီ သုံးမျိုးရဲ့ အခြေခံသဘော

အချင်းချင်းဆက်စပ်နေပုံ တို့ကို သိထားမှသာလျင် ပုံတစ်ပုံရဲ့

အလင်းအမှောင်ကို လိုအပ်သလို ပုံဖော်နိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် Aperture ကို ဘယ်လိုနေရာတွေမှာ ပြောင်းလဲ

အသုံးပြုသလဲ Shutter speed ကို ဘယ်လိုပုံမျိုးတွေမှာ

ပြောင်းလဲ အသုံးပြုရသလဲဆိုတဲ့ သဘောတရားတွေကို

သိထားမှသာ လိုချင်တဲ့ Deepth of field, လိုချင်တဲ့

လှုပ်ရှားမှု ပြတ်သားမှု ပုံရိပ်တွေကိုရိုက် နိုင်မှာ ဖြစ်ပါတယ်။

# ကိုယ်ရိုက်ကူးမည့် Camera Mode တွေရဲ့ အကြောင်းကို

သိရပါမယ်။


Depth of field ကိုပဲကစားချင်လို့ Aperture ကိုပဲကစားပြီး

Shutter speed ကို Camera က အလိုအလျောက်ချိန်ပေး

ချင်တာလား

လှုပ်ရှားနေတဲ့အရာတွေကို ကြည်လင်ပြတ်သား အဝေဝါးတွေ

ရိုက်ချင်လို့ Shutter speed ကိုပဲကစားပြီး Aperture ကို

Camera က ခလိုလျောက်ချိန်ပေးချင်တာလား

အလင်းအမှောင်ကို စိတ်ကြိုက် ပုံဖော်ချင်လို့ Camera တစ်ခုလုံးကိုယ်တိုင် ထိန်းချုပ်ချင်တာလား

စတာတွေပေါ်မူတည်ပြီး ရိုက်ကူးနိုင်တဲ့ Camera Mode

တွေအကြောင်းကို သိထားမှသာလျင် မှန်မှန်ကန်ကန် ရိုက်ကူး

နိုင်မှာ ဖြစ်ပါတယ်။

















 Camera ရဲ့ Focusing စနစ်အကြောင်းကို ပြောရင်ရင်

စတင်ရိုက်ကူးမယ့်သူတွေအတွက် ရှုပ်ထွေး ရှည်လျားပါတယ်။

ဒါကြောင့် လိုအပ်သလောက်ပဲပြောရရင်

ကိုယ်က ငြိမ်နေတဲ့ အရာကိုရိုက်မှာလား လှုပ်ရှားနေတဲ့အရာကို

ရိုက်မှာလား ဒါကိုမူတည်ပြီး Focus Modeတွေကို ပြောင်းနိုင်

ရပါမယ်။

Focus ဖြတ်တဲ့နေရာမှာလဲ Point တစ်နေရာကိုပဲ ယူမလား

Area တစ်ခုအနေနဲ့ ယူမလား ဒါကိုလဲ သိရမှာဖြစ်ပါတယ်။

Aperture ပေါ်မူတည်ပြီးလဲ ပြတ်သားတဲ့နေရာ အနည်းအများ

ပြောင်းလဲတယ် ဆိုတာလဲသိထားရမှာဖြစ်ပါတယ်။

စတင်ရိုက်ကူးမယ့် သူတွေအနေနဲ့ ကိုယ်ကြည်လင်ပြတ်သားချင်

တဲ့နေရာကို Focus မိအောင် Shutter ခလုတ်ကို တစ်ဝက်

ဖိထားပြီး Focus မိတဲ့ အစိမ်းရောင်လေး ပေါ်မှသာ ခလုတ်ကို

အဆုံးထိ နှိပ်ပြီး ရိုက်ကူးတတ်ရပါမယ်။ # White Balance







# Metering Mode များ

ကိုယ်က Aperture နဲ့ Shutter Speed ကိုစိတ်ကြိုက်ချိန်

ချင်လို့ Manual mode နဲ့ရိုက်မယ်ဆိုရင်တော့ Metering

ကို ထည့်သွင်းစဉ်းစားစရာ မလိုပေမယ့်

Aperture ကိုပဲ ချိန်ချင်ရင် ဒါမှမဟုတ် Shutter speed

ကိုပဲ ချိန်ချင်ရင်တော့ Metering ဆိုတဲ့ အလင်းရောင်ကို

Camera က တိုင်းတာတွက်ချက်ပြီး လိုအပ်တဲ့ Shutter

Speed နဲ့ Aperture ကိုလိုက်ဖြည့်ပေးတဲ့ Mode တွေ

အကြောင်းကို သိထားရမှာဖြစ်ပါတယ်။

အလင်းရောင်ကို နောက်ခံပေးထား တဲ့ပုံတွေမှာဆိုရင်

အနောက်ခံက လင်းနေပြီး အရှေ့က လူတွေက မှောင်နေတတ်ပါ

တယ်။ ကိုယ်က လူ ကို အလင်းအမှောင် အမှန်ဖြစ်အောင်ရိုက်ရင်

နောက်ခံက ပိုပြီးလင်းသွားတတ်သလို

အနောက်ခံကို အမှန်ယူရင်လဲ အရှေ့က လူက မှောင်သွားတတ်

ပါတယ်။ Metering ဆိုတာကလဲ Camera ကို ဘယ်နေရာရဲ့

အလင်းကိုတော့ အမှန်ယူပြီး တွက်ချက်ပါလို့ ခိုင်းလိုက်တဲ့

သဘောပဖြစ်ပါတယ်။

လူ့မျက်နှာတစ်ခု ထဲကိုပဲ အမှန်ရအောင် တိုင်းမလား

ဒါမှမဟုတ် တစ်ပုံလုံးကို အလင်းအမှောင် မျှတအောင်တိုင်းမလား

ဒါမှမဟုတ်ပုံရဲ့ တစ်စိတ်တစ်ပိုင်းလောက်ကိုပဲ တိုင်းမလား

စသဖြင့် Metering mode ကိုပြောင်းလဲပီး စေခိုင်းလို့ရပါ

တယ်။ ဒီသဘောကိုနားလည်ထားမှသာ ကိုယ်လိုချင်တဲ့ ပုံရိပ်ကို

မှန်ကန်တဲ့ အလင်းအမှောင်နဲ့ ရိုက်ကူး နိုင်မှာ ဖြစ်ပါတယ်။

# Focusing Mode

ဓာတ်ပုံရိုက်ကူးတဲ့ နေရာမှာ သာမန်အားဖြင့် ကြည်လင်ပြတ်သား

တဲ့ ပုံတစ်ပုံရရှိဖို့ အရေးကြီးပါတယ်။

ဒါကြောင့် ကိုယ်ရိုက်ချင်တဲ့ မြင်ကွင်းပေါ်မူတည်ပြီး Focus

Mode ကိုပြောင်းလဲရိုက်ကူးတတ်ဖို့လိုပါတယ်။



 အလင်းရောင် ဆိုတဲ့အတိုင်း အလင်းမှာအရောင်တွေပါနေပါတယ်

အလင်းက အရာဝတ္ထုတွေအပေါ် ရိုက်ခတ်ပြီး Camera စီကို

ရောက်တဲ့အခါ အလင်းအမျိုးအစားပေါ်မူတည်ပြီး အရာဝတ္ထု

တွေရဲ့ မူရင်းအရောင်တွေကို Camera ဖတ်ယူတဲ့အခါ အရောင်

တွေပြောင်းလဲသွားတတ်ပါတယ်။ ဒီသဘောကို White Balancce သို့ Color Temperature လို့လဲ သုံးတတ်ကြ

ပါတယ်။ သာမန်အားဖြင့် Auto White Balance AWB

Setting မှာထားပြီးရိုက်ကူးတတ်ကြပါတယ်။ ဒါပေမယ့်

ပြင်ပအရောင်နဲ့ Camera မှာပေါ်တဲ့အရောင်က အမြဲတမ်း

မတူပါဘူး။ အရောင်မမှန်တတ်ပါဘူး။ ကိုယ်က ပြင်ပမှာရှိတဲ့

အရောင်နီးပါးလိုချင်ရင်တော့ AWB ကိုပဲအားမကိုးပဲ ပြင်ပ

အလင်းအခြေအနေပေါ်မူတည်ပြီး WB ကိုလိုက်ပြောင်းပေး

နိုင်ရပါမယ်။



 အဓိကအားဖြင့် ကိုယ့်ရဲ့ပုံမှာ အပြာရောင်ဖက်ပိုသန်းနေလား

အဝါရောင်ဖက်ပိုသန်း နေသလားကိုကြည့်ပြီး Mode တွေကို

ပြောင်းလဲရိုက်ကူးကြည့်ပြီး အရောင်မှန်အောင် ရိုက်ကူးရမှာ

ဖြစ်ပါတယ်။



# Lens Basic

ကိုယ်ကိုင်တွယ်မယ့် Camera မှာ တပ်ဆင်မယ့် Lens တွေရဲ့

အခြေခံ အကြောင်းကို သိထားရပါမယ်။

ကိုယ်သုံးမယ့် Lens က Auto Focus ရလား Image Stabilization စနစ်ပါသလား ဆိုတားသိရပါမယ်။

Lens ရဲ့ focal length Range ကိုလဲသိရပါမယ်။

Aperture Range ကိုလဲသိထားရပါမယ်။

ဒါတွေသိထားမှသာ ကိုယ်ရိုက်ချင်တဲ့ မြင်ကွင်းနဲ့ သင့်တော်တဲ့

Lens အမျိုးအစားကို ရွေးချယ်၍ ဖြစ်စေ ကိုယ့်မှရှိတဲ့ Lens

နဲ့ပဲ အဆင်ပြေဆုံးရအောင် ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

နိဂုံးချုပ်ရရင် ဒီစာကိုဖတ်ပြီး ဓာတ်ပုံရိုက်ကူးတတ်မှာ မဟုတ်

ပေမယ့် ဓာတ်ပုံအခြေခံ ရိုက်ကူးတတ်ဖို့အတွက် မဖြစ်မနေသိထားသင့်တာ တွေကို ရေးသားထားတဲ့အတွက် မိမိသိဖို့လိုအပ်တာတွေကို အပိုင်းလိုက် အဆင့်လိုက် လေ့လာရလွယ်ကူစေမှာ

ဖြစ်ပါတယ်။

Camera အ​ေၾကာင္​း....​ေလ့လာၾကည္​့ရ​ေအာင္​
အလင္​း အေမွာင္​ အေရာင္​ နွင္​့ ျပတ္​သား သည္​့ ပံုတစ္​ပံု ရရိွရန္​အတြက္​ မျဖစ္​မေန သိရမည္​့ အခ်က္​မ်ား သို႔မဟုတ္​ ဓာတ္​ပံုရိုက္​ကူးမႈ အေျခခံ အက်ဥ္​း...
ပံုေကာင္​းတစ္​ပံု ရရိွမယ္​လို႔ေတာ့ မဆိုလိုပါဘူး။ ဒါေပမယ္​့
အလင္​း အေမွာင္​ အေရာင္​ မွန္​မွန္​ကန္​ကန္​ နဲ႔ ေဝဝါးျခင္​းမရိွပဲ
ၾကည္​လင္​ျပတ္​သားတဲ့ ဓာတ္​ပံုတစ္​ပံု ရရိွဖို႔အတြက္​ ဆိုရင္​ေတာ့
ေအာက္​မွာေဖာ္​ျပမည္​့ အခ်က္​ေတြဟာ မသိမျဖစ္​လိုအပ္​ပါတယ္​။
ဓာတ္​ပံုပညာ ေလ့လာရင္​ေလ့လာသေလာက္​ က်ယ္​ျပန္​႔ပါတယ္​။
အဆံုးလဲရိွမယ္​မထင္​ပါဘူး။ Camera အသစ္​ေတြ နွစ္​စဥ္​ထြက္​
ေနသလို ရိုက္​ကူးျခင္​းဆိုင္​ရာ နည္​းစနစ္​ေတြလဲ အၿမဲတမ္​း
တိုးတက္​ ေျပာင္​းလဲ ေနပါတယ္​။





ဒါေပမယ္​့လဲ သာမန္​လူတစ္​ဦးအတြက္​ ပံုတစ္​ပံုကို မွန္​မွန္​ကန္​ကန္​
ရိုက္​နိုင္​ဖို႔ အရမ္​းခက္​သလား ဆုိေတာ့လဲ သာမန္​ညဏ္​ရည္​ရိွသူ
တစ္​ဦးအတြက္​ေတာ့ အခက္​ခဲႀကီး မဟုတ္​ပါဘူး။ ကင္​မရာကို
ကိုင္​ၿပီး ဓာတ္​ပံုစရိုက္​မယ္​့သူ အတြက္​ အခုေဖာ္​ျပမယ္​့ အခ်က္​
ေတြကိုေတာ့ မသိမျဖစ္​သိရပါမယ္​။ ဒါမွသာ မွန္​ကန္​တဲ့ ပံုတစ္​ပံု
ရေအာင္​ ရိုက္​ကူးနိုင္​မွာ ျဖစ္​ပါတယ္​။
# ကိုယ္​့ ကင္​မရာအေၾကာင္​း ကိုယ္​သိပါ
ပထမဆံုး အေနနဲ႔ ကိုယ္​သံုးမယ္​့ ကိုယ္​ကိုင္​မယ္​့ Camera
အေၾကာင္​းကိုေတာ့ သိကိုသိရပါမယ္​။
ကိုယ္​ကိုင္​မယ္​့ ကင္​မရာက DSLR လား Mirrorless လား
Nikon လား Canon လား စသျဖင္​့ အမ်ိဳးအစား ကိုသိသင္​့
ပါတယ္​။
ကင္​မရာ မွာပါတဲ့ ခလုတ္​ေတြ Dial ေတြ ရဲ႕ အလုပ္​လုပ္​ပံု Camera Function Camera Setting စတာေတြကို မသိမျဖစ္​သိမွသာ လိုခ်င္​တဲ့ Setting ေတြကို အလြယ္​တကူ ေျပာင္​းလဲ ရိုက္​ကူးနိုင္​မွာ ျဖစ္​ပါတယ္​။ ကိုယ္​က ဘယ္​ Mode နဲ႔
ရိုက္​ခ်င္​လဲေပၚမူတည္​ၿပီး လိုအပ္​တဲ့ Aperture Shutter
Speed iso ေတြကို ေျပာင္​းလဲရမွာ ျဖစ္​တဲ့အတြက္​ ခလုတ္​ေတြ
မွာပါတဲ့ သေကၤတ အတိုေကာင္​စာလံုး အေခၚအေဝၚစတာေတြ
ကိုသိထားမွသာ ရိုက္​ရတာ အဆင္​ေျပ ျမန္​ဆန္​မွာ ျဖစ္​ပါတယ္​။
ဒါေတြကို သိဖို႔အတြက္​ Camera ဝယ္​တုန္​းက ပါလာတဲ့
Manual စာအုပ္​နဲ႔ တြဲဖက္​ ေလ့လာထားရမွာျဖစ္​ပါတယ္​။
အကယ္​၍ စာအုပ္​မရိွရင္​ Internet ေပၚမွ ရွာေဖြေလ့လာရပါ
မယ္​။ Youtube မွ Video ေတြကိုလဲ ၾကည္​့ရႈေလ့လာလို႔
ရပါတယ္​။
# ဒုတိယ အခ်က္​အေနနဲ႔ Exposure အေျခခံ ကို မသိမျဖစ္​
သိထားရပါမယ္​။
ဓာတ္​ပံုရိုက္​တယ္​ဆိုတာ အလင္​းေရာင္​ကို Camera နဲ႔ ဖမ္​းယူ
ပံုေဖာ္​ျခင္​းျဖစ္​ပါတယ္​။
အလင္​းေရာင္​ကိုဖမ္​းတဲ့ ေနရာမွာ အလင္​းအနဲ အမ်ားကို
အလင္​းဝင္​ေပါက္​အ႐ြယ္​ နဲ႔ အလင္​းဝင္​တဲ့ အခ်ိန္​ေပၚမူတည္​ၿပီး
အလင္​းေရာင္​ကို ဖမ္​းယူပါတယ္​။ ဒါကို Aperture နဲ႔
Shutter Speedလို႔ေခၚပါတယ္​။ ျပင္​ပအလင္​းေရာင္​ေပၚ
မူတည္​ၿပီး ဒီနွစ္​ခုကို မ်ွတေအာင္​ခ်ိန္​ေပးမွသာ အလင္​းအေမွာင္​
မွန္​တဲ့ ပံုတစ္​ပံုကို ရရိွမွာျဖစ္​ပါတယ္​။ ဒီနွစ္​မ်ိဳးအျပင္​ ေနာက္​ထပ္​
iso လို႔ေခၚတဲ့ အလင္​းသိနိုင္​အားကိုလဲ လိုအပ္​လ်င္​ ထပ္​မံ
ခ်ိန္​ေပးရမွာျဖစ္​ပါတယ္​။ ဒီ သံုးမ်ိဳးရဲ႕ အေျခခံသေဘာ
အခ်င္​းခ်င္​းဆက္​စပ္​ေနပံု တို႔ကို သိထားမွသာလ်င္​ ပံုတစ္​ပံုရဲ႕
အလင္​းအေမွာင္​ကို လိုအပ္​သလို ပံုေဖာ္​နိုင္​မွာ ျဖစ္​ပါတယ္​။
ဒါ့အျပင္​ Aperture ကို ဘယ္​လိုေနရာေတြမွာ ေျပာင္​းလဲ
အသံုးျပဳသလဲ Shutter speed ကို ဘယ္​လိုပံုမ်ိဳးေတြမွာ
ေျပာင္​းလဲ အသံုးျပဳရသလဲဆိုတဲ့ သေဘာတရားေတြကို
သိထားမွသာ လိုခ်င္​တဲ့ Deepth of field, လိုခ်င္​တဲ့
လႈပ္​ရွားမႈ ျပတ္​သားမႈ ပံုရိပ္​ေတြကိုရိုက္​ နိုင္​မွာ ျဖစ္​ပါတယ္​။
# ကိုယ္​ရိုက္​ကူးမည္​့ Camera Mode ေတြရဲ႕ အေၾကာင္​းကို
သိရပါမယ္​။
Depth of field ကိုပဲကစားခ်င္​လို႔ Aperture ကိုပဲကစားၿပီး
Shutter speed ကို Camera က အလိုအေလ်ာက္​ခ်ိန္​ေပး
ခ်င္​တာလား
လႈပ္​ရွားေနတဲ့အရာေတြကို ၾကည္​လင္​ျပတ္​သား အေဝဝါးေတြ
ရိုက္​ခ်င္​လို႔ Shutter speed ကိုပဲကစားၿပီး Aperture ကို
Camera က ခလိုေလ်ာက္​ခ်ိန္​ေပးခ်င္​တာလား
အလင္​းအေမွာင္​ကို စိတ္​ႀကိဳက္​ ပံုေဖာ္​ခ်င္​လို႔ Camera တစ္​ခုလံုးကိုယ္​တိုင္​ ထိန္​းခ်ဳပ္​ခ်င္​တာလား
စတာေတြေပၚမူတည္​ၿပီး ရိုက္​ကူးနိုင္​တဲ့ Camera Mode
ေတြအေၾကာင္​းကို သိထားမွသာလ်င္​ မွန္​မွန္​ကန္​ကန္​ ရိုက္​ကူး
နိုင္​မွာ ျဖစ္​ပါတယ္​။






 Camera ရဲ႕ Focusing စနစ္​အေၾကာင္​းကို ေျပာရင္​ရင္​
စတင္​ရိုက္​ကူးမယ္​့သူေတြအတြက္​ ရႈပ္​ေထြး ရွည္​လ်ားပါတယ္​။
ဒါေၾကာင္​့ လိုအပ္​သေလာက္​ပဲေျပာရရင္​
ကိုယ္​က ၿငိမ္​ေနတဲ့ အရာကိုရိုက္​မွာလား လႈပ္​ရွားေနတဲ့အရာကို
ရိုက္​မွာလား ဒါကိုမူတည္​ၿပီး Focus Modeေတြကို ေျပာင္​းနိုင္​
ရပါမယ္​။
Focus ျဖတ္​တဲ့ေနရာမွာလဲ Point တစ္​ေနရာကိုပဲ ယူမလား
Area တစ္​ခုအေနနဲ႔ ယူမလား ဒါကိုလဲ သိရမွာျဖစ္​ပါတယ္​။
Aperture ေပၚမူတည္​ၿပီးလဲ ျပတ္​သားတဲ့ေနရာ အနည္​းအမ်ား
ေျပာင္​းလဲတယ္​ ဆိုတာလဲသိထားရမွာျဖစ္​ပါတယ္​။
စတင္​ရိုက္​ကူးမယ္​့ သူေတြအေနနဲ႔ ကိုယ္​ၾကည္​လင္​ျပတ္​သားခ်င္​
တဲ့ေနရာကို Focus မိေအာင္​ Shutter ခလုတ္​ကို တစ္​ဝက္​
ဖိထားၿပီး Focus မိတဲ့ အစိမ္​းေရာင္​ေလး ေပၚမွသာ ခလုတ္​ကို
အဆံုးထိ နိွပ္​ၿပီး ရိုက္​ကူးတတ္​ရပါမယ္​။ # White Balance


# Metering Mode မ်ား
ကိုယ္​က Aperture နဲ႔ Shutter Speed ကိုစိတ္​ႀကိဳက္​ခ်ိန္​
ခ်င္​လို႔ Manual mode နဲ႔ရိုက္​မယ္​ဆိုရင္​ေတာ့ Metering
ကို ထည္​့သြင္​းစဥ္​းစားစရာ မလိုေပမယ္​့
Aperture ကိုပဲ ခ်ိန္​ခ်င္​ရင္​ ဒါမွမဟုတ္​ Shutter speed
ကိုပဲ ခ်ိန္​ခ်င္​ရင္​ေတာ့ Metering ဆိုတဲ့ အလင္​းေရာင္​ကို
Camera က တိုင္​းတာတြက္​ခ်က္​ၿပီး လိုအပ္​တဲ့ Shutter
Speed နဲ႔ Aperture ကိုလိုက္​ျဖည္​့ေပးတဲ့ Mode ေတြ
အေၾကာင္​းကို သိထားရမွာျဖစ္​ပါတယ္​။
အလင္​းေရာင္​ကို ေနာက္​ခံေပးထား တဲ့ပံုေတြမွာဆိုရင္​
အေနာက္​ခံက လင္​းေနၿပီး အေရွ႕က လူေတြက ေမွာင္​ေနတတ္​ပါ
တယ္​။ ကိုယ္​က လူ ကို အလင္​းအေမွာင္​ အမွန္​ျဖစ္​ေအာင္​ရိုက္​ရင္​
ေနာက္​ခံက ပိုၿပီးလင္​းသြားတတ္​သလို
အေနာက္​ခံကို အမွန္​ယူရင္​လဲ အေရွ႕က လူက ေမွာင္​သြားတတ္​
ပါတယ္​။ Metering ဆိုတာကလဲ Camera ကို ဘယ္​ေနရာရဲ႕
အလင္​းကိုေတာ့ အမွန္​ယူၿပီး တြက္​ခ်က္​ပါလို႔ ခိုင္​းလိုက္​တဲ့
သေဘာပျဖစ္​ပါတယ္​။
လူ႔မ်က္​နွာတစ္​ခု ထဲကိုပဲ အမွန္​ရေအာင္​ တိုင္​းမလား
ဒါမွမဟုတ္​ တစ္​ပံုလံုးကို အလင္​းအေမွာင္​ မ်ွတေအာင္​တိုင္​းမလား
ဒါမွမဟုတ္​ပံုရဲ႕ တစ္​စိတ္​တစ္​ပိုင္​းေလာက္​ကိုပဲ တိုင္​းမလား
စသျဖင္​့ Metering mode ကိုေျပာင္​းလဲပီး ေစခိုင္​းလို႔ရပါ
တယ္​။ ဒီသေဘာကိုနားလည္​ထားမွသာ ကိုယ္​လိုခ်င္​တဲ့ ပံုရိပ္​ကို
မွန္​ကန္​တဲ့ အလင္​းအေမွာင္​နဲ႔ ရိုက္​ကူး နိုင္​မွာ ျဖစ္​ပါတယ္​။
# Focusing Mode
ဓာတ္​ပံုရိုက္​ကူးတဲ့ ေနရာမွာ သာမန္​အားျဖင္​့ ၾကည္​လင္​ျပတ္​သား
တဲ့ ပံုတစ္​ပံုရရိွဖို႔ အေရးႀကီးပါတယ္​။
ဒါေၾကာင္​့ ကိုယ္​ရိုက္​ခ်င္​တဲ့ ျမင္​ကြင္​းေပၚမူတည္​ၿပီး Focus
Mode ကိုေျပာင္​းလဲရိုက္​ကူးတတ္​ဖို႔လိုပါတယ္​။
 အလင္​းေရာင္​ ဆိုတဲ့အတိုင္​း အလင္​းမွာအေရာင္​ေတြပါေနပါတယ္​
အလင္​းက အရာဝတၳဳေတြအေပၚ ရိုက္​ခတ္​ၿပီး Camera စီကို
ေရာက္​တဲ့အခါ အလင္​းအမ်ိဳးအစားေပၚမူတည္​ၿပီး အရာဝတၳဳ
ေတြရဲ႕ မူရင္​းအေရာင္​ေတြကို Camera ဖတ္​ယူတဲ့အခါ အေရာင္​
ေတြေျပာင္​းလဲသြားတတ္​ပါတယ္​။ ဒီသေဘာကို White Balancce သို႔ Color Temperature လို႔လဲ သံုးတတ္​ၾက
ပါတယ္​။ သာမန္​အားျဖင္​့ Auto White Balance AWB
Setting မွာထားၿပီးရိုက္​ကူးတတ္​ၾကပါတယ္​။ ဒါေပမယ္​့
ျပင္​ပအေရာင္​နဲ႔ Camera မွာေပၚတဲ့အေရာင္​က အၿမဲတမ္​း
မတူပါဘူး။ အေရာင္​မမွန္​တတ္​ပါဘူး။ ကိုယ္​က ျပင္​ပမွာရိွတဲ့
အေရာင္​နီးပါးလိုခ်င္​ရင္​ေတာ့ AWB ကိုပဲအားမကိုးပဲ ျပင္​ပ
အလင္​းအေျခအေနေပၚမူတည္​ၿပီး WB ကိုလိုက္​ေျပာင္​းေပး
နိုင္​ရပါမယ္​။
 အဓိကအားျဖင္​့ ကိုယ္​့ရဲ႕ပံုမွာ အျပာေရာင္​ဖက္​ပိုသန္​းေနလား
အဝါေရာင္​ဖက္​ပိုသန္​း ေနသလားကိုၾကည္​့ၿပီး Mode ေတြကို
ေျပာင္​းလဲရိုက္​ကူးၾကည္​့ၿပီး အေရာင္​မွန္​ေအာင္​ ရိုက္​ကူးရမွာ
ျဖစ္​ပါတယ္​။

# Lens Basic
ကိုယ္​ကိုင္​တြယ္​မယ္​့ Camera မွာ တပ္​ဆင္​မယ္​့ Lens ေတြရဲ႕
အေျခခံ အေၾကာင္​းကို သိထားရပါမယ္​။
ကိုယ္​သံုးမယ္​့ Lens က Auto Focus ရလား Image Stabilization စနစ္​ပါသလား ဆိုတားသိရပါမယ္​။
Lens ရဲ႕ focal length Range ကိုလဲသိရပါမယ္​။
Aperture Range ကိုလဲသိထားရပါမယ္​။
ဒါေတြသိထားမွသာ ကိုယ္​ရိုက္​ခ်င္​တဲ့ ျမင္​ကြင္​းနဲ႔ သင္​့ေတာ္​တဲ့
Lens အမ်ိဳးအစားကို ေ႐ြးခ်ယ္​၍ ျဖစ္​ေစ ကိုယ္​့မွရိွတဲ့ Lens
နဲ႔ပဲ အဆင္​ေျပဆံုးရေအာင္​ ရိုက္​ကူးနိုင္​မွာျဖစ္​ပါတယ္​။
နိဂံုးခ်ဳပ္​ရရင္​ ဒီစာကိုဖတ္​ၿပီး ဓာတ္​ပံုရိုက္​ကူးတတ္​မွာ မဟုတ္
ေပမယ္​့ ဓာတ္​ပံုအေျခခံ ရိုက္​ကူးတတ္​ဖို႔အတြက္​ မျဖစ္​မေနသိထားသင္​့တာ ေတြကို ေရးသားထားတဲ့အတြက္​ မိမိသိဖို႔လိုအပ္​တာေတြကို အပိုင္​းလိုက္​ အဆင္​့လိုက္​ ေလ့လာရလြယ္​ကူေစမွာ
ျဖစ္​ပါတယ္​။
Credit...













No comments: