menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

ဖျက်မိသော Data များ ပုံများ ကိုပြန်ယူနည်း

 

ဖျက်မိသော Data များ ပုံများ ကိုပြန်ယူနည်း
***စတယ်လာဖီးနစ်***
#Stellar Phoenix Windows Data Recovery
(Pro) 7.0.0.3 _x32_x64 (Repack)
-Repack ဗားရှင်းတို့ထုံးစံအတိုင်း...
-🔲.........hi.ru အမှန်ခြစ်ဖြုတ်ပါ...
-English Language (အမေရိကန်အလံ)ရွေးပေးပါ....
-ဆော့ဝဲဖွင့်၍ ဖူးလ်ဗားရှင်းအဖြစ်အသုံးပြုနိုင်ပြီဖြစ်သည်...
StellarPhoenix - 12.0 Mb.
Mega link... https://mega.nz/…


NEXT one....  
ကျွန်တော်ဆိုရင် File တစ်ဖိုင်ကို ဖျက်တဲ့အခါ အမြဲလိုလို Shift + Delete နဲ့ ဖျက်ပါတယ်။ အဲဒီလိုဖျက်ရင် File က Recycle Bin ထဲကို မရောက်သွားပဲ တစ်ခါတည်း ဖျက်သွားတာပါ။ အဲဒီရဲ့ အကျိုးဆက်က တစ်ခါတစ်လေ ဖျက်လိုက်တဲ့ file ကို ပြန်လိုချင်ရင် Recycle Bin ထဲမှာ ရှာလို့ မရတာပါ။ Recover လုပ်တဲ့ software တွေ မရှိဘူးလားဆိုရင်တော့ ရှိပါတယ်။ အရင်က ကျွန်တော် သုံးခဲ့ဖူးတာတွေက နှေးတဲ့အပြင် သိပ်ပြီး အသုံးမဝင်လို့ ကျွန်တော် မသုံးတာကြာပါပြီ။ ဒီနေ့တော့ တကယ်ကို သဘောကျစရာ recover sofware တစ်ခုကို တွေ့ပါတယ်။

CCleaner ကို သုံးဖူးကြသလား ?? စက်ထဲမှာ မလိုတဲ့ ဖိုင်တွေ (Temp, Prefetch, Cookies ) တွေကို ရှင်းပေးတဲ့ အစွမ်းထက် software လေ။ အခု ဒီ Recuva ( Recover လို့ အသံထွက်ပါတဲ့ ) ကိုလဲ အဲဒီ CCleaner ထုတ်တဲ့ Piriform ဆိုတဲ့ ကုမ္ပဏီကပဲ ထုတ်ထားတာလေ။ Recuva ကိုလဲ Free ပေးပါတယ်။ Windows Vista မှာလဲ သုံးလို့ရပါတယ်။
ကျွန်တော် သုံးဖူးသမျှ recovery software ထဲမှာတော့ recuva က အမြန်ဆုံးနဲ့ သုံးရတာ အဆင်အပြေဆုံးဖြစ်ပါတယ်။ Capicity 120 GB ရှိတဲ့ ကျွန်တော့် HDD ကို Scan ဖတ်တာ ၁၈ စက္ကန့်ပဲကြာတယ်လေ။ Recover လုပ်တော့လဲ အရမ်းမြန်ပါတယ်။ သုံးကြည့်ပါ။ ကြိုက်သွားမှာပါ။ ဆောင်ထားရင်လဲ မမှားတဲ့ software တစ်ခုပေါ့။
ကဲ.. intro တွေကို ရပ်ပြီး တကယ် အလုပ်လုပ်ကြည့်ရအောင်။

၁။ Recuva ကို ဒီမှာ  Download လိုက်ပါ ပြီးရင် Install ပေါ့။
၂။ ပြီးရင် Scan ကို နှိပ်လိုက်ပါ။


၃။ Scan ဖတ်တာ အတော်မြန်ပါတယ်။ ပြီးရင် အောက်မှာ list နဲ့ results တွေကို လာပြပေးပါတယ်။

  Recuva ကို Run လိုက်ပြီးရင် ကိုယ် စစ်ချင်တဲ့ Drive ကို ရွေးပေးလိုက်ပါ။
 ပြထားတဲ့အတိုင်းသွားပါ

 အမှတ်မခြစ်ပဲ ပုံမှာပြထားတဲ့အတိုင်း ဆက်သွားပါ

ဖျက်ထားသော ဖိုင်များကိုပြန်ယူပေးနေပါပြီ..
 ခုဆိုရင် ဖျက်မိတဲ့ပုံလေးတွေကို တွေ့ပါပြီး
ပြန်ယူမယ့် ပုံကို အမှတ်ခြစ်ပေးပြီး Recover ကိုနှိပ်ပါ

 ပုံများကို ထားမယ့်နေရာရွေးပေးလိုက်ပါ..
အဲဒါဆိုရင် ဖျက်မိသော ပုံများ ပြန်ယူနည်း လုပ်ငန်းပြီးဆုံးပါပြီ..
သို့သော်လည်း ၁၀ ပုံဖျက်မိရင် ၅ ပုံလောက်ပဲပြန်ရပါမယ်..
အကုန်လုံးလိုချင်ရင်တော့ Recuva Pro Software ဝယ်သုံးရပါမယ်..

အားလုံးပဲ အဆင်ပြေကြစေ..

No comments: