menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Macbook ကို ဆရာကျကျသုံးမယ်

MacBook ကို ဆရာကျကျ သုံးနည်းအချို့
================
Mac user များ သိပြီးဖြစ်နိုင်သလို ၊ မသိသေးတာလည်း ရှိနေနိုင်မယ့် အလွယ်တကူအသုံးပြုနိုင်မယ့် နည်းလမ်းကောင်းလေးများကို မျှဝေလိုက်ရပါတယ်။
Preview ကြည့်ခြင်း
============

မိမိ preview ကြည့်လိုတဲ့ file ကို Spacebar လေးတစ်ချက်ပုတ်လိုက်တာနဲ့ preview ကြည့်နိုင်တာလေးက အရမ်းကောင်းမွန်ပါတယ်။ photo, video, audio တွေတင်မကပဲ .psd file တွေတောင် ကြည့်လို့ရပါတယ်။ file တွေကို preview ချဲ့ကြည့်နိုင်လို့ windows မှာလို သက်ဆိုင်ရာ application တခုခုထပ်ဖွင့်ဖို့လည်းမလိုပဲ ပိုမိုလွယ်ကူလျင်မြန်စွား သုံးပြုနေနိုင်တာလည်းဖြစ်ပါတယ်။
Spotlight ကို အသုံးပြုခြင်း
=============
Cmd + Spacebar လေးကိုတွဲနှိပ်လိုက်ရင် ပေါ်လာတဲ့ Spotlight Search လေးဟာ Mac user တိုင်းအတွက် အရမ်းကောင်းတဲ့ အရာလေးပါ။ Apps တွေ file တွေ အလွယ်တကူရှာဖွေသုံးနိုင်လို့ Mac user တိုင်းနှစ်သက်ကြပါတယ်။ ဒါလေးဟာ Apps တွေ file တွေကို ရှာဖွေရုံတင်မကပဲ calculator အဖြစ်သုံးနိုင်တာတွေ internet ချိတ်ထားမယ်ဆို currencies exchange rate ကြည့်နိုင်တာတွေ၊ weather ကိုကြည့်နိုင်တာတွေလည်းပြုလုပ်နိုင်ပါသေးတယ်။ ဥပမာ - 5 + 6 လို့နှိပ်ကြည့်ပါ။ calculator app ကို တကူးတက ဖွင့်နေဖို့မလိုပဲ Spotlight နဲ့တင် အဆင်ပြေပါပြီ။
PDF File မှာ Digital sign ထိုးနည်း
==============
PDF file မှာ Sign ထိုးဖို့လိုအပ်တဲ့အခါ ပုံမှန်အတိုင်းဆိုရင်တော့ PDF file ကြီးကို print ထုတ်။ စာရွက်ပေါ်မှာ Sign ထိုး။ ပြီးရင် Scan ပြန်ဖတ်။ တကယ်အလုပ်ရှူပ်ပါတယ်။ Mac မှာတော့ ဒီလို အလုပ်မရှူပ်တော့ပဲ Digital sign ထိုးလို့ရပါတယ်။ ဘယ်လိုလုပ်မလဲဆိုတော့ PDF file ကို ကလစ်နှစ်ချက်နှိပ်ပြီး ဖွင့်လိုက်ပါ။ ထို့နောက် Menu bar မှ Tools > Annotate > Singature > Manage Signatures ကိုနှိပ်ပါ။ MacBook တွေမှာဆို trackpad ပေါ်မှနေလည်း Sign ထိုးလို့ရပါတယ်။ နောက်တစ်နည်းကတော့ အပြင်စာရွက်ပေါ်မှာ ထိုးထားတဲ့ Sign ကို Camera ဖွင့်ပြီး Scan ဖတ်လိုက်လည်းရပါတယ်။
Emoji Keyboard ကို အလွယ်တကူသုံးနည်း
==============
စာရိုက်နေရင်း emoji လေးတွေထည့်ဖို့လိုအပ်လာရင် mac မှာတော့ အလွယ်ကူဆုံးနည်းလမ်းနဲ့ အသုံးပြုနိုင်ပါတယ်။ ctrl+Cmd+Space ကိုတွဲနှိပ်ပါ။
Apps တစ်ခုမှ တခြား Apps သို့လျင်မြန်စွာ သွားကြည့်မယ်
==================
Hide ဖြစ်နေတဲ့ Apps တစ်ခုကနေ တစ်ခုကို လျင်မြန်မြန် ပြောင်းသွားနေလို့ရပါတယ်။ Cmd + Tab လေးကိုနှိပ်ပြီး ရွှေ့ပြောင်းသွားပါ။
စကားပြောဖြင့် စာရိုက်စေခြင်း
===========
MacBook သုံးရင်း စာတွေကို လက်နဲ့ရိုက်နေရတာ ညဉ်းငွေစရာဖြစ်နေရင် ပါးစပ်ကနေပြောပြီး စာရိုက်နိုင်ပါသေးတယ်။
Fn key လေးကို နှစ်ချက်ဆင့်နှိပ်လိုက်ပါ။ စကားပြောတဲ့ microphone icon လေးပေါ်လာပြီဆိုရင် ရိုက်ချင်တဲ့ စာသားတွေကို ပါစပ်ကနေပဲ ပြောလိုက်ယုံပါပဲ။ သာစကားအတော်များများ အဆင်ပြေပါတယ်။ (မှတ်ချက် ။ မြန်မာစကားတော့နားမလည်ပါ)
Screenshots ရိုက်နည်းအမျိုးမျိုး
=============
Mac မှာတော့ Screenshots ရိုက်နည်းက 6 မျိုးလောက်ရှိပါတယ်။
1) Cmd + shift + 4 = Capture လုပ်လိုတဲ့ ဧရိယာလေးသီးသန့် dragged ဆွဲယူလိုက်ပါ။ file ကတော့ desktop ပေါ်မှာ auto save သွားပါလိမ့်မယ်။
2) Cmd + shift + 3 = Screen တစ်ခုလုံးကို Capture လုပ်သွားပါလိမ့်မယ်။ file ကတော့ desktop ပေါ်မှာ auto save သွားပါလိမ့်မယ်။
3) Cmd + ctrl + shift + 3 = Screen တစ်ခုလုံးကို Capture လုပ်သွားပါလိမ့်မယ်။ file ကတော့ အသုံးလိုတဲ့နေရာမှာ Ctrl + V လေးနှိပ်ပြီး ယူပါ။
4) Cmd + ctrl + shift + 4 = Capture လုပ်လိုတဲ့ ဧရိယာလေးသီးသန့် dragged ဆွဲယူလိုက်ပါ။ file ကတော့ အသုံးလိုတဲ့နေရာမှာ Ctrl + V လေးနှိပ်ပြီး ယူပါ။
5) Cmd + shift + 4 + Space = Capture လုပ်ချင်တဲ့ window တစ်ခုလုံးကို screenshot ပါလိမ့်မယ်။ file ကတော့ desktop ပေါ်မှာ auto save သွားပါလိမ့်မယ်။
6) Cmd + ctrl + shift + 4 + Space = Capture လုပ်ချင်တဲ့ window တစ်ခုလုံးကို screenshot ပါလိမ့်မယ်။ file ကတော့ အသုံးလိုတဲ့နေရာမှာ Ctrl + V လေးနှိပ်ပြီး ယူပါ။
Copy ကူးစရာ text တွေကို text file အဖြစ်အမြန်တည်ဆောက်မယ်
====================
Web ကဖြစ်စေ တခြားတနေရာရာကဖြစ်စေ Text တွေ copy ကူးပြီး text file အဖြစ်သိမ်းထားလိုတဲ့အခါ Mac user တွေအတွက် အလွယ်ဆုံးနည်းလမ်းလေးရှိပါတယ်။ copy ကူးလိုတဲ့ text တွေအကုန် select မှတ်ပါ။ ထို့နောက် စက္ကန့်အနည်းငယ်ဖိ၍ သိမ်းဆည်းလိုသောနေရာ (ဥပမာ - desktop) သို့ဆွဲယူလိုက်ပါ။ text file လေး တည်ဆောက်သိမ်းဆည်းပေးသွားပါလိမ့်မယ်။
Summarize Text အလွယ်မှတ်မယ်
=================
သူကလည်း အပေါ်မှာ text တွေ copy ကူးသလိုပဲ မှတ်သားစရာ text တွေကို အလွယ်မှတ်နည်း တစ်နည်းပါပဲ။ မှတ်သားလိုတဲ့ text တွေကို select မှတ်။ right click နှိပ်။ “Summarize” ကို ဆက်နှိပ်ပေးပါ။ summarize text file လေးကိုရောက်သွားပါမယ်။ ပြီးရင်တော့ save ပေးပါ။ တကယ်လို့ summarize feature လေး off နေရင်တော့ user အနေနဲ့ ဖွင့်ပေးဖို့လိုပါတယ်။ status bar မှ app name ကိုနှိပ်ပါ။ Service > Services Preferences ကိုနှိပ်ပါ။ scroll down လေးဆွဲသွားပြီး “Summarize” ကိုရှာဖွေ၍ တွေ့ရှိက အမှန်ခြစ်လေးပေးထားပါ။ ဒါဆိုရင်တော့ “Summarize” ကိုသုံးလို့ရပါပြီ။
1️⃣

No comments: