menu
@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..
Computer Windows မတက်ခဲ့ရင်
တစ်နေ့ သင်ဟာ သင့်ရဲ့ Computer ကို ဖွင့်လိုက်တဲ့ အခါမှာ Windows ကတတ် မလာပဲ ပြုတ်ပြုတ် ကျ နေတယ်ဆိုရင် ဘာလုပ်မလဲ။Winodws ဘာကြောင့် မတတ်တော့ တာလဲဆိုတာ မတတ်တဲ့ အကြောင်းအရင်း အမျိုးမျိုးရှိပါတယ်။ အထူးအဆန်း လဲ မဟုတ်ပါဘူး ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ပြသာနာ တစ်ခုပါ။ဒါကြောင့် ကျွန်တော်တို့ နည်းနည်း Troubleshoot လုပ်ကြည့်ရအောင်။
ပထမဦး ဆုံးစဉ်းစား ရမှာ က ဒီ Windows မပျက်ခင် တုံးက ဘာတွေ အပြောင်းအလဲ လုပ်ထားလဲ
Hardware Driver အသစ်တစ်ခုခု Install လုပ်ထားလား
Hardware အစိတ်အပိုင်း တစ်ခုခု ပြောင်းလဲ ထားလား
ဒါမှ မဟုတ် Hardware အစိတ်ပိုင်းတွေကို ဖြုတ်ထား တပ်ထားလား
အထဲ ထဲက တစ်ခုခု လွတ်နေရင်လည်း Windows Boot မတတ်နိုင်ပါဘူး။
Hardware Driver အသစ်တစ်ခုခု Install လုပ်ထား တယ်ဆိုရင်လည်း Install လုပ်လိုက်တဲ့ Driver က သင့်ရဲ့ တပ်ထားတဲ့ Hardware နဲ့ မကိုက်ညီရင် လည်း ဖြစ်နိုင်ပါတယ်။
Hardware အစိတ်အပိုင်း တစ်ခုခု ပြောင်းလဲ ထား တယ်ဆိုရင် သင်ပြောင်းလိုက်တယ့် Hardware က သင့်ရဲ့ စက်နဲ့ မကိုက် ညီလို့ လည်း ဖြစ်နိုင်ပါတယ်။
Computer က လုံး၀ Power မ On ဘူး
Computer က လုံး၀ Power မ On ဘူးဆိုရင် ဖြစ်နိုင်တာကတော့ Computer ကနေသွားတဲ့ Main cable က လွတ်နေတာလဲ ဖြစ်နိုင်ပါတယ်။ Main cable ကိုက ပျက်နေတာလဲ ဖြစ်နိုင်ပါတယ်။
Desktop Computer ဆိုရင် System ပုံးရဲ့ နောက်မှာ ရှိတဲ့ Power Supply ကို On/Off လုပ်ပေးတဲ့ Switch ကို On ထားလား Off ထားလား တစ်ချက် စစ်ဆေး ကြည့်သင့်ပါတယ်။ဒါတွေ လုပ်ပြီး လို့မှ
Power မပွင့်သေးဘူး ဆိုရင် သေချာတာ ကတော့ Power Supply သေနေ လို့ Power မ On တော့တာပါ။
နောက်တစ်ခုက သင့်ရဲ့ Monitor - တစ်ကယ်လို့ သင့်ရဲ့ System က Power ပွင့်တယ် ဒါပေမယ့် Monitor မှာ ဘာမှ မပေါ်လာ ဘူးဆိုရင် သင့် Monitor ရဲ့ Power Cable တွေနဲ့ VGA (သို့) HDMI cable တွေကို စစ်ဆေးကြည့်ပါ။
Computer က Power လည်း On တယ် Monitor လည်း လာတယ် ဒါပေမယ့် No Bootable Device လို့ပြနေတယ် -
သင့်ရဲ့ Computer က Power လည်း On တယ် Monitor လည်း လာတယ် ဒါပေမယ့် No Bootable Device လို့ပြနေတယ် ဒါမှမဟုတ် တစ်ခြား Disk error Massage တွေပြနေတယ်ဆိုရင်
သင့်ရဲ့ Computer က Windows တင်ထားတဲ့ Hardisk ကို မတွေ့ လို့ဖြစ်ပါတယ်။ဒါဆိုရင် သင့် Computer ရဲ့ BIOS Setting (သို့) UEFI setup ထဲကို ဝင်ပြီး First boot device မှာ
သင် Windows တင်ထားတဲ့ Hardisk ကိုထားပေးပါ။
တကယ်လို့ BIOS ထဲမှာ Hardisk ကို မတွေ့ရင် ဒါ Hardisk နဲ့ဆိုင်ပြီ ဒါဆိုရင် Hardisk ကနေသွားတဲ့ IDE Cable (သို့) SATA Cable စစ်ဆေးကြည့်ပါ။စစ်ကြည့်လို့ Cable တွေကောင်းနေရင် ဒါ Hardisk လစ်သွားပြီ။
Hardisk ကိုလည်း တွေ့တယ် First Boot Device မှာလည်းထား ထားတယ် ဒါပေမယ့် Boot မတတ်ဘူး -
တကယ်လို့ သင်ဟာ Hardisk ကိုလည်း တွေ့တယ် First Boot Device မှာလည်းထား ထားတယ် ဒါပေမယ့် Boot မတတ်ဘူး တော့ဘူးဆိုရင် Windows တင်တဲ့ အခွေထည့်ပြီး Windows
တင်လိုက်ပါ အဆင်ပြေသွားပါလိမ့်မယ်။
အားလုံးအဆင်ပြေကြပါစေ။
credit; Premium Notes
zawgyi
No comments: