menu
@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..
CPU တစ်လုံးရွေးချယ်ရာတွင်
PC တစ်လုံးအတွက် CPU တစ်လုံးကို ကိုယ်နဲ့ ကိုက်ညီအောင်ဘယ်လို ရွေးချယ်မလဲ.....👇
မူရင်းတင်သူအား Credit ပေးပါသည်..
PC အသစ်တစ်လုံးဆင်တဲ့နေရာမှာ CPU ကတော်တော်လေး အရေးကြီးတဲ့ ကဏ္ဍ ကနေပါဝင်ပါတယ်။ Clock Speeds နဲ့ Core counts တွေက CPU တစ်လုံးရဲ့ Overall Performance ကို သိသာစေပါတယ်။ Task တွေလုပ်တဲ့အခါ ပိုပြီး Responsive ဖြစ်မယ်။Game Playတွေ ပိုပြီး Smooth ဖြစ်မယ်။Video Transcoding Task လိုမျိုး Intensive ဖြစ်တဲ့ Task တွေကို ပို smooth ဖြစ်စေမယ်။....
နောက်ပြီး သင်ဝယ်မယ့် CPU ကိုလိုက်ပြီး မှန်ကန်တဲ့ Motherboard နဲ့ CPU socket တွေကို ရွေးချယ်နိုင်ရပါမယ်။...
Ok ကျွန်တော်တို့ ဆက်ကြတာပေါ့။....
ပထမဆုံး CPU အတွက် ရွေးချယ်စရာ အဓိက Brand နှစ်မျိုး ရှိပါတယ်။ ခဗျားတို့သိတဲ့အတိုင်း Intel နဲ့ AMD ပေါ့။
အခုထွက်ထားတာကတော့ AMD ထဲမှာဆိုရင် အမြင့်ဆုံးအနေနဲ့ Ryzen 2000 series ရယ် Intel ထဲမှာဆိုရင် 9th Generation core i9 တွေပေါ့။..ဟုတ်ပြီ။...
ဘယ်ဟာကိုရွေးချယ်မလဲ....
သင်က Gaming နဲ့ Browsing ပိုင်းကို အဓိက လုပ်မယ်ဆိုရင် Intel က အနည်းငယ် ပိုကောင်းနိုင်ပါတယ်။ Video Editing လို Task တွေအတွက်ဆိုရင်တော့ AMD CPU တွေက ပိုကောင်းတဲ့ ရွေးချယ်မှု ဖြစ်မှာပါ။
နောက်ပြီး Clock Speed...(Important)..👇
Clock Speed က CPU တစ်လုံးအတွက် အရေးကြီးပါတယ်။ ...ပြောရမယ်ဆိုရင် Core များတာက အကြာကြီး အချိန်ယူ လုပ်ရမယ့် Task တွေကို ပိုမြန်မြန်ပြီး စေပါတယ်။ Clock Speed များတာက Gaming လိုမျိုး Task တွေကို Snappierပိုဖြစ်စေတာပေါ့။...
နောက်ပြီး ဖြစ်နိုင်ရင် Latest Generation CPU တွေကိုပဲဝယ်ပါ။...Old Gen တွေကို ဝယ်ပြီး နောက်နှစ်တွေမှာ အဆင်မပြေတော့ရင် လဲလည် ရင် ပိုကုန်နိုင်ပါတယ် ။ ဆိုတော့...တတ်နိုင်ရင် Latest Gen ကိုပဲဝယ်စေချင်ပါတယ်။
Budgets for a system...👇
Powerful ဖြစ်တဲ့ CPU တစ်လုံးကို ရွေးချယ်ပြီးပြီဆိုရင် Ram တွေ Storage တွေ graphics card တွေကိုလည်း Powerful ဖြစ်ပါစေ။... Weak နေတာမျိုးက CPU performance ကို အပြည့်အဝ အသုံးချစေနိုင်မှာ မဟုတ်ပါဘူး။ နောက်ပြီး Overclocking လုပ်တာက လူတိုင်းအတွက် မလိုအပ်ပါဘူး။Overclock လုပ်ဖို့အတွက် တစ်သိန်း လောက်ပို အကုန်ကျခံစရာမလိုပါဘူး။( If you are not serious)
AMD or Intel? (ဒါအရေးကြီးပါတယ်)
2017မတိုင်ခင်မှာ AMD CPUတွေဟာ Underdog သာသာပါပဲ။ ဒါပေမယ့် Ryzen နဲ့ အခု Ryzen 2 CPU တွေထွက်လာချိန်မှာတော့ Intel ကို ယှဉ်ပြိုင်လာနိုင်တာကို တွေ့ရပါတယ်။ တချို့ လူတွေကတော့ Intel မှ Intel ဆိုတဲ့ လူတွေရှိပါတယ်။.. ကျွန်တော်အကြံပေးချင်တာက CPU ရွေးချယ်တဲ့ နေရာမှာ Brand စွဲ မထားစေချင်ပါဘူး။...
Where can they compare?
Intel က IPC (Instructions per cycle)မှာ AMD ထက် သာပါတယ်။... Commend  ပေးလိုက်တဲ့ အမိန့် (Instructions) တွေကို သတ်မှတ်ချိန်အတွင်းမှာ လုပ်ဆောင်ပေးတာကို ဆိုလိုပါတယ်။ ဆိုတော့ Intel CPUတွေဟာ Lightly-Threaded Task (Gaming,Web, Some Adobe Software တချို့)မှာ AMD ထက် ပိုပြီးကောင်းကောင်းလုပ်ဆောင်နိုင်ပါတယ်။
AMD ကတော့ ပိုပြီး များတဲ့ Cores နဲ့ thread တွေကို ထောက်ပံ့ပေးနိုင်တာမို့ Professional Video Editing နဲ့ Animation တွေ လုပ်ဆောင်တဲ့ လုပ်ငန်းသုံး Task တွေအတွက် ပိုမိုသင့်လျော်တာကိုတွေ့ရပါတယ်။
နောက်ပြီး သင့်PC ကို ဘယ်လိုနေရာတွေမှာအသုံးပြုမှာလဲ...
Videoကြည့် Light Game တွေ ဆော့ရုံနဲ့ 400$ တန် CPUတွေ ဝယ်စရာမလိုပါဘူး။.. ထို့အတူပဲ Gaming တွေ Professional Video Editing လို လုပ်ငန်းသုံးအတွက်ဆိုရင် $100 တန် CPUလေးနဲ့ မရပါဘူး။..ဒီအတွက် အပိုင်းလေးခုခွဲပေးသွားပါမယ်။...
Basic Tasks...(သာမန်လုပ်ငန်း)
Amount (70000 kyats - 120000 kyats)
Youtube Videoကြည့်တာမျိုး Adobe Pagemaker လိုမျိုး စာစီစာရိုက် Software မျိုး Web Browsing လိုမျိုး Task တွေ အတွက် ဒီ ဈေးတန်း CPU တွေက လုံလောက်တဲ့ စွမ်းဆောင်ရည်ကို ပေးစွမ်းမှာပါ။ ဒါကြောင့် Entry Level (2 cores or 4 cores) CPU တွေကို ရွေးချယ်နိုင်ပါတယ်။...ဒီ Task တွေကို တပြိုင်နက် အကုန်လုံးလုပ်ချင်တယ်ဆိုရင်...အောက်ပါ CPUတွေကို ရွေးချယ်နိုင်ပါတယ်။....
AMD Ryzen 3 1300X or AMD Ryzen 3 2200G
Intel Pentium(Highest Pentium)
Intel Celeron or Athlon(for low end)...
တွေကို ရွေးချယ်နိုင်ပါတယ်။..
For Gaming( about 200000 kyats - 330000 kyats)...
Gamer တစ်ယောက်ဆိုရင်တော့ ဒီ Amount ကို သုံး နိုင်ရင် ပိုအဆင်ပြေပါလိမ့်မယ်။ ဖြစ်နိုင်ရင် Mid Range Intel Core i5 ဒါမှမဟုတ် Ryzen 5 CPUတွေကို လိုအပ်ပါလိမ့်မယ်။
(Budget ခြွေတာချင်ရင် core i3 ကိုလည်းအသုံးပြုနိုင်ပါသေးတယ်)။ Gaming အတွက်က Graphic Card က ပိုအရေးကြီးတာမို့ CPU အတွက် အများကြီး အကုန်အကျခံတာထက် GPU အတွက် ပိုပြီး အသုံးပြုသင့်ပါတယ်။...
Usual Video Editing and Overclocking
(350000 kyats - 550000kyat)
အကယ်၍ သင်ဟာ Video Editing လိုမျိုး Creative Media Work တွေ အတွက် Clock Speed များများလိုချင်ရင် Cores များများလိုချင်ရင် ဒီပမာဏ ကို အသုံးပြုရင် ပိုအဆင်ပြေပါလိမ့်မယ်။ Intel Core i7,Core i9 နဲ့ Ryzen Chip တွေကို ရွေးချယ်နိုင်ပါတယ်။ အကယ်၍ Overclock လုပ်ချင်သေးရင်လည်း Ryzen Chip တွေမှာလည်းလုပ်ဆောင်နိုင်ပါသေးတယ်။
For Work Station(600000အထက်)
နာရီများစွာ ထိုင်ပြီး လုပ်ရတဲ့ အလုပ်တွေဖြစ်တဲ့ 3D Animation တွေ 4K video Editing တွေ Render လုပ်ဖို့ အတွက်ကတော့ အကောင်းတကာ့ အကောင်းဆုံးဆိုတဲ့ CPUတွေကို လိုအပ်ပါတယ်။ အဲဒါတွေအတွက်ကတော့ Intel Core X or AMD Threadripper CPU တွေကို အသုံးပြုသင့်ပါတယ်။ အဲဒီကောင်တွေက Cores အရေအတွက် ကိုလည်း အများကြီးထောက်ပံ့ပေးနိုင်ပါတယ်။ 18လုံးလောက်အထိပေါ့။ နောက်ပြီး Extreme
Multitasking( ဥပမာ 4K video edit လုပ်နေရင်း PUBG ကို Ultra Setting မှာ ဆော့ချင်တယ် ...ဆော့နေရင်းနဲ့ပဲ Streaming လည်းလုပ်ချင်သေးတယ်ဆိုရင်)😏
တော့ Intel Xeon နဲ့ AMD EPYC CPUတွေကို ရွေးချယ်နိုင်ပါတယ်။... အသုံးပြုသူလည်း ရှားပါတယ်။
ဈေးလည်းတော်တော်ကြီးမြင့်ပါတယ်။....အခုနောက်ဆုံးထွက်ထားတဲ့ AMD Threadripper 2990WX နဲ့ Intel W-3175X တို့ဆိုရင် $3000အထိရှိပါတယ်။....
CPU Model Name နဲ့ Numbersတွေကို ဘယ်လိုဖတ်မလဲ။..ဒါတော်တော်များများ သိချင်ကြမှာပါ။..
ဥပမာ Intel's Core i7 8700K ဆိုပါစို့။ K အရှေ့ က Number လေးလုံးရဲ့ ထိပ်ဆုံး Number ဖြစ်တဲ့ 8 က Generationကို ပြောတာပါ။ ဒါဆို 8th gen ပေါ့။ အနောက် K ကတော့ Overclockingပေါ့။ ဒါက Intel မှာပါ။
AMD Ryzen မှာတော့ Overclocking ကို X နဲ့ ပြပါတယ်။ AMD's Ryzen 5 2600ဆိုရင် 2nd gen ကိုပြောတာပါ။....အကြမ်းဖျင်းလောက်ပဲ ပြောပါတော့မယ်။...အသေးစိတ်ကို.. နောက် ကျရင် ထပ်မံတင်ပေးပါဦးမယ်။
Overclock လုပ်သင့်လား?...
Overclock လုပ်တယ်ဆိုတာ သင့်ရဲ့ CPU speed ကို အမြင့်ဆုံးထိ ဆွဲတင်လိုက်တာပါ။.. ဒါကိုလုပ်ဖို့ သင့် CPUက Overclock လုပ်နိုင်တဲ့ CPU ဖြစ်ဖို့လိုသလို Motherboard ကလည်း Overclock လုပ်ဖို့ ထောက်ပံ့ပေးနိုင်ရပါမယ်။..... Overclockingက လူတိုင်းအတွက်မလိုအပ်ပါဘူး။ ....Budget သမားတွေအတွက်ဆို ပိုမလိုအပ်သေး။ Overclock လုပ်တာနဲ့ CPU heat ပိုမိုတက်လာပါမယ်။... Liquid Cooling တွေ တပ်ဆက်ဖို့ လိုအပ်လာပါမယ်။ ကုန်ကျစရိတ်ပိုမိုများပြားလာပါမယ်။...
AMD CPU တော်တော်များများက Overclock လုပ်နိုင်တယ်ဆိုပေမယ့် Intel မှာတော့ K seriesမှသာ Overclock လုပ်နိုင်မှာပါ။.... ပိုကုန်ကျတာပေါ့။ ...ဆိုတော့... ဒါကတော့ သင့်အပိုင်းပါပဲ။
CPU spacification တွေကို ဘယ်လို ကြည့်မလဲ?
Cores
Cores ဆိုတာကတော့ CPU ထဲမှာ ရှိတဲ့ Processors အရေအတွက်ပါ။ ဒီနေ့ CPUတွေမှာတော့ 2 cores ကနေ 18 cores အထိ ရှိပါတယ်။ ဒါပေမယ့် တော်တော်များများမှာတော့ 4 cores ကနေ 8 cores အထိပါဝင်ပါတယ်။..အနည်းဆုံး Quad Cores လောက်ကိုတော့ ရွေးချယ်သင့်ပါတယ်။
Clock Speeds
Clock speeds ကို Gigahertz (GHz)နဲ့ တိုင်းတာပါတယ်။... များလေကောင်းလေပဲ အကြမ်းဖျင်းသတ်မှတ်နိုင်ပါတယ်။
Threads
Theory အရ Cores အရေအတွက်နဲ့ဆင်ပါတယ်။ Threads များလေ Multitasking ကောင်းလေပေါ့။
Modern CPUတွေမှာတော့ Cores တစ်လုံးဟာ Two Threads လုပ်ဆောင်နိုင်ပါတယ်။ Threads များလေ Video encoding နဲ့ transcoders လုပ်ဆောင်မှုတွေအတွက် ပိုမိုကောင်းမွန်စေပါတယ်။....
Cache
CPU နဲ့ Ram ကြားထဲက Dataတွေကို Access လုပ်ပေးတဲ့နေရာမှာ Speed Up လုပ်ပေးတာပါ။L1 cache က အမြန်ဆုံးပါ။ Data တွေလိုအပ်လာတဲ့အခါ Cache နေရာလွတ် မရှိဘူးဆိုရင် Ram ထဲကို တိုက်ရိုက်သွားရပါတယ်။ အဲအခါ လေးလံမှုတွေ ဖြစ်လာပါတယ်။... ဒါကြောင့် Cache Size က အရမ်းအရေးကြီးတဲ့  နေရာ ကနေ ပါဝင်ပါတယ်။... Real world မှာ သိပ် အရေးမကြီးဘူးထင်ရပေမယ့်... Cache က တော်တော်အရေးကြီးပါတယ်။....
ဆိုတော့ ကျွန်တော် အနှစ်ချုပ်ကိုပြောပါမယ်။...
CPU တစ်လုံးကိုရွေးချယ်ပြီဆိုရင်... ဘယ်နေရာမှာသုံးမလဲ...ဘယ်လောက်သုံးမလဲ...ဆိုတာက အဓိကပါ။.. ဒါကို သေသေချာချာ စဉ်းစားပြီး ရွေးချယ်နိုင်ဖို့အရေးကြီးပါတယ်။.... ။....အားလုံးအစဉ်ပြေကြပါစေဗျာ။....
ဘယ်​ဟာကို​ရွေးချယ်​မလဲ....
Budgets for a system...👇
Where can they compare?
Cores
Clock Speeds
Threads
Cache
No comments: