menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

iPhone is disable ဖြေရှင်းနည်း









Passcode မေ့သွားခဲ့ရင် ၊ ဒါမှမဟုတ် ဒီလိုမျိုး disabled ဖြစ်နေပြီဆိုတဲ့ စာတန်းပေါ်နေပြီဆိုရင် အောက်မှာ ပြထားတဲ့ နည်းလမ်းအတိုင်း လုပ်သွားရပါမယ် ။

iOS Device ပေါ်မှာ Passcode မှားပြီး ရိုက်နှိပ်ခြင်း ( ၆ ) ကြိမ် ပြည့်သွားပြီဆိုရင် ပုံထဲကအတိုင်း disabled စာတန်း ပေါ်လာပြီး ဘာမှ လုပ်လို့ မရတော့ဘူး ဖြစ်သွားပါမယ် ။


မေ့နေတဲ့ Passcode ကို ကျော်ဖို့အတွက် iOS Devices ကို Erase all ( အကုန်ဖျက် ) လုပ်ဖို့ လိုပါတယ် ။

ဒါဆို မေ့သွားတဲ့ Passcode ကို remove ပြီး ၊ iOS Devices ကို Erase လုပ်ဖို့အတွက် စကြရပါမယ် ။

နည်းလမ်း ( ၁ ) ။         ။ Backup လုပ်ပြီး Restoring လုပ်ခြင်းဖြင့် Passcode ကို ဖယ်ရှားနည်း …

( 1 ) iOS Devices ကို ကွန်ပျူတာနဲ့ ချိတ်ပါ ။ iTunes ကို ဖွင့်လိုက်ပါ ။


( 2 ) iTunes နဲ့ iOS Devices ကို Backup လုပ်ပါ ။ လုပ်ပြီးသွားရင် Computer နဲ့ ချိတ်ဆက်ထားတဲ့ Cable ကို ဖြုတ်ပါ ။ iTunes ကိုလည်း Close လိုက်ပါ ။

( 3 ) iPhone , iPad ကို Cable အသုံးပြုပြီး Computer နဲ့ ပြန်ချိတ်ဆက်ပါ ။ iTunes ကို ဖွင့်ပါ ။

( 4 ) Restore iPhone ကို နှိပ်လိုက်ပါ ။

( 5 ) Pop up လေး ပေါ်လာရင် Restore ကို ထပ်နှိပ်ပါ ။

*** ဒီလိုအဆင့်တွေကို လုပ်လို့ မရဘူး ။ iOS Devices နဲ့ ချိတ်ပြီး Restore ကို နှိပ်တာနဲ့ Passcode တောင်းနေတယ်ဆိုရင် အခြားကွန်ပျူတာ တစ်လုံးနဲ့ ချိတ်ကြည့်ပါ ။ လုပ်ကြည့်ပါ ။ ***

( ဒါမှမဟုတ်တော့ Recovery Mode နဲ့ Restore ပြန်လုပ်မှသာ ရရှိပါမယ် ။ )

နည်းလမ်း ( ၂ ) ။         ။ Passcode ကို Recovery Mode ဖြင့် ဖယ်ရှားနည်း …

iTunes နဲ့ ချိတ်ပြီး တစ်ခါမှ Synced ( Backup ) မလုပ်ခဲ့ဖူးဘူး ဆိုရင်တော့ Recovery Mode ကို အသုံးပြုပြီး Restore ပြန်လုပ်ဖို့ လိုပါမယ် ။ ဒီနည်းဟာ iOS Devices ကို Erase ဖြစ်စေရုံသာမက Passcode ကိုလည်း Remove ပြီး ဖြစ်စေပါတယ် ။

( 1 ) iOS Devices ကို ကွန်ပျူတာနဲ့ ချိတ်ပါ ။ iTunes ကို ဖွင့်လိုက်ပါ ။

( 2 ) iOS Devices နဲ့ ကွန်ပျူတာ ချိတ်ဆက်ပြီးတဲ့အချိန်မှာ Devices ကို Force Restart ချပေးပါ ။

( 3 ) iPhone 8 , iPhone 8 Plus , iPhone X , iPhone XS , iPhone XS Max & iPhone XR

    Volume Up ကို မြန်မြန် တစ်ချက် နှိပ် ။
    Volume Down ကို မြန်မြန် တစ်ချက် နှိပ် ။
    အပေါ် ( ၂ ) ခု နှိပ်ပြီးတာနဲ့ Side Button ( Power Button ) ကို နှိပ်ထားပါ ။
    Recovery Mode Screen ဖြစ်တဲ့ iTunes ကြိုးတန်းလေးနဲ့ ပုံကို မြင်ရမှ လွှတ်လိုက်ပါ ။

iPhone 7 and iPhone 7 Plus

    Volume Down နဲ့ Side Button ( Power Button ) ကို တပြိုင်ထဲ နှိပ်ထားပါ ။
    Recovery Mode Screen ဖြစ်တဲ့ iTunes ကြိုးတန်းလေးနဲ့ ပုံကို မြင်ရမှ လွှတ်လိုက်ပါ ။

Earlier iPhone Models and iPhone 6S , iPhone 6S Plus

    Home Button နဲ့ Side Button ( Power Button ) တို့ကို တပြိုင်ထဲ နှိပ်ထားပါ ။
    Recovery Mode Screen ဖြစ်တဲ့ iTunes ကြိုးတန်းလေးနဲ့ ပုံကို မြင်ရမှ လွှတ်လိုက်ပါ ။

( 4 ) Restore or Update ဆိုတဲ့ Option ကို တွေ့ရင် Restore ကို နှိပ်လိုက်ပါ ။

( 5 ) iTunes က iOS Devices အတွက် သင့်လျှော်မယ့် iOS Software ( Latest iOS Version ) ကို Download ဆွဲပေးပြီး install လုပ်ပေးသွားပါလိမ့်မယ် ။

( 6 ) Install လုပ်တဲ့ Process ပြီးသွားပြီ ဆိုရင်တော့ iOS Devices ကို Set up လုပ်ပြီး ပြန်အသုံးပြုနိုင်ပြီပဲ ဖြစ်ပါတယ် ။

*** ဒီနည်းလမ်းကို လုပ်ဖို့အတွက် ကွန်ပျူတာကို internet connections ချိတ်ဆက်ပေးထားဖို့ လိုအပ်ပါတယ် ။ ***

Recovery Mode ဖြင့် Update or Restore ပြုလုပ်လို့ မရဘူးဆိုရင် …

    iOS Devices နဲ့ ကွန်ပျူတာကို ချိတ်ဆက်ထားသည့် Cable ကို စစ်ဆေးပါ ။ ( လဲလှယ်ပြီး တပ်ကြည့်ပါ ။ )
    Internet Connections ကောင်း မကောင်း စစ်ကြည့်ပါ ။
    Latest iTunes Software ကို install လုပ်ပါ ။
    ကွန်ပျူတာကို Restart ချပြီးမှ ပြန်လုပ်ကြည့်ပါ ။
    အခြား ကွန်ပျူတာ တစ်လုံးနဲ့ ပြန်လုပ်ကြည့်ပါ ။

နည်းလမ်း ( ၃ ) ။         ။ iPhone is disabled ( Passcode ကို မေ့သွားခြင်း ) ကို Find iPhone App ဖြင့် ဖယ်ရှားနည်း …

iPhone is disabled or iPhone Passcode မေ့သွားခြင်းကို Computer ( iTunes Software ဖြင့် ) အသုံးပြုပြီး ဖြေရှင်းနည်း ( ၂ ) မျိုးကို တင်ပြပေးပြီး ဖြစ်ပါတယ် ။ ဒီတစ်ခါတော့ Computer လဲ မလို ၊ iTunes Software ကိုလဲ အသုံးမပြုပဲ Find my iPhone App ( Find iPhone App ) ဖြင့် ဖြေရှင်းနည်းကို တင်ပြပေးပါမယ် ။

iPhone is disabled လို့ ဆိုထားပေမယ့် iPad , iPod Touch တို့မှာ အလားတူ ပြဿနာမျိုး ကြုံတွေ့နေရင်လည်း ဒီနည်းလမ်းတွေနဲ့ ဖြေရှင်းပေးလို့ ရပါမယ် ။

သေသေချာချာ သိထားရမှာက Find my iPhone App ဖြင့် ဖြေရှင်းနည်းဟာ iCloud ID ( Apple ID ) ကို Sign in လုပ်ထားပြီး ၊ Find my iPhone ကိုလည်း On ပေးထားပြီးသား ဖြစ်ဖို့ လိုကို လိုအပ်ပါတယ် ။

အခြားသော iPhone , iPad တွေပေါ်မှာရှိတဲ့ Find iPhone App ထဲကို ဝင်ပြီး disabled ဖြစ်စေခဲ့တဲ့ မိမိမေ့သွားခဲ့တဲ့ Passcode ကို ကျော်ဖို့အတွက် iOS Devices ကို Erase လုပ်ရပါမယ် ။

( *** iOS Devices ပျောက်ဆုံး ခိုးယူခြင်း ခံခဲ့ရတဲ့သူတွေကတော့ ဒီနည်းလမ်းကို မသုံးသင့်ပါ ။ ကောက်ရသူ ခိုးယူတဲ့သူကို အကျိုးရှိသွားစေမှာ ဖြစ်လို့ပါပဲ ။ *** )

ဒီနည်းလမ်းဟာ iPhone ကို Passcode Unlock ဖြစ်စေမှာ ဖြစ်သလို ဖုန်းအတွင်းရှိ မိမိရဲ့ Data တွေ အကုန်လုံးကိုလည်း တစ်ခုမကျန် ဖျက်ပစ်စေမှာ ဖြစ်ပါတယ် ။ ဒါကြောင့် မိမိအတွက် Affect မရှိဘူးဆိုတာ သေချာမှ လုပ်စေချင်ပါတယ် ။

( 1 ) အခြားသော iPhone or iPad တွေပေါ်က Find iPhone App ကို ဖွင့်လိုက်ပါ ။

( 2 ) ဒီလိုမျိုး အဆင်သင့်ဆိုရင်တော့ မိမိရဲ့ Apple ID ( iCloud ID ) ကို Sign in လုပ်ပေးလိုက်ရုံပါပဲ ။

( 3 ) Disabled ဖြစ်နေတဲ့ မိမိရဲ့ iOS Devices ကို ရွေးချယ်ပြီး ဝင်လိုက်ရပါမယ် ။

( 4 ) Disabled ဖြစ်နေတဲ့ Device ကို ရောက်ပြီဆိုရင် Actions ကို နှိပ်လိုက်ရပါမယ် ။

( 5 ) နောက်ဆုံးမှာတော့ disabled ကို ဖြေရှင်းပေးပြီး မေ့နေတဲ့ Passcode ကိုပါ Remove ပေးမယ့် Erase iPhone ကို တွေ့ပါပြီ ။ သူ့ကို နှိပ်လိုက်ပါ ။

( 6 ) စာတန်းအနီရောင်နဲ့ ရေးထားတဲ့ Erase iPhone … ဆိုတဲ့ စာတန်းလေးကို ဆက်ပြီး နှိပ်ပေးလိုက်ရင်တော့ …

iPhone is disabled ဖြစ်နေတဲ့ မိမိရဲ့ iOS Devices ကို New Start up မှ စတင်စေတော့မှာပဲ ဖြစ်ပါတယ် ။

နိဂုံးချုပ်

iPhone is disabled ဆိုတဲ့ ပြဿနာဟာ iOS Devices တွေရဲ့ Passcode ကို မိမိမေ့သွားခြင်း ၊ မမှတ်မိတော့ခြင်းတို့မှ စတင်မြစ်ဖျားခံလာတာပဲ ဖြစ်ပါတယ် ။ မမှတ်မိတော့တဲ့ Passcode ကို အကြိမ်ကြိမ် အခါခါ ရိုက်နှိပ်ခြင်းပြုရာမှတဆင့် disabled ဖြစ်ခြင်းသို့ ရောက်ရှိသွားရခြင်းပဲ ဖြစ်ပါတယ် ။

    Backup လုပ်ပြီး Restoring လုပ်ခြင်းဖြင့် Passcode ကို ဖယ်ရှားနည်း
    Passcode ကို Recovery Mode ဖြင့် ဖယ်ရှားနည်း
    ယခု တင်ပြတဲ့ iPhone is disabled ( Passcode ကို မေ့သွားခြင်း ) ကို Find iPhone App ဖြင့် ဖယ်ရှားနည်းတို့ အကုန်လုံးဟာ မိမိတို့ iOS Devices မှာ Sign in လုပ်ထားတဲ့ Apple ID ( iCloud ID ) နဲ့ Password ကို သိထားမှ ရပါမယ် ။

တင်ပြခဲ့တဲ့ နည်းလမ်း ( ၃ ) ခုနဲ့ iPhone is disabled ဖြစ်ခြင်းမှ လွတ်မြောက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း ဒီပို့စ်ကို အဆုံးသတ်လိုက်ရပါတယ် ။

Ref : Jitender Singh

Ref : support.apple.com

အားလုံးချမ်းမြေ့ပျော်ရွှင်ကြပါစေ ။

ဇာနည် ( iOS Banker Myanmar )



Passcode ေမ့သြားခဲ့ရင္ ၊ ဒါမွမဟုတ္ ဒီလိုမ်ိဳး disabled ျဖစ္ေနၿပီဆိုတဲ့ စာတန္းေပၚေနၿပီဆိုရင္ ေအာက္မွာ ျပထားတဲ့ နည္းလမ္းအတိုင္း လုပ္သြားရပါမယ္ ။ 
iOS Device ေပၚမွာ Passcode မွားၿပီး ႐ိုက္နွိပ္ျခင္း ( ၆ ) ႀကိမ္ ျပည့္သြားၿပီဆိုရင္ ပံုထဲကအတိုင္း disabled စာတန္း ေပၚလာၿပီး ဘာမွ လုပ္လို႔ မရေတာ့ဘူး ျဖစ္သြားပါမယ္ ။ 


ေမ့ေနတဲ့ Passcode ကို ေက်ာ္ဖို႔အတြက္ iOS Devices ကို Erase all ( အကုန္ဖ်က္ ) လုပ္ဖို႔ လိုပါတယ္ ။ 
ဒါဆို ေမ့သြားတဲ့ Passcode ကို remove ၿပီး ၊ iOS Devices ကို Erase လုပ္ဖို႔အတြက္ စၾကရပါမယ္ ။
နည္းလမ္း ( ၁ ) ။         Backup လုပ္ၿပီး Restoring လုပ္ျခင္းျဖင့္ Passcode ကို ဖယ္ရွားနည္း …

( 1 ) iOS Devices ကို ကြန္ပ်ဴတာနဲ႔ ခ်ိတ္ပါ ။ iTunes ကို ဖြင့္လိုက္ပါ ။ 
( 2 ) iTunes နဲ႔ iOS Devices ကို Backup လုပ္ပါ ။ လုပ္ၿပီးသြားရင္ Computer နဲ႔ ခ်ိတ္ဆက္ထားတဲ့ Cable ကို ျဖဳတ္ပါ ။ iTunes ကိုလည္း Close လိုက္ပါ ။ 
( 3 ) iPhone , iPad ကို Cable အသံုးျပဳၿပီး Computer နဲ႔ ျပန္ခ်ိတ္ဆက္ပါ ။ iTunes ကို ဖြင့္ပါ ။

( 4 ) Restore iPhone ကို နွိပ္လိုက္ပါ ။ 

( 5 ) Pop up ေလး ေပၚလာရင္ Restore ကို ထပ္နွိပ္ပါ ။ 
*** ဒီလိုအဆင့္ေတြကို လုပ္လို႔ မရဘူး ။ iOS Devices နဲ႔ ခ်ိတ္ၿပီး Restore ကို နွိပ္တာနဲ႔ Passcode ေတာင္းေနတယ္ဆိုရင္ အျခားကြန္ပ်ဴတာ တစ္လံုးနဲ႔ ခ်ိတ္ၾကည့္ပါ ။ လုပ္ၾကည့္ပါ ။ *** 
( ဒါမွမဟုတ္ေတာ့ Recovery Mode နဲ႔ Restore ျပန္လုပ္မွသာ ရရွိပါမယ္ ။ )
နည္းလမ္း ( ၂ ) ။         Passcode ကို Recovery Mode ျဖင့္ ဖယ္ရွားနည္း …
iTunes နဲ႔ ခ်ိတ္ၿပီး တစ္ခါမွ Synced ( Backup ) မလုပ္ခဲ့ဖူးဘူး ဆိုရင္ေတာ့ Recovery Mode ကို အသံုးျပဳၿပီး Restore ျပန္လုပ္ဖို႔ လိုပါမယ္ ။ ဒီနည္းဟာ iOS Devices ကို Erase ျဖစ္ေစရံုသာမက Passcode ကိုလည္း Remove ၿပီး ျဖစ္ေစပါတယ္ ။ 
( 1 ) iOS Devices ကို ကြန္ပ်ဴတာနဲ႔ ခ်ိတ္ပါ ။ iTunes ကို ဖြင့္လိုက္ပါ ။ 
( 2 ) iOS Devices နဲ႔ ကြန္ပ်ဴတာ ခ်ိတ္ဆက္ၿပီးတဲ့အခ်ိန္မွာ Devices ကို Force Restart ခ်ေပးပါ ။ 

( 3 ) iPhone 8 , iPhone 8 Plus , iPhone X , iPhone XS , iPhone XS Max & iPhone XR 
  • Volume Up ကို ျမန္ျမန္ တစ္ခ်က္ နွိပ္ ။ 
  • Volume Down ကို ျမန္ျမန္ တစ္ခ်က္ နွိပ္ ။
  • အေပၚ ( ၂ ) ခု နွိပ္ၿပီးတာနဲ႔ Side Button ( Power Button ) ကို နွိပ္ထားပါ ။ 
  • Recovery Mode Screen ျဖစ္တဲ့ iTunes ႀကိဳးတန္းေလးနဲ႔ ပံုကို ျမင္ရမွ လႊတ္လိုက္ပါ ။ 

iPhone 7 and iPhone 7 Plus 
  • Volume Down နဲ႔ Side Button ( Power Button ) ကို တၿပိဳင္ထဲ နွိပ္ထားပါ ။ 
  • Recovery Mode Screen ျဖစ္တဲ့ iTunes ႀကိဳးတန္းေလးနဲ႔ ပံုကို ျမင္ရမွ လႊတ္လိုက္ပါ ။ 

Earlier iPhone Models and iPhone 6S , iPhone 6S Plus 
  • Home Button နဲ႔ Side Button ( Power Button ) တို႔ကို တၿပိဳင္ထဲ နွိပ္ထားပါ ။
  • Recovery Mode Screen ျဖစ္တဲ့ iTunes ႀကိဳးတန္းေလးနဲ႔ ပံုကို ျမင္ရမွ လႊတ္လိုက္ပါ ။ 

( 4 ) Restore or Update ဆိုတဲ့ Option ကို ေတြ႕ရင္ Restore ကို နွိပ္လိုက္ပါ ။ 
( 5 ) iTunes က iOS Devices အတြက္ သင့္ေလွ်ာ္မယ့္ iOS Software ( Latest iOS Version ) ကို Download ဆြဲေပးၿပီး install လုပ္ေပးသြားပါလိမ့္မယ္ ။ 
( 6 ) Install လုပ္တဲ့ Process ၿပီးသြားၿပီ ဆိုရင္ေတာ့ iOS Devices ကို Set up လုပ္ၿပီး ျပန္အသံုးျပဳႏိုင္ၿပီပဲ ျဖစ္ပါတယ္ ။ 
*** ဒီနည္းလမ္းကို လုပ္ဖို႔အတြက္ ကြန္ပ်ဴတာကို internet connections ခ်ိတ္ဆက္ေပးထားဖို႔ လိုအပ္ပါတယ္ ။ *** 
Recovery Mode ျဖင့္ Update or Restore ျပဳလုပ္လို႔ မရဘူးဆိုရင္ …
  • iOS Devices နဲ႔ ကြန္ပ်ဴတာကို ခ်ိတ္ဆက္ထားသည့္ Cable ကို စစ္ေဆးပါ ။ ( လဲလွယ္ၿပီး တပ္ၾကည့္ပါ ။ ) 
  • Internet Connections ေကာင္း မေကာင္း စစ္ၾကည့္ပါ ။
  • Latest iTunes Software ကို install လုပ္ပါ ။
  • ကြန္ပ်ဴတာကို Restart ခ်ၿပီးမွ ျပန္လုပ္ၾကည့္ပါ ။
  • အျခား ကြန္ပ်ဴတာ တစ္လံုးနဲ႔ ျပန္လုပ္ၾကည့္ပါ ။
နည္းလမ္း ( ၃ ) ။         iPhone is disabled ( Passcode ကို ေမ့သြားျခင္း ) ကို Find iPhone App ျဖင့္ ဖယ္ရွားနည္း …
iPhone is disabled or iPhone Passcode ေမ့သြားျခင္းကို Computer ( iTunes Software ျဖင့္ ) အသံုးျပဳၿပီး ေျဖရွင္းနည္း ( ၂ ) မ်ိဳးကို တင္ျပေပးၿပီး ျဖစ္ပါတယ္ ။ ဒီတစ္ခါေတာ့ Computer လဲ မလို ၊ iTunes Software ကိုလဲ အသံုးမျပဳပဲ Find my iPhone App ( Find iPhone App ) ျဖင့္ ေျဖရွင္းနည္းကို တင္ျပေပးပါမယ္ ။ 
iPhone is disabled လို႔ ဆိုထားေပမယ့္ iPad , iPod Touch တို႔မွာ အလားတူ ျပႆနာမ်ိဳး ၾကံဳေတြ႕ေနရင္လည္း ဒီနည္းလမ္းေတြနဲ႔ ေျဖရွင္းေပးလို႔ ရပါမယ္ ။ 
ေသေသခ်ာခ်ာ သိထားရမွာက Find my iPhone App ျဖင့္ ေျဖရွင္းနည္းဟာ iCloud ID ( Apple ID ) ကို Sign in လုပ္ထားၿပီး ၊ Find my iPhone ကိုလည္း On ေပးထားၿပီးသား ျဖစ္ဖို႔ လိုကို လိုအပ္ပါတယ္ ။ 
အျခားေသာ iPhone , iPad ေတြေပၚမွာရွိတဲ့ Find iPhone App ထဲကို ဝင္ၿပီး disabled ျဖစ္ေစခဲ့တဲ့ မိမိေမ့သြားခဲ့တဲ့ Passcode ကို ေက်ာ္ဖို႔အတြက္ iOS Devices ကို Erase လုပ္ရပါမယ္ ။ 
( *** iOS Devices ေပ်ာက္ဆံုး ခိုးယူျခင္း ခံခဲ့ရတဲ့သူေတြကေတာ့ ဒီနည္းလမ္းကို မသံုးသင့္ပါ ။ ေကာက္ရသူ ခိုးယူတဲ့သူကို အက်ိဳးရွိသြားေစမွာ ျဖစ္လို႔ပါပဲ ။ *** ) 
ဒီနည္းလမ္းဟာ iPhone ကို Passcode Unlock ျဖစ္ေစမွာ ျဖစ္သလို ဖုန္းအတြင္းရွိ မိမိရဲ႕ Data ေတြ အကုန္လံုးကိုလည္း တစ္ခုမက်န္ ဖ်က္ပစ္ေစမွာ ျဖစ္ပါတယ္ ။ ဒါေၾကာင့္ မိမိအတြက္ Affect မရွိဘူးဆိုတာ ေသခ်ာမွ လုပ္ေစခ်င္ပါတယ္ ။

( 1 ) အျခားေသာ iPhone or iPad ေတြေပၚက Find iPhone App ကို ဖြင့္လိုက္ပါ ။ 

( 2 ) ဒီလိုမ်ိဳး အဆင္သင့္ဆိုရင္ေတာ့ မိမိရဲ႕ Apple ID ( iCloud ID ) ကို Sign in လုပ္ေပးလိုက္ရံုပါပဲ ။ 

( 3 ) Disabled ျဖစ္ေနတဲ့ မိမိရဲ႕ iOS Devices ကို ေရြးခ်ယ္ၿပီး ဝင္လိုက္ရပါမယ္ ။ 
( 4 ) Disabled ျဖစ္ေနတဲ့ Device ကို ေရာက္ၿပီဆိုရင္ Actions ကို နွိပ္လိုက္ရပါမယ္ ။

( 5 ) ေနာက္ဆံုးမွာေတာ့ disabled ကို ေျဖရွင္းေပးၿပီး ေမ့ေနတဲ့ Passcode ကိုပါ Remove ေပးမယ့္ Erase iPhone ကို ေတြ႕ပါၿပီ ။ သူ႔ကို နွိပ္လိုက္ပါ ။ 
( 6 ) စာတန္းအနီေရာင္နဲ႔ ေရးထားတဲ့ Erase iPhone … ဆိုတဲ့ စာတန္းေလးကို ဆက္ၿပီး နွိပ္ေပးလိုက္ရင္ေတာ့ … 
iPhone is disabled ျဖစ္ေနတဲ့ မိမိရဲ႕ iOS Devices ကို New Start up မွ စတင္ေစေတာ့မွာပဲ ျဖစ္ပါတယ္ ။ 
နိဂံုးခ်ဳပ္ 
iPhone is disabled ဆိုတဲ့ ျပႆနာဟာ iOS Devices ေတြရဲ႕ Passcode ကို မိမိေမ့သြားျခင္း ၊ မမွတ္မိေတာ့ျခင္းတို႔မွ စတင္ျမစ္ဖ်ားခံလာတာပဲ ျဖစ္ပါတယ္ ။ မမွတ္မိေတာ့တဲ့ Passcode ကို အႀကိမ္ႀကိမ္ အခါခါ ႐ိုက္နွိပ္ျခင္းျပဳရာမွတဆင့္ disabled ျဖစ္ျခင္းသို႔ ေရာက္ရွိသြားရျခင္းပဲ ျဖစ္ပါတယ္ ။ 
  • Backup လုပ္ၿပီး Restoring လုပ္ျခင္းျဖင့္ Passcode ကို ဖယ္ရွားနည္း 
  • Passcode ကို Recovery Mode ျဖင့္ ဖယ္ရွားနည္း 
  • ယခု တင္ျပတဲ့ iPhone is disabled ( Passcode ကို ေမ့သြားျခင္း ) ကို Find iPhone App ျဖင့္ ဖယ္ရွားနည္းတို႔ အကုန္လံုးဟာ မိမိတို႔ iOS Devices မွာ Sign in လုပ္ထားတဲ့ Apple ID ( iCloud ID ) နဲ႔ Password ကို သိထားမွ ရပါမယ္ ။ 
တင္ျပခဲ့တဲ့ နည္းလမ္း ( ၃ ) ခုနဲ႔ iPhone is disabled ျဖစ္ျခင္းမွ လြတ္ေျမာက္ႏိုင္ၾကပါေစလို႔ ဆႏၵျပဳရင္း ဒီပို႔စ္ကို အဆံုးသတ္လိုက္ရပါတယ္ ။ 
Ref : Jitender Singh 
Ref : support.apple.com
အားလံုးခ်မ္းေျမ႕ေပ်ာ္ရႊင္ၾကပါေစ ။
ဇာနည္ ( iOS Banker Myanmar )

No comments: