menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Mac အသုံးပြုနည်း လူသိနည်းသောအချက်များ




Mac user များ သိပြီးဖြစ်နိုင်သလို ၊ မသိသေးတာလည်း ရှိနေနိုင်မယ့် အလွယ်တကူအသုံးပြုနိုင်မယ့် နည်းလမ်းကောင်းလေးများကို မျှဝေလိုက်ရပါတယ်။
Preview ကြည့်ခြင်း

မိမိ preview ကြည့်လိုတဲ့ file ကို Spacebar လေးတစ်ချက်ပုတ်လိုက်တာနဲ့ preview ကြည့်နိုင်တာလေးက အရမ်းကောင်းမွန်ပါတယ်။ photo, video, audio တွေတင်မကပဲ .psd file တွေတောင် ကြည့်လို့ရပါတယ်။ file တွေကို preview ချဲ့ကြည့်နိုင်လို့ windows မှာလို သက်ဆိုင်ရာ application တခုခုထပ်ဖွင့်ဖို့လည်းမလိုပဲ ပိုမိုလွယ်ကူလျင်မြန်စွား သုံးပြုနေနိုင်တာလည်းဖြစ်ပါတယ်။
Spotlight ကို အသုံးပြုခြင်း

Cmd + Spacebar လေးကိုတွဲနှိပ်လိုက်ရင် ပေါ်လာတဲ့ Spotlight Search လေးဟာ Mac user တိုင်းအတွက် အရမ်းကောင်းတဲ့ အရာလေးပါ။ Apps တွေ file တွေ အလွယ်တကူရှာဖွေသုံးနိုင်လို့ Mac user တိုင်းနှစ်သက်ကြပါတယ်။ ဒါလေးဟာ Apps တွေ file တွေကို ရှာဖွေရုံတင်မကပဲ calculator အဖြစ်သုံးနိုင်တာတွေ internet ချိတ်ထားမယ်ဆို currencies exchange rate ကြည့်နိုင်တာတွေ၊ weather ကိုကြည့်နိုင်တာတွေလည်းပြုလုပ်နိုင်ပါသေးတယ်။ ဥပမာ – 5 + 6 လို့နှိပ်ကြည့်ပါ။ calculator app ကို တကူးတက ဖွင့်နေဖို့မလိုပဲ Spotlight နဲ့တင် အဆင်ပြေပါပြီ။
PDF File မှာ Digital sign ထိုးနည်း


PDF file မှာ Sign ထိုးဖို့လိုအပ်တဲ့အခါ ပုံမှန်အတိုင်းဆိုရင်တော့ PDF file ကြီးကို print ထုတ်။ စာရွက်ပေါ်မှာ Sign ထိုး။ ပြီးရင် Scan ပြန်ဖတ်။ တကယ်အလုပ်ရှူပ်ပါတယ်။ Mac မှာတော့ ဒီလို အလုပ်မရှူပ်တော့ပဲ Digital sign ထိုးလို့ရပါတယ်။ ဘယ်လိုလုပ်မလဲဆိုတော့ PDF file ကို ကလစ်နှစ်ချက်နှိပ်ပြီး ဖွင့်လိုက်ပါ။ ထို့နောက် Menu bar မှ Tools > Annotate > Singature > Manage Signatures ကိုနှိပ်ပါ။ MacBook တွေမှာဆို trackpad ပေါ်မှနေလည်း Sign ထိုးလို့ရပါတယ်။ နောက်တစ်နည်းကတော့ အပြင်စာရွက်ပေါ်မှာ ထိုးထားတဲ့ Sign ကို Camera ဖွင့်ပြီး Scan ဖတ်လိုက်လည်းရပါတယ်။


Emoji Keyboard ကို အလွယ်တကူသုံးနည်း

စာရိုက်နေရင်း emoji လေးတွေထည့်ဖို့လိုအပ်လာရင် mac မှာတော့ အလွယ်ကူဆုံးနည်းလမ်းနဲ့ အသုံးပြုနိုင်ပါတယ်။ ctrl+Cmd+Space ကိုတွဲနှိပ်ပါ။
Apps တစ်ခုမှ တခြား Apps သို့လျင်မြန်စွာ သွားကြည့်မယ်

Hide ဖြစ်နေတဲ့ Apps တစ်ခုကနေ တစ်ခုကို လျင်မြန်မြန် ပြောင်းသွားနေလို့ရပါတယ်။ Cmd + Tab လေးကိုနှိပ်ပြီး ရွှေ့ပြောင်းသွားပါ။
စကားပြောဖြင့် စာရိုက်စေခြင်း

MacBook သုံးရင်း စာတွေကို လက်နဲ့ရိုက်နေရတာ ညဉ်းငွေစရာဖြစ်နေရင် ပါးစပ်ကနေပြောပြီး စာရိုက်နိုင်ပါသေးတယ်။

Fn key လေးကို နှစ်ချက်ဆင့်နှိပ်လိုက်ပါ။ စကားပြောတဲ့ microphone icon လေးပေါ်လာပြီဆိုရင် ရိုက်ချင်တဲ့ စာသားတွေကို ပါစပ်ကနေပဲ ပြောလိုက်ယုံပါပဲ။ သာစကားအတော်များများ အဆင်ပြေပါတယ်။ (မှတ်ချက် ။ မြန်မာစကားတော့နားမလည်ပါ)
Screenshots ရိုက်နည်းအမျိုးမျိုး

Mac မှာတော့ Screenshots ရိုက်နည်းက 6 မျိုးလောက်ရှိပါတယ်။

    Cmd + shift + 4 = Capture လုပ်လိုတဲ့ ဧရိယာလေးသီးသန့် dragged ဆွဲယူလိုက်ပါ။ file ကတော့ desktop ပေါ်မှာ auto save သွားပါလိမ့်မယ်။
    Cmd + shift + 3 = Screen တစ်ခုလုံးကို Capture လုပ်သွားပါလိမ့်မယ်။ file ကတော့ desktop ပေါ်မှာ auto save သွားပါလိမ့်မယ်။
    Cmd + ctrl + shift + 3 = Screen တစ်ခုလုံးကို Capture လုပ်သွားပါလိမ့်မယ်။ file ကတော့ အသုံးလိုတဲ့နေရာမှာ Ctrl + V လေးနှိပ်ပြီး ယူပါ။
    Cmd + ctrl + shift + 4 = Capture လုပ်လိုတဲ့ ဧရိယာလေးသီးသန့် dragged ဆွဲယူလိုက်ပါ။ file ကတော့ အသုံးလိုတဲ့နေရာမှာ Ctrl + V လေးနှိပ်ပြီး ယူပါ။
    Cmd + shift + 4 + Space = Capture လုပ်ချင်တဲ့ window တစ်ခုလုံးကို screenshot ပါလိမ့်မယ်။ file ကတော့ desktop ပေါ်မှာ auto save သွားပါလိမ့်မယ်။
    Cmd + ctrl + shift + 4 + Space = Capture လုပ်ချင်တဲ့ window တစ်ခုလုံးကို screenshot ပါလိမ့်မယ်။ file ကတော့ အသုံးလိုတဲ့နေရာမှာ Ctrl + V လေးနှိပ်ပြီး ယူပါ။

Copy ကူးစရာ text တွေကို text file အဖြစ်အမြန်တည်ဆောက်မယ်

Web ကဖြစ်စေ တခြားတနေရာရာကဖြစ်စေ Text တွေ copy ကူးပြီး text file အဖြစ်သိမ်းထားလိုတဲ့အခါ Mac user တွေအတွက် အလွယ်ဆုံးနည်းလမ်းလေးရှိပါတယ်။ copy ကူးလိုတဲ့ text တွေအကုန် select မှတ်ပါ။ ထို့နောက် စက္ကန့်အနည်းငယ်ဖိ၍ သိမ်းဆည်းလိုသောနေရာ (ဥပမာ – desktop) သို့ဆွဲယူလိုက်ပါ။ text file လေး တည်ဆောက်သိမ်းဆည်းပေးသွားပါလိမ့်မယ်။
Summarize Text အလွယ်မှတ်မယ်

သူကလည်း အပေါ်မှာ text တွေ copy ကူးသလိုပဲ မှတ်သားစရာ text တွေကို အလွယ်မှတ်နည်း တစ်နည်းပါပဲ။ မှတ်သားလိုတဲ့ text တွေကို select မှတ်။ right click နှိပ်။ “Summarize” ကို ဆက်နှိပ်ပေးပါ။ summarize text file လေးကိုရောက်သွားပါမယ်။ ပြီးရင်တော့ save ပေးပါ။ တကယ်လို့ summarize feature လေး off နေရင်တော့ user အနေနဲ့ ဖွင့်ပေးဖို့လိုပါတယ်။ status bar မှ app name ကိုနှိပ်ပါ။ Service > Services Preferences ကိုနှိပ်ပါ။ scroll down လေးဆွဲသွားပြီး “Summarize” ကိုရှာဖွေ၍ တွေ့ရှိက အမှန်ခြစ်လေးပေးထားပါ။ ဒါဆိုရင်တော့ “Summarize” ကိုသုံးလို့ရပါပြီ။

ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ


Mac user မ်ား သိၿပီးျဖစ္ႏိုင္သလို ၊ မသိေသးတာလည္း ရွိေနႏိုင္မယ့္ အလြယ္တကူအသုံးျပဳႏိုင္မယ့္ နည္းလမ္းေကာင္းေလးမ်ားကို မွ်ေဝလိုက္ရပါတယ္။

Preview ၾကည့္ျခင္း

မိမိ preview ၾကည့္လိုတဲ့ file ကို Spacebar ေလးတစ္ခ်က္ပုတ္လိုက္တာနဲ႔ preview ၾကည့္ႏိုင္တာေလးက အရမ္းေကာင္းမြန္ပါတယ္။ photo, video, audio ေတြတင္မကပဲ .psd file ေတြေတာင္ ၾကည့္လို႔ရပါတယ္။ file ေတြကို preview ခ်ဲ႕ၾကည့္ႏိုင္လို႔ windows မွာလို သက္ဆိုင္ရာ application တခုခုထပ္ဖြင့္ဖို႔လည္းမလိုပဲ ပိုမိုလြယ္ကူလ်င္ျမန္စြား သုံးျပဳေနႏိုင္တာလည္းျဖစ္ပါတယ္။

Spotlight ကို အသုံးျပဳျခင္း

Cmd + Spacebar ေလးကိုတြဲႏွိပ္လိုက္ရင္ ေပၚလာတဲ့ Spotlight Search ေလးဟာ Mac user တိုင္းအတြက္ အရမ္းေကာင္းတဲ့ အရာေလးပါ။ Apps ေတြ file ေတြ အလြယ္တကူရွာေဖြသုံးႏိုင္လို႔ Mac user တိုင္းႏွစ္သက္ၾကပါတယ္။ ဒါေလးဟာ Apps ေတြ file ေတြကို ရွာေဖြ႐ုံတင္မကပဲ calculator အျဖစ္သုံးႏိုင္တာေတြ internet ခ်ိတ္ထားမယ္ဆို currencies exchange rate ၾကည့္ႏိုင္တာေတြ၊ weather ကိုၾကည့္ႏိုင္တာေတြလည္းျပဳလုပ္ႏိုင္ပါေသးတယ္။ ဥပမာ – 5 + 6 လို႔ႏွိပ္ၾကည့္ပါ။ calculator app ကို တကူးတက ဖြင့္ေနဖို႔မလိုပဲ Spotlight နဲ႔တင္ အဆင္ေျပပါၿပီ။

PDF File မွာ Digital sign ထိုးနည္း

PDF file မွာ Sign ထိုးဖို႔လိုအပ္တဲ့အခါ ပုံမွန္အတိုင္းဆိုရင္ေတာ့ PDF file ႀကီးကို print ထုတ္။ စာ႐ြက္ေပၚမွာ Sign ထိုး။ ၿပီးရင္ Scan ျပန္ဖတ္။ တကယ္အလုပ္ရွဴပ္ပါတယ္။ Mac မွာေတာ့ ဒီလို အလုပ္မရွဴပ္ေတာ့ပဲ Digital sign ထိုးလို႔ရပါတယ္။ ဘယ္လိုလုပ္မလဲဆိုေတာ့ PDF file ကို ကလစ္ႏွစ္ခ်က္ႏွိပ္ၿပီး ဖြင့္လိုက္ပါ။ ထို႔ေနာက္ Menu bar မွ Tools > Annotate > Singature > Manage Signatures ကိုႏွိပ္ပါ။ MacBook ေတြမွာဆို trackpad ေပၚမွေနလည္း Sign ထိုးလို႔ရပါတယ္။ ေနာက္တစ္နည္းကေတာ့ အျပင္စာ႐ြက္ေပၚမွာ ထိုးထားတဲ့ Sign ကို Camera ဖြင့္ၿပီး Scan ဖတ္လိုက္လည္းရပါတယ္။

Emoji Keyboard ကို အလြယ္တကူသုံးနည္း

စာ႐ိုက္ေနရင္း emoji ေလးေတြထည့္ဖို႔လိုအပ္လာရင္ mac မွာေတာ့ အလြယ္ကူဆုံးနည္းလမ္းနဲ႔ အသုံးျပဳႏိုင္ပါတယ္။ ctrl+Cmd+Space ကိုတြဲႏွိပ္ပါ။

Apps တစ္ခုမွ တျခား Apps သို႔လ်င္ျမန္စြာ သြားၾကည့္မယ္

Hide ျဖစ္ေနတဲ့ Apps တစ္ခုကေန တစ္ခုကို လ်င္ျမန္ျမန္ ေျပာင္းသြားေနလို႔ရပါတယ္။ Cmd + Tab ေလးကိုႏွိပ္ၿပီး ေ႐ႊ႕ေျပာင္းသြားပါ။

စကားေျပာျဖင့္ စာ႐ိုက္ေစျခင္း

MacBook သုံးရင္း စာေတြကို လက္နဲ႔႐ိုက္ေနရတာ ညဥ္းေငြစရာျဖစ္ေနရင္ ပါးစပ္ကေနေျပာၿပီး စာ႐ိုက္ႏိုင္ပါေသးတယ္။
Fn key ေလးကို ႏွစ္ခ်က္ဆင့္ႏွိပ္လိုက္ပါ။ စကားေျပာတဲ့ microphone icon ေလးေပၚလာၿပီဆိုရင္ ႐ိုက္ခ်င္တဲ့ စာသားေတြကို ပါစပ္ကေနပဲ ေျပာလိုက္ယုံပါပဲ။ သာစကားအေတာ္မ်ားမ်ား အဆင္ေျပပါတယ္။ (မွတ္ခ်က္ ။ ျမန္မာစကားေတာ့နားမလည္ပါ)

Screenshots ႐ိုက္နည္းအမ်ိဳးမ်ိဳး

Mac မွာေတာ့ Screenshots ႐ိုက္နည္းက 6 မ်ိဳးေလာက္ရွိပါတယ္။
  1. Cmd + shift + 4 = Capture လုပ္လိုတဲ့ ဧရိယာေလးသီးသန္႔ dragged ဆြဲယူလိုက္ပါ။ file ကေတာ့ desktop ေပၚမွာ auto save သြားပါလိမ့္မယ္။
  2. Cmd + shift + 3 = Screen တစ္ခုလုံးကို Capture လုပ္သြားပါလိမ့္မယ္။ file ကေတာ့ desktop ေပၚမွာ auto save သြားပါလိမ့္မယ္။
  3. Cmd + ctrl + shift + 3 = Screen တစ္ခုလုံးကို Capture လုပ္သြားပါလိမ့္မယ္။ file ကေတာ့ အသုံးလိုတဲ့ေနရာမွာ Ctrl + V ေလးႏွိပ္ၿပီး ယူပါ။
  4. Cmd + ctrl + shift + 4 = Capture လုပ္လိုတဲ့ ဧရိယာေလးသီးသန္႔ dragged ဆြဲယူလိုက္ပါ။ file ကေတာ့ အသုံးလိုတဲ့ေနရာမွာ Ctrl + V ေလးႏွိပ္ၿပီး ယူပါ။
  5. Cmd + shift + 4 + Space = Capture လုပ္ခ်င္တဲ့ window တစ္ခုလုံးကို screenshot ပါလိမ့္မယ္။ file ကေတာ့ desktop ေပၚမွာ auto save သြားပါလိမ့္မယ္။
  6. Cmd + ctrl + shift + 4 + Space = Capture လုပ္ခ်င္တဲ့ window တစ္ခုလုံးကို screenshot ပါလိမ့္မယ္။ file ကေတာ့ အသုံးလိုတဲ့ေနရာမွာ Ctrl + V ေလးႏွိပ္ၿပီး ယူပါ။

Copy ကူးစရာ text ေတြကို text file အျဖစ္အျမန္တည္ေဆာက္မယ္

Web ကျဖစ္ေစ တျခားတေနရာရာကျဖစ္ေစ Text ေတြ copy ကူးၿပီး text file အျဖစ္သိမ္းထားလိုတဲ့အခါ Mac user ေတြအတြက္ အလြယ္ဆုံးနည္းလမ္းေလးရွိပါတယ္။ copy ကူးလိုတဲ့ text ေတြအကုန္ select မွတ္ပါ။ ထို႔ေနာက္ စကၠန္႔အနည္းငယ္ဖိ၍ သိမ္းဆည္းလိုေသာေနရာ (ဥပမာ – desktop) သို႔ဆြဲယူလိုက္ပါ။ text file ေလး တည္ေဆာက္သိမ္းဆည္းေပးသြားပါလိမ့္မယ္။

Summarize Text အလြယ္မွတ္မယ္

သူကလည္း အေပၚမွာ text ေတြ copy ကူးသလိုပဲ မွတ္သားစရာ text ေတြကို အလြယ္မွတ္နည္း တစ္နည္းပါပဲ။ မွတ္သားလိုတဲ့ text ေတြကို select မွတ္။ right click ႏွိပ္။ “Summarize” ကို ဆက္ႏွိပ္ေပးပါ။ summarize text file ေလးကိုေရာက္သြားပါမယ္။ ၿပီးရင္ေတာ့ save ေပးပါ။ တကယ္လို႔ summarize feature ေလး off ေနရင္ေတာ့ user အေနနဲ႔ ဖြင့္ေပးဖို႔လိုပါတယ္။ status bar မွ app name ကိုႏွိပ္ပါ။ Service > Services Preferences ကိုႏွိပ္ပါ။ scroll down ေလးဆြဲသြားၿပီး “Summarize” ကိုရွာေဖြ၍ ေတြ႕ရွိက အမွန္ျခစ္ေလးေပးထားပါ။ ဒါဆိုရင္ေတာ့ “Summarize” ကိုသုံးလို႔ရပါၿပီ။
႐ႊင္လန္းခ်မ္းေျမ့ၾကပါေစဗ်ာ

No comments: