menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Mac ပေါ်က icon တွေကိုဖျောက်နည်း

 




အချို့သောကွန်ပျူတာ သုံးစွဲသူတွေဟာ ကွန်ပျူတာရဲ့ Desktop ပေါ်မှာ icon တွေကို စနစ်တကျနဲ့ ထားရှိတတ်ကြပါတယ်။ တကယ်လို့ ကိုယ်အသုံးပြုတဲ့ Mac ရဲ့ desktop မှာ icon တွေကို ရှင်းရှင်းလင်းလင်း ဖြစ်စေချင်လို့ ဝှက်ထားချင်တယ်ဆိုရင် ဖော်ပြပါ နည်းလမ်းအတိုင်း Terminal ကနေ icon တွေကို ဝှက်ထားနိုင်ပါတယ်။

အဆိုပါ နည်းလမ်းကို macOS Sierra နဲ့ macOS High Sierra တွေမှာ စမ်းသပ် နိုင်ပါတယ်။ ပထမဦးဆုံး Launchpad ကနေ Terminal ကို ရိုက်ထည့်ပြီးရှာဖွေပါ။ Terminal ထဲကိုရောက်ပြီဆိုရင်

defaults write com.apple.finder CreateDesktop false

ဆိုတဲ့ command ကိုရိုက်ထည့်ပါ။


ပြီးရင် Killall Finder ဆိုတဲ့ command ကိုရိုက်ထည့်ပါ။ အဆိုပါ command ကို ရိုက်ထည့်လို့ Desktop ပေါ်က icon တွေမပျောက်သေးဘူးဆိုရင် Option key ကို ဖိထားပြီး Finder icon ကို Right-click နှိပ်ပါ။ ပြီးရင် relunch ဆိုတာကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။

တကယ်လို့ Desktop ပေါ်က icon တွေကို ပြန်ဖော်ချင်တယ်ဆိုရင် Terminal မှာ

defaults write com.apple.finder CreateDesktop true ဆိုတဲ့ command ကိုရိုက်ထည့်ပြီး Killall Finder ဆိုတဲ့ command ကိုတစ်ခုချင်းစီရိုက်ထည့်ရပါမယ်။

Icon တွေပြန်မပေါ်လာသေးရင် Option key ကို နှိပ်ပြီး Finder icon ကို Right-click နှိပ်ကာ relunch ကို နှိပ်လိုက်တယ်ဆိုရင် icon ပြန်ပေါ်လာမှာဖြစ်ပါတယ်။

-သီဟ


Zawgyi



-သီဟ

No comments: