menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

SATA ဆိုတာဘာလဲ





========= Serial Advanced Technology Attachment ဖြစ်ပါတယ်..နောက်ဆုံးပေါ် လက်ရှိအသုံးပြုနေကြတဲ့ နည်းပညာဖြစ်ပါတယ် သူကလည်း ATA အုပ်စုဝင်တွေ ဖြစ်ပါတယ်..transfer rate မြန်ဆန်ခြင်း..wire ကို 7 Pin သာသုံးထားခြင်းကြောင့် air flow ကောင်းမွန်ခြင်း system unit အတွင်း ရှုပ်ထွေးမှုကို ကင်းဝေးစေခြင်းတို့ အားသာပါတယ်…hard disk တစ်လုံးပဲချိတ်ဆက်လို့ ရတဲ့အတွက် point to point system ဖြစ်ပါတယ်…2002 နှစ်ကုန်ပိုင်းမှာ စပြီးအသုံးပြုခဲ့ကြပါတယ်..စက်ကို shut down လုပ်စရာမလိုပဲ ဖြုတ်တပ်လုပ်နိုင်ပါတယ်..hot swap ရတယ်ပေါ့ ဗျာ..SATA ကြိုးကို လေ့လာကြည့်မယ်ဆိုရင် connector ခေါင်း က L shape ပုံသဏ္ဍန် ရှိပါတယ်..SATA port ကို မှားထိုးစရာအကြောင်းမရှိပါဘူး..SATA ရဲ့ စနစ်မှာ jumper မလိုပါဘူး..SATA data transfer rate က သုံးမျိုးရှိပါတယ် …

SATA 1.5 Gbps
SATA ll 3 Gbps
SATA lll 6 Gbps တို့ဖြစ်ပါတယ် ။
မိမိစက်က Hard disk က SATA လား..SATA I လား SATA II လား SATA III လားဆိုတာ speccy software နဲ့ ကြည့်နိုင်ပါတယ်…
SATA နဲ့ PATA ဘာကွာလဲ
SATA
1.Point to point system ဖြစ်ပါတယ်..(ဒါကြောင့် Hard disk or CD ROM တစ်လုံးပဲတပ်လို့ ရပါတယ်)
2.Hot swap ရပါတယ်..ကွန်ပျူတာကို shut down လုပ်စရာမလိုဘူး..
3.Pin က 7 wire ပဲသုံးထားတယ်..
4.Air flow ကောင်းမွန်ပါတယ်..
5. Transfer rate သုံးမျိုး ရှိပါတယ်..(အထက်တွင်ဖော်ပြပြီး)
6.System unit အတွင်းကြိုးတွေရှုပ်ထွေးမှုမရှိပဲရှင်းရှင်းလင်းလင်း ဖြစ်စေတယ်..
7.jumper ချိုးစရာမလိုခြင်း..
PATA(EIDE Drive)
1.EIDE connector မှာ connector သုံးခုပါရှိတယ်..motherboard ကို connector တစ်ခုသွားပြီး ကျန်နဲ့  master နဲ့  slave မှာ drive နှစ်လုံးတပ်ဆင်နိုင်တယ်..
2.Hot swap မရဘူး..ကွန်ပျူတာကို စက်ပိတ်ပြီးမှ လုပ်ဆောင်နိုင်တယ်..
3.Pin က 40pin 80 wire သုံးထားတယ်…
4.40 pin 80 wire သုံးထားတဲ့အတွက်ကြောင့် Airflow အားနည်းပါတယ်..
5.Transfer rate က အမြင့်ဆုံး 133Mbps ရှိပါတယ်
6.IDE cable ကြိုးပြားကြီးပါတယ်..
7.Master /slave ခွဲပေးရပါတယ်..

No comments: