menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

SSD VS HDD


HDDနဲ့ SSDဘာတွေကွားခြားလဲ????? ---------------------------------------------------- 1. Data Transfer Rate HDD မှာ တစ်စက္ကန့်အတွင်းမှာ 200 MB နဲ့ အောက်သာရေး/ဖတ် နိုင်ပြီး SSD မှာကတော့ 200 MB ကနေ 2500 MBအထိ ရေးဖတ်နိုင်ပါတယ်။ File တွေကို ကူးတဲ့အခါမှာ SSD က ၂၅ ဆ လောက် ပိုမြန်ပါတယ်။ 2. Price ဒါကလည်း ထည့်သွင်းစဉ်းစားရမဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ GB တူညီတဲ့ SSD တစ်လုံးနဲ့ HDD တစ်လုံး ယှဉ်ရင်တော့ SSD က ဈေးနှစ်ဆလောက်များနေပါတယ်။ SSD ကပိုမြန်ပေမဲ့လည်းဈေးနှုန်းက အကိုယ်နဲ့အဆင်ပြေဖမပြေရှိသေးပါတယ်။ နောက်ပိုင်း ထုတ်လုပ်တဲ့ Laptop တွေမှာ SSD နဲ့ပါလာတာများပါတယ်။ 3. Access Time အချက်အလက်တွေ သိုလှောင် ထည့်သွင်းတဲ့နေရာမှာ ချက်ချင်း လုပ်ဆောင်တယ်လို့ ထင်ရပေမဲ့ သူတို့မှာ အလုပ်စလုပ်ချိန် Access Time တစ်ခုတော့ယူပါတယ်။ အဲဒီမှာလည်း SSD တွေက Access Time တိုတောင်းပြီး 0.5 MSသာ အချိန်ယူပါတယ်။ HDD တွေကတော့ 5.5 ကနေ 8.0 MS အထိ အချိန်ယူတာမို့ SSD တွေက ပိုမြန်သယတပါတယ်။ 4. Random I/O Performance အချက်အလက် ထုတ်သွင်းနိုင်မှု အခြေအနေပါ။ SSD က 6000 IOPS မြန်နှုန်းရှိပြီး HDD ကတော့ 400 IOPS သာ ရှိတဲ့အတွက် SSD က ၁၅ ဆလောက် ပိုမြန်ပါတယ်။ 5. လျှပ်စစ်ဓာတ်အား သုံးစွဲမှု SSD က 2 Watt – 5 Watt ထိပဲ သုံးစွဲပြီး HDD ကတော့ 6 Watt – 15 Watt ရှိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ HDD က Motor မောင်းနှင်ရတာကြောင့် ပိုမိုစားသုံးတာ ဖြစ်ပါတယ်။ CPU ပါဝါသုံးစွဲမှုမှာလည်း SSD က ၆ ရာခိုင်နှုန်းလောက် ပိုမို သက်သာပါတယ်။ 6. ဒေတာ ထိန်းသိမ်းနိုင်မှု HDDတွေက စက်လှုပ်ရှားမှုအပိုင်းတွေပါပေမဲ့ သံလိုက်ဓာတ်နဲ့ သိမ်းတာမို့ DATA တွေကို သိုလှောင်ထားနိုင်တဲ့ ကာလပိုကြာကြာ သိမ်းထားနိုင်ပါတယ်။ SSD တွေမှာတော့ စက်လှုပ်ရှားမှု အစိတ်အပိုင်းတွေမပါဘဲ NAND Gate Semiconductor တွေထဲမှာ လျှပ်စစ် သိုလှောင်တဲ့ စနစ်နဲ့ သိမ်းထားတာဖြစ်လို့ အချိန်ကာလ တစ်ခုမှာတော့ သိမ်းဆည်းထားတဲ့ လျှပ်စစ်ဓာတ် ယိုစိမ့်ပျောက်ဆုံးပြီး DATAတွေ ပျက်စီးနိုင်တဲ့ အခွင့်အလမ်းရှိပါတယ်။ အချက်အလက်တွေကို နှစ်ပေါင်းများစွာ သိမ်းဆည်းထားချင်တာမျိုးဆိုရင်တော့ SSDတွေကိုမသုံးဘဲ HDD တွေကိုသာ သုံးသင့်ပါတယ်။ 7. ယုံကြည်စိတ်ချရမှု ဒေတာ ထုတ်/သွင်းချိန်မှာ HDD က Data ပျက်စီးနိုင်မှု ရာခိုင်နှုန်း ၂ မှ ၅ အထိ ရှိပြီး SSD ကတော့ ၀.၅ သာ ရှိတဲ့အတွက် ပိုမို စိတ်ချရပါတယ်။ ကြာရှည်စွာ သိုလှောင်သိမ်းဆည်းမဲ့ဟာနဲ့တော့ မဆိုင်ဘူး။ 8. အပူထုတ်လွှတ်မှု HDD မှာ လည်ပတ်နေရတဲ့ အစိတ်အပိုင်းတွေ ပါသောကြောင့် အပူထွက်ပါတယ်။ ။ SSD မှာတော့ အပူထုတ်လွှတ်မှု မရှိသလောက် နည်းပါးပါတယ်။ 9. သိုလှောင်နိုင်စွမ်းဆဆခရည် HDD က Notebook တွေအတွက် 2TB နဲ့ Desktop တွေအတွက် 10 TB ထိ ရရှိနိုင်ပြီး SSD တွေမှာတော့ Notebook တွေအတွက် 1 TB နဲ့ Desktop တွေအတွက် 4 TB အထိပဲ ရနိုင်ပါတယ်။ နောက်ပိုင်းမှာတော့ များချင်များလာနိုင်ပါတယ်။ 10. အထွေထွေ SSD တွေ့ါက ပိုမြန်တယ်၊ ပိုပြီး ဒဏ်ခံနိုင်တယ်ထ၊ အားသိပ်မစားဘူး၊ ဒါပေမဲ့ ဈေးကြီးတယ်၊ ဒေတာကို နှစ်ပေါင်းများစွာ သိမ်းချင်ရင်တော့ မကိုက်ဘူး။ SSD တပ်ထားတဲ့ စက်တွေကို ပါဝါမပိတ်မိဘဲ ကျောပိုးအိတ်ထဲမှာ ထည့်ပြီး ကားစီး/ဆိုင်ကယ်စီးတာ ဘာမှ ပြဿနာ မရှိနိုင်ပေမဲ့ HDD တပ်ထားတဲ့ စက်တွေကို အဲလို ပါဝါမပိတ်ဘဲ သယ်သွားရင်တော့ သိပ်မကြာခင်ပဲပျက်စီးသွားနိုင်ပါတယ်။ HDD လို့ခေါ်တဲ့ ကျွန်တော်တို့သုံးနေကြ သာမန် Harddisk တွေဟာ သံလိုက်ပြားတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဒီသံလိုက်ပြားတွေပေါ်မှာ ဒေတာတွေကို အကန့်တွေခွဲပြီး သိမ်းဆည်းထားပါတယ်။ ဒေတာတွေကို ကွန်ပျူတာကနားလည်တဲ့ စနစ်ဖြစ်တဲ့ 0 နဲ့ 1 ဆိုတဲ့ Binary စနစ်နဲ့ သိမ်းပါတယ်။ 1 ဖြစ်စေချင်တဲ့အပိုင်းကို သံလိုက်ဓာတ်ဝင်စေပြီး 0 ဖြစ်စေချင်တဲ့အပိုင်းကို သံလိုက်ဓာတ်မရှိအောင် လုပ်ပစ်ပါတယ်။
မောင်းတံတစ်ခုပါပြီး ဒီမောင်းတံက သံလိုက်ပြားတွေကို လည်ပတ်စေပြီး ခုနသိမ်းဆည်းထားတဲ့ ဒေတာတွေကို မောင်းတံနဲ့ ခြစ်ပြီး ဒေတာတွေ သိမ်းဆည်းတာ ဖတ်ရှုတာ လုပ်ပါတယ်။

HDD ဝယ်တဲ့အချိန်မှာ 5400 RPM ၊ 7200RPM စသဖြင့် ရေးထားတာဟာ ဒီသံလိုက်ပြားတွေရဲ့ လည်ပတ်နှုန်းဖြစ်ပါတယ်။ လည်ပတ်နှုန်းမြန်လေ သိမ်းဆည်းတာ ဖတ်ရှုတာတွေ ပိုမြန်လေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကာလကြာရှည်လာတာနဲ့အမျှ ဒီသံလိုက်ပြားတွေ ယိုယွင်းလာသလို မောင်းတံဟာလည်း ယိုယွင်းလာပါတယ်။ HDD တဈလုံးပကြျကာနီးရငျ စပွတဲ့ လက်ခဏာက စကျဖှင့ျထားရငျ တဈဂစြျဂစြျနဲ့ အသံကွားလာရတာပါပဲ။ ဒါဟာ မောငျးတံပကြျစီးစပွုလာတာကို ပွပါတယျ။

HDD တွေကို ကျွန်တော့်အတွေ့အကြုံအရဆိုရင်တော့ ပျမ်းမျှ နှစ်နှစ်ထက်ပို မသုံးသင့်ပါဘူး။ နှစ်နှစ်ကျော်လောက်ဆိုရင် သာမန် HDD တစ်လုံးဟာ စဖောက်လာပါပြီ။ တစ်ချို့ HDD တွေ ၆လ တစ်နှစ်နဲ့ ပျက်သွားတာတွေလည်း ရှိပါတယ်။ ပြီးတော့ HDD တစ်လုံးဟာ ဘယ်လောက်ပဲ RPM မြင့်ပါစေ mechanical လို့ခေါ်တဲ့ ရုပ်ပစ္စည်းနဲ့သာ လုပ်ထားတာဖြစ်လို့ ဒီ ပစ္စည်းရဲ့ သတ်မှတ်လည်ပတ်နှုန်းကို မကျော်နိုင်ပါဘူး။ ဒီတော့ read/write speed ကလည်း အကန့်အသတ်တွေ ရှိနေပါတယ်။

တစ်ဘက်မှာ SSD အကြောင်း ဆက်ကြည့်ကြမယ်ဆိုရင် SSD (Solid State Drive) မှာ ခုနက HDD လို သံလိုက်ပြားတွေ မပါဘူး မောင်းတံတွေမပါပါဘူး။ ဒီတော့ ပထမဆုံးအချက်အနေနဲ့ ပျက်စီးနိုင်တဲ့ mechanical အစိတ်အပိုင်းတွေ နည်းသွားပါတယ်။ ဒုတိယအနေနဲ့က SSD ပေါ်မှာ ဒေတာတွေ သိမ်းဆည်းရာမှာ သံလိုက်ပြားပေါ်မှာ မဟုတ်ပဲ chip တွေပေါ်မှာ Electronic Signal အနေနဲ့ သိမ်းဆည်းပါတယ်။

ဟာ ဒါဆို RAM တွေလိုပဲပေါ့။ တစ်ဝက်တော့ မှန်ပါတယ်။

RAM တွေမှာက Volatile Memory လို့ခေါ်တဲ့ ပါဝါပိတ်လိုက်ရင် ပျောက်သွားတဲ့ memory chip တွေ ကို သုံးပါတယ်။ SSD မှာကြတော့ Non-Volatile Memory လို့ခေါ်တဲ့ ပါဝါပိတ်လိုက်လည်း ဆက်လက်သိမ်းဆည်းထားပေးတဲ့ memory chip တွေကို သုံးပါတယ်။

ဒီလို electronic signal အနေနဲ့ သိမ်းဆည်းတဲ့အတွက် read/write လုပ်ရာမှာ အရမ်းမြန်သွားပါတယ်။ HDD မှာ ဒေတာကို ဖတ်ဖို့ သံလိုက်ပြားပေါ်က ဒေတာသိမ်းဆည်းထားတဲ့နေရာကို သံလိုက်ပြားတွေကို လည်ပတ်စေပြီး မောင်းတံက ဒီသံလိုက်ပြားပေါ် ရွေ့လျား သွားဖတ်နေရပေမယ့် SSD မှာကတော့ ဒက်ကနဲ electronic signal လွှတ်လိုက်ပြီး ဖတ်နိုင်ပါတယ်။

ဒီနေ့ခေတ် SSD ရဲ့ speed ကို ကန့်သတ်ထားတဲ့ အရာကတော့ interface လို့ခေါ်တဲ့ ချိတ်ဆက်မှု စနစ်ပါ။ SSD အများစုဟာ SATA 3 interface နဲ့ပဲ motherboard ပေါ်ကို ချိတ်ဆက်ထားပါတယ်။ SATA 3 ရဲ့ သီအိုရီအရ အမြန်ဆုံး speed ဟာ 6.0Gbps ပါ။ Megabyte နဲ့ဆိုရင် တစ်စက္ကန့်ကို 750 မီဂါဘိုက်ပါ။ ဒါပေမယ့် တကယ်တမ်း read/write test လုပ်ရင် အဲဒီလောက် မထွက်ပါဘူး။

ဒီတော့ သာမန် SSD တွေထက်မြန်တဲ့ PCIe SSD ဆိုတာတွေ ထပ်ထွက်လာပါတယ်။ ဒီမှာကြတော့ Sata3 interface နဲ့ မချိတ်ဆက်တော့ပဲ Motherboard ရဲ့ PCI-e interface နဲ့ တိုက်ရိုက် ချိတ်ဆက်တဲ့အတွက် SATA3 ထက် အများကြီး မြန်သွားပါတယ်။ ဒါပေမယ့် ဈေးကတော့ ကြီးမြင့်နေတုန်းပါ။

HDD ထက်လည်း အများကြီး မြန်တယ်။ ပျက်စီးစရာ စက်အစိတ်အပိုင်းလည်း မပါဘူး။ ဒါဖြင့် SSD တွေကိုပဲ ယုံမှတ်လိုက်ကြတော့မလား။ ရာနှုန်းပြည့်တော့ ဘယ်ဟာကိုမှ စိတ်ချလို့မရပါဘူး။

HDD မှာ ဒေတာတွေကို ဖျက်လိုက်ရင် တကယ်တမ်းက ဒေတာကို ဖျက်လိုက်တာ မဟုတ်ပါဘူး။ ဒီဒေတာကို ရှာဖွေနိုင်တဲ့ Pointer ကို ကို ဖျက်လိုက်တာပါ။ ဥပမာ ကျွန်တော်က ကျွန်တော့အိမ်လိပ်စာမှာ မြို့နယ်နဲ့ရပ်ကွက်ကို ဖျက်ပစ်လိုက်သလိုပေါ့။ ကျွန်တော်ကတော့ ဒီအိမ်မှာ ရှိနေတာပဲ။ ဒါပေမယ့် ရှာမယ့်သူက မြို့နယ်မသိတော့ ရှာမတွေ့တော့သလိုပေါ့။ ဒီဒေတာအကန့်အပေါ်ကို ဒေတာအသစ်တွေ ထပ်မရေးသေးသရွေ့ ဖျက်လိုက်တဲ့ဖိုင်တွေဟာ ပြန်ရှာလို့ရပါသေးတယ် (အချို့ဖုန်းဆိုင် ကွန်ပျူတာဆိုင်တွေဟာ ဖောက်သည်တွေရဲ့ ပစ္စည်းတွေကို အဲလိုပြန်ရှာပြီး သူတစ်ပါးရဲ့ ကိုယ်ရေးကိုယ်တာဓာတ်ပုံနဲ့ ဒေတာတွေကို အင်တာနက်ပေါ်တင်ကြတယ်လို့ ကြားဖူးပါတယ်။ အပြင်းအထန်ရံှု့ချပါတယ်)။

SSD မှာကြတော့ Read/Write Cycle ဆိုတာ ရှိပါတယ်။ ဒေတာတစ်ခုကို SSD ပေါ်မှာ ဖျက်လိုက်တဲ့အခါ ဒီဒေတာနေရာယူထားတဲ့ cell တစ်ခုလုံးကို SSD က ဖျက်ပစ်ရပါတယ်။ ဒါမှ နောက်ထပ်နေရာယူလို့ရမှာ မို့လို့ပါ။ SSD ပေါ်မှာ ဖျက်လိုက်တဲ့ ဒေတာကို HDD လို အလွယ်တကူပြန်ယူလို့မရတော့ပါဘူး။

ဒေတာတစ်ခုရှိတယ်၊ SSD ပေါ်ကနေဖျက်လိုက်တယ်၊ ဒေတာနေရာယူထားခဲ့တဲ့အကန့်တစ်ခုလုံးကို ဖျက်ပစ်ရတယ်။ ဒီအကန့်ကို ဒေတာအသစ်နေရာယူဖို့ ပြန်တည်ဆောက်တယ်။ ဒါက SSD ရဲ့ Read/Write Cycle လို့ ခေါ်ပါတယ်။

ဒီလို read/write cycle က SSD ရဲ့ သတ်မှတ်ထားတဲ့ အရေအတွက်ကို ရောက်တဲ့အခါ ဒီ SSD ရဲ့ သက်တမ်းကုန်ဆုံးသွားပါပြီ။

ဒီ Read/Write Cycle ကို အဲလောက်တော့ ကြောက်စရာမလိုပါဘူး။ အများအားဖြင့် SSD တစ်လုံးဟာ အနည်းဆုံး ၅နှစ်သက်တမ်း ပျမ်းမျှရှိကြပါတယ်။ ၁လထဲနဲ့ ပျက်သွားတဲ့ SSD ကိုလည်း တွေ့ဖူးပါတယ် (ဒါတော့ ရှားရှားပါးပါး factory fault ပါ)။

အားသာချက် အားနည်းချက်တွေကို ယှဉ်ကြည့်ပြီးရင်တော့ SSD ဟာ အဘက်ဘက်မှာသာပါတယ်။ အမြန်နှုန်းဘက်ကကြည့်မလား၊ ရေရှည်ခံမှုဘက်က ကြည့်မလား၊ စိတ်ချရမှုဘက်ကကြည့်မလား။ အစစ သာပါတယ်။ ဈေးနှုန်းပိုကြီးပေမယ့် တစ်ဖြည်းဖြည်းနဲ့ အကျဘက်ကို ဦးတည်လာပြီမို့ နောက်ကို 1TB SSD ကို ဒီနေ့ခေတ် HDD ဈေးလောက်နဲ့ ရရှိလာမယ်လို့ မျှော်လင့်ပါတယ်။
 HDD တစ္လံုးပ်က္ကာနီးရင္ စျပတဲ့ လကၡဏာက စက္ဖြင့္ထားရင္ တစ္ဂ်စ္ဂ်စ္နဲ႔ အသံၾကားလာရတာပါပဲ။ ဒါဟာ ေမာင္းတံပ်က္စီးစျပဳလာတာကို ျပပါတယ္။

HDD ေတြကို ကြ်န္ေတာ့္အေတြ႔အၾကံဳအရဆိုရင္ေတာ့ ပ်မ္းမွ် ႏွစ္ႏွစ္ထက္ပို မသံုးသင့္ပါဘူး။ ႏွစ္ႏွစ္ေက်ာ္ေလာက္ဆိုရင္ သာမန္ HDD တစ္လံုးဟာ စေဖာက္လာပါျပီ။ တစ္ခ်ိဳ႕ HDD ေတြ ၆လ တစ္ႏွစ္နဲ႔ ပ်က္သြားတာေတြလည္း ရိွပါတယ္။ ျပီးေတာ့ HDD တစ္လံုးဟာ ဘယ္ေလာက္ပဲ RPM ျမင့္ပါေစ mechanical လို႔ေခၚတဲ့ ရုပ္ပစၥည္းနဲ႔သာ လုပ္ထားတာျဖစ္လို႔ ဒီ ပစၥည္းရဲ႕ သတ္မွတ္လည္ပတ္ႏွဳန္းကို မေက်ာ္ႏိုင္ပါဘူး။ ဒီေတာ့ read/write speed ကလည္း အကန္႔အသတ္ေတြ ရိွေနပါတယ္။
တစ္ဘက္မွာ SSD အေၾကာင္း ဆက္ၾကည့္ၾကမယ္ဆိုရင္ SSD (Solid State Drive) မွာ ခုနက HDD လို သံလိုက္ျပားေတြ မပါဘူး ေမာင္းတံေတြမပါပါဘူး။ ဒီေတာ့ ပထမဆုံးအခ်က္အေနနဲ႔ ပ်က္စီးႏိုင္တဲ့ mechanical အစိတ္အပိုင္းေတြ နည္းသြားပါတယ္။ ဒုတိယအေနနဲ႔က SSD ေပၚမွာ ေဒတာေတြ သိမ္းဆည္းရာမွာ သံလိုက္ျပားေပၚမွာ မဟုတ္ပဲ chip ေတြေပၚမွာ Electronic Signal အေနနဲ႔ သိမ္းဆည္းပါတယ္။
ဟာ ဒါဆို RAM ေတြလိုပဲေပါ့။ တစ္ဝက္ေတာ့ မွန္ပါတယ္။
RAM ေတြမွာက Volatile Memory လို႔ေခၚတဲ့ ပါဝါပိတ္လိုက္ရင္ ေပ်ာက္သြားတဲ့ memory chip ေတြ ကို သုံးပါတယ္။ SSD မွာၾကေတာ့ Non-Volatile Memory လို႔ေခၚတဲ့ ပါဝါပိတ္လိုက္လည္း ဆက္လက္သိမ္းဆည္းထားေပးတဲ့ memory chip ေတြကို သုံးပါတယ္။
ဒီလို electronic signal အေနနဲ႔ သိမ္းဆည္းတဲ့အတြက္ read/write လုပ္ရာမွာ အရမ္းျမန္သြားပါတယ္။ HDD မွာ ေဒတာကို ဖတ္ဖို႔ သံလိုက္ျပားေပၚက ေဒတာသိမ္းဆည္းထားတဲ့ေနရာကို သံလိုက္ျပားေတြကို လည္ပတ္ေစျပီး ေမာင္းတံက ဒီသံလိုက္ျပားေပၚ ေရြ႕လ်ား သြားဖတ္ေနရေပမယ့္ SSD မွာကေတာ့ ဒက္ကနဲ electronic signal လႊတ္လိုက္ျပီး ဖတ္ႏိုင္ပါတယ္။
ဒီေန႔ေခတ္ SSD ရဲ႕ speed ကို ကန္႔သတ္ထားတဲ့ အရာကေတာ့ interface လို႔ေခၚတဲ့ ခ်ိတ္ဆက္မွဳ စနစ္ပါ။ SSD အမ်ားစုဟာ SATA 3 interface နဲ႔ပဲ motherboard ေပၚကို ခ်ိတ္ဆက္ထားပါတယ္။ SATA 3 ရဲ႕ သီအိုရီအရ အျမန္ဆံုး speed ဟာ 6.0Gbps ပါ။ Megabyte နဲ႔ဆိုရင္ တစ္စကၠန္႔ကို 750 မီဂါဘိုက္ပါ။ ဒါေပမယ့္ တကယ္တမ္း read/write test လုပ္ရင္ အဲဒီေလာက္ မထြက္ပါဘူး။
ဒီေတာ့ သာမန္ SSD ေတြထက္ျမန္တဲ့ PCIe SSD ဆိုတာေတြ ထပ္ထြက္လာပါတယ္။ ဒီမွာၾကေတာ့ Sata3 interface နဲ႔ မခ်ိတ္ဆက္ေတာ့ပဲ Motherboard ရဲ႕ PCI-e interface နဲ႔ တိုက္ရိုက္ ခ်ိတ္ဆက္တဲ့အတြက္ SATA3 ထက္ အမ်ားၾကီး ျမန္သြားပါတယ္။ ဒါေပမယ့္ ေစ်းကေတာ့ ၾကီးျမင့္ေနတုန္းပါ။
HDD ထက္လည္း အမ်ားၾကီး ျမန္တယ္။ ပ်က္စီးစရာ စက္အစိတ္အပိုင္းလည္း မပါဘူး။ ဒါျဖင့္ SSD ေတြကိုပဲ ယံုမွတ္လိုက္ၾကေတာ့မလား။ ရာႏွဳန္းျပည့္ေတာ့ ဘယ္ဟာကိုမွ စိတ္ခ်လို႔မရပါဘူး။
HDD မွာ ေဒတာေတြကို ဖ်က္လိုက္ရင္ တကယ္တမ္းက ေဒတာကို ဖ်က္လိုက္တာ မဟုတ္ပါဘူး။ ဒီေဒတာကို ရွာေဖြႏိုင္တဲ့ Pointer ကို ကို ဖ်က္လိုက္တာပါ။ ဥပမာ ကြ်န္ေတာ္က ကြ်န္ေတာ့အိမ္လိပ္စာမွာ ျမိဳ႕နယ္နဲ႔ရပ္ကြက္ကို ဖ်က္ပစ္လိုက္သလိုေပါ့။ ကြ်န္ေတာ္ကေတာ့ ဒီအိမ္မွာ ရိွေနတာပဲ။ ဒါေပမယ့္ ရွာမယ့္သူက ျမိဳ႕နယ္မသိေတာ့ ရွာမေတြ႔ေတာ့သလိုေပါ့။ ဒီေဒတာအကန္႔အေပၚကို ေဒတာအသစ္ေတြ ထပ္မေရးေသးသေရြ႕ ဖ်က္လိုက္တဲ့ဖိုင္ေတြဟာ ျပန္ရွာလို႔ရပါေသးတယ္ (အခ်ိဳ႕ဖုန္းဆိုင္ ကြန္ပ်ဴတာဆိုင္ေတြဟာ ေဖာက္သည္ေတြရဲ႕ ပစၥည္းေတြကို အဲလိုျပန္ရွာျပီး သူတစ္ပါးရဲ႕ ကိုယ္ေရးကိုယ္တာဓာတ္ပံုနဲ႔ ေဒတာေတြကို အင္တာနက္ေပၚတင္ၾကတယ္လို႔ ၾကားဖူးပါတယ္။ အျပင္းအထန္ရံွဳ႕ခ်ပါတယ္)။
SSD မွာၾကေတာ့ Read/Write Cycle ဆိုတာ ရိွပါတယ္။ ေဒတာတစ္ခုကို SSD ေပၚမွာ ဖ်က္လိုက္တဲ့အခါ ဒီေဒတာေနရာယူထားတဲ့ cell တစ္ခုလံုးကို SSD က ဖ်က္ပစ္ရပါတယ္။ ဒါမွ ေနာက္ထပ္ေနရာယူလို႔ရမွာ မို႔လို႔ပါ။ SSD ေပၚမွာ ဖ်က္လိုက္တဲ့ ေဒတာကို HDD လို အလြယ္တကူျပန္ယူလို႔မရေတာ့ပါဘူး။
ေဒတာတစ္ခုရိွတယ္၊ SSD ေပၚကေနဖ်က္လိုက္တယ္၊ ေဒတာေနရာယူထားခဲ့တဲ့အကန္႔တစ္ခုလံုးကို ဖ်က္ပစ္ရတယ္။ ဒီအကန္႔ကို ေဒတာအသစ္ေနရာယူဖို႔ ျပန္တည္ေဆာက္တယ္။ ဒါက SSD ရဲ႕ Read/Write Cycle လို႔ ေခၚပါတယ္။
ဒီလို read/write cycle က SSD ရဲ႕ သတ္မွတ္ထားတဲ့ အေရအတြက္ကို ေရာက္တဲ့အခါ ဒီ SSD ရဲ႕ သက္တမ္းကုန္ဆံုးသြားပါျပီ။
ဒီ Read/Write Cycle ကို အဲေလာက္ေတာ့ ေၾကာက္စရာမလိုပါဘူး။ အမ်ားအားျဖင့္ SSD တစ္လံုးဟာ အနည္းဆံုး ၅ႏွစ္သက္တမ္း ပ်မ္းမွ်ရိွၾကပါတယ္။ ၁လထဲနဲ႔ ပ်က္သြားတဲ့ SSD ကိုလည္း ေတြ႔ဖူးပါတယ္ (ဒါေတာ့ ရွားရွားပါးပါး factory fault ပါ)။
အားသာခ်က္ အားနည္းခ်က္ေတြကို ယွဥ္ၾကည့္ျပီးရင္ေတာ့ SSD ဟာ အဘက္ဘက္မွာသာပါတယ္။ အျမန္ႏွဳန္းဘက္ကၾကည့္မလား၊ ေရရွည္ခံမွဳဘက္က ၾကည့္မလား၊ စိတ္ခ်ရမွဳဘက္ကၾကည့္မလား။ အစစ သာပါတယ္။ ေစ်းႏွဳန္းပိုၾကီးေပမယ့္ တစ္ျဖည္းျဖည္းနဲ႔ အက်ဘက္ကို ဦးတည္လာျပီမို႔ ေနာက္ကို 1TB SSD ကို ဒီေန႔ေခတ္ HDD ေစ်းေလာက္နဲ႔ ရရိွလာမယ္လို႔ ေမွ်ာ္လင့္ပါတယ္။

No comments: