menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Kar 98K သေနတ်အကြောင်း


အခုတစ်ခါ တင်ပြပေးမဲ့ သေနတ်ကတော့ PUBG player တိုင်းရဲ့ အသည်းစွဲ sniper rifle တစ်လက်ဖြစ်တဲ့ Kar98 K အကြောင်းပါပဲ
Karabiner 98 Kurz တစ်ဖြစ်လဲ Kar98 K ဟာ တခြား Bolt action sniper rifle တွေထက် ပိုပေါပေါသီသီတွေ့ရတဲ့ အပြင် ရန်သူတစ်ယောက်ကို ခေါင်းထိအောင်ပစ်နိုင်ရင် တစ်ချက်ဆို ဆိုသလောက် အစွမ်းထက်လို့လဲ တော်တော်များများရဲ့ လက်စွဲတော် SR ( sniper rifle) ဖြစ်နေရတာပါ. .
တခြား SR တွေလိုပဲ တွေ့တွေ့ချင်းကောက်ပစ်လို့မရဘူးဗျ. . ကျည်အရင်ထိုးတဲ့ အချိန်လိုပါတယ်. .
10m အကွာကရန်သူကို ပစ်မယ်ဆိုရင်
Body shot armor မပါရင် 97.5 damage
Lvl 1 armor ဆိုရင် 68 damage
Lvl 2 armor ဆိုရင် 58 damage
Lvl 3 armor ဆိုရင် 43 damage ဆိုတော့ကာ
Lvl 3 armor ဝတ်ထားတဲ့ရန်သူကလွဲရင် တစ်ကောင် နှစ်ချက်ပစ်ရုံနဲ့တင် ကိစ္စပြတ်ပါတယ်. ( တကယ်သွား မပစ်နဲ့နော်. 10m ဆိုတာက နီးနီးလေးရယ် ရန်သူက ကိုယ်ပစ်တာကို ငြိမ်ခံနေမှာမှ မဟုတ်တာ. တစ်ချက်နဲ့ တစ်ချက်ခြား ကျည်ပြန်ထိုးနေရတာနဲ့တင် နားကားသွားမယ် 😒😒😒)
ခေါင်းကိုပစ်မယ်ဆိုရင် ဘာခေါင်းစွပ်မှ မပါရင် 187 damage

Lvl 1 ဆိုရင် 131 damage
Lvl 2 ဆိုရင် 112 damage
Lvl 3 ဆိုရင် 84 damage ဆိုတော့ lvl 3 ခေါင်းစွပ်ကလွဲရင် ကျန်တာ တန်းမှောက် တန်းပျောက် 😱😱😱
အဲ့ damage တွေဟာ 100m အကွာက ရန်သူကိုပစ်ရင်လဲ ဒီ damage တွေအတိုင်း ထိမှာဖြစ်ပြီးတော့ အဲ့ထက်ပိုဝေးသွားရင်တော့ ဝေးလေ damage နည်းလေဖြစ်မှာပါ. .
မှတ်ချက် ။ ။ အပေါ်က damage တွေဟာ သွေးအပြည့် Armor အပြည့်ကိုတွက်ထားတာဖြစ်ပါတယ် ( lvl 3 ခေါင်းစွပ်ပေမဲ့ သူ့ရဲ့ durability ခံနိုင်အား တစ်ဝက်လောက်ပဲကျန်ရင် တစ်ချက်တည်းနဲ့ မှောက်ပါတယ်)
ပစ်ခတ်ပုံကတော့ Single bolt actionဆိုတဲ့ အတိုင်း တစ်ချက်ပစ် ကျည်ပြန်ထိုးနဲ့ တစ်ချက်ချင်းစီ ပစ်ခတ်ရတဲ့ SR မျိုးပါ. .
Scope တွေအနေနဲ့ကတော့ ရှိသမျှ scope အကုန် တပ်လို့ရပြီးတော့ . .
Stock အနေနဲ့ကတော့ Bullet Loop နဲ့ cheek pad တပ်ဆင်လို့ရပါတယ်. . ဒီနှစ်ခုမှာ Bullet loop ကိုပို recommend ပေးပါတယ်.. ကျည်ဖြည့်ချိန်ကို လျော့ချပေးလို့ပါ.
Muzzle တွေအနေနဲ့ကတော့ ရွေးချယ်စရာ Flash Hider, compensator, suppressor သုံးမျိုးလုံးတပ်လို့ရပြီးတော့ Suppressor မရှိရင် Flash Hider ကိုပိုသုံးစေချင်ပါတယ်. . Bolt action Rifle ဆိုတော့ ဆက်တိုက်ပစ်စရာမလိုတဲ့ အတွက် recoil ထိန်းစရာမလိုတာကြောင့် သေနတ်ပြောင်းဝက ပွင့်တဲ့ မီးကို ရန်သူတွေ အလွယ်မတွေ့နိုင်အောင် flash hider ကိုသုံးစေချင်တာပါ ( ပုံမှန်ချိန်ဆိုသိပ်မသိသာပေမဲ့ မြူကျ မိုးရွာချိန်ဆို ပြောင်းဝကထွက်တဲ့ မီးတောက်ကို တော်တော်ဝေးဝေးက မြင်နိုင်လို့ပါ)
Suppressor သံလေး တစ်ရွှန့်ရွှန့်နဲ့ ရန်သူတစ်ယောက် မှောက်ဖို့ ချက်ကောင်းပဲလိုတဲ့ Kar98 k အပေါ်မြင်တဲ့ ကိုယ့်အမြင်တွေကို comment မှာ မန့်သွားလို့ရပါတယ်. .
card

No comments: