menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Memory Card ReadOnly ဖြစ်ပြီး Data ထည့်မရသူများ

 

-   အရင်ဆုံး  Window + R  ဖြင့်   Run Box ခေါ်ပါ


-   Run Box မှာ   cmd  ဟု ရိုက်  Ok  နှိပ်ပါ


-   CMD Command Prompt  ထဲ ရောက်ရင်   diskpart   ဟု ရိုက်   Enter  ခေါက်ပါ


-   ပြီးရင်     list disk   ဟု ရိုက်   Enter  ခေါက်ပါ


-   Select disk 1  ဟု ရိုက်  Enter  ခေါက်ပါ

( မှတ်ချက် -    1    နေရာမှာ မိမိ ပြုလုပ်ချင်သော  Card  ရွေးပေးရပါမည်။ များသောအားဖြင့်     1   ဖြစ်နေတတ်ပေမယ့်   Card  နှစ်ခု သုံးခု ထိုးထားပါက ပြုလုပ်ချင်သော  Select disk  ကို ရွေးပါ )


-   ပြီးရင်     attribute disk clear readonly   ဟု ရိုက်  Enter  ခေါက်ပါ


- exit  ဟု ရိုက်  Enter  ခေါက်ပါ


အဆင်ပြေပြီ  Memory Card / Stick တွေမှာ Data အလွတ် ကျန်နေပါလျှက်နဲ့  Data ထပ်ထည့်မရပါက ဒီနည်းလေးကို သုံးကြည့်ပါ












အဆင်ပြေပါစေ
ကျောက်ဆည်သားလေး

No comments: