menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Monitor Graphic Resolution အကြောင်း အပိုင်း(၁)

Resolution ဆိုတာScreen ပေါ်မှာ ပြသပေးနိုင်တဲ့ Dot ၊ ဒါမှမဟုတ် Pixel (Picture Element ရဲ့ အတိုကောက်) အရေအတွက် ဖြစ်ပါတယ်။ Resolution ပိုများရင် တစ်လက်မ အကွက်အတွင်းမှာ ဖော်ပြပေးနိုင်တဲ့ Dot အရေအတွက် ပိုလာတဲ့အတွက် ပုံရိပ်တွေကို ပိုမိုပြတ်သားစေပါတယ်။
Monitor ကတော့ ပိုမြင့်တဲ့ resolution ကို လက်ခံ နိုင်ရပါမယ်။ Resolution မြင့်မားလာတဲ့အတွက် Graphics Board နဲ့ PC ပေါ်မှာ Processing တောင်းဆိုမှုတွေ တိုးတက် များပြားလာပါလိမ့်မယ်။ 
လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က ထုတ်လုပ်တဲ့ Computer တွေမှာပါ ရှိတဲ့ Graphics Card တွေဟာ 1024x768 Resolution ကို အနည်းဆုံး Support လုပ်နိုင်ပါတယ်။ တချို့ဆိုရင် 1600 x 1200 ထိတောင် Support လုပ်နိုင် ကြပါတယ်။ စနစ်ဟောင်းတွေမှာတော့ အမြင့်ဆုံး Resolution 800 x 600 အထိသာ Support လုပ်နိုင်ကြ ပါတယ်။

Screen Resolution ကို ချိန်ညှိလိုက်ရင်တော့ Display Properties ကို ဖွင့်ပြီး Setting ကို Click လုပ်ပါ။ 'Screen Area' ၊ ဒါမှမဟုတ် 'Screen Resolution Bar' ကို Higher (More) ၊ ဒါမှမဟုတ် Lower (Less) ဆီကို Slide လုပ်သွားနိုင်ပါတယ်။ Resolution ပိုမြင့်တာဟာ ပုံရိပ်အရည်အသွေး ပိုကောင်းလာစေပေမယ့် Icon တွေ၊ စာသားတွေနဲ့ တခြား Object တွေကို ပိုမိုသေးငယ်စေပါတယ်။ ကိုယ့်အတွက် ကြိုက်နှစ်သက်ရာ Setting ကို စမ်းသပ် ရွေးချယ်ရပါမယ်။ အများစုတို့အတွက် အလွယ်တကူ ဖတ်ရှုရနိုင်တဲ့ အမြင့်ဆုံး Resolution ဖြစ်ပါတယ်။


Color Depth

Graphics Card ကနေ Support လုပ်ပေးနိုင်တဲ့ Color အရေအတွက် ဖြစ်ပါတယ်။ Color အရေအတွက် ပိုသုံး ရင် ပုံရိပ်အရည်အသွေး ပိုကောင်းပေမယ့်သင့်စနစ်ပေါ်မှာ Processing တောင်းဆိုမှု ပိုများလာပါလိမ့်မယ်။

Graphics Card ရဲ့ Color-depth Setting တွေကို Display Propertiesထဲရှိ Setting Tab အောက်မှ Color Dropdown Menu (XP မှာ 'Color quality')မှာ List လုပ်ပေးထားပါတယ်။ Pixel တိုင်းအတွက် သတ်မှတ် ပေးထားတဲ့ Bit အရေအတွက်နဲ့ ဖော်ပြပေးလေ့ရှိပါတယ်။ True Color (24-bit Color)ဟာ 16,777,216 Color ခွင့်ပြုနိုင်ပြီး High Color (16-bits) ကတော့65,536 Color Support လုပ်နိုင်ပါတယ်။ 16-bits Color ထက် ပိုနည်းရင် ပုံရိပ်တွေ ကြည့်မကောင်းတော့ပါဘူး။ Driver အတော်များများတို့ဟာ 8-bit (256 Colors) ၊ဒါမှ မဟုတ် 16-bit (32,536 Colors) Setting တွေ ပေးမထားကြပါဘူး။PC အသစ်တွေမှာဆိုရင် 32-bit Color ကို Support လုပ်ပေးထားပါတယ်။Color ၁၆ သန်းအပြင် True Color အဖြစ် Color တွေ ပေါင်းထည့်ပေးထား ပါတယ်။ အလျင်အမြန်ရွေ့လျားတဲ့ 3D Game တွေမှာ အလွန်အသုံးဝင်ပေမယ့် သမားရိုးကျ Application တွေ မှာတော့ အနည်းငယ်သာ ကူညီနိုင်ပါတယ်။

Refresh Rate

Hertz ၊ ဒါမှမဟုတ် Cycles Per Second နဲ့ ပြသပေးပါတယ်။ Screen ပေါ်မှာ ပုံရိပ်တွေ Redrawn လုပ်တဲ့အခါ တစ်စက္ကန့်မှာ ဘယ်နှကြိမ် လုပ်နိုင်သလဲဆိုတာပါပဲ။ Refresh Rate သိပ်နိမ့်လွန်းရင် Screen တုန်ခါမှုတွေ ဖြစ်စေနိုင်ပါ တယ်။ Screen တုန်ခါမှုကို မတွေ့ရဘူးဆိုရင် တောင်မှ မျက်လုံးကို ဒုက္ခပေးနိုင်ပါတယ်။
တချို့က 72 Hz ထက် မနည်းသင့်ဘူးလို့ ဆိုပေမယ့် တချို့ကျွမ်းကျင်သူတွေကတော့ အနည်းဆုံး 80 Hz ရှိသင့်တယ်လို့ ဆိုကြပြန်ပါတယ်။ Refresh Rate တွေကို စမ်းသပ်ပြီး ကိုယ့်အတွက် ကိုက်ညီမယ့် Rate ကို ရွေးချယ်သင့်ပါတယ်။ Refresh Rate သိပ်မြင့်လွန်းပြန်ရင်လည်း မကောင်းပြန်ပါဘူး။
Windows XP မှာ Screen ရဲ့ Refresh Rate ချိန်ညှိလိုရင် Display Properties ဖွင့်ပြီး Settings. Advanced. Adapter. List All Modes လို့ Click လုပ်ပေးပါတယ်။ Support လုပ်နိုင်တဲ့ တန်ဖိုးစာရင်းထဲကနေ Refresh Rate ၊ Screen Resolution နဲ့ Color Depth အတွဲတွေထဲက တစ်ခုကို ရွေးချယ်နိုင်ပါတယ်။
တခြား Windows Version တွေမှာ Display Properties ကို ဖွင့်ပြီး Setting. Advanced. Adapter လို့ Click လုပ်ပါ။ 'Refresh Rate' Drop-down Menu ထဲက တစ်ခုကို ရွေးချယ်နိုင်ပါတယ်။ တကယ်လို့ အဲဒီ Option တွေ မတွေ့ရဘူး ဆိုရင် သင့် Graphic Card နဲ့ Monitor ဟာ Multiple Refresh Rates ကို Support မလုပ်နိုင်လို့ ဖြစ်ပါတယ်။

အဲဒီလို ရွေးချယ်စရာ Option တွေ မမြင်တွေ့ရဘူးဆိုရင်တောင်မှ Screen ရဲ့ Resolution ၊ ဒါမှမဟုတ် Color Depth ကို လျှော့ချပေးခြင်းဖြင့် Display ရဲ့ Refresh Rate ကို မြှင့်တင်ပေးနိုင်ပါတယ်။ အဲဒီ Specification သုံးခုဟာ Graphic စွမ်းဆောင်ရည် အတွက် အပြိုင်အဆိုင် အလုပ်လုပ်ပေးနေကြတာပါ။ ဒါကြောင့် Setting တစ်ခုကို တိုး၊ နောက်တစ်ခုကို လျှော့ စသဖြင့် ချိန်ညှိယူနိုင်ပါတယ်။ ဥပမာ- Color Depth ကို 32-bit ကနေ၊ 16-bit ကို လျှော့ချလိုက်ရင် Refresh Rate ကို 60Hz ကနေ 75Hz ထိ တိုးမြှင့်လို့
ရနိုင်ပါမယ်။ ဒါမှမဟုတ်ရင်လည်း Resolution ကို 800 x 600 ကနေ 1024 x 768 အထိ တိုးမြှင့်နိုင်ပါမယ်။
Windows ဟာ Screen ရဲ့ Refresh Rate ကို စိတ်ချရတဲ့အခြေအနေမှာ အလိုအလျောက် နေရာချထား ပေးပါတယ်။ ဒါပေမယ့် သင့် Monitor ကို Detect လုပ်လို့မရတဲ့အခါမှာ နှေးကွေးတဲ့ 60Hz မှာ ထားပေးပါတယ်။ Windows XP ဟာ သင့် Monitor ကို မှန်မှန်ကန်ကန် နားလည်သိရှိရဲ့ လားဆိုတာ သိလိုရင် Display Properties ကိုဖွင့်ပြီး Settings. Advanced. Monitor လို့ Click လုပ်ပါ။ တကယ်လို့ သင့် Monitor ဟာ 'Monitor type' အောက်က စာရင်းထဲမှာ မပါ ရှိဘူးဆိုရင် ထုတ်လုပ်သူရဲ့ Web Site ကနေ
Driver ကို Download လုပ်ယူရပါမယ်။ တခြား Windows Version တွေမှာ Plug and Play ကို Enable လုပ်ထားရဲ့လားဆိုတာ စစ်ဆေးပါ။ Display Properties ထဲက Setting Tab ပေါ်ရှိ 'Display' အောက်မှာ သင့် Monitor ကို ဖော်ပြပေးထားသလားဆိုတာ ကြည့်ပါ။ Advanced Monitor လို့ Click လုပ်ပါ။ Automatically Detect Plug & Play Monitors ကို Chech လုပ်ထားရဲ့လား ဆိုတာ စစ်ဆေးပါ။ တကယ်လို့ Check မလုပ်ရသေးရင် သူ့ကို Select လုပ်ပြီး Refresh Rate ကို Windows ရဲ့ Default 60Hz ကနေ ပိုမြင့်တဲ့ Rate မှာ နေရာချပေးလိုက်ပါ။

Direct X

Windows Component တစ်ခုဖြစ်တဲ့ Direct X ဟာ Multimedia လုပ်ဆောင်မှုတွေကို ထိန်းချုပ်ပေးပါတယ်။ လက်ရှိ Direct X ရဲ့ Version ကို စစ်ဆေးကြည့်လိုရင် Start. Run လို့ Click လုပ်၊ dxdiag လို့ ရိုက်သွင်းပြီး OK ကို Click လုပ်ပါ။ System Tab ကို ရွေးချယ်ပြီး Screen ရဲ့အောက်ပိုင်းရှိ System Information အောက်မှာ ရှာဖွေကြည့်ရှုပါ။ နောက်ဆုံး Version ကတော့ Direct X 9 ဖြစ်ပါတယ်။ တကယ်လို့ သင့်မှာ မရှိသေးရင်
find.pcworld.com/34517 ကနေ Download လုပ်ယူနိုင်ပါတယ်။

Monitor ပေါ်က Control များ

ပုံရိပ်တွေရဲ့ အရည်အသွေးကို တိုးတက်ကောင်းမွန်စေဖို့ရာ Monitor ပေါ်မှာပါရှိတဲ့ Control တွေနဲ့ ပြုလုပ်နိုင်ပါ သေးတယ်။ ထုတ်လုပ်သူရဲ့ Model ပေါ်မူတည်ပြီးOption တွေ အပြောင်းအလဲရှိနိုင်ပါတယ်။ ဒါပေမယ့် Monitor အများစုပေါ်မှာBrightness နဲ့ တခြား Control တွေ ပါရှိဖို့ များပါတယ်။

Brightness နဲ့ Contrast ကို ချိန်ညှိပါ

သင့် Screen ပေါ်မှာ Gray-Scale ပုံရိပ်တစ်ခု Display လုပ်ကြည့်ပါ။(find.pcworld.com/ 34532 ကနေ အဲဒီ ပုံရိပ်မျိုး Download လုပ်ယူနိုင်ပါတယ်)ခြယ်ပေးထားတဲ့ Shade ၁၇ ခုကို ကောင်းကောင်းမြင်တွေ့ရဲ့လားဆိုတာ သေသေ ချာချာ ကြည့်ပါ။ Brightness နဲ့ Contrast ခလုတ်တွေသုံးပြီး ညှိပေးပါ။

Center and Align

Monitor ပေါ်က Screen အထားအသို Control တွေသုံးပြီး ပုံရိပ်ကိုScreen အလယ်တည့်တည့် ရောက်အောင်နဲ့ အနားသတ်အစွန်းများဖြောင့်တန်းနေအောင် ချိန်ညှိပါ။ မျက်စိထိခိုက်မှု မဖြစ်စေဖို့နဲ့ ခေါင်းကိုက်ခြင်း၊ဇက်ကြောတက် ခြင်းစတဲ့ တခြားပြဿနာတွေကနေ ရှောင်ရှားနိုင်အောင်Screen ရဲ့ ထိပ်ပိုင်းကို မျက်လုံးနဲ့တစ်တန်းတည်းဖြစ်နေအောင် နဲ့ ခေါင်းနဲ့တစ်တောင်ကျော် အကွာအဝေးလောက်မှာ ထားပါ။ အဲဒီ အနေအထာကတော့ အပြောင်းအလဲရှိနိုင်ပါတယ်။ Screen ကို အလင်းရောင် တိုက်ရိုက်မကျနိုင်တဲ့ဘက် လှည့်ထားပေးပါ။အဲဒီလိုမဖြစ်နိုင်ဘူးဆိုရင် Glare Filter တစ်ခု ဝယ်ယူတပ်ဆင်အသုံးပြုပါ။

သန့်ရှင်းရေးပြုလုပ်ပါ
Screen ကို နူးညံ့ပျော့ပျောင်းပြီး စိုထိုင်းတဲ့ အဝတ်စနဲ့ ညင်ညင်သာသာပွတ်တိုက် သန့်စင်ပေးပါ။ Screen မှာ အရမ်း ညစ်ပေနေရင်တောင်မှCleaning Solution တွေ အသုံးပြုခြင်းမှ ရှောင်ရှားသင့်ပါတယ်။Screen ပေါ်မှာ Coat လုပ်ထား တာတွေ ပျက်စီးကုန်စေနိုင်ပါတယ်။Monitor အိမ်ခွံပေါ်က လေဝင်လေထွက် အပေါက်တွေမှာရှိတဲ့အညစ်အကြေးတွေကို သန့်ရှင်းရေးလုပ်ပေးပါ။ အပူလွန်ကဲခြင်းဟာ Monitor ပျက်စီးစေဖို့ဦးတည်စေနိုင်ပါတယ်။

Graphic ပြဿနာ
တကယ်လို့ Screen ပေါ်မှာ ဘာမှ ပေါ်မလာဘူးဆိုရင် Monitor Cableချောင်နေခြင်း၊ Power ကြိုးတပ်မထားခြင်း၊ Brightness Setting ကိုအနိမ့်ဆုံးမှာ ထားမိခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ်ရင်Monitor ပျက်သွား လို့လည်း ဖြစ်နိုင်ပါတယ်။ တစ်စုံတစ်ရာ လောင်ကျွမ်းတဲ့အနံ့ထွက်လာခဲ့ရင်၊ တဖျစ်ဖျစ် အသံတွေကြားရရင် Monitor ကြွသွားပြီလို့သာမှတ်လိုက်ပါ။ အလျင်အမြန် မီးပိတ်လိုက်ပါ။ Monitor တွေဟာ သူ့အလိုလို လောင်ကျွမ်းမှု ဖြစ်နိုင်တဲ့ အမျိုးအစားပါ။

အသုံးမကျ၊ ပျက်စီးနေတဲ့ Graphics Driver တွေဟာလည်း PC ပြဿနာတွေဖြစ်ပေါ်စေနိုင်ပါတယ်။ Graphics Driver ပျက်စီးယိုယွင်းနေသလားဆိုတာစစ်ဆေးဖို့ Windows နဲ့ ပါရှိလာတဲ့ VGA Driver ကို Install လုပ်ကြည့်ပါ။ပြဿနာ မဖြစ်တော့ဘူးဆိုရင် Monitor ရဲ့ မူလ Driver ၊ ဒါမှမဟုတ်Updated Version တစ်ခုကို Install လုပ်ပါ။တချို့ Graphic Card တွေဟာ တခြား Hardware Device တွေနဲ့အလုပ်မလုပ်နိုင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ Windows ဟာGraphics Acceleration Function တွေကို Disable လုပ်ပိုင်ခွင့် ပေးထားပါတယ်။Display Properties ကိုဖွင့်ပြီးSetting. Advanced. Troubleshooting (XP နဲ့ 2000) ၊ဒါမှမဟုတ် Setting. Advanced. Performance (98 နဲ့ Me) လို့ Click လုပ်ပါ။Hardware Acceleration အောက်မှာရှိတဲ့ Slider ကို ဘယ်ဘက်အစွန် ဆုံးရွေ့ပြီးDisable လုပ်နိုင်ပါတယ်။

Screen ပေါ်မှာ ပုံရိပ်တွေ တုန်ခါနေမယ်၊ မှုန်ဝါးနေမယ်ဆိုရင် အနီးအနားမှာသံလိုက်စက်ကွင်း ရှိနေလို့ပါပဲ။ နာရီ၊ လျှပ်စစ်မော်တာ သုံးတဲ့ပစ္စည်းတွေ၊လျှပ်စစ်အား အသုံးများတဲ့ ပစ္စည်းတွေကို Monitor နဲ့ ဝေးဝေးမှာထားပါ။နံရံနောက် ကွယ်မှာ သွယ်တန်းထားတဲ့ Power လိုင်းတွေဟာလည်းအနှောင့်အယှက်ပေးတတ်ပါတယ်။ ဒါကြောင့် Monitor ကို နံရံ နဲ့ဝေးဝေးထား သုံးသင့်ပါတယ်။ Screen ပေါ်က ပုံရိပ်တွေဟာအနီရောင်၊ အပြာရောင်၊ ဒါမှမဟုတ် အစိမ်းရောင် သန်းနေတယ်ဆိုရင်Graphcis Card နဲ့ Monitor ဆက်သွယ်တဲ့ Cable ချောင်နေလို့ ဖြစ်တတ်ပါတယ်။Cable ရဲ့ Connector ထဲမှာ ပင်ချောင်းကလေးတွေ ကွေးကောက်နေသလားဆိုတာစစ်ဆေးကြည့်ပါ။ ပင်ကလေတွေကို နှုတ်သီး ချွန် ပလာယာသုံးပြီး ဖြောင့်တန်းပေးရပါမယ်။On-Screen Object တွေပေါ်မှာ သက်တံရောင်စဉ်ပုံ ကျရောက်နေခဲ့ရင်သူ့ကို ချိန်ညှိဖို့ တချို့ Monitor တွေမှာ Convergence Control တွေ ပါရှိပါတယ်။ ။

Posted by kplusblogger




ZAWgyi 

Graphic နဲ႕ သက္ဆုိင္တဲ့ Resolutionအေၾကာင္း
.....................................................................
Resolution ဆိုတာScreen ေပၚမွာ
ျပသေပးႏုိင္တဲ့ Dot ၊ ဒါမွမဟုတ္ Pixel (Picture Element ရဲ႕
အတုိေကာက္)
အေရအတြက္ ျဖစ္ပါတယ္။ Resolution ပုိမ်ားရင္ တစ္လက္မ
အကြက္အတြင္းမွာ
ေဖာ္ျပေပးႏုိင္တဲ့ Dot အေရအတြက္ ပုိလာတဲ့အတြက္ ပုံရိပ္ေတြကို
ပုိမုိျပတ္သားေစပါတယ္။
Monitor ကေတာ့ ပုိျမင့္တဲ့ resolution ကုိ လက္ခံ ႏုိင္ရပါမယ္။
Resolution ျမင့္မားလာတဲ့အတြက္ Graphics Board နဲ႔ PC ေပၚမွာ
Processing ေတာင္းဆုိမႈေတြ တုိးတက္ မ်ားျပားလာပါလိမ့္မယ္။

လြန္ခဲ့တဲ့ သုံးေလးႏွစ္ေလာက္က ထုတ္လုပ္တဲ့ Computer ေတြမွာပါ
ရွိတဲ့Graphics Card ေတြဟာ 1024x768 Resolution ကို အနည္းဆုံး
Support လုပ္ႏုိင္ပါတယ္။ တခ်ဳိ႕ဆုိရင္ 1600 x 1200 ထိေတာင္
Support လုပ္ႏုိင္ ၾကပါတယ္။ စနစ္ေဟာင္းေတြမွာေတာ့ အျမင့္ဆုံး
Resolution 800 x 600 အထိသာ Support လုပ္ႏုိင္ၾက ပါတယ္။

Screen Resolution ကုိ ခ်ိန္ညိွလုိက္ရင္ေတာ့ Display Properties
ကုိ ဖြင့္ၿပီး Setting ကုိ Click လုပ္ပါ။ 'Screen Area' ၊ ဒါမွမဟုတ္
'Screen Resolution Bar' ကုိ Higher (More) ၊ ဒါမွမဟုတ္ Lower (Less)
ဆီကို Slide လုပ္သြားႏုိင္ပါတယ္။ Resolution ပုိျမင့္တာဟာ ပုံရိပ္အရည္အေသြး
ပုိေကာင္းလာေစေပမယ့္ Icon ေတြ၊ စာသားေတြနဲ႔ တျခား Object ေတြကို
ပုိမုိေသးငယ္ေစပါတယ္။ ကုိယ့္အတြက္ ႀကိဳက္ႏွစ္သက္ရာ Setting ကုိ
စမ္းသပ္ေရြးခ်ယ္ရပါမယ္။ အမ်ားစုတုိ႔အတြက္ အလြယ္တကူ ဖတ္႐ႈရႏုိင္တဲ့
အျမင့္ဆုံး Resolution ျဖစ္ပါတယ္။

Color Depth

Graphics Card ကေန Support လုပ္ေပးႏုိင္တဲ့ Color အေရအတြက္ ျဖစ္ပါတယ္။
Color အေရအတြက္ ပုိသုံး ရင္ ပုံရိပ္အရည္အေသြး ပုိေကာင္းေပမယ့္
သင့္စနစ္ေပၚမွာ Processing ေတာင္းဆုိမႈ ပုိမ်ားလာပါလိမ့္မယ္။

Graphics Card ရဲ႕ Color-depth Setting ေတြကို Display Properties
ထဲရွိ Setting Tab ေအာက္မွ Color Dropdown Menu (XP မွာ 'Color quality')
မွာ List လုပ္ေပးထားပါတယ္။ Pixel တုိင္းအတြက္ သတ္မွတ္ ေပးထားတဲ့
Bit အေရအတြက္နဲ႔ ေဖာ္ျပေပးေလ့ရွိပါတယ္။ True Color (24-bit Color)
ဟာ 16,777,216 Color ခြင့္ျပဳႏုိင္ၿပီး High Color (16-bits) ကေတာ့
65,536 Color Support လုပ္ႏုိင္ပါတယ္။ 16-bits Color ထက္ ပုိနည္းရင္ ပုံရိပ္ေတြ ၾကည့္မေကာင္းေတာ့ပါဘူး။ Driver အေတာ္မ်ားမ်ားတုိ႔ဟာ 8-bit (256 Colors) ၊
ဒါမွ မဟုတ္ 16-bit (32,536 Colors) Setting ေတြ ေပးမထားၾကပါဘူး။
PC အသစ္ေတြမွာဆုိရင္ 32-bit Color ကို Support လုပ္ေပးထားပါတယ္။
Color ၁၆ သန္းအျပင္ True Color အျဖစ္ Color ေတြ ေပါင္းထည့္ေပးထား ပါတယ္။
အလ်င္အျမန္ေရြ႕လ်ားတဲ့ 3D Game ေတြမွာ အလြန္အသုံး၀င္ေပမယ့္
သမား႐ုိးက် Application ေတြ မွာေတာ့ အနည္းငယ္သာ ကူညီႏုိင္ပါတယ္။

Refresh Rate

Hertz ၊ ဒါမွမဟုတ္ Cycles Per Second နဲ႔ ျပသေပးပါတယ္။ Screen
ေပၚမွာ ပုံရိပ္ေတြ Redrawn လုပ္တဲ့အခါ တစ္စကၠန္႔မွာ ဘယ္ႏွႀကိမ္
လုပ္ႏုိင္သလဲဆုိတာပါပဲ။ Refresh Rate သိပ္နိမ့္လြန္းရင္ Screen
တုန္ခါမႈေတြ ျဖစ္ေစႏုိင္ပါ တယ္။ Screen တုန္ခါမႈကို မေတြ႕ရဘူးဆုိရင္
ေတာင္မွ မ်က္လုံးကို ဒုကၡေပးႏုိင္ပါတယ္။
တခ်ဳိ႕က 72 Hz ထက္ မနည္းသင့္ဘူးလုိ႔ ဆုိေပမယ့္ တခ်ဳိ႕ကြ်မ္းက်င္
သူေတြကေတာ့ အနည္းဆုံး 80 Hz ရွိသင့္တယ္လုိ႔ ဆုိၾကျပန္ပါတယ္။
Refresh Rate ေတြကုိ စမ္းသပ္ၿပီး ကုိယ့္အတြက္ ကုိက္ညီမယ့္ Rate
ကုိ ေရြးခ်ယ္သင့္ပါတယ္။ Refresh Rate သိပ္ျမင့္လြန္းျပန္ရင္လည္း
မေကာင္းျပန္ပါဘူး။
Windows XP မွာ Screen ရဲ႕ Refresh Rate ခ်ိန္ညိႇလုိရင္
Display Properties ဖြင့္ၿပီး Settings. Advanced. Adapter. List All Modes
လုိ႔ Click လုပ္ေပးပါတယ္။ Support လုပ္ႏုိင္တဲ့ တန္ဖုိးစာရင္းထဲကေန
Refresh Rate ၊ Screen Resolution နဲ႔ Color Depth အတဲြေတြထဲက
တစ္ခုကို ေရြးခ်ယ္ႏုိင္ပါတယ္။
တျခား Windows Version ေတြမွာ Display Properties ကုိ ဖြင့္ၿပီး
Setting. Advanced. Adapter လုိ႔ Click လုပ္ပါ။ 'Refresh Rate' Drop-down Menu
ထဲက တစ္ခုကို ေရြးခ်ယ္ႏုိင္ပါတယ္။ တကယ္လုိ႔ အဲဒီ Option ေတြ မေတြ႕ရဘူး
ဆုိရင္ သင့္ Graphic Card နဲ႔ Monitor ဟာ Multiple Refresh Rates ကုိ Support
မလုပ္ႏုိင္လုိ႔ ျဖစ္ပါတယ္။
အဲဒီလုိ ေရြးခ်ယ္စရာ Option ေတြ မျမင္ေတြ႕ရဘူးဆုိရင္ေတာင္မွ Screen ရဲ႕
Resolution ၊ ဒါမွမဟုတ္ Color Depth ကုိ ေလွ်ာ့ခ်ေပးျခင္းျဖင့္ Display ရဲ႕
Refresh Rate ကုိ ျမႇင့္တင္ေပးႏုိင္ပါတယ္။ အဲဒီ Specification သုံးခုဟာ Graphic
စြမ္းေဆာင္ရည္ အတြက္ အၿပိဳင္အဆုိင္ အလုပ္လုပ္ေပးေနၾကတာပါ။
ဒါေၾကာင့္ Setting တစ္ခုကို တုိး၊ ေနာက္တစ္ခုကို ေလွ်ာ့ စသျဖင့္
ခ်ိန္ညႇိယူႏုိင္ပါတယ္။ ဥပမာ- Color Depth ကုိ 32-bit ကေန၊ 16-bit
ကုိ ေလွ်ာ့ခ်လုိက္ရင္ Refresh Rate ကုိ 60Hz ကေန 75Hz ထိ တုိးျမႇင့္လုိ႔
ရႏုိင္ပါမယ္။ ဒါမွမဟုတ္ရင္လည္း Resolution ကုိ 800 x 600 ကေန
1024 x 768 အထိ တုိးျမႇင့္ႏုိင္ပါမယ္။
Windows ဟာ Screen ရဲ႕ Refresh Rate ကုိ စိတ္ခ်ရတဲ့အေျခအေနမွာ
အလုိအေလ်ာက္ ေနရာခ်ထား ေပးပါတယ္။ ဒါေပမယ့္ သင့္ Monitor ကုိ
Detect လုပ္လုိ႔မရတဲ့အခါမွာ ေႏွးေကြးတဲ့ 60Hz မွာ ထားေပးပါတယ္။
Windows XP ဟာ သင့္ Monitor ကို မွန္မွန္ကန္ကန္ နားလည္သိရွိရဲ႕
လားဆုိတာ သိလုိရင္ Display Properties ကုိဖြင့္ၿပီး
Settings. Advanced. Monitor လုိ႔ Click လုပ္ပါ။
တကယ္လုိ႔ သင့္ Monitor ဟာ 'Monitor type' ေအာက္က
စာရင္းထဲမွာ မပါ ရွိဘူးဆုိရင္ ထုတ္လုပ္သူရဲ႕ Web Site ကေန
Driver ကုိ Download လုပ္ယူရပါမယ္။
တျခား Windows Version ေတြမွာ Plug and Play ကုိ Enable
လုပ္ထားရဲ႕လားဆုိတာ စစ္ေဆးပါ။ Display Properties ထဲက
Setting Tab ေပၚရွိ 'Display' ေအာက္မွာ သင့္ Monitor ကုိ
ေဖာ္ျပေပးထားသလားဆိုတာ ၾကည့္ပါ။ Advanced Monitor လုိ႔ Click လုပ္ပါ။
Automatically Detect Plug & Play Monitors ကို Chech လုပ္ထားရဲ႕လား
ဆုိတာ စစ္ေဆးပါ။ တကယ္လုိ႔ Check မလုပ္ရေသးရင္ သူ႔ကို Select လုပ္ၿပီး
Refresh Rate ကုိ Windows ရဲ႕ Default 60Hz ကေန ပုိျမင့္တဲ့ Rate မွာ
ေနရာခ်ေပးလုိက္ပါ။

Direct X

Windows Component တစ္ခုျဖစ္တဲ့ Direct X ဟာ Multimedia
လုပ္ေဆာင္မႈေတြကုိ ထိန္းခ်ဳပ္ေပးပါတယ္။ လက္ရွိ Direct X ရဲ႕ Version
ကုိ စစ္ေဆးၾကည့္လုိရင္ Start. Run လုိ႔ Click လုပ္၊ dxdiag လုိ႔ ႐ုိက္သြင္းၿပီး
OK ကုိ Click လုပ္ပါ။ System Tab ကုိ ေရြးခ်ယ္ၿပီး Screen ရဲ႕ေအာက္ပုိင္းရွိ
System Information ေအာက္မွာ ရွာေဖြၾကည့္႐ႈပါ။ ေနာက္ဆုံး Version ကေတာ့
Direct X 9 ျဖစ္ပါတယ္။ တကယ္လုိ႔ သင့္မွာ မရွိေသးရင္
find.pcworld.com/34517 ကေန Download လုပ္ယူႏုိင္ပါတယ္။

Monitor ေပၚက Control မ်ား

ပုံရိပ္ေတြရဲ႕ အရည္အေသြးကို တုိးတက္ေကာင္းမြန္ေစဖုိ႔ရာ Monitor ေပၚမွာ
ပါရွိတဲ့ Control ေတြနဲ႔ ျပဳလုပ္ႏုိင္ပါ ေသးတယ္။ ထုတ္လုပ္သူရဲ႕ Model ေပၚမူတည္ၿပီး
Option ေတြ အေျပာင္းအလဲရွိႏုိင္ပါတယ္။ ဒါေပမယ့္ Monitor အမ်ားစုေပၚမွာ
Brightness နဲ႔ တျခား Control ေတြ ပါရွိဖုိ႔ မ်ားပါတယ္။

Brightness နဲ႔ Contrast ကုိ ခ်ိန္ညႇိပါ

သင့္ Screen ေပၚမွာ Gray-Scale ပုံရိပ္တစ္ခု Display လုပ္ၾကည့္ပါ။
(find.pcworld.com/34532 ကေန အဲဒီ ပုံရိပ္မ်ဳိး Download လုပ္ယူႏုိင္ပါတယ္)
ျခယ္ေပးထားတဲ့ Shade ၁၇ ခုကို ေကာင္းေကာင္းျမင္ေတြ႕ရဲ႕
လားဆုိတာ ေသေသ ခ်ာခ်ာ ၾကည့္ပါ။ Brightness နဲ႔ Contrast
ခလုတ္ေတြသုံးၿပီး ညႇိေပးပါ။

Center and Align

Monitor ေပၚက Screen အထားအသုိ Control ေတြသုံးၿပီး ပုံရိပ္ကို
Screen အလယ္တည့္တည့္ ေရာက္ေအာင္နဲ႔ အနားသတ္အစြန္းမ်ား
ေျဖာင့္တန္းေနေအာင္ ခ်ိန္ညႇိပါ။ မ်က္စိထိခုိက္မႈ မျဖစ္ေစဖုိ႔နဲ႔ ေခါင္းကိုက္ျခင္း၊
ဇက္ေၾကာတက္ ျခင္းစတဲ့ တျခားျပႆနာေတြကေန ေရွာင္ရွားႏုိင္ေအာင္
Screen ရဲ႕ ထိပ္ပုိင္းကုိ မ်က္လုံးနဲ႔တစ္တန္းတည္းျဖစ္ေနေအာင္ နဲ႔ ေခါင္းနဲ႔တစ္ေတာင္ေက်ာ္ အကြာအေ၀းေလာက္မွာ ထားပါ။ အဲဒီ အေနအထားကေတာ့ အေျပာင္းအလဲ
ရွိႏုိင္ပါတယ္။ Screen ကုိ အလင္းေရာင္ တုိက္႐ုိက္မက်ႏုိင္တဲ့ဘက္ လွည့္ထားေပးပါ။
အဲဒီလုိ
မျဖစ္ႏုိင္ဘူးဆုိရင္ Glare Filter တစ္ခု ၀ယ္ယူတပ္ဆင္အသုံးျပဳပါ။

သန္႔ရွင္းေရးျပဳလုပ္ပါ
Screen ကုိ ႏူးည့ံေပ်ာ့ေပ်ာင္းၿပီး စုိထုိင္းတဲ့ အ၀တ္စနဲ႔ ညင္ညင္သာသာ
ပြတ္တုိက္ သန္႔စင္ေပးပါ။ Screen မွာ အရမ္း ညစ္ေပေနရင္ေတာင္မွ
Cleaning Solution ေတြ အသုံးျပဳျခင္းမွ ေရွာင္ရွားသင့္ပါတယ္။
Screen ေပၚမွာ Coat လုပ္ထား တာေတြ ပ်က္စီးကုန္ေစႏုိင္ပါတယ္။
Monitor အိမ္ခံြေပၚက ေလ၀င္ေလထြက္ အေပါက္ေတြမွာရွိတဲ့
အညစ္အေၾကးေတြ
ကို သန္႔ရွင္းေရးလုပ္ေပးပါ။ အပူလြန္ကဲျခင္းဟာ Monitor ပ်က္စီးေစဖုိ႔
ဦးတည္ေစႏုိင္ပါတယ္။

Graphic ျပႆနာ
တကယ္လုိ႔ Screen ေပၚမွာ ဘာမွ ေပၚမလာဘူးဆုိရင္ Monitor Cable
ေခ်ာင္ေနျခင္း၊ Power ႀကိဳးတပ္မထားျခင္း၊ Brightness Setting ကုိ
အနိမ့္ဆုံးမွာ ထားမိျခင္း စတာေတြေၾကာင့္ ျဖစ္ႏုိင္ပါတယ္။ ဒါမွမဟုတ္ရင္
Monitor ပ်က္သြား လုိ႔လည္း ျဖစ္ႏုိင္ပါတယ္။ တစ္စုံတစ္ရာ ေလာင္ကၽြမ္းတဲ့အနံ႔
ထြက္လာခဲ့ရင္၊ တဖ်စ္ဖ်စ္ အသံေတြၾကားရရင္ Monitor ၾကြသြားၿပီလုိ႔သာ
မွတ္လုိက္ပါ။ အလ်င္အျမန္ မီးပိတ္လုိက္ပါ။ Monitor ေတြဟာ သူ႔အလုိလုိ
ေလာင္ကၽြမ္းမႈ ျဖစ္ႏုိင္တဲ့ အမ်ဳိးအစားပါ။
အသုံးမက်၊ ပ်က္စီးေနတဲ့ Graphics Driver ေတြဟာလည္း PC ျပႆနာေတြ
ျဖစ္ေပၚေစႏုိင္ပါတယ္။ Graphics Driver ပ်က္စီးယုိယြင္းေနသလားဆုိတာ
စစ္ေဆးဖုိ႔ Windows နဲ႔ ပါရွိလာတဲ့ VGA Driver ကုိ Install လုပ္ၾကည့္ပါ။
ျပႆနာ မျဖစ္ေတာ့ဘူးဆုိရင္ Monitor ရဲ႕ မူလ Driver ၊ ဒါမွမဟုတ္
Updated Version တစ္ခုကို Install လုပ္ပါ။
တခ်ဳိ႕ Graphic Card ေတြဟာ တျခား Hardware Device ေတြနဲ႔
အလုပ္မလုပ္ႏုိင္တာမ်ဳိးလည္း ျဖစ္တတ္ပါတယ္။ Windows ဟာ
Graphics Acceleration Function ေတြကို Disable လုပ္ပုိင္ခြင့္ ေပးထားပါတယ္။
Display Properties ကုိဖြင့္ၿပီး
Setting. Advanced. Troubleshooting (XP နဲ႔ 2000) ၊
ဒါမွမဟုတ္ Setting. Advanced. Performance (98 နဲ႔ Me) လုိ႔ Click လုပ္ပါ။
Hardware Acceleration ေအာက္မွာရွိတဲ့ Slider ကုိ ဘယ္ဘက္အစြန္ ဆုံးေရြ႕ၿပီး
Disable လုပ္ႏုိင္ပါတယ္။
Screen ေပၚမွာ ပုံရိပ္ေတြ တုန္ခါေနမယ္၊ မႈန္၀ါးေနမယ္ဆုိရင္ အနီးအနားမွာ
သံလုိက္စက္ကြင္း ရွိေနလုိ႔ပါပဲ။ နာရီ၊ လွ်ပ္စစ္ေမာ္တာ သုံးတဲ့ပစၥည္းေတြ၊
လွ်ပ္စစ္အား အသုံးမ်ားတဲ့ ပစၥည္းေတြကို Monitor နဲ႔ ေ၀းေ၀းမွာထားပါ။
နံရံေနာက္ ကြယ္မွာ သြယ္တန္းထားတဲ့ Power လုိင္းေတြဟာလည္း
အေႏွာင့္အယွက္ေပးတတ္ပါတယ္။ ဒါေၾကာင့္ Monitor ကုိ နံရံ နဲ႔
ေ၀းေ၀းထား သုံးသင့္ပါတယ္။ Screen ေပၚက ပုံရိပ္ေတြဟာ
အနီေရာင္၊ အျပာေရာင္၊ ဒါမွမဟုတ္ အစိမ္းေရာင္ သန္းေနတယ္ဆုိရင္
Graphcis Card နဲ႔ Monitor ဆက္သြယ္တဲ့ Cable ေခ်ာင္ေနလုိ႔ ျဖစ္တတ္ပါတယ္။
Cable ရဲ႕ Connector ထဲမွာ ပင္ေခ်ာင္းကေလးေတြ ေကြးေကာက္ေနသလားဆုိတာ
စစ္ေဆးၾကည့္ပါ။ ပင္ကေလးေတြကို ႏႈတ္သီး ခၽြန္ ပလာယာသုံးၿပီး ေျဖာင့္တန္းေပးရပါမယ္။
On-Screen Object ေတြေပၚမွာ သက္တံေရာင္စဥ္ပုံ က်ေရာက္ေနခဲ့ရင္
သူ႔ကို ခ်ိန္ညႇိဖုိ႔ တခ်ဳိ႕ Monitor ေတြမွာ Convergence Control ေတြ ပါရွိပါတယ္။ ။

Posted by kplusblogger

No comments: