menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Router အလုပ်လုပ်ပုံ

Router အလုပ်လုပ်ဆောင်ပုံ 👨‍💻
Router ဆိုတာကို အရင်ပထမဆုံး ရှင်းပြပါ့မယ်။ ဒါမှသာ Router Function ကိုနားလည်ပြီး ဆက်ဖတ်လို့ရမှာ ဖြစ်ပါတယ်။ နောက်ပြီးလူပြောများတဲ့ Router ဆိုတာဘာလဲဆိုတာကို ကျွန်တော်နားလည်သလောက် ရှင်းပြထားတာဖြစ်ပါတယ်။ Router ဆိုတာ အတိုဆုံးပြောရရင်တော့ လမ်းကြောင်းရှာပေးတဲ့ device ဖြစ်ပါတယ်။ သူရဲ့ အလုပ်လုပ်ပုံကမတူညီတဲ့ Network နှစ်ခုကို တစ်ပြိုင်နက်တည်း ချိတ်ဆက်ပေးခြင်း အလုပ်ကိုလုပ်ပါတယ်။ (မတူညီတဲ့ network ဆိုတာက ဥပမာ - ကိုယ့်ရုံးမှာ အင်တာနက်သုံးတယ်၊ အင်တာနက်အတွက် IP Address က 172.19.22.101 ဖြစ်တယ်ဆိုပါစို့ သူက IP Address တစ်ခုပါ။
နောက်ကိုယ်သုံးမယ့်စက် ကိုယ့်လိုပဲ အခြားသူတွေသုံးမယ့် IP Range က 192.168.2.1-to-254 ဖြစ်တယ်ဆိုပါစို့ Router က ကိုယ့်ရဲ့ Local Network ထဲမှာရှိတဲ့ 192.168.2.1 ကနေ 192.168.2.254 အထိ ကိုယ်သတ်မှတ်ပေးထားတဲ့ ကွန်ပျူတာတွေကို Internet ရအောင်၊ နောက် Local မှာဆို file sharing တွေသုံးလို့ရအောင် လမ်းကြောင်းတွေ သတ်မှတ်ပေးတယ်။ မတူညီတဲ့ IP နှစ်ခုရှိတဲ့ network နှစ်ခုကိုချိတ်ဆက်ပြီးလမ်းကြောင်း (Route) လုပ်ပေးတာပါ။ တစ်နည်းအားဖြင့် ပြောရရင်တော့ Server အစားထိုးသုံးစွဲတာဖြစ်ပါတယ်။ Router ကတော့ Server တွေထက် Power Consumption သက်သာသလိုနေရာအထားအသို မခက်ခဲပါဘူး။ ဒါပေမဲ့ Router တွေက Server တွေထက် ပိုပူတတ်ပါတယ်။ ပူလာရင် hang တတ်ပါတယ်။ Router တွေက စာလိုပြောရရင် OSI 7 Layer က Layer 3 မှာ အလုပ်လုပ်ပါတယ်။ ခုဆိုရင် Router တွေကို Lan Port 4 Ports နဲ့ Wireless ပါရတဲ့ အထိ Function တွေစုံလင်လာပါပြီ။ Ethernet Switches တွေနဲ့ ချိတ်ဆက်မယ်ဆိုရင်တော့ ကွန်ပျူတာအလုံး 200 ကျော်အထိသုံးစွဲလို့ ရနိုင်ပါပြီ။ Brand တွေလည်းမျိုးစုံရှိသလို ခုခေတ်မှာ အကောင်းဆုံးနာမည်အကြီးဆုံးနဲ့ နည်းပညာအကောင်းဆုံးကတော့ Cisco Router တွေပါပဲ။ ဒါကတော့ Router ရဲ့ လုပ်ဆောင်ပုံလေးတွေပေါ့ဗျာ၊ wireless ပိုများပါတယ်။
- သာမန်သမားရိုးကျ Router များနှင့် Cisco Router များကွာခြားချက်
အခြားသော Router တွေကတော့ဗျာ။ သူ့လောက် နည်းပညာမမြင့်ပါဘူး။ နည်းနည်းထပ်ရှင်းရမယ်ဆိုရင် Router တိုင်းမှာ Routing Table ဆိုတာရှိတယ်ဗျ။ ခုနကပြောခဲ့သလို မတူညီတဲ့ network နှစ်ခုကို ချိတ်ဆက်တော့မယ်ဆိုရင် အဲဒီ Network နှစ်ခုရဲ့ IP နှစ်ခုကို Router ထဲမှာ ထည့်ပြီးတော့ သတ်မှတ်လိုက်တယ်ဆိုရင် သာမန် Router တွေကအလုပ် လုပ်ပါပြီ။ သူက default route table ပဲသတ်မှတ်ထားတာကို ကျွန်တော်တို့က IP Range တွေထည့်ပြီးတော့ အသုံးပြုကြတာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ပုံက သာမန်သမားရိုးကျ နည်းပညာနဲ့ သမားရိုးကျ Router တွေ အလုပ်လုပ်ဆောင်ပုံဖြစ်ပါတယ်။
Cisco Router တွေကတော့ Open Source ဖြစ်ပါတယ်။ သူက Internetwork Operating System (IOS) နဲ့ အလုပ်လုပ်ပြီးတော့ default ROM နဲ့ အလုပ်လုပ်တဲ့ အခြား Router တွေနဲ့ ကွာခြားမှုတွေ ရှိပါတယ်။ ဘယ်လိုကွာလဲဆိုရင် အခြားသော Router တွေက default Rom ပေါ်မှာ Routing table ရေးထားပြီးသားကို အချက်အလက် ( IP တွေ) ထည့်ပြီး အသုံးပြုရုံသာ ဖြစ်ပေမယ့် Cisco Router တွေကတော့ PC တစ်လုံးလို Boot Process (သူ့ထဲမှာရှိတဲ့ system devices - CPU, RAM, etc) တွေ ပါ၀င်ပြီးတော့ PC လိုမျိုး Boot တက်ပြီးတော့မှ သုံးလို့ရပါတယ်။ နောက် Boot Process ပြီးတော့ Routing Table ကို ကိုယ်တိုင် အစအဆုံး ကိုယ်တိုင်သတ်မှတ်ပေးလို့ရပါတယ်။ Console cable တွေနဲ့ CLI ထဲ၀င်ပြီး Management လုပ်ရတာဖြစ်သလို Router မှာပါ၀င်တဲ့ ports တွေကိုကိုယ်မသုံးတဲ့ ဟာတွေကို ပိတ်ထားလို့ရသလို VLAN လည်းလုပ်လို့ ရပါတယ်။ Routing တွေကိုလည်း RIP, BGP, EIGRP အစရှိတဲ့ Routing Methods တွေနဲ့ ကိုယ်သတ်မှတ်ချင်သလို သုံးလို့ရပါတယ်။ ဒီထက်လည်း Cisco ရဲ့ အခြားသော နည်းပညာတွေကို ခုဆိုရင်စာမေးပွဲတွေနဲ့ စစ်ဆေးပြီး အတည်ပြုခဲ့တာ ခုအချိန်မှာတော့ CCNA( Cisco Certified Network Associate) ကနာမည်ကြီးပါတယ်။ နောက်ထပ် CCP, CCIE တို့ကလည်း နာမည်ကြီးပြီး အဲဒီစာမေးပွဲတွေ အောင်မြင်တဲ့ Cisco ရဲ့ နည်းပညာကျွမ်းကျင်သူတွေဟာ network ပညာရှင်တွေအဖြစ် ပွဲလယ်တင့်ကြစမြဲပါ။
Cisco နည်းပညာသုံး Linksys Router ( Cisco Router အစစ်မဟုတ်ပါ၊ Cisco နည်းပညာသုံးထားခြင်းသာဖြစ်ပါသည်)
- Router များအားအသုံးပြုခြင်း
D-Link, Belkin, Aztech, Netgear, Linksys အစရှိသော company များက Router များနှင့် network ဆက်စပ်ပစ္စည်းများအား ရောင်းချပါတယ်။ အဲဒီ Router တွေကိုတော့ Small Office Home Office (SOHO) Network ငယ်များ၊ အင်တာနက်ဆိုင်များနှင့် အလယ်အလတ်တန်းစား Company များတွင် အသုံးပြုကြပါသည်။
Cisco Router များကိုတော့ ISP များ ( လက်ရှိ မြန်မာနိုင်ငံ MPT core Network များတွင် အသုံးပြုနေပါသည်။ ) mobile companies များ ၊ Internet Local Service Provider များနှင့် Enterprise Network ကြီးများတွင် အသုံးပြုကြပါတယ်။
Credit - Ko Aung Thura Win (Netcomplus)



Zawgyifont

Router အလုပ္လုပ္ေဆာင္ပုံ 👨‍💻

Router ဆိုတာကို အရင္ပထမဆုံး ရွင္းျပပါ့မယ္။ ဒါမွသာ Router Function ကိုနားလည္ၿပီး ဆက္ဖတ္လို႔ရမွာ ျဖစ္ပါတယ္။ ေနာက္ၿပီးလူေျပာမ်ားတဲ့ Router ဆိုတာဘာလဲဆိုတာကို ကြၽန္ေတာ္နားလည္သေလာက္ ရွင္းျပထားတာျဖစ္ပါတယ္။ Router ဆိုတာ အတိုဆုံးေျပာရရင္ေတာ့ လမ္းေၾကာင္းရွာေပးတဲ့ device ျဖစ္ပါတယ္။ သူရဲ႕ အလုပ္လုပ္ပုံကမတူညီတဲ့ Network ႏွစ္ခုကို တစ္ၿပိဳင္နက္တည္း ခ်ိတ္ဆက္ေပးျခင္း အလုပ္ကိုလုပ္ပါတယ္။ (မတူညီတဲ့ network ဆိုတာက ဥပမာ - ကိုယ့္႐ုံးမွာ အင္တာနက္သုံးတယ္၊ အင္တာနက္အတြက္ IP Address က 172.19.22.101 ျဖစ္တယ္ဆိုပါစို႔ သူက IP Address တစ္ခုပါ။ ေနာက္ကိုယ္သုံးမယ့္စက္ ကိုယ့္လိုပဲ အျခားသူေတြသုံးမယ့္ IP Range က 192.168.2.1-to-254 ျဖစ္တယ္ဆိုပါစို႔ Router က ကိုယ့္ရဲ႕ Local Network ထဲမွာရွိတဲ့ 192.168.2.1 ကေန 192.168.2.254 အထိ ကိုယ္သတ္မွတ္ေပးထားတဲ့ ကြန္ပ်ဴတာေတြကို Internet ရေအာင္၊ ေနာက္ Local မွာဆို file sharing ေတြသုံးလို႔ရေအာင္ လမ္းေၾကာင္းေတြ သတ္မွတ္ေပးတယ္။ မတူညီတဲ့ IP ႏွစ္ခုရွိတဲ့ network ႏွစ္ခုကိုခ်ိတ္ဆက္ၿပီးလမ္းေၾကာင္း (Route) လုပ္ေပးတာပါ။ တစ္နည္းအားျဖင့္ ေျပာရရင္ေတာ့ Server အစားထိုးသုံးစြဲတာျဖစ္ပါတယ္။ Router ကေတာ့ Server ေတြထက္ Power Consumption သက္သာသလိုေနရာအထားအသို မခက္ခဲပါဘူး။ ဒါေပမဲ့ Router ေတြက Server ေတြထက္ ပိုပူတတ္ပါတယ္။ ပူလာရင္ hang တတ္ပါတယ္။ Router ေတြက စာလိုေျပာရရင္ OSI 7 Layer က Layer 3 မွာ အလုပ္လုပ္ပါတယ္။ ခုဆိုရင္ Router ေတြကို Lan Port 4 Ports နဲ႔ Wireless ပါရတဲ့ အထိ Function ေတြစုံလင္လာပါၿပီ။ Ethernet Switches ေတြနဲ႔ ခ်ိတ္ဆက္မယ္ဆိုရင္ေတာ့ ကြန္ပ်ဴတာအလုံး 200 ေက်ာ္အထိသုံးစြဲလို႔ ရႏိုင္ပါၿပီ။ Brand ေတြလည္းမ်ိဳးစုံရွိသလို ခုေခတ္မွာ အေကာင္းဆုံးနာမည္အႀကီးဆုံးနဲ႔ နည္းပညာအေကာင္းဆုံးကေတာ့ Cisco Router ေတြပါပဲ။ ဒါကေတာ့ Router ရဲ႕ လုပ္ေဆာင္ပုံေလးေတြေပါ့ဗ်ာ၊ wireless ပိုမ်ားပါတယ္။

- သာမန္သမား႐ိုးက် Router မ်ားႏွင့္ Cisco Router မ်ားကြာျခားခ်က္

အျခားေသာ Router ေတြကေတာ့ဗ်ာ။ သူ႔ေလာက္ နည္းပညာမျမင့္ပါဘူး။ နည္းနည္းထပ္ရွင္းရမယ္ဆိုရင္ Router တိုင္းမွာ Routing Table ဆိုတာရွိတယ္ဗ်။ ခုနကေျပာခဲ့သလို မတူညီတဲ့ network ႏွစ္ခုကို ခ်ိတ္ဆက္ေတာ့မယ္ဆိုရင္ အဲဒီ Network ႏွစ္ခုရဲ႕ IP ႏွစ္ခုကို Router ထဲမွာ ထည့္ၿပီးေတာ့ သတ္မွတ္လိုက္တယ္ဆိုရင္ သာမန္ Router ေတြကအလုပ္ လုပ္ပါၿပီ။ သူက default route table ပဲသတ္မွတ္ထားတာကို ကြၽန္ေတာ္တို႔က IP Range ေတြထည့္ၿပီးေတာ့ အသုံးျပဳၾကတာ ျဖစ္ပါတယ္။ ဒီလိုလုပ္ေဆာင္ပုံက သာမန္သမား႐ိုးက် နည္းပညာနဲ႔ သမား႐ိုးက် Router ေတြ အလုပ္လုပ္ေဆာင္ပုံျဖစ္ပါတယ္။

Cisco Router ေတြကေတာ့ Open Source ျဖစ္ပါတယ္။ သူက Internetwork Operating System (IOS) နဲ႔ အလုပ္လုပ္ၿပီးေတာ့ default ROM နဲ႔ အလုပ္လုပ္တဲ့ အျခား Router ေတြနဲ႔ ကြာျခားမႈေတြ ရွိပါတယ္။ ဘယ္လိုကြာလဲဆိုရင္ အျခားေသာ Router ေတြက default Rom ေပၚမွာ Routing table ေရးထားၿပီးသားကို အခ်က္အလက္ ( IP ေတြ) ထည့္ၿပီး အသုံးျပဳ႐ုံသာ ျဖစ္ေပမယ့္ Cisco Router ေတြကေတာ့ PC တစ္လုံးလို Boot Process (သူ႔ထဲမွာရွိတဲ့ system devices - CPU, RAM, etc) ေတြ ပါ၀င္ၿပီးေတာ့ PC လိုမ်ိဳး Boot တက္ၿပီးေတာ့မွ သုံးလို႔ရပါတယ္။ ေနာက္ Boot Process ၿပီးေတာ့ Routing Table ကို ကိုယ္တိုင္ အစအဆုံး ကိုယ္တိုင္သတ္မွတ္ေပးလို႔ရပါတယ္။ Console cable ေတြနဲ႔ CLI ထဲ၀င္ၿပီး Management လုပ္ရတာျဖစ္သလို Router မွာပါ၀င္တဲ့ ports ေတြကိုကိုယ္မသုံးတဲ့ ဟာေတြကို ပိတ္ထားလို႔ရသလို VLAN လည္းလုပ္လို႔ ရပါတယ္။ Routing ေတြကိုလည္း RIP, BGP, EIGRP အစရွိတဲ့ Routing Methods ေတြနဲ႔ ကိုယ္သတ္မွတ္ခ်င္သလို သုံးလို႔ရပါတယ္။ ဒီထက္လည္း Cisco ရဲ႕ အျခားေသာ နည္းပညာေတြကို ခုဆိုရင္စာေမးပြဲေတြနဲ႔ စစ္ေဆးၿပီး အတည္ျပဳခဲ့တာ ခုအခ်ိန္မွာေတာ့ CCNA( Cisco Certified Network Associate) ကနာမည္ႀကီးပါတယ္။ ေနာက္ထပ္ CCP, CCIE တို႔ကလည္း နာမည္ႀကီးၿပီး အဲဒီစာေမးပြဲေတြ ေအာင္ျမင္တဲ့ Cisco ရဲ႕ နည္းပညာကြၽမ္းက်င္သူေတြဟာ network ပညာရွင္ေတြအျဖစ္ ပြဲလယ္တင့္ၾကစၿမဲပါ။

Cisco နည္းပညာသုံး Linksys Router ( Cisco Router အစစ္မဟုတ္ပါ၊ Cisco နည္းပညာသုံးထားျခင္းသာျဖစ္ပါသည္)

- Router မ်ားအားအသုံးျပဳျခင္း

D-Link, Belkin, Aztech, Netgear, Linksys အစရွိေသာ company မ်ားက Router မ်ားႏွင့္ network ဆက္စပ္ပစၥည္းမ်ားအား ေရာင္းခ်ပါတယ္။ အဲဒီ Router ေတြကိုေတာ့ Small Office Home Office (SOHO) Network ငယ္မ်ား၊ အင္တာနက္ဆိုင္မ်ားႏွင့္ အလယ္အလတ္တန္းစား Company မ်ားတြင္ အသုံးျပဳၾကပါသည္။

Cisco Router မ်ားကိုေတာ့ ISP မ်ား ( လက္ရွိ ျမန္မာႏိုင္ငံ MPT core Network မ်ားတြင္ အသုံးျပဳေနပါသည္။ ) mobile companies မ်ား ၊ Internet Local Service Provider မ်ားႏွင့္ Enterprise Network ႀကီးမ်ားတြင္ အသုံးျပဳၾကပါတယ္။

Credit - Ko Aung Thura Win (Netcomplus)

No comments: