menu
@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..
USB Stick အတွင်းရှိ အကြမ်းဖျင်း ပစ္စည်းများ
Unifont
သတင်းအချက်အလက်တွေကို Memory stick တစ်ချောင်းထဲမှာ အားလုံးသိမ်းဆည်းနိုင်တယ်ဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။ အမှန်တော့အချက်အလက်များကို အတတ်နိုင်ဆုံး ရှုံပြီး Chip ထဲသွင်းလိုက်ခြင်း ဖြစ်ပါတယ်။ USB memory key လို့ခေါ်ပါတယ်။ သူ့ဆီမှာ ပါဝင်တဲ့ ပစ္စည်းအစိတ်အပိုင်းအားလုံး အကြမ်းဖျင်းကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
1 USB Standard, Male A-plug
ကွန်ပြူတာက USB port ကိုထိုးမယ့်အပိုင်း ဖြစ်ပါတယ်။ Male လို့ခေါ်တဲ့အကြောင်းကတော့ အလွယ်နည်းနဲ့ပြောရင် ထိုးရလို့ ဖြစ်ပါတယ်။ Motherboard တွေမှာ ပါတဲ့ အပေါက်ကတော့ Female plug ဖြစ်ပါတယ်။
2 USB mass storage controller device သိုလှောင်သိမ်းဆည်းမှု အနည်း၊အများကို ထိန်းချုပ် ပေးမယ့် အီလက်ထရောနစ် ပစ္စည်းတစ်ခု ဖြစ်ပါတယ်။
3 Test points
Test point ကတော့ သူ့နာမည်အတိုင်း test လုပ်ပေးပါတယ်။ စီးဝင်တဲ့ လျှပ် စစ်ကြိမ်နှန်းအနည်းအများ ကို test လုပ်ပေးခြင်း၊ ပစ္စည်းချို့ယွင်းချက်ဖြစ်ပေါ်လျှင် signal testing ပြုလုပ်ပေးခြင်းတို့ လုပ်ဆောင်ပါတယ်။
4 Flash memory chips
အဓိက သိုလောင်သိမ်းဆည်းတဲ့နေရာ ဖြစ်ပါတယ်။ သိမ်းတယ်ဆိုလို့ ဘာတွေသိမ်းတယ်ဆိုတာ စိတ်ဝင်စားစရာပါပဲ။ အမှန်တော့ အီလက်ထရောနစ် ဒေတာတွေကိုအီလက်ထရောနစ် ဒေတာ အနေနဲ့ပဲ သိမ်းဆည်းလိုက်တာ ဖြစ်ပါတယ်။ ဥပမာ -ကွန်ပြူတာထဲက ပုံ၊သီချင်း တို့ဟာ အီလက်ထရောနစ် ဒေတာ ဖြစ်ပြီး ၎င်း ကို transfer လုပ်ပေးရုံသာ ဖြစ်ပါတယ်။ သီချင်းဆိုရင်တော့ amplifier တို့လိုကြားခံ device အသုံးပြုပြီး ပြန်ဖွင့်ရပါတယ်။ ဒါကတော့ မဆိုင်ပါဘူး။ ဒီမှာသိရင် လုံလောက်တာပါ Flash memory chip ဆိုတာ အချက်အလက်တွေကို လျှပ်စစ် signal နဲ့ အနည်းနိုင်ဆုံး ဖြစ်အောင် ရှုံ့ပြီး ထည့်ထား၊ သိမ်းဆည်း ပေးတာဖြစ်ပါတယ်။
5 Crystal oscillator သူက အီလက်ထရောနစ် Signal ဖန်တီးပေးပါတယ်။ သူသာပျက်ရင် Memory ကီးက ဘာမှ လုပ်ဆောင်လို့ မရတော့ပါဘူး။ ရေဒီယိုတို့မှာဆိုရင်အသံဖမ်းမှန်အောင် ကြိမ်နှုန်းမှန်အောင် Crystal oscillator ကလုပ်ဆောင်ပေးရတာမျိုး ဖြစ်ပါတယ်။
6 LED (Optional) LED မီးလုံးကတော့ ပါတဲ့ဟာလည်း ပါပြီး မပါတဲ့ဟာလည်း မပါပါဘူး။ အဓိက ကတော့ အသုံးပြုနေရင် မီးလင်းပြီး အချက်ပေးနေတာမျိုး ဖြစ်ပါတယ်။
7 Write-protect switch (Optional) Write protect ကတော့ Memory key ထဲကို ဝင်ရေးလို့မရအောင်၊ ဝင်သိမ်းဆည်းလို့မရအောင်၊ အတွင်းကအချက်အလက်များအား ပြောင်းလဲလို့ မရအောင် တားဆီးပေးပါတယ်။ ဒါလည်း ပါတဲ့ဟာကပါပြီး မပါတဲ့ဟာ မပါပါဘူး။
8 Space for second flash memory chip အကြမ်းအားဖြင့်ကတော့ memory သိမ်းဆည်းဖို့ နောက်ထပ် chip အပေါ်မှာ ထပ်ခွဲထားတဲ့ အခန်း တစ်ခုလိုပဲ ဖြစ်ပါတယ်။
အမှားပါခဲ့သော် အကြံပြုထောက်ပြပေးပါလို့ မေတ္တာရပ်ခံပါရစေ___
_________________________________
USB (Universal Serial Bus) a lam daw chyen mi____
1. USB Standard, Male A-plug
Computer kaw lawm ai USB port kaw shachyawp na daw hpe tsun ai re. Mohterboard (laptop, USB hub, etc.,) kaw na port hpe gaw Female Plug ngu tsun ma ai.
2. USB Mass Storage Controller Device
Data zing hkang ai hpe jum tek ya ai electronic jak rai hpan mi rai nga ai.
3. Test Points
Test Points ni gaw test nga mying hte maren test (chyam) galaw ya ai. Lwi shang wa ai myihprap wan (electric) (လျှပ်စစ်ကြိမ်နှုန်း) hpe testing galaw ai, jak rai hten (error) ai lam nga jang Signal Testing ni galaw ya ai.
4. Flash Memory Chips
Data ni hpe madung hkang zing ai shara re. Flash Memory Chips gaw Data ni hpe e-signal hte mai byin ai daram shajup kaji kau nhtawm zing hkang da ya ai re.
5. Crystal Oscillator
Crystal Oscillator gaw electronic signal shapraw ya ai. Ndai Crystal Oscillator hten sai nga jang gaw USB stick dai nmai jai lang sai. Radio hkan mung jai lang ai nga tsun ma ai.
6. LED (Optional)
LED wan chyaw gaw nkau USB stick hkan gaw njai lang da nga ai. Madung gaw Stick hpe jai lang taw laman wan htoi let bungle galaw ai lam madun ai daram sha re.
7. Write-protect Switch
Write Protect ngu ai gaw Memory Key kata de shang zing (write), kata na data ni hpe nmai galai shai kau ya na matu pat hkum da ya ai re.
8. Space for Second Flash Memory Chips gaw memory zing na matu kaga Chips ntsa kaw gawk garan da ai masa hku re.
Crd: TechSpace Journal, MWS
Chyeju Kaba Sai.
@N-GAU NAW
#MADEN Group
<Zawgyi>
3 Test points
4 Flash memory chips
_________________________________
3. Test Points
4. Flash Memory Chips
5. Crystal Oscillator
6. LED (Optional)
7. Write-protect Switch
Chyeju Kaba Sai.
@N-GAU NAW
#MADEN Group
No comments: