menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Network Card အလုပ်လုပ်ပုံ

Network Card အလုပ်လုပ်ပုံ
===================
Network Card ဆိုတာကိုတော့ သိပြီးသားဖြစ်ရင် ဖြစ်နေပါလိမ့်မယ်။
သို့သော်လည်း Network Card ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကိုတော့ တော်ရုံသိနိုင်ဘို့ မလွယ်ပါဘူး။ ကျွန်တော်အနေနဲ့ လူတိုင်း သိနိုင်ဖို့ရန် Network Card ဘယ်လို အလုပ်လုပ်သလဲဆိုတာကို ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။
Network အလုပ်လုပ်ပုံမပြောခင် OSI 7 Layers အကြောင်းကို သိထားဖို့တော့လိုပါတယ်။ မသိသေးဘူးဆိုလျင်လည်း OSI 7 Layers အကြောင်း ရေးထားတဲ့ ဆောင်းပါးလေးမှာ သွားရောက် ဖတ်ရှုကြည့်နိုင်ပါတယ်။
ကဲ...ဒါဆိုရင် စပြီနော်။ Network Card မှာ OSI Layer တွေဖြစ်တဲ့ Layer 1 (physical layer) နှင့် Layer 2 (data link layer) တွေမှာ အလုပ်လုပ်ပါတယ်။ ဒီတော့ ၎င်း Layer နှစ်ခုက မည်သို့မည်ပုံ အလုပ်အလုပ်တယ်ဆိုတာကို အကြမ်းဖျင်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

အရင်ဆုံး Data Link Layer အကြောင်းကနေ စပြီး ပြောကြရအောင်။ Data Link Layer ရဲ့ အဓိကလုပ်ဆောင်ချက်ကတော့ အပေါ် Layer တွေဆီက လက်ခံရရှိလာတဲ့ Data Packet လေးတွေကို Network Connection တစ်လျှောက်မှာ သွားလာနိုင်မယ့် Data Frame အဖြစ် ပြောင်းလဲပေးပါတယ်။ အဲဒီ Data Frame ပေါ်မှာ လိုအပ်တဲ့ Information တွေလည်း ထပ်ထည့်ပါတယ်။ ပြီးတော့ Data တွေကိုလည်း အောက်က Physical Layerက လက်ခံ နားလည်ပြီး Network Connection ပေါ် တင်ပို့ပေးနိုင်အောင်လို့ Raw Bits တွေအဖြစ် ပြောင်းလဲပေးပါတယ်။ Data Link Layer ရဲ့ အဓိက နောက်ထပ်လုပ်ဆောင်ချက် တစ်ခုကတော့ Sender နဲ့ အနီးစပ်ဆုံး လက်ခံမယ့် Receiver (Destination Receiver အစစ် မဟုတ်သေးတဲ့ ကြားက လက်ဆင့်ကမ်းပေးမယ့်သူကို ပြောတာပါ)
ကြားထဲက Data သွားမယ့် Network Connection ဟာ Clear ဖြစ်နေလား၊ Data သွားမယ်ဆိုိရင် Collision ဖြစ်နိုင်လားဆိုတာတွေကို လေ့လာစစ်ဆေးပြီး စိတ်ချရပြီဆိုမှ Data တွေကို ပို့လွှတ်စေပါတယ်။ နောက်တစ်ပိုင်းဖြစ်တဲ့ ခုနက လက်ခံခဲ့တဲ့ Receiver နဲ့ နောက်တစ်ဆင့် Receiver ကြားမှာလည်း အဲဒီလို စစ်ဆေးပြီး စောင့်သင့်ရင် စောင့်ပြီး စိတ်ချရမှ ပို့စေပါတယ်။ အဲဒီလိုလုပ်တာဟာ တကယ့် Destination Receiver အစစ်ဆီကို ရောက်တဲ့အထိပါပဲ။ အဲဒီလို စစ်ဆေးတဲ့ နေရာမှာ ကြားခံ Network ရဲ့ သုံးထားတဲ့ နည်းပညာပေါ်ကို မူတည်ပြီး စစ်ဆေးပုံ စစ်ဆေးနည်းတွေကတော့ အများကြီးရှိပါတယ်။ Data Link Layer ကို ထပ်ပြီး (၂)ပိုင်း ပိုင်းနိုင်ပါသေးတယ်။ Logical Link Control (LLC) ဆိုတဲ့ Sublayer နဲ့ Media Access Control (MAC) ဆိုတဲ့ Sublayer တို့ပဲ ဖြစ်ပါတယ်။ Logical Link Control (LLC) ကတော့ ခုနကပြောခဲ့တဲ့ Collision မဖြစ်အောင် စောင့်ထိန်းပေးတဲ့ကိစ္စမှာ အရင်ဆုံး Data တွေကို မပို့ခင် Nodes နှစ်ခုကြားမှာ (Sender နဲ့ အနီးဆုံး Receiver ပဲထားပါတော့ဗျာ) Cable တွေ၊ Card တွေကို Connection ရအောင် လုပ်ပါတယ်။ Logical Link လေးပေါ့ဗျာ။ အဲဒီ Link ပေါ်မှာ သွားနိုင်အောင် Data တွေကို အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပေးပါတယ်။ Raw Bits တွေ ဖြစ်လာအောင်ပေါ့။ ဘယ်အပိုင်းက အရင်သွားရမယ်။ ဘယ်အပိုင်းက နောက်က လိုက်မယ်ဆိုတာကိုလဲ ဆုံးဖြတ်ပေးပါတယ်။ လက်ခံမယ့်ဘက်မှာလည်း Data တွေကို အပေါ် Layer တွေဆီ တင်ပေးနိုင်ဖို့ အဆင်သင့်အနေအထားဖြစ်အောင် ပြန်ပြုပြင်ပါတယ်။ Data Frame တွေကိုလည်း အစီအစဉ်တကျ ပြန်ပြီးစီရတာပေါ့ဗျာ။ အဲနောက်တစ်လွှာဖြစ်တဲ့ Media Access Control ကတော့ LLC Sublayer နဲ့ Physical Layer ကြားမှာ Interface ပုံစံမျိုး လုပ်ပေးပါတယ် LLC Sublayer ဆီက Data Frame တွေကို တစ်ခုချင်းစီ ရယူပြီး Data Collision ဖြစ်နိုင်၊မဖြစ်နိုင် စောင့်ကြည့်ကာ မဖြစ်နိုင်ဘူးဆိုရင် Transmit လုပ်ပါတယ်။ Collision ဖြစ်နိုင်တယ်ဆိုိရင် ယာယီစောင့်နေပါသေးတယ်။
ပြီးတော့လည်း Data Frame တစ်ခုပြီးမှတစ်ခုယူပြီး Transmit လုပ်တာပါ။ လက်ခံမယ့်ဘက်ကတော့ တစ်ခုချင်းစီ လက်ခံစစ်ဆေးပြီးပါလာတဲ့ Information တွေနဲ့ ကိုက်ညီတယ်ဆိုမှ LLC Sublayer ကို လက်ဆင့်ကမ်းပေးပါတယ်။ အကယ်၍ ပါလာတဲ့ Information တွေနဲ့ မကိုက်ညီဘူးဆိုရင် အဲဒီ Frame ကို ထပ်ပို့ခိုင်းပါတယ်။ Data Link Layer နဲ့ သူရဲ့ Sublayer နှစ်ခုအကြောင်းကို ကောင်းစွာသဘောပေါက် လောက်ပြီလို့ထင်ပါတယ်။
Network Card မှာ ပါ၀င်တဲ့ Physical Layer ပါ။ Physical Layer ကတော့ Network Cable ပေါ်မှာ Data တွေကို အမှန်တကယ် Transmission လုပ်နိုင်အောင် လုပ်ဆောင်ပေးပါတယ်။ အပေါ် Data Link Layer က တဆင့်ရရှိလာတဲ့ Raw Bits Data Frame တွေကို Cable တွေပေါ်မှာ အမှန်တကယ်သွားနိုင်မယ့် Data Signals များ အဖြစ်သို့ ပြောင်းလဲပေးပါတယ်။ ပြောင်းလဲတဲ့နေရာမှာ Cable အမျိုးအစားတွေ၊ Card အမျိုးအစားတွေ၊ Connector အမျိုးအစားတွေကို လိုက်ပြီး တစ်ဘက်နဲ့တစ်ဘက် Transfer လုပ်လို့ အဆင်ပြေနိုင်မယ့် Signal မျိုးကို ပြောင်းလဲပေးပါတယ်။ Cable တွေ၊ Card တွေ၊ Connector တွေ အမျိုးအစား အများကြီးရှိသလို Physical Layer က ပြောင်းလဲပေးရတဲ့ Signal အမျိုးအစားတွေလည်း အများကြီးတော့ ရှိတာပေါ့။ ဥပမာ Digital Signal၊ Analog Signal တို့ပေါ့။ ပြီးတော့ Signal အမျိုးအစားတစ်ခုချင်းစီအတွက်တောင် ကြားထဲက ချိတ်ဆက်ထားတဲ့ Network Connection ရဲ့ နည်းပညာပေါ် မူတည်ပြီး ထုတ်လွှတ်ပုံ ထုတ်လွှတ်နည်းတွေ ကွဲပြားပါသေးတယ်။ (ဥပမာ Star လား Ring လား Bus လား) ဒါကြောင့် Physical Layer ဟာ တကယ့် Really Physical Media ပေါ်မှာ Data တွေ မှန်မှန်ကန်ကန် အဆင်ပြေပြေသွားနိုင်ဖို့အတွက်ကို လိုအပ်တဲ့ လုပ်ဆောင်မှုတွေဖြစ်တဲ့ Raw Bits Data Frame တွေကို Electric Signal အသွင်ပြောင်းပေးတာတွေ၊ အဲဒီလိုပြောင်းတဲ့အခါမှာ ဘယ်လို Signal ပုံစံကို ပြောင်းမှာလဲဆိုတာတွေ၊ ပြောင်းပြီးသား Signal တွေကို ဘယ်လိုဘယ်ပုံ Cable ကြိုးပေါ်ကို တင်ပေးမှာလဲဆိုတာတွေအပြင် Cable ပေါ်ကို Data တွေ တင်ပေးနိုင်ဖို့အတွက် လိုအပ်တဲ့ Voltage တွေကအစ ဆုံးဖြတ်သတ်မှတ် ထုတ်လုပ်ပေးတာကို လုပ်ဆောင်ပါတယ်။ ကဲ...ဒီလောက်ဆိုရင်တော့ Layer နှစ်ခုရဲ့ အလုပ်လုပ်ပုံကို သိလောက်ပြီပေါ့။
မည်သည့် Network Card မဆို MAC Address ပါရှိပါတယ်။ ၎င်း MAC Address က 48-bit ရှိတဲ့ နံပါတ်တွေနဲ့ ဖော်ပြပါတယ်။ ကမ္ဘာပေါ်မှာ Network Card တွေ အများကြီးရှိပေမယ့် MAC Address တူတဲ့ Network Card နှစ်ခု မရှိသေးပါဘူး။ တူညီလို့လည်း မရပါဘူး။ အဲလို Network Card ရဲ့ MAC Address တွေ တိုက်မနေအောင်လည်း Network Card ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက MAC Address တွေကို Institute of Electrical and Electronics Engineers (IEEE) ကနေမှ မှာယူရပါတယ်။ IEEE ကလည်း Network Card တစ်ခုချင်းစီရဲ့ Address တွေကို ခွဲဝေသတ်မှတ်ပေးထားပါတယ်။ ပေးပြီးသား MAC Address တွေကိုလည်း မှတ်တမ်းလုပ်ထားပါတယ်။ အခြေခံအားဖြင့် ကြည့်မယ်ဆိုလျင် Network Card တွေဟာ MAC Address ပေါ်မှာပဲ အခြေခံထားခြင်း ဖြစ်ပါတယ်။
#credit မူရင်းသို့

No comments: