menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Camera Setting ချိန်နည်းများ

Camera Setting ချိန်နည်းများ
++++++++++++++++++++++
***အောက်ဆုံးတွင် ပုံစံများဖြင့် နားလည်လွယ်အောင် ပြသထားပါသည်..****

ဖိုတိုဂရမ်ဖာ လူသစ်အများစုဟာ သူတို့ လက်ရှိ အသုံးပြုနေတဲ့ ကင်မရာပစ္စည်းတွေနဲ့ အကောင်းဆုံးပုံတွေ ရိုက်ယူနိုင်အောင်..
ဘယ်လို ကင်မရာ setting တွေ အသုံးပြုသင့်သလဲဆိုတာ သိချင်ကြပါတယ်။

ဘယ်လို ရိုက်ကူးမှု ပတ်ဝန်းကျင်မျိုးမှာမဆို အသုံးတည့်တဲ့ ပုံသေ ကင်မရာ settings မျိုးတော့ မရှိပါဘူး။
ဒါပေမဲ့ ဘယ်လို ကင်မရာမျိုးမှာမဆို အသုံးဝင်နိုင်မဲ့ setting အချို့ တော့ ရှိပါတယ်။

အဲဒါတွေက အစကနဦးမှာ ထားပေးရတဲ့ အခြေခံ settings တွေဖြစ်ကြပြီး..
ထားပေးပြီးသွားပြီဆိုတာနဲ့ သိပ်လှည့်ကြည့်စရာ မလိုတော့ပါဘူး။

ဒါ့အပြင် ဓါတ်ပုံ ရိုက်ကူးခြင်းကို ပိုပြီး လွယ်ကူ၊ မြန်ဆန်စေမဲ့ သီးခြား ကင်မရာ mode တွေ ရှိကြပါတယ်။
အထူးသဖြင့် အခုမှ စတင်ရိုက်ကူးသူတွေ အတွက်ပါ။

ကျွန်တော်တို့ အဲဒီ အသုံးများတဲ့ ကင်မရာ setting တွေကို အသေးစိတ် လေ့လာကြည့်ကြရအောင်...
:::----->
*ကင်မရာ setup*
ပထမဆုံး ကျွန်တော်တို့ ခေတ်ပေါ် ဒစ်ဂျစ်တယ် ကင်မရာအများစုမှာ အသုံးချသင့်တဲ့ ကင်မရာ setting အချို့ကို ကြည့်လိုက်ကြရအောင်...
အောက်မှာ ဖော်ပြထားတဲ့ setting တွေ အားလုံးကို သင့်ကင်မရာမှာ ရှာတွေ့နိုင်လိမ့်မယ်လို့ ထင်ပါတယ်။
ဘာကြောင့်ဆို သူတို့ဟာ ကွဲပြားတဲ့ ကင်မရာ brand နဲ့ model တွေမှာလည်း အနည်း နဲ့ အများတော့ သွားတူနေကြလို့ပါ။

-Image Quality ကို RAW မှာထားပေးပါ
-RAW Recording မှာ ရွေးချယ်စရာရှိရင် Lossless Compressed ကို ရွေးထားပါ
-White Balance ကို Auto မှာ ထားပေးပါ
-Picture Control (သို့) Picture Style (သို့) Creative Style (သို့) Film Simulation ကို Standard မှာထားပေးပါ
-Color Space ကို sRGB မှာထားပေးပါ
-Long Exposure Noise Reduction ကို ဓါတ်ပုံအေးဆေးရိုက်တဲ့အခါ On ပေးထားပေးနိုင်ပြီး..
အချိန်လု ရိုက်ရတဲ့ အခါမှာတာ့ off ထားပေးတာ ပိုကောင်းပါတယ်။
ဘာကြောင့်လဲဆိုတာကို အောက်မှာ ထပ်ရှင်းပါမယ်။

-High ISO Noise Reduction ကို Off ထားပါ
-Active D-Lighting (သို့) DRO
HDR နဲ့
Lens Corrections (Vignette Control Chromatic Aberration Control Distortion Control စတာတွေ) ကို Off ထားပါ

အထက်မှာ ဖော်ပြထားတာတွေဟာ အရေးအပါဆုံး ကင်မရာ setting တွေ ဖြစ်ကြပါတယ်။
:::----->
ပထမဆုံး တစ်ခုအနေနဲ့ သင်ဟာ သင့်တော်တဲ့ file format ကို စတင်ရွေးချယ် ထားပေးသင့်ပါတယ်။
အဲဒါကတော့ RAW ပဲ ဖြစ်ပါတယ်။

RAW compression ရွေးချယ်မှုအတွက် အခြား setting တွေ ရှိသေးတယ်ဆိုရင်..
အမြဲပဲ Lossless compressed ကို ရွေးပေးပါ။
ဘာကြောင့်ဆို ဒါဟာ ကြီးမားတဲ့ RAW file တွေ နေရာယူတဲ့ memory ပမာဏကို လျှော့ချပေးမှာမို့ပါ။

Raw မှာ ထားရိုက်တဲ့အခါ..
Picture Controls မှာရှိတဲ့ Sharpening Contrast Saturation စတဲ့ setting တွေကို ချိန်ညှိပေးစရာ မလိုတော့ပဲ..
standard profile မှာပဲ ထားပေးလိုက်ရင်ရပါတယ်။
အဲဒီ setting တွေကို သင် JPEG format နဲ့ ရိုက်မှသာ အသုံးပြုဖို့ လိုမှာပါ။

::~~~~~}
Color space နဲ့ white balance တွေမှာလည်း အလားတူပါပဲ။
သင် Raw နဲ့ ရိုက်တဲ့အခါ သူတို့ကို စိုးရိမ်စရာ မလိုပါဘူး။
အကြောင်းက သင် နောက် editing လုပ်တဲ့အခါမှ သူတို့ကို အချိန်မရွေး ပြန်ပြောင်းပေးနိုင်လို့ပါ။

::~~~~~}
သင်က အချိန်ရလို့ long exposure ပုံတွေကို အေးအေးဆေးဆေး ထိုင်ရိုက်တဲ့အခါ “long exposure noise reduction” ကို ဖွင့်ပေးထားနိုင်ပါတယ်။
ဒါက သင် long exposure ပုံတွေရိုက်တဲ့အခါ sensor ပူပြီး ထွက်ပေါ်လာတတ်တဲ့ noise တွေကို လျှော့ချပေးတာပါ။

သို့သော် အဲဒီလို လုပ်ဆောင်ဖို့ ကင်မရာက သင် ရိုက်လိုက်တဲ့ long exposure ပုံပြီးတာနဲ့ ဆက်တိုက်ဆိုသလို နောက်ထပ် အမည်းရောင် black frame တစ်ခုကို ထပ်မံရိုက်ယူပါတယ်။
ပြီးမှ အဲဒီ ပုံနှစ်ပုံကို ပြန်ပေါင်းပေးပြီး noise တွေကို လျှော့ချတာ ဖြစ်ပါတယ်။

ဒါကြောင့် သိထားရမှာက “long exposure noise reduction” ကို ဖွင့်ထားတဲ့အခါ...
ကိုယ်က ဓါတ်ပုံတစ်ပုံရိုက်တိုင်း ကင်မရာက နှစ်ပုံရိုက်ပေးနေမှာ ဖြစ်တာကြောင့်..
အချိန်လုပြီး (သို့) လျှပ်တစ်ပြက် ရိုက်ယူရတဲ့ အခြေအနေမျိုးတွေမှာ အဲဒီ setting ကို ပိတ်ထားတာက ပိုကောင်းပါလိမ့်မယ်။

ပြီးတော့ အခုနောက်ပိုင်း editing software တွေ အသုံးပြုပြီး ပုံတွေမှာ noise တွေကို လျှော့ချပေးနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိလို့ အဲဒီအတွက် သိပ်ပူစရာ မလိုတော့ပါဘူး။
::~~~~~}
ဒါ့အပြင် ကင်မရာထဲမှာပါတဲ့ အခြား lens corrections dynamic range optimizations နဲ့ noise reduction ရွေးချယ်စရာတွေကိုလည်း ပိတ်ထားလိုက်လို့ရပါတယ်။
ဘာကြောင့်ဆို အဲဒါတွေက Raw နဲ့ ရိုက်ထားတဲ့ ပုံတွေအတွက် သက်ရောက်မှုမရှိလို့ပါ။

အထက်ပါ settings တွေကို သင့်ရဲ့ ကင်မရာထဲမှာ ပြင်ဆင်ထားပေးပြီးသွားပြီဆိုရင်..
ဓါတ်ပုံရိုက်တဲ့အခါ..
လိုအပ်မဲ့ အရာတွေဆီ ဆက်သွားဖို့ အချိန်ရောက်ပါပြီ။

:::----->
*အကောင်းဆုံး ကင်မရာ Mode*
အချို့ ဖိုတိုဂရမ်ဖာတွေက သင်ကိုယ်တိုင် သင့်ရဲ့ ကင်မရာအပေါ် အပြည့်အဝ ထိန်းချုပ်နိုင်ဖို့..
အမြဲတမ်း Manual mode မှာထားရိုက်သင့်တယ်လို့ ဆိုကြပါတယ်။
ဒါဟာ အမြဲတမ်း မမှန်ပါဘူး။

ခေတ်ပေါ်ကင်မရာတွေဟာ မြင်ကွင်းတစ်ခုကို မှန်ကန်စွာ အလင်းမီတာ တိုင်းတာပေးနိုင်သလို..
Subject တစ်ခုကို အလင်းရောင်ကောင်းကောင်း ရရှိအောင် တွက်ချက်ပေးနိုင်ပါတယ်။

ဒီလို စွမ်းဆောင်ရည် မြင့်မားလာတဲ့ ကင်မရာတွေမှာ manual mode နဲ့ချည်း ရိုက်နေစရာမလိုတော့ပဲ..
Semi-automatic mode တွေထဲက ကိုယ်နဲ့ အဆင်ပြေမဲ့ တစ်ခုခုကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

ဓါတ်ပုံဆရာ တော်တော်များများဟာ Aperture Priority mode ကို အဓိက အသုံးပြုကြပါတယ်။
အဲဒီ mode က ကင်မရာရဲ့ aperture အပေါ် အပြည့်အဝ ထိန်းချုပ်ပေးနိုင်ရုံသာမက..
ပုံတစ်ပုံကို ကိုယ့်စိတ်ကြိုက် လင်းသွားအောင် (သို့) မှောင်သွားအောင်ပါ လုပ်ဆောင်ပေးနိုင်မှာဖြစ်လို့ ဘက်စုံအသုံးဝင်တဲ့ mode တစ်ခုပါ။

ကျွန်တော့် ကင်မရာက ကိုယ်လိုချင်တာထက် ပိုပြီးလင်းတဲ့ ပုံတစ်ပုံကို ရိုက်ယူပါက..
ကျွန်တော် exposure ကို ချိန်ညှိပေးဖို့ အလွယ်တကူပဲ Exposure Compensation ကို အသုံးပြုလိုက်ရင် အဆင်ပြေသွားမှာပါ။

သင်က သင့်ကင်မရာရဲ့ “scene” mode တွေထဲက တစ်ခုခုမှာ ထားရိုက်ရင် ကောင်းသလားဆိုတာ သိချင်မယ်ဆိုရင်..
ကျွန်တော်ကတော့ အကြောင်းရင်းအချို့ကြောင့် အဲဒီ ကင်မရာ mode တွေကို အသုံးပြုဖို့ အားမပေးပါဘူး။

အဓိကအကြောင်းက အဲဒီလို mode တွေဟာ မတူတဲ့ ကင်မရာ brand တွေမှာသာမက၊ မတူတဲ့ ကင်မရာ model တွေကြားမှာလည်း အလွန်ပဲ ကွဲပြားခြားနားကြလို့ပါ။
ဒါကြောင့် သင်က ကင်မရာတစ်လုံးပေါ်က scene mode တစ်ခုခုကို အမြဲအားထားရိုက်နေရင်း..
ကင်မရာ အသစ်တစ်လုံးကို upgrade လုပ်ပြောင်းကိုင်လိုက်တဲ့အခါ သင် အဲဒီ ကင်မရာအသစ်မှာ သင်အားထားနေတဲ့ scene mode ကိုတွေ့ချင်မှ တွေ့ရပါတော့မယ်။
ဒါ့အပြင် အဆင့်မြင့် ပရော်ဖက်ရှင်နယ် ကင်မရာ model အများစုမှာ အဲဒီလို scene mode တွေ မပါလာတော့ဘူးဆိုတာလည်း သိထားဖို့ အရေးကြီးပါတယ်။

:::----->
*အကောင်းဆုံး Autofocus Mode*
သင်ဟာ သင်ရိုက်ကူးနေတဲ့ အရာပေါ်မူတည်ပြီး အကောင်းဆုံး autofocus mode မှာ ထားရိုက်နေတာ အမြဲ သေချာဖို့ လိုပါတယ်။
ဥပမာ သင်က ငြိမ်သက်နေတဲ့ subject တစ်ခုကို ဓါတ်ပုံရိုက်တဲ့အခါ..
သင် Single Area Focus Mode ကို အသုံးပြုချင်ပါလိမ်မယ်။
(အဲဒါကို “Single Area AF” ၊ “One Shot AF” (သို့မဟုတ်) ရိုးရိုးလေးပဲ “AF-S” လို့လည်း သိကြပါတယ်)

အဲဒီလိုမဟုတ်ပဲ သင်ရိုက်ကူးနေတဲ့ subject က မရပ်မနား ရွေ့လျားနေတယ်ဆိုရင်..
သင် Continuous / AI Servo Focus Mode ကို ပြောင်းပေးချင်ပါလိမ့်မယ်။
ဘာကြောင့်ဆို သင်က သင့်ရဲ့ ကင်မရာကို subject နောက်ကနေ အဆက်မပြတ်လိုက်ပြီး focus ဖမ်းနေတာမျိုး လိုချင်မှာမို့ပါ။

စတင်ရိုက်ကူးသူ လူသစ်တွေအတွက် အဲဒါကို ပိုလွယ်ကူစေဖို့ ကင်မရာထုတ်လုပ်သူတွေဟာ တစ်ခါတစ်ရံ hybrid mode တွေကို ထည့်သွင်းပေးထားပါတယ်။
၎င်းဟာ သင့်ရဲ့ subject ငြိမ်နေလား၊ ရွှေ့နေလားဆိုတာပေါ် မူတည်ပြီး Single Area Focus Mode နဲ့ Continous / AI Servo Focus Mode အကြား သူ့ဘာသာ ပြောင်းလဲပေးပါတယ်။

အဲဒီ hybrid mode ကို Nikon ကင်မရာတွေမှာ “AF-A” အဖြစ် သိကြပြီး..
Canon မှာတော့ "AI Focus AF” အဖြစ် သိကြပါတယ်။

သင်က AF-S နဲ့ AF-C ကင်မရာ mode တွေအကြား အမြဲတမ်း ပြောင်းလဲပေးနေရတာ အခက်အခဲရှိတဲ့အခါ..
အဲဒီ hybrid mode က default အဖြစ် အမြဲထားသုံးဖို့ အသင့်တော်ဆုံး ဖြစ်နိုင်ပါတယ်။

အချို့ ကင်မရာတွေမှာ “Auto AF” mode ပါရှိပါတယ်။
၎င်းဟာ မြင်ကွင်းတစ်ခုလုံးကို ကြည့်ပြီး အနီးဆုံး subject ပေါ်မှာ (သို့မဟုတ်) ကင်မရာက အရေးကြီးတယ်လို့ ထင်တဲ့ subject ပေါ်မှာ focus ဖြတ်ပေးဖို့ ကြိုးစားပါလိမ့်မယ်။

ကျွန်တော်ကတော့ စတင်ရိုက်ကူးသူ အများစုကို အဲဒီလို mode တွေ အသုံးမပြုဖို့ အကြံပြုပါတယ်။
ဘာကြောင့်ဆို သင် focus ဖြတ်ချင်တဲ့ နေရာဆီ သင့်ဘာသာ focus အမှတ်ကို ရွှေ့ပေးခြင်းဖြင့်..
သင့်ကင်မရာရဲ့ focus ကို ဘယ်မှာထားမလဲဆိုတာ သင်ကိုယ်တိုင် ထိန်းချုပ်နိုင်တာ ကောင်းပါတယ်။

သင် အဲဒါကို Single-Point AF-Area Mode ဆီ ပြောင်းပေးလိုက်ခြင်းဖြင့် လုပ်ဆောင်နိုင်ပါတယ်။
သင့်ရဲ့ viewfinder ထဲမှာ ရွှေ့ပြောင်းပေးဖို့ focus အမှတ်တစ်ခု ပေါ်လာတဲ့အခါ..
သင် အဲဒီ အမှတ်ကို frame ထဲက သင်ထားပေးချင်တဲ့ subject (သို့) စိတ်ဝင်စားစရာ နေရာတစ်ခုပေါ်မှာ ထားပေးနိုင်သလို..
သင့်ရဲ့ subject ကိုလည်း အဲဒီ focus အမှတ်ဆီ ရွှေ့ခိုင်းနိုင်ပါတယ်။

:::----->
*အကောင်းဆုံး Metering Mode*
သင့် ကင်မရာမှာ Spot Metering Center-Weighted Metering နဲ့ Matrix / Evaluative Metering စသဖြင့် အတော်များများ ပါဝင်နိုင်ပါတယ်။
အခြေအနေ၊ အချိန်အခါ အများစုအတွက်တော့..
Matrix (သို့) Evaluative Metering ကို default ထားပေးထားတာ အကောင်းဆုံးပါ။

အကြောင်းက ၎င်းဟာ မြင်ကွင်းတစ်ခုလုံးကို သုံးသပ် တွက်ချက်ပေးတာကြောင့်..
ပုံမှန်အားဖြင့် သင့်ရဲ့ subject ကို ပိုကောင်းမွန်တဲ့ အလင်းရောင်ရအောင် စွမ်းဆောင်ပေးပါတယ်။

:::----->
*အကောင်းဆုံး Lens Aperture*
Lens aperture ဟာ သင့်ရဲ့ subject ကို foreground နဲ့ background တွေကနေ သီးခြားခွဲထုတ် ပေးနိုင်ရုံသာမက..
အလင်းရောင် ဘယ်လောက်များများ သင့်ရဲ့ lens ထဲ အမှန်တကယ် ဝင်ရောက်ခွင့်ပေးမလဲ ဆိုတာကိုလည်း သက်ရောက်မှုရှိပါတယ်။

ဒါကြောင့် ရရှိတဲ့ အလင်းရောင် အခြေအနေပေါ်မူတည်ပြီး သင် ဘယ်လို aperture ကို ရွေးချယ်ထားပေးရမလဲဆိုတာ ဂရုစိုက်ရပါမယ်။
ဒါ့အပြင် aperture ဟာ ပုံရိပ်ပြတ်သားမှု နဲ့ depth of field လိုမျိုး အရာတွေကိုလည်း သက်ရောက်မှု ရှိပါတယ်။
ဒီတော့ သင့်ရဲ့ subject နဲ့ ရိုက်ကူးနေတဲ့ ပတ်ဝန်းကျင်အတွက် အသင့်တော်ဆုံး aperture ကို ရွေးချယ်ပေးနိုင်ဖို့က အလွန်အရေးကြီးပါတယ်။

သင်က အလင်းအားနည်းတဲ့အချိန် ဓါတ်ပုံတစ်ပုံကို လက်နဲ့ကိုင်ရိုက်နေစဉ် ကင်မရာ လှုပ်ခါမှုဖြစ်ပြီး ပုံဝါးသွားခြင်းမှ ရှောင်ရှားနိုင်ဖို့ ..
သင့် lens မှာရနိုင်တဲ့ အကျယ်ဆုံး aperture ကို အသုံးပြုတာ အကောင်းဆုံးပါ။
ဒါဆို သင့် ကင်မရာထဲကို အလင်းရောင် ကောင်းကောင်း ဝင်ရောက်နိုင်မှာဖြစ်ပြီး..
ပုံမဝါးသွားအောင် သင့်တော်တဲ့ shutter speed အမြန်နှုန်းကို ထားရိုက်နိုင်မှာပါ။

ဥပမာ သင်က 35 mm f/1.8 lens နဲ့ ရိုက်မယ်ဆိုရင်..
အလင်းအားနည်းတဲ့ အခြေအနေမျိုးမှာ သင် အလင်းဝင်ရောက်မှုများအောင် အဲဒီ အကျယ်ဆုံး aperture f/1.8 မှာ ထားရိုက်ချင်မှာပါ။
ပြီးတော့ f/1.8 လိုမျိုးသုံးပြီး shallow depth of field နဲ့ရိုက်တဲ့အခါ subject ကိုပဲ focus ဖြတ်ပေးရင်း ပုံမှာ နောက်ခံအဝါး (bokeh) လှလှလေးတွေနဲ့ ရိုက်ကူးနိုင်ပါတယ်။

သို့သော် သင်က လှပတဲ့ ရှုမျှော်ခင်းတစ်ခုရှေ့မှာ ရောက်ရှိနေပြီး အဲဒီ ရှုခင်းတစ်ခုလုံးရဲ့ ပုံကို အဖြစ်နိုင်ဆုံး ကြည်လင်ပြတ်သားအောင် ရိုက်ချင်တယ်ဆိုရင်တော့..
သင့် lens ရဲ့ aperture ကို အကျယ်ဆုံး f/5.6 လောက်ထိပဲ လျှော့ချပြီး ရိုက်သင့်ပါတယ်။

အကယ်၍ သင်က depth of field အားကောင်းအောင် f/8 ကနေ f/11 လောက်ထိ တင်ရိုက်မယ် ဆိုရင်တော့..
Aperture အပေါက်ကျဉ်းသွားလို့ အလင်းဝင်ရောက်မှု အားနည်းပြီး shutter speed လည်း နှေးသွားမှာမို့ ပုံရိပ်မဝါးအောင် tripod ကို အသုံးပြုရိုက်ရပါမယ်။

ဒါမှမဟုတ် tripod မပါပဲ လက်နဲ့ပဲ ကိုင်ရိုက်မယ်ဆိုရင်တော့..
နောက်တစ်နည်းက ISO ကို တင်ရိုက်ဖို့ပါ။

သို့သော် ISO ကို တင်ပေးလိုက်ရင် sensor က အလင်းအာရုံခံနိုင်မှု အားကောင်းပြီး သင့်တော်တဲ့ shutter speed အမြန်နှုန်းကို ရရှိနိုင်ပေမဲ့..
ပုံမှာ noise တွေ များသွားနိုင်တာကိုတော့ သတိပြုရပါမယ်။

ဒါကြောင့် ကိုယ့်ကင်မရာက noise အရမ်းမများအာင် ISO ကို ဘယ်လောက်ထိ တင်ရိုက်နိုင်လည်းဆိုတာကိုလည်း သိထားသင့်ပါတယ်။
Aperture ဟာ သင့်ရဲ့ subject ကို ၎င်းရဲ့ background ကနေ ခွဲထုတ်ပေးရာမှာ လူသိများပေမဲ့ ဒါဟာ ၎င်းရဲ့ စွမ်းဆောင်မှုတွေထဲက တစ်ခုမျှသာ ရှိပါသေးတယ်။
:::------>
*အကောင်းဆုံး Shutter Speed*
Aperture နည်းတူပဲ အကောင်းဆုံး shutter speed ကို ရွေးချယ်မှုဟာ အဓိကအားဖြင့် သင်ဘာကို ရိုက်ကူးဖို့ ကြိုးစားနေလဲ ဆိုတာပေါ် မူတည်ပါတယ်။
ဥပမာ သင့်ရဲ့ ရည်ရွယ်ချက်က ရေတံခွန်တစ်ခုရဲ့ ပုံတစ်ပုံကို အိပ်မက်ဆန်ဆန် ရိုက်ချင်တယ်ဆိုရင်..
သင် စီးဆင်းနေတဲ့ ရေအလျဉ်ကို ပိုသားမျှင်လေးတွေလို ဖြစ်သွားအောင် စက္ကန့် အနည်းငယ်ကြာတဲ့ shutter speed အနှေးနဲ့ ရိုက်ဖို့ လိုပါမယ်။

အဲဒီလိုမဟုတ်ပဲ သင်က သင့်ရဲ့ ရိုက်ကွက်ရှုခင်းထဲက subject တစ်ခုကို freeze လုပ် ရပ်တန့်ချင်တယ်ဆိုရင်..
အလွန်မြန်ပြီး တစ်စက္ကန့်ရဲ့ သေးငယ်တဲ့ အပိုင်းလေးလောက်ပဲရှိတဲ့ shutter speed ကို သုံးရပါလိမ့်မယ်။

ဘယ်လိုဘဲဖြစ်ဖြစ် ပတ်ဝန်းကျင် အလင်းရောင် အခြေအနေအများစုမှာ..
ကင်မရာ လှုပ်ခါသွားခြင်းမရှိပဲ ပုံရိပ်ကြည်လင် ပြတ်သားနေအောင်..
သင့်တော်တဲ့ shutter speed အမြန်ကို အသုံးပြုတာ ပိုပြီးကောင်းပါတယ်။

အဲဒီအတွက် သင် ရံဖန်ရံခါ Auto ISO မှာထားပေးဖို့လိုသလို...
အသုံးပြုတဲ့ focal length ပေါ်မူတည်ပြီး shutter speed ကို တွက်ချက်ရိုက်ကူးတဲ့ reciprocal rule ကိုလည်း နားလည်ထားသင့်ပါတယ်
အဲဒီ rule အကြောင်းကို နောက်ပိုင်း လိုအပ်တဲ့အခါမှာ ထပ်ရှင်းပြပါမယ်။

:::——->
*အကောင်းဆုံး ISO setting*
ကွန်တော်တို့ ပုံတစ်ပုံကို ရိုက်ကူးတဲ့အခါ အနိမ့်ဆုံး ISO မှာ ထားရိုက်တာ အကောင်းဆုံးပါ။
အကြောင်းက ဒါဟာ သင့်ပုံမှာ noise (သို့) grain အနည်းဆုံး ရရှိစေမှာပါ။

ISO အမြင့်မှာ ထားရိုက်တဲ့အခါ ပုံမှာ noise တွေ များနေမှာမို့ သင် အဲဒါကို လိုချင်မှာ မဟုတ်ပါဘူး။
Editing software တွေနဲ့ noise ကိုလျှော့ချပေးနိုင်ပေမဲ့..
ရိုက်ကတည်းက noise ကို နည်းအောင် ISO တတ်နိုင်သလောက် အနိမ့်ဆုံးထားရိုက်တာ ပိုကောင်းပါတယ်။

သို့သော်လည်း ISO ကို အမြဲတမ်း အနိမ့်ဆုံးထားရိုက်ဖို့တော့ မဖြစ်နိုင်ပါဘူး။
အထူးသဖြင့် အလင်းအားနည်းတဲ့ ပတ်ဝန်းကျင် အခြေအနေတွေမှာ တင်ရိုက်ဖို့ လိုပါမယ်။

အကြောင်းက မလိုအပ်တဲ့ ကင်မရာ လှုပ်ခါမှုကြောင့် ပုံရိပ်ဝါးခြင်းကို မဖြစ်ပေါ်အောင်..
လုံလောက်တဲ့ shutter speed အမြန်ကို ထိန်းထားပေးနိုင်ဖို့ ISO ကို မဖြစ်မနေ တင်ရိုက်ကြရတာပါ။

ဓါတ်ပုံပညာရပ်ဟာ Exposure Triangle လို့လည်းသိကြတဲ့ Aperture Shutter Speed နဲ့ ISO တို့အကြား ချိန်ညှိပေးခြင်းနဲ့ အမြဲပဲ သက်ဆိုင်တာကို သတိရပါ။
အဲဒီ ရွေးချယ် ချိန်ညှိပေးစရာ သုံးခု ဘယ်လို လုပ်ဆောင်သလဲ ဆိုတာ နဲ့ သူတို့ ဘယ်လို အပြန်အလန် ဆက်နွယ်မှု ရှိသလဲဆိုတာတွေကို နားလည်အောင် အချိန်ယူ လေ့လာဖို့ ကျွန်တော် အကြံပြုပါတယ်။
:::----->
*Auto ISO*
သင့်မှာ ခေတ်ပေါ် ကင်မရာတစ်လုံး ရှိမယ်ဆိုရင်..
အဲဒီမှာ Auto ISO feature တစ်ခု ပါလာမှာဖြစ်ပြီး..
ဒါဟာ စတင်ရိုက်ကူးသူ လူသစ်တွေအတွက် အလွန်အသုံးဝင်ပါလိမ့်မယ်။

သင်က Auto ISO ကို enable လုပ်ပေးပြီးတာနဲ့..
သင့် ကင်မရာက subject နဲ့ ပတ်ဝန်းကျင် အလင်းရောင်ပေါ်မူတည်ပြီး ISO ကို သူ့ဘာသာ ချိန်ညှိပေးပါလိမ့်မယ်။

အဲဒီလို ချိန်ညှိပေးတဲ့အခါ သင် Auto ISO menu ထဲမှာ ချိန်ထားပေးခဲ့တဲ့ အနိမ့်ဆုံး shutter speed (သို့) အဲဒီထက်ပိုမြင့်တဲ့ shutter speed ကိုရအောင် ထိန်းထားပေးမှာပါ။
Nikon Canon နဲ့ အခြား ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ အချို့သော ကင်မရာတွေမှာ ပိုဆန်းသစ်တဲ့ Auto ISO menu တွေ ပါဝင်ပါတယ်။
၎င်းတို့ဟာ reciprocal rule ကို ထည့်သွင်းစဉ်းစားပြီး..
အသုံးပြုတဲ့ lens ရဲ့ focal length အပေါ်မူတည် တွက်ချက်ရင်းဖြင့် အသင့်တော်ဆုံး shutter speed ကို ထားပေးနိုင်ပါတယ်။

အဲဒီလို ရွေးချယ်စရာတွေဟာ စတင်ရိုက်ကူးသူတို့အတွက် အလွန်ပဲ အသုံးဝင်နိုင်ပါတယ်။
ဘာကြောင့်ဆို သူတို့က ကင်မရာ setting တွေ အမြဲချိန်ညှိပေးနေရတဲ့ ဒုက္ခကနေ ကင်းဝေစေမှာပါ။

:::----->
*Image Stabilization*
နောက်ဆုံးအနေနဲ့ သင့်ရဲ့ ကင်မရာကိုယ်ထည် (သို့) lens ထဲမှာပါတဲ့ image stabilization ကို အကျိုးရှိရှိ အသုံးချဖို့ မမေ့ပါနဲ့။
(Image Stabilisation ကို SteadyShot Vibration Reduction (သို့) Vibration Compensation လို့လည်း သိကြပါတယ်)

ကင်မရာကို လက်နဲ့ကိုင်ရိုက်တဲ့အခါ အဲဒါကို ဖွင့်ထားပေးပြီး..
ခိုင်မာတောင့်တင်းတဲ့ tripod ပေါ် တင်ရိုက်တဲ့အခါမှာတော့ ပိတ်ထားဖို့ မမေ့ပါနဲ့။

ပြီးတော့ ဓါတ်ပုံတစ်ပုံကို မရိုက်မီ..
ကင်မရာ ခလုတ် (shutter release) ကို တစ်ဝက် အရင်ဖိထားခြင်းဖြင့်..
ကင်မရာ (သို့) lens ကို အရင် ငြိမ်သွားစေပြီးမှ ရိုက်တာ အကောင်းဆုံးပါ။
ဒါက ပုံရိပ်ဝါးသွားခြင်း ဖြစ်နိုင်ခြေကို လျှော့ချပေးပါလိမ့်မယ်။

Reference source: photography life
လေ့လာလို့ရအောင် မတူတဲ့ ကင်မရာ brand တွေရဲ့ setting အချို့ပုံတွေကို တွဲတင်ပေးလိုက်ပါတယ်။
ချစ်ခြင်းအားဖြင့်

အလင်းစက်















No comments: