menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Camera Zoom ဆိုတာဘာလဲ ?


Camera Zoom ဆိုတာဘာလဲ ?
Cameras ဦးစားပေးဖုန်းတွေထွက်ရှိလာတာနဲ့ အမျှ ကင်မရာတွေမှာပါလာတဲ့ Zoom အကြောင်းကိုလည်း လူတိုင်းရဲ့ ပါစပ်ဖျား‌မှာ ပြောလာတာကို‌တွေ့လာရပါတယ်။ ဖုန်းကင်မရာထဲမှာပါတဲ့ Zoom ဟာ တစ်ခုတည်းရှိတာမဟုတ်ဘဲ Optical ၊ Digital နဲ့ Hybrid Zoom ဆိုပြီးရှိပါတယ်။ အဲ့လိုနာမည်တွေ့လိုက်တာနဲ့ ကျွန်တေယ်တို့အားလုံး အဲ့ Zoom တွေဘယ်လိုအလုပ်လုပ်လဲဆိုတာ သိနိုင်မှာမဟုတ်ပါဘူး။ အခုတော့ Camera Zoom နေနဲ့ ပတ်သက်ပြီး အောက်မှာဖော်ပြပေးသွားပါ့မယ်။

ပထမဆုံးရှင်းရှင်းလေးနဲ့စပြောပါ့မယ်။
‌Photography ( ဓာတ်ပုံပညာ) မှာ camera zoom ဟာ အရာ၀တ္ထုတစ်ခုကို ပိုနီးလာအောင် ဒါမှမဟုတ်ပိုဝေးအောင်လုပ်ပေးတယ်ဆိုတာကိုတော့ ရှင်းပြစရာလိုမယ်မထင်ပါဘူး။ Zooming In လုပ်တာက အရာ၀တ္ထုတွေကို ပိုနီးလာစေအောင်ပြုလုပ်ပေးပြီး zooming out ကတော့ အရာ၀တ္ထုတွေကိုဝေးအောင်လုပ်ပေးကာ ပိုကျယ်တဲ့ ပုံတွေကိုရိုက်ပေးပါတယ်။ အဲ့အပိုင်းကိုတော့ အားလုံးရှင်းကြမယ်လို့ ကျွန်တော်မြင်ပါတယ်။
Optical zoom
Optical zoom ကတော့ ဖုန်းရဲ့ Lens ထဲမှာပါတဲ့ Lens အစိတ်အပိုင်းတွေကိုသုံးကာဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။ ထို Lens ထဲမှာပါတဲ့ Glass ( မှန်ထည် ) ဟာ Lens တွေကြား ရွေ့လျားပြီး
Zoom In ဒါမှမဟုတ် Zoom Out ကိုဖြစ်လာစေပါတယ်။ Optical zoom ဟာ ပုံတွေကို Zoom in ဒါမှမဟုတ် Zoom Out လုပ်လိုက်တဲ့အခါမှာ Result က ပိုကောင်းလာပြီး စစ်မှန်တဲ့ ပုံကြီးချဲ့ထားတဲ့ပုံတွေကိုပေးနိုင်ပါတယ်။
Optical zoom ဟာ အဝေးကအရာ၀ထ္တုတစ်ခုကို အနီးသို့ Zoom လုပ်လိုက်တဲ့အခါ အပေါ်က Results မျိုးကိုပေးနိုင်ပါတယ်။ Lens ထဲမှာ Glass Quality ကောင်းတာ မကောင်းကလည်း Results အပေါ်သက်ရောက်ပါတယ်။ Lens အပေါ်မှာအခြေခံပြီး Focal Length ‌တိုးလာတာနဲ့အမျှ Aperture ဟာလည်း လျော့ကျလာပါတယ်။ သင့်အနေနဲ့ အဝေးက အရာတစ်ခုကို
အနီးဆုံးဆွဲကြည့်ချင်ရင် Optical Zoom က သင့်အတွက် အကောင်းဆုံးဖြစ်အောင်လုပ်ပေးမှာပါ။
လက်ရှိ Flagship ဖုန်းတော်တော်များများမှာ
‌Zoom Lenses တွေကိုထည့်ကာ သုံးစွဲသူတွေကို ကြိုက်နှစ်သက်လာအောင်လုပ်နေပါတယ်။ DSLR Cameras တွေနဲ့မတူတာက ဖုန်းတွေမှာ Zoom လုပ်လိုက်ရင် ကင်မရာဟာပြူးထွက်လာခြင်းမရှိပါဘူး။ အကြောင်းကတော့ ဖုန်းတွေမှာ
Periscope Lens ပါ၀င်ထားလို့ပါ။Periscope Lens က Zoom လုပ်ဖို့ ကင်မရာကို ပြူးထွက်စေခြင်းမရှိပါဘူး။ အဲ့တာနဲ့ပတ်သတ်ပြီး ဖုန်းတွေမှာ Optical Zoom ရဖို့ Lenses တွေကရွေ့လျားသွားခြင်းမရှိပါဘူး။ အဲ့အစားဖုန်းဟာ ထို Zoom ကိုရဖို့ မှန်ဘီလူးပါတဲ့ Camera ကိုပြောင်း‌ပေးလိုက်ပါတယ်။ ဥပမာအနေနဲ့ကတော့ Telephoto Camera မျိုးတွေပဲဖြစ်ပါတယ်။
Digital zoom
Digital Zoom မှာတော့ Glass အစိတ်အပိုင်းရဲ့ လှုပ်ရှားမှုမလိုပဲ Optical zoom လိုသက်ရောက်မှုရှိပါတယ်။ သူ့မှာတော့ အဝေးကအရာ၀တ္ထုတွေကို ပိုနီးလာအောင် ပုံရဲ့အပိုင်းတစ်ချို့ကို ဖြတ်လိုက်ပါတယ်။ အဲ့လိုဖြတ်ပြီး ကျန်တဲ့အပိုင်းကိုတော့ နည်းလမ်းမျိုးစုံ အဆင့်ဆင့် သုံးကာ
ပိုကြီးလာအောင်လုပ်လိုက်ပါတယ်။ Optical Zoom နဲ့မတူ၏တာက Digital Zoom လုပ်ထားတဲ့ ပုံတွေဟာ ပြတ်သားတဲ့ပုံတွေကို မပေးနိုင်ပါဘူး။ ဆိုလိုတာက ပုံမှာပါတဲ့ အပိုင်းတစ်ချို့ဟာ မလိုအပ်ပဲ ပျက်သွားပါတယ်။ သူက ပိုနီးတဲ့ပုံရဖို့ Pixels တွေကို နည်းလမ်းမျိုစုံနဲ့ သုံးပေးထားပြီး ပေါင်းထည့်ပေးပါတယ်။ ဒါပေမယ့် အဲ့လိုလုပ်တာ ပုံကောင်းကောင်းထွက်လာခြင်းတော့မရှိပါဘူး။ အဲ့တာကြောင့်မလို့ Digital Zoom ပုံတွေဟာ ရိုက်တိုင်း ခပ်ဝါးဝါးရှိတတ်ပါတယ်။
Digital Zoom ဟာ သင့်အနေနဲ့ အဝေးကအရာ၀တ္ထုကို အနီးကပ်ဆွဲရိုက်ရာမှာ အသုံး၀င်ပေမယ့် ပုံရဲ့ Quality ကတော့ Zoom ဆွဲလိုက်တာနဲ့ အခြေအနေဆိုးလာမှာပါ။နောက်ပြီး Digital zoom ဟာ ပုံတစ်ပုံကို Crop (ဖြတ်)လိုက်တာနဲ့ဆင်ပါတယ်။
Hybrid Zoom
Hybrid Zoom ဆိုတာကတော့ Huawei P30 Pro မှာစတင်သုံးခဲ့တဲ့ နည်းလမ်း အသစ်တစ်ခုပဲဖြစ်ပါတယ်။ Hybrid Zoom မှာ Software ရဲ့အားဖြည့်မှု နဲ့ Zoom လုပ်လို့ရတာကဖြစ်ပြီး Optical Zoom နဲ့ Digital zoom တို့ထက် ပိုကောင်းအောင်လုပ်ပေးနိုင်ပါတယ်။
Optical Zoom ပါတဲ့ ဖုန်းတွေရဲ့ Lenses တွေမှာ 3x ၊ 5x နဲ့ 10x Optical Zoom ဆိုပြီးရှိပါတယ်။ Digital Zoom ကိုသုံးပြီး Zoom ဆွဲရင်တော့ ပုံရဲ့ Quality ကတော့ လျော့ကျလာမှာ အသေအချာပါပဲ။ အဲ့တာမျိုးတွေမဖြစ်အောင် Hybrid Zoom ကပဲ သင့်ကိုကူပေးနိုင်မှာပါ။
Hybrid Zoom ဟာ Software ရဲ့ ထောက်ပံ့မှုကြောင့် Night Mode နဲ့ HDR လိုမျိုး ပို အသးစိတ်ကျပြီး ပိုကောင်းတဲ့ပုံတွေကို ထုတ်ပေးနိုင်ပါတယ်။
အဲ့လောက်ဆို Optical Zoom, Digital Zoom နဲ့ Hybrid Zoom တွေအကြောင်းကိုနားလည်လောက်ပြီလို့ ကျွန်တော် ထင်ပါတယ်။ အဲ့လိုနားလည်သွားတာက ဖုန်းအသစ်၀ယ်ရမှာ ပိုကောင်းကောင်းဆုံးဖြတ်‌နိုင်အောင် ကူညီပေးပါလိမ့်မယ်။
#credit
Ref : Android Authority

No comments: