menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

iPhone မှာ Video တွေကို ‌လွယ်ကူစွာ ဒေါင်းလော့ဆွဲနည်း

Social Media ပေါင်းစုံက Video တွေကို Quality ရွေးပြီး One-click တည်းနဲ့ download လုပ်ကြမယ်
 / By Pyae Heinn Kyaw
ကျွန်တော်ဒီနေ့ပြောပြပေးသွားမှာကတော့ Facebook, Instagram, YouTube အစရှိတဲ့ Social media ပေါ်က Videos တွေ Photos တွေကို စိတ်ကြိုက် Quality ရွေးပြီး download လုပ်နည်းပဲဖြစ်ပါတယ်
ပထမဆုံးအနေနဲ့ သင့်ရဲ့ iPhone or iPad ကို iOS 13 နဲ့အထက်တင်ထားဖို့လိုပါတယ်


ဒါပြီးရင် Shortcuts app ကို download လုပ်ထားပါ

ဒီနေရာမှာ စာကိုဆုံးအောင်ဖတ်ပါ .. Shortcuts app လေးရှိပြီဆိုရင် Settings > Shortcuts > Allow Untrusted Shortcuts ကို ဖွင့်ပေးပါ .. Shortcuts app ကိုတခါမှမသုံးရသေးတဲ့လူဆိုရင် ဖွင့်လို့ရမှာမဟုတ်ပါဘူး .. အဲ့ကျ Shortcuts app ထဲသွားပြီး My Shortcuts ထဲမှာ တွေ့ရာ Shortcuts တခုကိုနှိပ်လိုက်ပါ .. ပြီးမှ ခုနက Option ကိုပြန်သွားဖွင့်ကြည့်ပါ .. ဒါဆိုအဆင်ပြေသွားပါလိမ့်မယ်

ကဲ ဒါဆိုရင်တော့ prerequisite ပြီးသွားပါပြီ .. သင့်အနေနဲ့ Shortcut တခုကိုသွင်းလိုက်ရုံနဲ့ အပေါ်မှာပြောခဲ့သလို download လုပ်နိုင်တော့မှာပါ

ဒါပြီးရင် ပေးထားတဲ့ link ကိုနှိပ်လိုက်ပါ .. အဲ့ဒါဆို Shortcuts app ထဲရောက်သွားပါလိမ့်မယ် .. အောက်ဆုံးထိ scroll down လုပ်ပြီး Add Untrusted Shortcut ကိုနှိပ်လိုက်ပါ

Link – https://www.icloud.com/shortcuts/f2e233bc29a54c1c9bcb02104946ec24

ဒါဆိုရင်တော့ Shortcuts app ထဲမှာ SDM 4.0.2 ဆိုတဲ့ Shortcuts လေးကိုမြင်တွေ့ရမှာဖြစ်ပါတယ်

အရင်ဆုံး Facebook က video တွေ download လုပ်ပြီးပြောပြပါမယ် .. ကိုယ် download လုပ်ချင်တဲ့ video ကို copy link လုပ်ပါ .. အဆိုပါ video က public နဲ့တင်ထားတာဖြစ်ရပါမယ် .. မဟုတ်ရင်မရပါ .. copy link လုပ်ပြီးရင် shortcuts ထဲသွားပြီး SDM 4.0.2 ကိုတချက်နှိပ်လိုက်ပါ .. ပြီးရင် သူ Permission တွေတောင်းပါလိမ့်မယ် .. ဘာမေးမေးရင် Yes, Allow, OK ပဲနှိပ်ပါ .. အဲ့ဒါပြီးရင် HD or SD ဆိုပြီး Quality ရွေးခိုင်းပါလိမ့်မယ် .. HD က SD ထက် Quality ပိုကောင်းပါတယ် ကြိုက်နှစ်သက်ရာနဲ့ဒေါင်းပါ .. တချို့ video တွေအတွက်တော့ Quality ရွေးလို့ရမှာမဟုတ်ပါဘူး .. Video size ပေါ်မူတည်ပြီး အချိန်ကြာပါလိမ့်မယ် ဒေါင်းပြီးသွားရင်တော့ ကိုယ်ဒေါင်းထားတာလေးပေါ်လာပါလိမ့်မယ် အဲ့ကျရင် ညာဖက်အပေါ်ဒေါင့်က Share button နှိပ်ပြီး Save Video လုပ်ဖို့မမေ့နဲ့နော်

Instagram က download လုပ်နည်းလဲ ရိုးရှင်းပါတယ် .. Video or Photo ကို copy link လုပ်ပြီး ခုနက Facebook ကနေ ဒေါင်းသလိုပဲ ဒေါင်းလိုက်ရုံပါပဲ .. တခုရှိတာက Public ဖွင့်ထားတဲ့ account ကတင်တာတွေပဲ ဒေါင်းလို့ရမှာပါ .. IG Story တွေပါ ဒေါင်းလို့ရတယ်ပြောပေမယ့် ကျွန်တော်စမ်းတာအဆင်မပြေပါဘူး .. ခင်ဗျားတို့စမ်းကြည့်ကြပေါ့ .. အဆင်ပြေသွားရင်လဲ comment မှာနည်းလေးမျှဝေခဲ့ပါဦး

YouTube ကဒေါင်းနည်းလဲ ဘာမှမထူးပါဘူး .. Share > Copy Link လုပ်ပြီး SDM 4.0.2 ကိုတချက်နှိပ်လိုက်ရင် Quality ရွေးခိုင်းပါလိမ့်မယ် .. 1080p, 720p အစရှိသဖြင့်ပေါ့ .. ကိုယ်အဆင်ပြေတာရွေးပြီး ဒေါင်းလိုက်ရုံပါပဲ

တခြား Social media တွေဖြစ်တဲ့ Tumblr, Dailymotion ကနေလဲ အဆိုပါအတိုင်းဒေါင်းလုပ် လုပ်လို့ရပါတယ် .. အရေးကြီး copy link လုပ်ဖို့ပါပဲ

တခါတလေ အလုပ်မလုပ်တာတွေရှိပါတယ် .. အဲ့ကျရင် SDM 4.0.3 ထပ်ထွက်လာရင် ထပ်တင်ပေးသွားပါမယ် .. အားလုံးပဲအဆင်ပြေကြပါစေ

ဒီ Shortcut ကိုဖန်တီးပေးခဲ့တဲ့ Wirexia9, ia9a9sh, AymanMohammad23 တို့ကို အထူးကျေးဇူးတင်ရှိပါကြောင်း ဒီနေရာကနေပါ ပြောကြားလိုက်ပါရပါစေ .. Special thanks to these 3 guys.

မှတ်ချက်။ ။ဒီ shortcuts ဟာလူတိုင်းနဲ့အဆင်ပြေမယ်လို့ကျွန်တော် အာမ,မခံပါဘူး .. ကျွန်တော်စမ်းကြည့်ရသလောက် Facebook, Instagram, YouTube 3 ခုလုံးအဆင်ပြေတာဖြစ်လို့ ပြန်ပြီး sharing လုပ်ပေးခြင်းသာဖြစ်ပါတယ်


No comments: