menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

MacBook မှာ Program တွေကို အပြီးသတ် ဘယ်လိုပိတ်မလဲ?

MacBook မှာ Program တွေကို
အပြီးသတ် ဘယ်လိုပိတ်မလဲ? 👨‍💻

MacBook ကွန်ပျူတာတွေမှာ Program တစ်ခုကို
အသုံးပြုပြီးရင် ပိတ်လိုက်တဲ့အခါမှာ အဲ့ဒီ Program က
အနီရောင်ချက်ခြေခတ်(Red Cross - Close) နဲ့
နှိပ်ပိတ်လိုက်တာနဲ့လုံးဝပိတ် သွားသေးတာ မဟုတ်ပါဘူး။

နောက်ကွယ်မှာဖွင့်နေပါသေးတယ်။ အဲ့ဒီ Program တွေကို
ပိတ်လိုက်သော်လည်း နောက်ကွယ်မှာ အလုပ်မလုပ်နိုင်စေဖို့
လုံးဝ ပိတ်သွားအောင် ပိတ်နည်းတွေ ရှိပါတယ်။

1. Force Quite နဲ့ပိတ်နည်း

MacBook Desktop Screen ရဲ့ဘယ်ဘက်
အပေါ်ထောင့်မှာ ပန်းသီးပုံလေးကို နှိပ်လိုက်ရင်
Force Quite ဆိုတာကို ထပ်နှိပ်လိုက်ပြီး ပိတ်
ချင်တဲ့၊ မပိတ်သေးတဲ့ Program တွေကို ပိတ်
နိုင်ပါတယ်။ Shortcut Key နဲ့Force Quite ကို
ဖွင့်ချင်ရင် Option+Command+ESC နဲ့ဖွင့်နိုင်ပါတယ်။

2. Dock ကနေ Quit လုပ်ပြီး ပိတ်နည်း
ဒီနည်းကတော့ လွယ်ပါတယ်။ Program ကို
ပိတ်လိုက်သော်လည်း Dock ပေါ်မှာတော့
မပိတ်သေးပဲ ကျန်နေပါမယ်။ အဲ့ဒါကို Right Click
နှိပ်ပြီး Quit လုပ်ပြီး ပိတ်နိုင်ပါတယ်။

3. Activity Monitor ကနေ ပိတ်နည်း
Launchpad ကို ဖွင့်ပြီး Activity Monitor
ထဲကို ဝင်။ သို့ မဟုတ် Spotlight Search မှာ
Activity Monitor ကို ရိုက်ရှာပြီး ဝင်သွားပြီး
ပိတ်ချင်တဲ့ Program ကို Double Click နှိပ်၊
Quit ကို ထပ်နှိပ်ပြီး ပိတ်နျိုင်ပါတယ်။

4. Shortcut Key နဲ့ပိတ်နည်း
လက်ရှိသုံးနေတဲ့ Program တွေကို Shortcut Key နဲ့
ပိတ်ချင်ရင် Command+Option+W ကို တွဲနှိပ်ပြီး
ပိတ်နိုင်ပါတယ်။

5. File Menu ကနေ ပိတ်နည်း
MacBook ရဲ့Desktop Screen အပေါ် မှာပါတဲ့
Menu Bar ထဲက File ဆိုတာကို နှိပ်ပြီး Close
Windows, Close All ကို နှိပ်ပြီးလည်း ပိတ်နိုင်ပါတယ်။
တစ်ခြားပိတ်နည်းတွေလည်း ကျန်ပါသေးတယ်။


No comments: