menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

PUBG MOBILE ဂိမ်းကို အခမဲ့ကစားနိုင်မည့်


PUBG MOBILE ဂိမ်းကို အခမဲ့ကစားနိုင်မည့် ဒေတာပရိုမိုးရှင်းအစီအစဉ်ကို မိတ်ဆက်
 April 9, 2020 Local

PUBG MOBILE ဂိမ်းကို ဒေတာသုံးစွဲခ ကျသင့်ငွေပေးဆောင်ရန်မလိုဘဲ အိမ်မှာနေရင်း အခမဲ့ ဆော့ကစားနိုင်မယ့် PUBG MOBILE ဒေတာပရိုမိုးရှင်း အစီအစဉ်ကို MPT မှ မိတ်ဆက်လိုက်ပါတယ်။

ဧပြီလ ၁၀ ရက်မှ ၁၉ ရက်အတွင်း မိုဘိုင်းဒေတာ အသုံးပြုမှုကို အကန့်အသတ်မရှိဘဲ PUBG MOBILE ဂိမ်းကို စိတ်တိုင်းကျ ဆော့ကစားနိုင်မယ့် အထူးပရိုမိုးရှင်း အစီအစဉ်ဖြစ်ကြောင်း၊ MPT သုံးစွဲသူတွေ အနေနဲ့ ပရိုမိုးရှင်း ကာလအတွင်း PUBG MOBILE ဂိမ်း ဆော့ကစားရာမှာ ကြိုက်သလောက်သုံး ကျသင့်သလောက်ပေး (pay-as-you-go) အစီအစဉ် သို့မဟုတ် Data Pack/Bonus Data သို့မဟုတ် မည်သည့်ဒေတာဖြင့်မဆို အသုံးပြုခြင်းအတွက် ဒေတာကျသင့်ငွေ ကောက်ခံခြင်းမရှိဘဲ အခမဲ့ ဆော့ကစားနိုင်မှာဖြစ်ကြောင်း၊ ဒါ့အပြင် PUBG Data Pack ကိုဝယ်ယူခြင်းဖြင့် PUBG ဂိမ်း Item တွေကိုပါ ကံထူးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ 900 MB ပါဝင်တဲ့ PUBG Pack တစ်ခုကို ၉၄၅ ကျပ် ကျသင့်မှာဖြစ်ပြီး ရက်ပေါင်း (၃၀) သက်တမ်းရှိမှာဖြစ်ပြီး သုံးစွဲသူတွေအနေနဲ့ အရေအတွက် ကန့်သတ်ချက်မရှိ ဝယ်ယူနိုင်မယ်လို့ သိရပါတယတ်။

MPT ရဲ့ ကြိုတင်ငွေဖြည့်ကတ်စနစ်သုံးစွဲသူတွေအနေနဲ့ *8005# ကိုခေါ်ဆိုခြင်းဖြင့် PUBG Data Pack ကို လွယ်ကူစွာ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

-အောင်သူ

No comments: