menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

SSD ကောင်း မကောင်း ဘယ်လိုသိမလဲ

SSD ကောင်းမကောင်း ဘယ်လိုသိမလဲ???
====================
SSD တစ်ခု့ရဲ့ Performance ဆိုရင် Squential Read/Write Speed ကိုပဲကြည့်ပြီး ဆုံးဖြတ်နေလို့မရပါဖူး။
အဲ့ဒီ Read/Write Speed က File အကြီးတွေ Transfer လောက်တာကိုပဲ ဆုံးဖြတ်လို့ရမှာပါ။
.
တကယ်တမ်းနေ့စဉ်သုံးရင် ပိုအရေးကြီးတာက 4K performance ပါ။ အဲ့ဒီ 4K Benchmark တွေက Drive ရဲ့ နေရာစုံ အနံ့အပြားမှာရှိတဲ့ ထောင်နဲ့ချီတဲ့ file သေးသေးလေးတွေ အများကြီးကို ဘယ်လောက်မြန်မြန်စီစဉ်နိုင်လဲ ဆိုတဲ့ Score တွေပါ။
ဥပမာ
သင်က Anti Virus ကို Drive တစ်ခု့လုံး Scan လုပ်နေပြီထားပါတော့။ အဲ့လိုလုပ်နေပြီဆိုရင် Drive တစ်ခု့လုံးမှာရှိတဲ့ file သေးသေးလေးတွေအကုန်လုံးကိုပါ လိုက်စစ်ရတော့မယ်လေ Right?
Web browsing ကလဲ ထိုနည်းလည်းကောင်း File သေးသေးလေးတွေကို access လုပ်ဖို့လိုပါတယ်။
Anti Virus ကို Background မှာ Run ထားပြီး Google Chrome သုံးနေမယ်ဆိုရင်တော့ 4K performance ကအဲ့မှာပိုသိသာပါတယ်။ Sequential Read/Write မြန်တိုင်းလဲ ကောင်းတယ်သတ်မှတ်လို့မရပါဖူး။
.
ဈေးပေါတဲ့ SSD တွေမှာအားနည်းချက်တွေရှိနေတတ်ပါတယ်။ တစ်လလောက်ပဲ မြန်ပြီး နာမည်ကြီး SSD တွေနဲ့ ယှဉ် လို့ရသယောင်ယောင်ရှိနေပေမဲ့။ နောက်ကျရင်သိသိသာသာကျလာပါလိမ့်မယ်။ Quality ကောင်းတဲ့ HDD တစ်လုံးစာလောက်တောင် မပြေးဖူးဆိုတာမျိုးဖြစ်သွားပါလိမ့်မယ်။

No comments: