menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Virus ပြန့်ပွားနေမှုကြောင့် iPhone SE 2 ထုတ်လုပ်တင်ပို့မှု အနည်းငယ်နောက်ကျမည်

Coronavirus outbreak က Apple အတွက်အိပ်မက်ဆိုးကြီးလိုပါပဲ .. Coronavirus စတင်ပြန့်ကတည်းက Apple အနေနဲ့ တရုတ်မှာရှိတဲ့ သူ့ရဲ့ cooperate office တွေ Retail Store တွေ Contact Center တွေအကုန်လုံးကို ပိတ်ထားခဲ့ရတာပါ

February 9, 10 မှာပြန်ဖွင့်ဖို့ မျှော်မှန်းထားပေမယ့် ပြန်ဖွင့်ချိန်က ထင်ထားတာတဲ့နောက်ကျဦးမယ်လို့သိရပါတယ် .. Feb 8 ရက်နေ့မှာပြန်ဖွင့်ဖို့ ခန့်မှန်းထားတဲ့ Store တွေကိုတော့ Feb 13 မှာဖွင့်မယ်လို့ဆိုပါတယ် .. Apple အနေနဲ့ team တခုလုံးရဲ့ ကျန်းမာရေးကို ပိုပြီးအလေးထားတာဖြစ်လို့ အခြေအနေပေါ်မူတည်ပြီး ဖွင့်မယ့်ရက်တွေ အပြောင်းအလဲရှိနိုင်သေးပါတယ် ဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူး .. Apple အနေနဲ့

March လမှာ iPhone SE မျိုးဆက်သစ်ဖြစ်တဲ့ တန်ဖိုးနည်း iPhone တမျိုးကို မိတ်ဆက်မယ်လို့ သတင်းတွေခိုင်ခိုင်မာမာ ထွက်ပေါ်နေပါတယ်

March မှာ ရောင်းမယ်ဆိုတော့ Feb လကတည်းက ထုတ်လုပ်မှုတွေစတင်ရမှာဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားနေမှုကြောင့် ထုတ်လုပ်မှုမှာ နှောင့်နှေးမှုတွေရှိတယ်လို့ဆိုပါတယ်

Apple ရဲ့ iPhone တွေကို Foxconn နဲ့ Pegatron စက်ရုံတို့က တပ်ဆင်ပေးတာဖြစ်ပြီး အဆိုပါစက်ရုံ ၂ ရုံလုံးဟာ Coronavirus စတင်ပြန့်ပွားရာ ဝူဟန်မြို့နဲ့ Kilo 500 အထက်ဝေးတဲ့ Zhengzhou နဲ့ Shanghai တို့မှာတည်ရှိနေတာပါ

ကီလို 500 ကျော်ဝေးတယ်ဆိုပေမယ့် Virus ရဲ့ ပြန့်ပွားမှုနှုန်းကြောင့် စက်ရုံခဏတာပိတ်ထားရတာမျိုးတွေရှိနေပါတယ် .. ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်တွင်း Smartphone ထုတ်လုပ်မှုအား 60% ထိကျဆင်းသွားပြီး Apple ရဲ့ Smartphone တင်ပို့မှုအားလဲ မျှော်မှန်းထားတာထက် 10% လောက် ကျသွားမယ်လို့ သိရပါတယ်

Apple အနေနဲ့ iPhone SE 2 ကို ကနဦးထုတ်လုပ်မယ့် ပမာဏ 15 သန်းထိ ရည်ရွယ်ထားတာဖြစ်ပြီး ဒီ budget iPhone ရဲ့ ရောင်းအားကို အတော်လေးမျှော်လင့်ထားတဲ့ ပုံပါပဲ

iPhone SE 2 အကြောင်းစုံသိချင်ပါက ဒီ Link ကနေသွားရောက်ဖတ်ရှုနိုင်ပါတယ် – https://www.pyaeheinnkyaw.tech/iphone-se-2-latest-rumors-january-20/


Credit;;to  Blog

No comments: