menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Air Conditioner ဆိုတာ


အဲကွန်းပညာရပ်အတွက် မဖြစ်မနေ သိထားသင့်တဲ့ အဲကွန်းရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်လေးတစ်ခုမျှဝေပေးချင်ပါတယ်။

Air Conditioner ဆိုတာ ဘာလဲ

အလွယ် တစ်ကူ အတိုကောက် ခေါ်လိုက်ရင်တော့ အဲကွန်း ပေါ့...
မိတ်ဆွေလည်း ဒီအတိုင်းပဲ ခေါ်တယ်မလား?

အဲကွန်း ဆိုတာ ဘာလဲ
အဲကွန်း ဆိုတာ လေအေးပေးစက်လေ။
ဒါတောင် မသိဘူးလား၊ ဘာတွေလာမေးနေတာလဲ?
လို့ မိတ်ဆွေ တွေးကောင်း တွေးနေပါလိမ့်မယ်...

လူအများက ဒီလိုပဲ ( လေအေးပေးစက် ) လို့ပဲ ပြီးစလွယ် ခေါ်ဝေါ် သုံးစွဲ တတ်ကြပါတယ်။

အဲဒီမှာ စလွဲတာပါ။
လေအေးတွေကို ထုတ်ပေးတဲ့စက်မို့
"လေအေးပေးစက်လို့ ခေါ်တာပဲ" ဆိုတဲ့ အမြင်ပါ လွဲသွားစေပါတယ်။

အမှန်တော့ လေအေးပေးစက် မဟုတ်ပါဘူး။

လေရဲ့ အခြေအနေကို ပြုပြင် ပြောင်းလဲပေးတဲ့စက်ပါ။
( Air conditioner ကို အတိအကျ ဘာသာ ပြန်ကြည့်ပါ။ )

ဒါကြောင့် Air conditioner လို့ပဲ ခေါ်မှသာ သူ့ရဲ့ အဓိပ္ပါယ်ကို ပေါ်လွင် စေတာပါ။
ဒီမှာတော့ နှုတ်ကျိုးနေပြီ ဖြစ်လို့ အဲကွန်း လို့ပဲ ဆက်သုံးပါမယ်။

အခန်းထဲမှာ ရှိနေတဲ့
- လေရဲ့ အပူချိန် (Temperature )
- စိုထိုင်းစ (Humidity ) စတာတွေကို ပြုပြင် ထိန်းသိမ်း ပြောင်းလဲ ပေးတဲ့ စက်ပါ။

အခန်းထဲမှာ ကိုယ်နဲ့ ကိုက်ညီတဲ့ အပူချိန် ရရှိအောင် ချိန်ညှိ အသုံးပြုနိုင်သလို၊ အခန်းတွင်း အလွန်စိုထိုင်းနေခြင်း၊ အလွန်ခြောက်သွေ့နေခြင်းမျိုး မဖြစ်အောင်လည်း ချိန်ညှိ အသုံးပြုနိုင်ပါတယ်။

မိမိ အခန်းတွင်းမှာ မိမိနဲ့ ကိုက်ညီတဲ့ ရာသီဥတု ဖြစ်အောင် ဖန်တီး နိုင်ဖို့ အဲကွန်းတွေကို တင်ဆင် အသုံးပြုရခြင်း ဖြစ်ပါတယ်။
အေးဖို့ တစ်ခုတည်းအတွက် အသုံးပြုတာ မဟုတ်ပါဘူး။

ဒါ့ကြောင့် အဲကွန်းဆိုတာ လေအေးပေးစက်လို့ သိထား/ မှတ်ထား မိခဲ့တယ်ဆိုရင် အခုကစပြီး ပြောင်း မှတ်လိုက်ပါနော်။
အဲကွန်းဆိုတာ လေရဲ့အခြေအနေကို ပြုပြင် ပြောင်းလဲပေးတဲ့စက်ပါ။

Air conditioner တွေမှာ အပူချိန်ထိန်းညှိ ခလုတ် ( temperature control )တွေ၊ Auto, Cool, Dry, Heat, Fan only စတဲ့ function control ( mode ) တွေ၊ Timer တွေ စသည်ဖြင့် ချိန်ညှိ အသုံးပြုနိုင်ရန် ပါရှိပါတယ်။

အဲဒါတွေကို စနစ်တကျ ချိန်ညှိ အသုံးပြုနိုင်မှ မိမိအခန်းတွင်းမှာ မိမိနဲ့ ကိုက်ညီတဲ့ ရာသီဥတု ဖြစ်အောင် ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

ဒါတွေကို ဘယ်လို ချိန်ညှိ အသုံးပြုရမယ် ဆိုတာကို တပ်ဆင်သူတွေ ကိုယ်တိုင် ကျွမ်းကျင်စွာ နားလည်ထားဖို့ လိုသလို သုံးစွဲသူကိုလည်း ဒီခလုတ်တွေကိုဘာကြောင့် ဘယ်လို သုံးသင့်ကြောင်း နားလည်အောင် ရှင်းပြ ပြောပြ ပေးဖို့ လိုပါတယ်။

အဲကွန်း အသုံးပြုသူများ အနေနဲ့လည်း ဒါတွေကို နားလည်ထားမယ်ဆိုရင် အဲကွန်းတွေကို မိမိ အခန်းထဲမှာ မိမိနဲ့ ကိုက်ညီတဲ့ ရာသီဥတု ဖြစ်အောင် ဖန်တီးဖို့ အသုံးပြုနိုင်လာမှာ ဖြစ်ပါတယ်။

Credit: All Original Uploader

No comments: