menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

Motherboard တွေဈေးကြီးရင် ဘာကောင်းလာလဲ

 
❗️Motherboard တွေဈေးကြီးရင် ဘာကောင်းလာလဲ =========================== 📍MSI MPG X570 GAMING PRO CARBON WIFI – 300 USD📍 🔴 ဒီ Motherboard ရဲ့ MOSFETs ပေါ်မှာ Heatsink အကြီးတစ်ခု့ပါတဲ့အတွက် Processor လိုအပ်တဲ့ power ကိုပို့ပေးတဲ့နေရာမှာအဓိက စွမ်းဆောင်ရည်အားမြင့်ပါတယ်။ 🔴 Fan တပ်ဖို့ Headers တွေအများကြီးပါပြီးတော့ တစ်ခု့ခြင်းစီ Speed control လိုက်လုပ်လို့ရတဲ့အတွက် system cooling က ကိုယ်ကြိုက်သလို air flow ကိုလုံးဝကွက်တိဖြစ်အောင်ဆင်နိုင်ပါမယ်။ 🔴 M.2 မှာ Shield Frozr လို့ခေါ်တဲ့ heat sink ပါပြီးသားဖြစ်တဲ့အတွက် သာမန် M.2 ကိုတောင် throttling မဖြစ်ပဲ အမြင့်ဆုံးထက်ပိုမြန်တဲ့ speed မှာ အချိန်အကြာဆုံးသုံးနိုင်ပါလိမ့်မယ်။ 🔴 Frozr design ကလဲ Graphic Card ကွယ်မနေအောင် အောက်နားမှာထားထားလို့ M.2 SSD ကို Air Flow အပြည့်အဝပေးနိုင်မှာပါ။ 🔴 RAM speed ကို 4,400+ Mhz အထိ Boost လို့ရပြီးတော့ Memory Circuit Design က RAM performance ကို Smooth & Stable ဖြစ်အောင်လုပ်ထားပေးပါတယ်။ MSI MPG X570 Gaming Pro Carbon Wifi က AMD CPU တွေဖြစ်တဲ့ Ryzen 7/9 series တွေရဲ့ Performance ကို အပြည့်အဝသုံးချင်ပြီးတော့ အထင်သေးလို့မရတဲ့ Workstation တစ်ခု့လုပ်ချင်ပြီဆိုရင် သုံးသင့်တဲ့ကောင်ပါ။ ဥပမာ - Adobe user တွေ၊ Designer ပဲဖြစ်ဖြစ်၊ Video Editor ၊ Motion Graphic Designer ပဲဖြစ်ဖြစ် Adobe ကိုသုံးပြီဆိုရင် CPU ရယ် RAM ရယ် SSD ရယ်က အလုပ်လုပ်နေတဲ့အချိန်မှာရော render ချနေတဲ့အချိန်မှာရော အရေးကြီးတဲ့အတွက် Performance က ထိပ်ဆုံးမှာရောက်နေမှဖြစ်မှာပါ။ crd

No comments: