menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

HDD အကြောင်း



အခုပြောပြမယ့်အကြောင်းအရာကတော့ HDD အကြောင်းဘဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ HDD မှာ laptop အတွက်သုံးတဲ့ HDD (5400 rpm) နဲ့ desktop အတွက်သုံးတဲ့ SATA အမျိုးအစား HDD(7200 rpm) နဲ့ IDE HDD ရယ်ဆိုပြီး ရှိပါတယ်။ Server များမှာတော့ SAS HDD (10000/15000rpm) အထိရှိတဲ့ HDD များရှိပါတယ်။ HDD ရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ data တွေ သိမ်းဆည်းခြင်းကို အဓိက လုပ်ဆောင်ပေးပါတယ်။ Data များကို platter အပြားပေါ်မှာ သိမ်းဆည်းပြီး Read Write လုပ်ရန်အတွက် သံလိုက်နဲ့ ထိန်းချုပ်တဲ့ pin သေးသေးလေးနဲ့ အလုပ်လုပ်ပါတယ်။ ဒေတာများကို ကျပန်းသိမ်းဆည်းပြီး Power မရတော့သည့်တိုင် မှတ်သားထားနိုင်ပါတယ်။ မည်သို့ပင် အစီအစဥ်မကျအောင် လုပ်ငန်းစဥ်များ ခိုင်းစေသော်လည်း လုပ်ဆောင်နိုင်ပါသေးတယ်။ နည်းပညာဟာ သံလိုက်ဓာတ်ရယ် electro mechanical ရယ် အသုံးပြုတာကြောင့် လျှပ်စစ်ရှော့ ဒဏ်မခံနိုင်ပါဘူး။ Platter အပြားကို သုံးစွဲရသောကြောင့် ပြင်းထန်တဲ့ ရိုက်ခတ်မှု သို့မဟုတ် ပြုတ်ကျတဲ့ ဒဏ်ကိုလည်း မခံနိုင်ပါဘူး။ HDD ကို ဒီဇင်ဘာ ၂၄ ရက် ၁၉၅၄ ခုနှစ်မှာ IBM (computer ဖခင်ကြီး) မှ ဖန်တီးခဲ့ပါတယ်။ IBM ကဘဲ ၁၉၅၆ ခုနှစ်မှာ စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ HDD ကို Seagate, Toshiba နဲ့ Western Digital(WD) တို့က အများဆုံးထုတ်လုပ်ကြပြီး စျေးကွက်ယူထားကြပါတယ်။ နောက်ပိုင်းမှာတော့ ပိုမိုစိတ်ချရသော အကြမ်းတမ်းခံနိုင်သော လုပ်ဆောင်မှု မြန်ဆန်သော SSD များကို အစားထိုးလာကြပါတယ်။

No comments: