menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

iPhone အသစ်တွေ မိတ်ဆက်မဲ့ ရက်ကို တရားဝင် ကြေငြာလိုက်တဲ့ Apple

iPhone အသစ်တွေ မိတ်ဆက်မဲ့ ရက်ကို တရားဝင် ကြေငြာလိုက်တဲ့ Apple
Apple ကတော့ iPhone အသစ်တွေကို မိတ်ဆက်မဲ့ ရက်ကို တရားဝင် ကြေငြာလိုက်ပြီပဲဖြစ်ပါတယ် iPhone အသစ်တွေကို မိတ်ဆက်မဲ့ ရက်ကတော့ September 15 ရက်နေ့ပဲဖြစ်ပါတယ် Apple အနေနဲ့ September 15 ရက်နေ့မှာ ကျင်းပမဲ့ Apple Event မှာ အဓိက Product တွေအနေနဲ့ iPhone 12 Series ကိုမိတ်ဆက်လာနိုင်ပြီးတော့ iOS 14, Apple Watch Series 6 နဲ့ အခြား Apple Product တွေကို ပါ မိတ်ဆက်လာနိုင်တာဖြစ်ပါတယ် iPhone 12 Series အကြောင်းသိရသမျှ အခုလက်ရှိ နောက်ဆုံးထွက်ပေါ်ထားတဲ့ Leak တွေအရ Apple အနေနဲ့ iPhone 12 Series မှာ iPhone Model 4 မျိုးကို ထည့် သွင်းလာနိုင်ပြီးတော့ Screen Size တွေအနေနဲ့ 5.4 inch ကနေ 6.7 inch အထိ ရှိလာနိုင်မယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ် 5.4 inch iPhone ကတော့ အသေးဆူံး iPhone ဖြစ်လာနိုင်ပြီးတော့ 4.7 inch iPhone SE ထက် size ပိုသေးမှာဖြစ်တယ်လို့ သိရပါတယ် Everything Apple Pro ရဲ့ အဆိုအရ iPhone 12 Pro Max မှာ Screen Size 6.7 inch ထည့်သွင်းပေးလာနိုင်မယ်လ်ို့သိရပါတယ် Rumors တွေအရတော့ iPhone Pro Model တွေမှာ 120Hz Refresh Rate ထည့်သွင်းပေးလာနိုင်ပြီးတော့ Camera ပိုင်းမှာလည်း Pro Model တွေမှာ LiDAR Sensor ကိုထည့်သွင်းပေးလာနိုင်ပါတယ် အချိန်အတော်ကြာ ထွက်ပေါ်လာတဲ့ Leak တွေအရတော့ Apple အနေနဲ့ ဒီနှစ် မိတ်ဆက်မဲ့ iPhone တွေမှာ OLED Display တွေကိုပဲ အသူံးပြုပေးလာနိုင်မယ်လ်ို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ် Design ပိုင်းမှာလည်း iPhone 4 ရဲ့ Design အတိုင်း လေးထောင့်ဆန်ဆန် ပုံစံမျိုးနဲ့ ထွက်ပေါ်လာနိုင်တာဖြစ်ပါတယ် Apple Watch & iPad Air Apple ကတော့ Apple Watch Series 6 ကိုယခုနှစ်မှာ မိတ်ဆက်လာနိုင်ပြီးတော့ Apple Event မှ မိတ်ဆက်မလား ဒါမှမဟုတ် Event မတိုင်ခင် မိတ်ဆက်မလားကတော့ မသေချာသေးပါဘူး Leak တွေအရတော့ Apple Watch Series 5 နေရာမှာ အစားထိုးမဲ့ Apple Watch S6 မှာ O2 Sensor နဲ့ Sleep Mode တွေထည့်သွင်းပေးလာနိုင်တဲ့အပြင် Apple Watch Series 3 နေရာ မှာ အစား ထိုးလာနိုင်တဲ့ စျေးသက်သာတဲ့ Apple Watch တစ်မျိုးကို ပါ ထည့်သွင်းမိတ်ဆက်လာနိုင်မယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ် iPad အသစ်ကတော့ iPad Air 4th Gen ဖြစ်လာနိုင်ပြီးတော့ Leak တွေအရ iPad Pro 2018 Design ကိုအသူံးပြုပေးထားနိုင်ပြီးတော့ Full View Display Design ကို ထည့်သွင်းပေးလာနိုင်မယ်လို့ ဆိုပါတယ် Rumors တွေအရတော့ iPad Air 4 မှာ Pro Model တွေမှာ ပါဝင်တဲ့ Face ID ကို တော့ ထည့်သွင်းပေးထားမှမဟုတ်ပဲ Fingerprint Sensor ကိုပဲ ထည့်သွင်းပေးထားမယ်လို့ ဆိုပါတယ် အခုဖော်ပြပေးခဲ့တာကတော့ September 15 ရက်နေ့မှာ ကျင်းပမဲ့ Apple Event ရဲ့ ခန့်မှန်းချက် အချို့ပဲ ဖြစ်ပါတယ် ဘယ်လို စိတ်လှုပ်ရှားစရာကောင်းတဲ့ Product တွေကို မိတ်ဆက်လာမလဲဆိုတာကိုတော့ September 15 ရက်နေ့မှာ စောင့်ကြည့်ရမှာဖြစ်ပါတယ် Apple Event ကိုတော့ Apple ရဲ့ Youtube Channel နဲ့ Apple Website တို့မှာ တိုက်ရိုက်ကြည့်နိုင်မှာပါ Apple Event ကတော့ မြန်မာစံတော်ချိန်အရ September 15 ရက်နေ့ ည 11:30 မှာ စတင်မှာဖြစ်ပါတယ်

No comments: