menu

@ မင်္ဂလာပါ... ZMC နည်းပညာ Website လေးမှကြိုဆိုပါတယ်.. တစ်ဉီးတစ်ယောက်တည်းနဲ့ နည်းပညာပေါင်းစုံကို လေ့လာရမှာ မလွယ်ကူသလို.. ပြန်လည်မျှဝေဖို့ဆိုရင် ပိုပြီးခက်ပါတယ်.. မိတ်ဆွေတို့ရောက်နေတဲ့ ဝက်ဘ်ဆိုဒ်လေးထဲမှာတော့ Admin ကိုယ်တိုင်ရေးသားထားသော Post များနှင့်အတူ +++ Online တစ်ခွင် ပြန့်ကြဲနေတဲ့ နည်းပညာများထဲမှ ကောင်းနိုးရာရာတို့ကို စုစည်းထားတဲ့အတွက် တချို့သောနေရာများတွင် Credit မပါရှိခဲ့သော် သည်းခံနားလည်ပေးစေလိုပါကြောင်း.... ဖတ်ရှုနားလည်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်..

SSD နှင့် Speed ကွာခြားချက်များ

အခုပြောပြမယ့်အကြောင်းအရာကတော့ SSD (solid state drive) အကြောင်းဘဲ ဖြစ်ပါတယ်။ ဒီနေ့ပြောပြပေးသွားမယ့် သင်ခန်းစာ သို့မဟုတ် ခေတ် အခေါ် Content ကိုဖတ်ပြီးရင်တော့ ခေါင်းမရှုပ်စေဖို့နဲ့ ရွေးချယ်မှု မလွန်ကဲစေဖို့ အကြံပေးချင်ပါတယ်။ SSD များဟာ ဟိုအရင် 1978(ကိုယ်တောင်ဘယ်ဘဝ ရောက်လို့ရောက်နေမှန်းမသိ မြန်မာနိုင်ငံမှာ ကွန်ပျူတာဆိုတာတောင် မသိကြသေးတဲ့ခေတ်) မှာ အကြံအစည် အတွေးအခေါ်စတင်ခဲ့ပါတယ်။ 1991 မှာတော့ 20MB ရရှိတဲ့ 2.5 inches ပုံစံ (laptop hdd အရွယ်အစား) ကို sandisk ကနေ စတင်မိတ်ဆက်ခဲ့ပါတယ်။ Ssd တွေမှာ NAND gate ကိုအသုံးပြုကျပြီးတော့ USB stick များ Memory Card များနဲ့ ဆင်တူပါတယ်။ နည်းပညာဆင်တူပါတယ်။ SSD များဟာ ပုံမှန် Physical (ရုပ်ပိုင်းဆိုင်ရာ) အကြမ်းခံနိုင်ခြင်း (ပြုတ်ကျခြင်း အရမ်းတော့မဟုတ်) ၊ အသံမထွက်ဘဲ အသုံးပြုနိင်ခြင်း၊ data ကိုအမြန် ဖော်ထုတ်နိုင်ခြင်း၊ ဒေတာ အရှာ အထုတ် အထည့် မြန်ဆန်ခြင်းတွေကြောင့် ရိုးရာဓလေ့တိုင်းသုံးနေကြတဲ့ HDD တွေထက်သာလွန်နေပါတယ်။ Ssd တွေက semiconductor(တစ်ပိုင်းလျှပ်စီးကူးနိုင်သော) cells (အမဲရောင်အတုံးများ အလွယ်မှတ်) နဲ့ ဒေတာတွေ သိမ်းဆည်းကြပါတယ်။ ဒီနေရာမှာ လျှပ်စစ်နဲ့ဆိုင်လာတဲ့ အတွက် circuit ပုံစံ ရှိလာကြပြီး MOSFET (metal oxide semiconductor field effect transistor) တွေပါလာရပြီ။ နောက်ပြီး ssd မှာ Sata , mSata, m.2 sata, m.2 Nvme များဆိုပြီး အမျိုးအစား တွေကွဲနေပါသေးတယ်။ ဒီထဲကနေမှ NAND Flash, SLC, MLC, TLC, 3D XPoint, 3D NAND ကဲ့သို့သော နည်းပညာများနဲ့ ကွဲလွဲလာတတ်ပါသေးတယ်။ အဲဒီ အချက်တွေကို အရမ်းကြီးတော့ ထည့်မစဥ်းစားစေချင်ပါဘူး။
 
 
 အဓိက သိရမှာ Sata, m.2sata, m.2 Nvme, 3D XPoint ဒါတွေပါဘဲ။ Sata SSD ကတော့ ပုံမှန် Laptop Hdd အရွယ်အစား 2.5 လက်မနဲ့ လာပါတယ်။ သို့သော်လည်း အထဲမှာတော့ mSATA လား 3D NAND နဲ့လား သေချာပြောဖို့ခက်ပါတယ်။ speed အနေနဲ့ကတော့ 450MB/s to 550MB/s ထိရှိပါတယ်။ mSATA ကတော့ Laptop တွေအတွက် အသုံးပြုပါတယ်။ အရွယ်အစား သေးငယ်ပြီးတော့ သာမန် HDD ထက် လုပ်ဆောင်မှု မြန်ဆန်ပါတယ်။ သို့သော်လည်း ပါတဲ့ Storage ပမာဏကတော့ နဲပါတယ်။ M.2 SATA ကတော့ ဘုတ်ပေါ်မှာ စိုက်ရတာဖြစ်ပြီး PCIe Slot မှာ ပါ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ speed အနေနဲ့ကတော့ 450MB/s ကနေ 550MB/s အထိရရှိနိုင်ပါတယ်။ သူကတော့ နှစ်ခွ သုံးပြားပါ ပါတယ်။ 
 
M.2 Nvme Ssd ကတော့ ဘုတ်ပေါ်မှာဘဲ စိုက်ရပြီး PCIe Slot သီးသန့်မှာတင် အသုံးပြုရပါတယ်။ M.2SATA Slot မှာ တပ်ဆင်လို့မရပါဘူး အပေါက်လဲ မတူပါဘူး။ သူကတော့ တစ်ခွ နှစ်ပြားပါ ပါတယ်။Speed ကတော့ generation ပေါ်လိုက်ပြီး ကွဲပြားပါတယ်။ သို့သော်လည်း မိမိစက်က ထောက်ပံ့နိုင်တဲ့ Gen ပေါ်မူတည်ပြီးဘဲ speed ရရှိမှာပါ။ SSD M.2 NVME/PCIE GEN3 (X1) 800MB TO 1500MB SSD M.2 NVME/PCIE GEN3 (X2) 1500MB TO 2000MB SSD M.2 NVME/PCIE GEN3 (X3) 2000MB TO 2500MB SSD M.2 NVME/PCIE GEN3 (X4) 2500MB TO 3200MB SSD M.2 NVME/PCIE GEN4 (X4) 4000MB TO 5000MB အဲဒီ speed တွေထဲကမှ gen ကိုဦးစားပေး မကြည့်ဘဲ X တန်ဖိုးသာ ကြည့်ပြီး speed တိုင်းတာပါတယ်။ မိမိဘုတ်က ထောက်ပံ့တဲ့ speed သာရရှိမှာပါ။ တစ်ချို့စက်တွေမှာတော့ တပ်လိုက်ပြီး Xတန်ဖိုးမကိုက်လို့ ssd ရှာမတွေ့တာတွေဖြစ်တတ်ပါတယ်။
 
 3D XPoint ကိုတော့ intel ကနေ တွဲဖက်ထုတ်လုပ်ပြီး Optane ဆိုတဲ့ နာမည်နဲ့ ထုတ်လုပ်ပါတယ်။ SSD တွေလိုမြန်ဆန်ပြီး Ram နဲ့ တွဲထားပါတယ်။ ဒါကြောင့် 16GB Optane Ram, 20GB Ram ဆိုတာတွေ ဖြစ်လာရပါတယ်။ speed ကတော့ m.2 SATA Ssdနဲ့တူတူပါဘဲ။ Ssd အများစုဟာ NAND Flash ကို အသုံးပြုကြပြီး Flash Drive များများပါလို့ များများ အလုပ်လုပ်နိုင်တာတွေရှိပါတယ်။ ပုံမှန် Flash Drive နှစ်ခု ပါတတ်ပြီး သုံးခု လေးခုပါတာတွေပါရှိပါတယ်။ Storage ပမာဏနဲ့လည်း သက်ဆိုင်ပါတယ်။ ဒီနေရာမှာ SLC, MLC , TLC နဲ့နောက်ဆုံးပေါ် QLC ဆိုပြီး နည်းပညာ ကွာခြားမှုတွေရှိလာပါတယ်။ ဒီနေရာမှာ စတင်အလုပ်ရှုပ်ပါပြီ။ အောက်ဘက်မှာ ရှင်းလင်းပြတာတွေနဲ့ သေချာ ချိတ်ဆက်မိမယ်လို့ ယူဆလိုက်ပါတယ်။ SLC ( Single Level Cell ) မှတော့ MOSFET တစ်လုံးပါရှိပြီး MOSFET ကဘဲ Flash Drive (NAND Flash) အတိုင်း ဒေတာ လိုက်မှတ်ရပါတယ်။ Single level ဖြစ်တာနဲ့အညီ speed တိုးလာပါတယ်။ cell တစ်ခုမှာ 1bit သာ သိမ်းဆည်းပါတယ်။ ဖျက်မယ် ထည့်မယ် အကြိမ်အရေအတွက် 100,000 ပြုလုပ်နိုင်ပါတယ်။ MLC (multi level cell) အများစုမှားကြတာက multi ဖြစ်လို့ တစ်ခုထက်ပိုသမျှ multi လို့မှတ်ယူရင် မှားသွားပါမယ်။ cell level နှစ်ခုလို့ သတ်မှတ်ပါတယ်။ cell တစ်ခုမှာ 2Bits သိမ်းဆည်းပါတယ်။ ဒါကြောင့် speed ကျလာပါတယ်။ ဖျက်မယ် သိမ်းမယ် အကြိမ်အရေအတွက် 10,000 ပြုလုပ်နိုင်ပါတယ်။ TLC (Triple Level Cell) ကတော့ cell တစ်ခုမှာ 3Bits သိမ်းဆည်းပေးပါတယ်။ ဖျက်မယ် သိမ်းမယ် အကြိမ်အရေအတွက် 3,000 ပြုလုပ်နိုင်ပါတယ်။ QLC ( Quad Level Cell ) ကတော့ cell တစ်ခုမှာ 4Bits သိမ်းဆည်းပေးပါတယ်။ ဖျက်မယ် သိမ်းမယ် အကြိမ်အရေအတွက် 1,000 ပြုလုပ်နိုင်ပါတယ်။ Level တိုးလာတာနဲ့ အမျှ Flash Drive ရဲ့ သိပ်သည်းဆကလည်း တိုးများကြ လာပါတယ်။ speed ကတော့ကျလာပါတယ်။ မလိုအပ်လို့မပြောတော့ပါဘူး။ တကယ်တမ်းဆို အပေါ်က အချက်တွေတောင် မလိုအပ်ပါဘူး။ အဲဒီ ဖျက်မယ် သိမ်းမယ်ဆိုတာတွေ အတွက် Trim ဆိုတဲ့ နည်းပညာနဲ့ သက်တမ်းကို ဆွဲဆန့်လိုက်ပါတယ်။ Trim supported လို့ SSD မှာ ဖော်ပြပေးပါလိမ့်မယ်။ vNAND (3D NAND Flash) Flash Drive တွေကို အတန်းလိုက် သို့မဟုတ် ဒေါင်လိုက် စီထားတာကိုပြောပြပါတယ်။ Speed ပိုမြန်တယ်လို့ ယူဆရပါတယ်။ မိတ်ဆွေတို့ SSD ဝယ်ပြီဆို ခေါင်းအစားမခံ ကြပါနဲ့ ပုံမှန် SATA SSD ဆိုရင် Read ရော Writeရော 500ကျော်ရမယ် DRAM Cache ပါမယ်ဆို ဝယ်ယူလိုက်ပါ။ နောက်ပြီး SATA 6GB/s ဆိုတာနဲ့ 500 အော်တိုကျော်ပါတယ်။ vNAND တွေ TLC တွေကြည့်မနေပါနဲ့။ Ssd တွေက နည်းပညာမတူကြတော့ ဝယ်ယူရတာ ရွေးချယ်ရတာ ခက်ခဲလှပါတယ်။ SSD ဖြစ်ပြီးရောကွာဆိုတဲ့ ကောင်တွေအတွက်တော့ ခေါင်းမစားဘူးပေါ့ဗျာ။ M.2ဝယ်ယူမယ်ဆိုလည်း အပေါ်မှာ ဖော်ပြထားတဲ့ speed တွေ အတိုင်း Xတန်ဖိုးကို ကြည့်ဝယ်သင့်ပါတယ်။ နှစ်ခွ သုံးခေါင်း ပါတဲ့ ssd များတော့ ဝေးဝေးသာရှောင်ပါ။ 
 
 
ဒါကြောင့် 2.5" SATA SSD မှာ Transcend 230S အပြင် Samsung 860Evo, SP A55 များက speed ကောင်းကောင်းနဲ့ အလုပ်လုပ်နိုင်ပါတယ်။ Transcend မှာတော့ DRAM Cache, Trim support , SLC, 3D NAND တွေဖြစ်လို့ အမြန်ဆုံး အကောင်းဆုံး စျေးအကြီးဆုံး ဖြစ်ပါတယ်။ (စကားချပ် Transcend Company မှာ အလုပ်လုပ်တာ မဟုတ်ပါ။ ကြော်ညာပေးတာမဟုတ်ပါ။ ပိုက်ဆံ တပြားမှ ရသည် မဟုတ်ပါ။) ဒါကြောင့် မိတ်ဆွေတို့ကို အကြံပေးချင်တာက Transcend ရဲ့ SSD တွေသာ အသုံးပြုကြပါလို့ အကြံပေးချင်ပါတယ်။ 230S တစ်မျိုးထဲနဲ့ m.2 nvme ssd ပြောတာပါနော်။ ကျန်တဲ့ Transcend မော်ဒယ် မညွှန်းပါဘူး။ SSD ဖြစ်ပြီးရော စိုက်လို့မရပါဘူးနော် အတန်တန် post တိုင်းပြောပြပေးပါတယ်။ ssd ဝယ်မယ်ဆိုတာနဲ့ မိမိဝယ်မယ့် ssd ရဲ့ မော်ဒယ်နံပါတ်ကို google မှာရိုက် နောက်ဆုံးမှာ datasheet လို့ထပ်ရိုက်ပြီး အပေါ်ကအချက်တွေ နည်းပညာတွေ ဘယ်လိုအသုံးပြုလည်း ဘယ်လိုမိုက်လဲဆိုတာ ရှာကြည့်ပြီးမှ ဝယ်ကြပါလို့ သတိပေးလိုက်ပါတယ်နော်။

No comments: